Monday, August 15, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံဆွေးနွေးပွဲအပေါ် ကိုမိုးသီး ဇွန်၏ အမြင်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံဆွေးနွေးပွဲအပေါ် ကိုမိုးသီးဇွန်၏ အမြင်

နေ့သစ် ။     ။ ကိုမိုးသီးခင်ဗျား ... ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံဆွေးနွေးပွဲ ကို ဘယ်လိုမြင်ပါသလဲ။ သဘောတူညီချက် ၄ ချက်ရရှိတယ်လို့ ဆိုပါတယ်။ ဒါကို ဘယ်လိုမြင်သ လဲ။

ကိုမိုးသီးဇွန် ။     ။ ကျနော်တော့ စိုးရိမ်တယ်။ သဘောမကျဘူး။ စစ်အုပ်စုက နိုင်ငံရေးအကျပ်ရိုက်တိုင်း ဒေါ် စုကို ထုတ်ပြီး ကစားနေတယ်။ ဒေါ်စုကို သူတို့အတွက် Toy တခုလို လုပ်နေတယ်။ ဒေါ်စုက သည်းခံနိုင်ပေ မယ့် ကျနော်တို့အနေနဲ့ သည်းမခံသင့်တော့ဘူးလို့ မြင်တယ်။ နိုင်ငံတကာဖိအားပေးမှု ရှိလာတယ်။ စီးပွားရေး အကျပ်ဆိုက်မှုက သိပ်ကိုသိသာလာတယ်။ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေတောက်လျှောက်ဖြစ်လာတယ်။ အစိုးရထဲမှာ မကျေနပ်မှုတွေ၊ မပြေလည်မှုတွေ ရှိနေတယ်။ သန်းရွှေအလွန် စစ်တပ်ဟာ ဗိုလ်ချုပ်တွေအပေါ် သစ္စာရှိဦးမလား ... စတဲ့ ပြဿနာတွေ ရှိပါတယ်။ ဒီလို ပြဿနာတွေတက်လာပြီဆိုရင် ဒေါ်စုကို လွှတ်တာ၊ တွေ့တာ၊ ပြောတာတွေ လုပ်တယ်။ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က အကြိမ်ပေါင်း ၃၀၀ လောက် တွေ့ခဲ့တယ်။ ခင်ညွန့်အလွန်ခေတ်မှာ အောင်ကြည်နဲ့ တွေ့တာ ၁၁ ကြိမ်လောက်ရှိနေပြီ။ ဘာမှ မတိုးတက်ဘူး။

နေ့သစ် ။     ။ ဒီတခါတွေ့တာကတော့ မထူးဘူးလား။ သဘောတူညီမှု ၄ ချက်ရတယ်တယ်လို့ ဆို တယ် ဒီအပေါ်မှာ ဘယ်လိုမြင်သလဲ။

ကိုမိုးသီးဇွန် ။     ။ ဟုတ်တယ်။ သဘောတူညီချက် ၄ ခု ရရှိတယ်လို့ ဆိုပါတယ်။ သူတို့ရတဲ့ သဘောတူညီ ချက်တွေက အလွန်ယေဘုယျကျနေတယ်။ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ ဖြစ်နေတယ်။ သဘောတူ ညီချက် လေးချက်စလုံးကို ကြည့်ရင် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီရေး၊ လူမှုရေးတွေကို နိုင်ငံ တော်နဲ့ လက်တွဲလုပ်ပါမည်။ တွေ့ဆုံဆွေးနွေးမှုကို ပုံမှန်လုပ်နေပါမည် ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဒါကို ထပ်ပြီး သုံး ခွက်တခွက်တင်ကြိုလိုက်ရင်တော့ ချစ်စွာသော နိုင်ငံတော်ကြီး ပြောသလိုလုပ်ပါမည်ပေါ့ဗျာ။ သဘောတူညီ ချက်တွေက ၁၉၉၁ ခုနစ်တုန်းက တောင်ကိုရီးယားနဲ့ မြောက်ကိုးရီးယား သဘောတူညီချက်တွေထက်တောင် ယေဘုယျဖြစ်နေတယ်လေ။

နေ့သစ် ။     ။ ဒါဆိုရင် ဘယ်လိုအခြေအနေမှ တွေ့ဆုံဆွေးနွေးမှုက အဓိပ္ပါယ်ရှိတယ်လို့ ပြောလို့ရ မလဲ။

မိုးသီးဇွန် ။     ။ သိပ်ကောင်းတဲ့ မေးခွန်းပဲဗျ၊ ပြဿနာရှိလို့ ပဋိပက္ခဖြစ်လာတာ။ ပဋိပက္ခတွေကို ချုပ်ငြိမ်းချင် တယ်ဆိုတဲ့ ဆန္ဒ၊ ပူးပေါင်းလုပ်မှရမယ်ဆိုတဲ့ အမြင်၊ နှစ်ဘက်စလုံး အကျိုးဖြစ်ထွန်းမယ်ဆိုတဲ့ အသိတရားကို သဘောတူညီချက်မှာ ပြသဖို့လိုတယ်။ ဒါကြောင့် ပဋိပက္ခဖြစ်မယ့်အရာတွေကို နှစ်ဘက်စလုံးက ရှောင်ပါမယ် ဆိုတဲ့ ကတိလိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျောင်းအုပ်ကြီးက ခေါ်ပြီး နောင်မလုပ်တော့ပါဘူးလို့ ဝန် ခံကတိထိုးခိုင်းသလိုမျိုး ဒေါ်စုကို ကန့်သတ်ထား Fixed Tie လုပ်ထားတယ်လို့ ကျနော် မြင်တယ်။ စိုးရိမ် တယ်။ ဆွေးနွေးပွဲရဲ့ရလဒ်က တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူးလို့ ကျနော် ပြောချင်တာဖြစ်တယ်။

(နေ့သစ်မီဒီယာမှ ...)

11 comments:

မင်းစစ်သွေး said...

အင်မတန်ရုပ်ရင်းကြမ်းတန်းတဲ့သူဘဲ ဒီလိုလူကိုလူရာသွင်းပီးမေးနေတော့ကော ဘာထူးခြားလာမှာမို.လို.လဲ အမိရုပ် က မွေဖွားလာလို.လားမသိဘူး အင်မတန် နှုတ်လဲကြမ်းတယ် ကိုယ်အဖွဲ့အစည်း အနိုင်ရဖို. ကိုယ်ဂုဏ်ကိုယ်ဖော်ဖို. သူတပါးကို နိမ့်ချ ပီး ကြမ်းတမ်းစွာ ဆက်ဆံတာ ဘယ်လိုလူစားမျိုးလဲ ဆိုတာ အသိဥာဏ်မြင့်မားသူတိုင်း သိတယ် ရန်သူပင်ဖြစ်လင့် ကစား ပြောဆိုဆက်ဆံတာတော့ ယဉ်ကျေးမှု ရှိသင့်တာပေါ့ အသက် ၆၀ကျော် ၇၀ ကျော် လောက်ရှိတဲ့ပဂ္ဂိုလ်တွေ ဗျာ ဦးတပ်ခေါ်လို. မြေမမျိုဘာဘူးနော် ကိုမိုးသီးဇွန် ။ကျွန်တော်လဲခင်ဗျားကို တရိုတသေ ကိုတပ်ခေါ်ပါတယ် ခင်ဗျား နောက်တခါ မေးမြန်းခန်းတွေ ဖြေရင်တော့ ခင်ဗျားအမေ မျက်နှာပြေး မြင်လိုက်ဗျာနော် ဒီထက်ပိုပီး ကျွန်တော်မပြောချင်တော့ဘူး ခင်ဗျားဘာသာ ဒေါ်လာစားပီး ပြည်ပမှာ အေးဆေးနေတာပိုကောင်းပါတယ်နော်....

Butterflyguy21 said...

Ko Min Sitthwe
I didn't see any rude word used by Ko Moe Thee zun. . you can't attack his idea so you attacked him for nothing serious matter. one will call robbers, thieves , murderers as he likes it.. these sinners, evil persons deserve to be denounced..

So pls go on Ko Moe Thee Zun with your fine ideas and jobs.. our victory is just around the corner . we can achieve.

Anonymous said...

KoKo
This commentary is very biased to Aung San Suu Kyi's campaign and to speak in this disrespectful way is not only unprofessional but an embarrassment to this uneducated commentator. Aung San Suu Kyi has been leading this campaign sincerely and with only the people's interest in mind. Every event she has held has been from her own will alone. She receives the support of her whole country and is far from being a "toy" of the government. Only those with bad intentions for the country of Burma would say a statement such as this one. My last comment to all the other smart mouth commentators is to find a valid reason before composing an insult such as this one towards one of Burma's greatest leaders.

မင်းစစ်သွေး said...

Butterflyguy21:ဒီမှာ မိတ်ဆွေ လောကကြီးမှာ ဘယ်ပြသနာ ကိုမဆို ရှုထောင့်အမျိုးမျိုးက သုံးသပ်နိုင်တယ် ကိုယ်ရှုထောင့်နဲ့ မတူတိုင်း ပုတ်ခတ်ပြောဆိုနေတာ ပညာရှိ သူတော်ကောင်းတွေရဲ့လုပ်ရပ်မဟုတ်ဘူး စိတ်ဓာတ်အဆင့်တန်းနိမ့်ကျတဲ့ သူတွေရဲ့လုပ်ရပ်ပါ ။လူတိုင်းမှာလွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိတယ် ဒါက လူ.အခွင့်ရေး ဒါပေမယ့် လုပ်သမျှကိုအဖျက်သဘောနဲ့ ထိုးနှက်တိုက်ခိုက်ရင်တော့ ဒါကလူ.အခွင့်ရေးထက်ကျော်လွန်သွားပီ ။ဒေါ်စုကော အစိုးရအဖွဲ့ ၀င်တွေကောက win-win theory ဆိုတဲ့ ပညာရှိတွေရဲ့ နှလုံးသားနဲ့ ခရီးဆက်နေတဲ့ အချိန် ဒီလို နှောက်ယှက် တာတော့ မကောင်းဘူးပေါ့ဗျာ။တိုင်းပြည်တပြည်မှာ stability မရှိရင် ဘာမှ တိုးတက်မှု ဖြစ်မလာနိုင်ဘူး ဆိုတာ အသိဥာဏ်မြင့်မားတဲ့သူတိုင်း သိမှာပါ နိုင်ငံရဲ့ stability ကိုရအောင်တည်ဆောက်နေရတဲ့ အချိန်မှာ ကိုယ်တိုင်မပါဝင်နိုင်ရင်တောင် ဆူပူအောင်လှုံ.ဆော်တာတို. media ကနေ အတင်းသာသာခိုင်လုံမှု မရှိ ဝေဖန်နေတာက ပညာရှိ တွေရဲ့ လုပ်ရပ်လား စိတ်ဓာတ်အဆင့်တန်း နိမ့်ကျတဲ့ သူတွေရဲ့လုပ်ရပ်လားဆိုတာ ကိုယ့်ဘာသာကိုပြန်စဉ်းစားကြပါ...ကောင်းစားစေလိုသူ

သစ္စာ said...

မင်းစစ်သွေးတို့လို စစ်ခေါင်းဆောင်တွေရဲ့ ဘယ်နှစ်ယောက်မြောက် အငယ်အနှောင်းကမွေးထားမှန်းမသိတဲ့ သူတွေအခုတလော ဘလော့တွေမှာ comment တွေ ၀င်ရောက်ရေးသား ပြီးသူတို့ပထွေး စစ်အုပ်စုတွေကို ထိရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောတာတွေ အမြဲလိုလိုတွေ့နေကြပါ ခွေးလောက်အဆင့်မရှိတဲ့သူကို သန်းရွှေ ခင်ညွန့် ဒီလိုခေါ်တာမှန်တယ်ခေါ်သင့်ပါတယ်။

sithusoe said...

ခင်ဗျာတို့တွေပြောသလိုဆိုရင်ဒေါ်စုကဥနှောက်မရှိသလိုဖြစ်နေလိမ့်မယ်၊
စဉ်းစားပြီတော့ပြောကြပါ၊
ဒီမိုရရင်ကိုယ့်ကိုထောက်ပံတာတွေပျောက်မှာမိုလို့စိတ်ကယောက်ကခြား
ဖြစ်ပြီလျှောက်မပြောလိုပါ၊ကျွန်တော်တို့ပြည်တွင်းမှာနေတဲ့ပြည်သူအားလုံး
ဝမ်းသာပီတိဖြစ်နေစဉ်မှာစိတ်အနှောက်အယှက်မဖြစ်ပါရစေနဲ့နော်၊ဒေါ်စုက
အရုပ်မဟုတ်ပါ၊ပမှန်တရားကိုသူသိနေပါပြီ၊ထပ်ပြောပါရစေပြည်ပြဒီမိုတွေ
သူကိုမျောက်နေရာမှာထားပြီးဆန်တောင်းခဲ့တာတွေအားလုံးကိုသူသိသွာပြီတဲ့နောက်မှာ
ဒေါ်စုမှန်ကန်တဲ့လမ်းကိုလျှောက်နေပါပြီခင်ဗျား၊ဗမာဖြစ်ပြီးမြန်မာနိုင်ငံသားမဟုတ်တဲ့သူများ
ကျွန်တော်တို့ပြည်တွင်းရေးမှာဝင်မစွတ်ကြပါနဲ့၊

Unknown said...

(အပြုသဘောထက် ဒီတခါက အပြုတ်သဘော ကြံပြီလို့ဘဲ တွက်ထားပြီ။ လုပ်နေတာတွေက ရုပ်ပျက်ဆင်းပျက် အောင်ကြည်ကလည်း ပလူးပြ ကျော်ဆန်း ကလည်း မျက်ရည်ခံထိုးပြ ကြားထဲ ဒီပဲယင်းတရားခံ လက်သည် ကြံ့ဖွတ်ဗိုလ်ဌေးဦးကပါ ၀င်ပြဲပြနေတော့ တခုခုကြံစည်နေပြီဆိုတာ ကျနော် ကွက်ကျော်မြင်လိုက်ပြီ။ မဟုတ်မှလွှဲရော ဒီလူတွေ မကြာခင် ပါကစ္စတန်ဝန်ကြီးချုပ်-ဘနီဇီယာဘူတိုကို ရှင်းသလို အသေခံဗုံးခွဲသူနဲ့ ရှင်းပြစ်ဖို့  ကြံစည်နေပြီလို့။ ကျနော်တထစ်ချ တွက်ဆနေပြီ။ ပြီးမှ သူတို့နဲ့က ဒေါ်စုနဲ့ အဆင်ပြေနေတာ ကြားကတဖွဲ့ဖွဲ့က မနာလိုလို့ ၀င်လုပ်သွားတယ်။ တိုင်းပြည်တိုးတက်ရေးကို မလိုလားသူတွေ မရှုစိမ့်သူ တဖွဲ့ဖွဲ့က ၀င်လုပ်သွားတယ်ဆိုပြီးလုပ်မှာ။ လူ့ပလီတွေ။ ဒီလိုလုပ်ချင်လို့ ဒီယုံကို ဖမ်းချင်လို့ ဒီခြုံကိုထွင်နေတာ။ အာဆီယံ ဥက္ကဌ ကိစ္စလဲပါတယ် အဲဒီထက်ထက် ပိုတယ်လို့ဘဲ ကျနော်ထင်တယ်။)

from (demowaiyan.co.cc ...dr.hlain myint)
pls, think about it....

Ye Thu said...

ကိုမိုးသီးပြောတာမှန်တယ်။ ဒေါ်စုကို လိုသလို စစ်တပ်လူတွေအသုံးချနေတာ ကြာလှပြီ၊ ဒေါ်စုက မသိလို့ ပဲလား၊ အရမ်းအကောင်းမြင်ပြီး လိုက်လျှောတာလား ဆိုတာ သူကိုယ်တိုင်ပဲသိမယ်။ လူ့  အခွင့် အရေးကိုတန်ဘိုးထားတဲ့တိုင်းပြည်တွေ၊ စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေး ကအစ အဘက်ဘက်ကတိုးတက်နေတဲ့ တိုင်းပြည်တွေဟာ ခိုင်မာတဲ့ စနစ်တွေရှိလို့  တိုးတက်တယ့် ဆိုတာလေ့လာထားတဲ့လူတွေသိတယ်။် မြန်မာပြည်မှာ ၂၀၀၈ စစ်အာဏာရှင်အတွက်အခွင့် အရေးပေးထားတဲ့ စနစ်မျိုးပဲရှိတယ်။ စစ်အာဏာရှင်တွေကို မြန်မာ့ယဉ်ကျေးမှုအရ လေးစားရမယ်လာမပြောနဲ့  မြန်မာနိုင်ငံသားတွေကို ပြည်တွင်းမှာပါမက နိုင်ငံတကာမှာကျွန်ဖြစ်အောင်။
ဖိနှိမ့်တဲ့ သန်းရွေလိုကောင်ကို လေးလေးစားစားခေါ်စရာမလိုအပ်ပါဘူး၊ ကြိုက်တဲ့ရှုထောင့်ကကြည့် စစ်အာဏာရှင်အဆက်ဆက်ကို နားလည်ပေးစရာမရှိဘူး။ တိုင်းပြည်အတွက်အမှန်တကယ်စေတနာရှိရင် ပြည်သူပိုင်တဲ့ အာဏာမတရားတဲ့ နည်းနဲ့ မယူထားနဲ့ ၊ တိုင်းပြည်ဘာဖြစ်သွားမလည်းဆိုတာ စစ်အာဏာရှင်တွေအကြောင်းပြနေသလို ပူစရာမလိုဘူး၊ တိုင်းသူပြည်သားအားလုံးပူရမှာ၊ တိုင်းပြည်ဒုက္ခရောက်မှာစိုးလို့ ဆိုတာလာမပြောနဲ့ အဲဒီစစ်တပ်ကောင်တွေ ဘာအတွေးအခေါ်မှမရှိပဲ တတိုင်းပြည်လုံးကို စစ်တပ်ပုံစံအတိုင်းလုပ်ပြီး အခွင့် အရေးမှန်သမျှအကုန်ယူနေတာ မြင်နေတာပဲ

hippo.sg said...

မင်းတို့လို ငါနဲ့အမြင်မတူငါရန်သူဆိုတဲ့ကောင်တွေနဲ့ခက်တယ်။ လူတိုင်းဝေဖန်တာကောင်းပါတယ်။ဒါပေမဲ့ ကိုယ်ဘာလည်...အရင်ပြန်ဆန်စစ်ပြီးမှဝေဖန်တာကောင်းပါတယ်။ ပညာတက်ရှိဆိုတာဝေဖန်ရင် မရိုင်းစိုင်ဘူးမဆဲဆိုဘူး။ ကိုယ်ပညာရှိမရှိ ကိုယ်ဟာ ကိုယ်ပြန်ဆန်းစစ်။

maungkoko said...

မိုးသီးဇွန်ေ၇

သူများကို မဟုတ်ဘူးဟုတ်တယ်ပြော၇အောင် မင်းကေ၇ာဘယ်လောက် စွမ်းဆောင်ပြီးပြီလဲ အစား၇ချောင်လို. ပြည်ပမှာ အသံကောင်းဟစ်ပြီး ပိုက်ဆံတောင်းစားနေတဲ.ကောင်က ပြည်တွင်းမှာ ကြိုးစားနေတဲ.သူကို တောင်ပြောမြောက်ပြောနဲ. မင်းလဲ ပြည်တွင်းလာပြီး သူတို.လိုမဟုတ်တောင် နည်းနည်လုပ်ပြပါလား ပြီးတော့ သူများကိုဝေဖန်၇အောင် မင်းကေ၇ာ ဘယ်လောက်ကောင်းနေလို.လဲ မင်းနဲ.မင်းမယားငယ်၇ဲ.ပုံတွေ မြန်မာဆိုဒ်တွေမှာ မြင်နေ၇ပြီလေ မင်းတောင်ပြည်တွင်းမှာစားပေါက်မချောင်လို. ပြည်ပကနေ ဟောင်နေပြီး ၇တဲ.ပိုက်ဆံနဲ. မယားငယ်နဲ.ပျော်နေတဲ.ကောင်က ၇ှက်တက်၇င်မြန်မာ့ အေ၇း မပြောတာအကောင်းဆုံးပဲကွာ ဒေါ်စုဘာပဲလုပ်လုပ် မင်းတို.အသံနဲ. ဟောင်နေတာထက်တော့ သာတယ်ကွ နားလည်လား သူဆွေးနွေးတာ ဘာမှ မဖြစ်လားဘူးဆို၇င် သူလိုဆွေးနွေးခွင့်တောင်မင်းမှာ၇ှိလို.လား

Ye' Lay said...

if you can't stand it, why don't you just go to Myanmar and fight for it. it's like "Gay coward man yelling from the back and real man fights in the front". shame on you. don't fu&*ing eat $$$ and act like you are master.