Monday, August 8, 2011

ခွပ်ဒေါင်း

ခွပ်ဒေါင်း
ဒေါက်တာလွဏ်းဆွေ

ကျောင်းသားဟာ
ဆူပူလှုံ့ဆော်ရေးသမားမဟုတ်
မဟုတ်မခံ
အမှန်တရားကို မြတ်နိုးသူသာဖြစ်တယ်။

ကျောင်းသားဟာ
တော်လှန်ရေးသမားမဟုတ်
ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်
လွတ်လပ်မှုကို ခုံမင်သူသာဖြစ်တယ်။

အေး … ဒါပေမယ့်
အမှန်တရား ဆိတ်သုဉ်း
လွတ်လပ်မှု ဆုံးရှုံးတဲ့အခါ
ကျောင်းသားဟာ ဆူပူလှုံ့ဆော်ရေးသမား ဖြစ်ရမယ်
ကျောင်းသားဟာ တော်လှန်ရေးသမား ဖြစ်ရမယ် … ။ ။

(၁၉၈၈ မတ်လတွင် ရေးသားသည်။)

ဒေါက်တာလွဏ်းဆွေ
(ဒေါင်းအိုးဝေမဂ္ဂဇင်းမှ ...)

2 comments:

မေမေ said...

ဒေါင်းအိုဝေ ဖြစ်နေပါသည်။ ဒေါင်းအိုးဝေ ဟု ပြင်ဆင်သင့်ပါသည်။
စေတနာဖြင့်

zarny win said...

တိုးတိုးလေးဖတ်ရင်
ဒေါင်းအိုဝေ လို့ အသံထွက်ပါတယ်။

တိုးတိုးလေး ရေးရင်လည်း
ဒေါင်းအိုဝေ လို့ ရေးနိုင်မယ်ထင်တယ်။

း)

နောက်တာပါ