Saturday, September 10, 2011

သူတို့လည်း ပြန်ကြမှာလား (ပန်းသီး၊ ကြယ်သီးနဲ့ စကားလက်ဆုံ)

သူတို့လည်း ပြန်ကြမှာလား 
(သီးလေးသီးထဲက ပန်းသီး၊ ကြယ်သီးနဲ့ စကားလက်ဆုံ)
မိုးမခ၊ စက်တင်ဘာ ၁၀၊ ၂၀၁၁

မေး ။ ။ ခုတလော သီးလေးသီးအဖွဲ့ ပြည်တော်ပြန်ဝင်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရတာကို မေးချင်လို့ပါ။
ကြယ်သီး ။ ။ ကျနော်တို့တော့ လောလောဆယ်ပြန်ဖို့ အစီစဉ်မရှိသေးပါဘူး။

မေး ။ ။ သီးလေးသီးအဖွဲ့သားတချို့တော့ ပြန်မယ်ဆိုတာ ဟုတ်လားခင်ဗျ။
ကြယ်သီး ။ ။ အဲဒီအတွက်တော့ အတိအကျ မသိဘူးခင်ဗျ။ ပြောသံတွေ ကြားတာတော့ အစုံပဲ။

မေး ။ ။ ဒါနဲ့ ခင်ဗျားတို့က မြန်မာပြည် မပြန်သေးဘူးဆိုတော့ ဘယ်လိုအကြောင်းကြောင့် မပြန် သေးတာလဲ။
ပန်းသီး ။ ။ ပထမအချက်က ကျနော်တို့အစ်ကိုဆရာ ကိုဇာဂနာနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ မလွတ် မြောက်သေးပါဘူး။ အဲ့ဒီတော့ ကျနော်တို့အနေနဲ့ သူတို့တွေ လွတ်မြောက်တာကို လိုချင်၊ တွေ့ချင်ပါတယ်။ ဒု တိယအချက်က တိကျတဲ့ ဥပဒေတွေလည်း မထုတ်ပြန်သေးဘူးလေ။ အဲဒါကြောင့် ပြန်ဖို့ကိစ္စကို မစဉ်းစား သေးတာပါ။ ပြန်သင့်တဲ့တနေ့ကျရင်တော့ ပြန်မှာပေါ့ဗျာ။

မေး ။ ။ တကယ်လို့ အတူတွဲလုပ်ခဲ့တဲ့ အနုပညာလုပ်ဖော်ကိုင်ဖက်တွေ ပြန်မယ်ဆိုရင်ကော ဘာ များပြောချင်ပါသလဲ။
ပန်းသီး ။ ။ ဘာမှပြောစရာမရှိပါဘူး။ ကိုယ်ခံယူချက်နဲ့ကိုယ် လုပ်နေကြတာလေ။ ပြီးတော့ ရန်သူတွေလည်း မဟုတ်ခဲ့ကြတော့။ ဘယ်သူ မှန်တယ်၊ မှားတယ်ဆိုတာ ပြောဖို့မရှိသလို ကန့်ကွက်ဖို့လည်း မရှိပါဘူး။ သူတို့ လည်း သူတို့လျှောက်မယ့်လမ်း လွတ်လပ်စွာ ရွေးကြတယ်လို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ သီးလေးသီးအဖွဲ့ ပြန်မယ်၊ မပြန်ဘူး ပြောနေကြတာကိုကော ဘာများပြောစရာရှိသေးလဲ။
ကြယ်သီး ။ ။ ဟုတ်ကဲ့ သီးလေးသီးအဖွဲ့ကြီး မြန်မာပြည်ပြန်တာကတော့ လုံးဝ မဟုတ်သေးပါဘူး။ ကိုယ့်သ ဘော ကိုယ်ဆန္ဒနဲ့ တချို့ပြန်ကြတဲ့သူတွေတော့ ရှိကြမှာပါ။ အဲဒါကို သီးလေးသီးအဖွဲ့ကြီး ပြန်တယ်လို့တော့ ပြောလို့မရပါဘူး။

မေး ။ ။ ပရိသတ်တွေကို ဘာများပြောချင်ပါသေးလဲ။
ကြယ်သီး ။ ။ ကျနော်တို့တွေ မိဝေး၊ ဖဝေး စားဝတ်နေရေး အခက်အခဲမျိုးစုံကြားကနေ အနုပညာလမ်း ကြောင်းကို ရှိတဲ့ အင်အား၊ ရှိတဲ့ ခွန်အားတွေနဲ့ ကြိုးစားပြီး ရိုးသားစွာနဲ့ ဆက်လက်လျှောက်လှမ်းသွားမှာပါ။

မေး ။ ။ ကိုဇာဂနာကိုကော ဘာပြောချင်ပါသေးလဲ။
ပန်းသီး ။ ။ အစ်ကိုဆရာ အမြန်ဆုံး လွတ်မြောက်ပါစေ။ ကျနော်တို့ မြန်မာပြည် ပြန်ရောက်တဲ့နေ့ မင်္ဂလာဒုံ လေယာဉ်ကွင်းကြီးမှာ ဘယ်သူ့ကိုမှ လေယာဉ်ကွင်းမှာ သွားကြို၊ သွားပို့ မလုပ်ဘူးတဲ့ အကိုဆရာကို တွေ့ချင် ပါတယ်ဗျာ။ ။

9 comments:

ချင်းမိုင်ဘိုးဘိုးကြီး said...

တခုတော့ မေးပါရစေဗျာ ပါစင်နယ်ဆိုပေမယ့် စိတ်ဝင်စားလို့ပါ၊ အကယ်၍ ဂေါ်ဇီလာက ဗမာပြည်ပြန်မယ်ဆိုရင် ဟိုရောက်တဲ့အခါ အရင်သားမယားမိသားစုနဲ့ပဲဥမကွဲသိုက်မပျက်ဆက်ပေါင်းမှာလား ခေါင်းဆောင်မင်းသမီးချောစုမျိုးနဲ့ပဲ အိမ်ယာသစ်ထူထောင်မှာလား ပေါ့ဗျာ ဒါလေး သိချင်လွန်းလို့ပါ

သီးလေးသီးပရိတ်သတ်တဦး said...

ဂေါ်ဇီလာက သိန်းစိန်အစိုးရကို အလွတ်ကြီးဖားနေပါလား ကိုယ့်ဖာသာအဆင်မပြေလို့ပြန်ချင်ပြန်ပေါ့ ကိုသူရမျက်နှာတော့အိုးမည်းမသုတ်ပါနဲ့ဗျာ ကိုကြယ်သီးတို့ ကိုပန်းသီးတို့ကမပြန်ဘူးဆို ဒါဆိုသီးလေးသီးအဖွဲ့ပြန်တယ်လို့ ပြောလို့ဘယ်ရမလဲ ဂေါ်ဇီလာကထင်တောင်မထင်ဘူး ငဖါးကြီးပဲ

yoo said...

မဖြူဖြူသင်း ။ ။

"ကျမ မဖြူဖြူသင်းပါ။ သီးလေးသီး က ဖားတာတော့
ဖားနေကြတာပဲ..။ ဂေါ်ဇီလာ က အစိုးရကို ဖား၊
ဟို နှစ်သီးက အကိုဆရာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုဖား..နဲ့ ။
သီး လေးသီး ဟုတ်ပါဘူး။
ဖား လေးကောင် အဖွဲ့ သစ် ဖြစ်တော့မယ်နဲ့ တူတယ်။
ဒါတွေက အရေးမကြီးပါဘူး။
ရင်ခုန်စရာကောင်းတာက....
ကိုကို ဒေါက်တာလွှတ်ဆွက ဖြူဖြူ ကို တစိမ့်စိမ့်
ကြည့် ချင်တာနဲ့ ပဲ...
သူ့ ရဲ့ QUOTE OF THE WEEK မှာ ဧရာဝတီကို
အကြောင်းပြုပြီး ဖြူဖြူ ဓာတ်ပုံကို တင်ထားတာ
အတော်တောင်ကြာပြီ...။
ဘလော့ဂ်စာမျက်နှာဖွင့်တိုင်း..
သောက်ထားလို့  နီ နေတဲ့ မျက်လုးံကြီး တွေနဲ့  ကြည့် ကြည့် နေမှာ ဖြူဖြူ ကြောက် ကြောက်.."

ARTARLOOT said...

ဂေါ်ဇီလာပြန်တာနဲ့ ဖားတာဖြစ်ရော့လား။
သီးလေးသီးဆိုတာတကယ်တော့သတ်တိရိှရင် မြန်မာပြည်ထဲ ကနေပြီး အမှန်တွေထောက်ပြနေသင့်တယ်။ ပရိသတ် ရာခိုင်နှုန်း အများ ကပြည်တွင်းမှာရှိတာ။ ဇာဂနာ လေဆိပ်လာကြိုမှပြန်မယ် ဆိုတာကြီးကိုက သောက်တလွဲ အတွေးအခေါ်ဖြစ်နေတာ။ ပြည်တွင်းမှာပြန်ပြီး အနုပညာ အလုပ်တွေဆက်လုပ်ကြပါ။ အဝေးက အသံကောင်းဟစ်နေတာခဏပဲကောင်းမယ်။ ပြည်ပမှာ ၄နှစ်နေပြီး ပြည်တွင်းက ပြည်သူ့ အသံအစစ် ဘယ်လောက်ကြား နိုင်မှာတဲ့လဲ။အပ်ါက ချင်းမိုင်ဖိုးဖိုးကြီး ရဲ့  personal နဲ့တိုက်ခိုက်တာတွေက လဲ သူငယ်နာမစင်သေးတာပြ နေတာပဲ။ ဒိထက်ပို ရင့်ကျက်စေချင်တယ်။

phayphay said...

သူတို့ အစိုးရကိုဖားပြီး သစ္စာဖောက်ပြိးပြန်တာ

ဘာမှပြောစရာမရှိပါဘူး ။

ဒါပေမဲ့ ကိုဇာဂနာ မျက်နှာထောက်သင့်တာပေါ့

phayphay said...

အဝေးကနေ အသံကောင်းဟစ်လို့ မရဘူး
ပြည်တွင်းမှာသွားလုပ်မယ်ဟုတ်လား
ပြည်တွင်းမှာတော့ ဟစ်လို့ မရဘူး
ဟောင်လို့ တော့ရမယ်

phayphay said...

ပြည်ပမှာအသံကောင်းဟစ်လို့ မရပြည်တွင်းမှာ
လုပ်မယ်ဆိုတာ လူကြားကောင်းအောင်ပြောတာ
ပြည်တွင်းမှာ သွားဟောင်မယ်ပြောစမ်းပါ

သီးလေးသီးပရိတ်သတ်တဦး said...

ကဲ ကိုARTARLOOT ရေ ဂေါ်ဇီလာပြောသွားတဲ့အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာဘာလဲ ? ပေါ်လစီကားတွေလား၊ ဂေါ်ဇီလာ၊ချောစုမျိုး(ဂေါ်ဇီလာမယားအငယ်) စိန်သီး၊ ဇီးသီး တို့ဟာပြည်ပမှာအဆင်ပြေနေမယ်ဆိုရင်ပြန်ပါ့မလား၊ ပြည်ပမှာအလုပ်ကလဲမဖြစ် အခြင်းခြင်းကလဲစိတ်ဝမ်းကွဲ ဂေါ်ဇီလာကလဲ ခေါင်းဆောင်ကောင်းပီသတဲ့ အုပ်ချုပ်မှုမျိုးမပေးနိုင်တဲ့အပြင် ခေါင်းဆောင်မင်းသမီးကိုပါ ချိုင်လိုက်တော့ ကွဲကြပြဲကြ မဲဆောက်မှာတခါ ဂေါ်ဇီလာတို့ ဇတ်လမ်းတခုရိုက်တယ် NEC က ပရိုပိုဇယ်တင်ပြီးလုပ်စားလိုက်တာလဲမအောင်မြင် စသည့်ကျပ်တည်းလာတာတွေကိုအကြောင်းပြုပြီး ချော်လဲရောထိုင်လိုက်တာပါတယ်လို့ထင်တယ်၊ ပြည်တွင်းမှာရော ဘယ်လောက်လုပ်နိုင်မလဲ (သူတို့ကအနုပညာအလုပ်ပဲတတ်တယ်လို့ စိန်သီးပြောသွားသေးတယ်နော်) စာပေကင်ပေတိုင်တွေ ဗွီဒီယိုကင်ပေတိုင်တွေကြားမှာဘာလုပ်နိုင်မှာမို့လို့လဲ သူတို့ထက်မကတဲ့ လူတွေတောင် လုပ်လို့ မချောင်တာကို အပြန်ကောင်းအောင်ဖေါ်လံဖားတာမဟုတ်လဲ ဘာလဲ ? အပြင်မှာကျပ်တည်းနေတာကို ကြံ့ကြံ့ခံပြီးဆက်လက်တိုက်ပွဲဝင်နေတဲ့ ဆရာ့အပေါ်သစ္စာမဖေါက်တဲ့ ကျန် ၃ ယောက်ကိုတော့ လေးစားတယ်လုံးဝပဲ

ARTARLOOT said...

ပြည်တွင်းရယ်ပြည်ပရယ် ဆိုပြီးညင်းမနေကြပါနဲ့ ဗျာ။ အားလုံးမြန်မာပြည်သားတွေချည်းပဲ ဂေါ်ဇီလာ၊စိန်သီးဘာလုပ်လဲစောင့်ကြည့်ပါဦးလား။ သူ့ တို့ သမိုင်းသူတို့ ရေးရမှာ သူတို့ သိပါလိမ့်မယ်။