Friday, August 12, 2011

SAW အဖွဲ့သို့ အမျိုးသမီးနှင့်ကလေး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလအ ထူးကိုယ်စားလှယ် Ms Joy Ngozi Ezeil၀ လာရောက်လေ့လာ (ဓာတ်ပုံ)

အမျိုးသမီးနှင့်ကလေး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms Joy Ngozi Ezeil၀ သည် ယနေ့ (၁၂-၈-၂၀၁၁) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ “အမျိုးသမီးများအတွက် လူမှု စောင့်ရှောက်ရေးအဖွဲ့ (SAW)” သို့ လာရောက်လေ့လာခဲ့သည်။ Ms Joy Ngozi Ezeil၀ သည် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို လိုက်လံတွေ့ဆုံခြင်းဖြစ်ပြီး SAW အဖွဲ့သို့ ရောက်ရှိရာ တွင် ၂၀၁၂ ခုနှစ် ဇွန်လ၌ ကုလသမဂ္ဂမှ ထုတ်ပြန်မည့် အစီရင်ခံစာအတွက် လိုအပ်သည့်အချက်အလက်များ ကို မေးမြန်းသွားခဲ့သည်။ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုအခြေအနေတွေကို မေးမြန်းသွားခဲ့သလို ကိုယ်တိုင် လူ ကုန်ကူးခံခဲ့ရသူများကိုလည်း တွေ့ဆုံသွားခဲ့သည်။

No comments: