Monday, August 8, 2011

ပြတိုက်သက်တမ်း ၂၃ နှစ်

ပြတိုက်သက်တမ်း ၂၃ နှစ်
မောင်လွမ်းဏီ

ကတ္တရာလမ်းပေါ်မှာ
ရာဇ၀င်ရေးထုံးကို
လူထုသွေးစာလုံးနဲ့ ဖလှယ်ခဲ့ကြ။

လွတ်မြောက်ရေးအတွက်
ဘ၀နဲ့ အသက်ကို လောင်းကစားလုပ်ကြ
ဆယ်စုနှစ်တွေ ကြာရှည်နိုင်သမျှ ...။

ဖုံးကွယ်ထားသမျှကို
ခွာချနိုင်ခဲ့သလို
နိမ့်ကျခဲ့သမျှ တွန်းလှန်ပြခဲ့ကြ။

အစွယ်အဆိပ်ကြောင့် စိုးမထိတ်
စိတ်မဆင်းရဲဘူး၊ စိတ်ဓာတ်မကျဘူး
စိတ်ပျက်အားငယ်ခြင်းမရှိဘူး
စိတ်လေ တွေဝေမှု အလျဉ်းကင်းမဲ့
စိတ်က ရှင်းပ
ဗကသရဲဘော်များနဲ့ လူထုကြီးရဲ့
အရေးတော်ပုံဆိုတဲ့ မုန်တိုင်း။

ညီညွတ်မှုအတိုင်းမဲ့
ဦးညွှတ်မှု ဒီရေလှိုင်းနဲ့
မုန်တိုင်းမှာ ပျော်ပါးကြ
မုန်တိုင်းကို ဂုဏ်ပြုကြ ...။ ။

(ကိုမွန်းအောင်သို့ ...)

မောင်လွမ်းဏီ
၁၉-၇-၂၀၁၁

No comments: