Tuesday, August 23, 2011

မောင်မောင်ဝမ်း - နိုင်ငံရေးအကျဉ်းသားဆိုတာ ဒီလိုပါ (ဓာတ်ပုံအက်ဆေး)

(မောင်မောင်ဝမ်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ သူက http://www.facebook.com/naymintar မှ ကူးယူဖော်ပြသည်ဟု ထပ်ဆင့်ဖော်ပြထားပါသည်)
အောက်ဖော်ပြပါ ဓာတ်ပုံတွေဟာ အမေရိကားမှာ ရိုက်ကူးတဲ့ “Dreams of a Peaceful Revolution” ဇာတ် ကားထဲက ဇာတ်ဝင်ခန်းပုံတွေဖြစ်ပါတယ်။ အခုမြင်တွေ့နေရတဲ့ ဇာတ်ဝင်ခန်းပုံတွေဟာ ကျနော်တို့ ထောင်ထဲ မှာနေခဲ့ရတဲ့ ပုံစံတွေနဲ့ တော်တော်နီးနီးစပ်စပ်ကို တူပါတယ်။ ဒီပုံရိပ်တွေကို ကြည့်ပြီး ခံစားကြည့်မယ်ဆိုရင် ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်ခဲ့ရတာ ဒီအတိုင်းပါပဲ။ အခုလည်း နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် အကျဉ်းထောင်ထဲမှာ ဒီလိုပဲ ရင်ဆိုင်နေရပါတယ်။ ပြင်ပမှာ သဏ္ဍာန်လုပ် သရုပ်တူအောင် ဖန်တီးထား ပေမယ့် တကယ့်လက်တွေ့ပုံရိပ်တွေနဲ့ တော်တော်နီးစပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဘ၀ဆိုတာ ဒီလိုပါ။

- အဲဒီလို လူ့ငရဲဘ၀နဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်စေလိုပါတယ်။
- ပြည်တွင်းစစ်မီးကြီး အမြန်ဆုံး ငြိမ်းစေလိုပါတယ်။
- တွေ့ဆုံဆွေးနွေးပွဲတွေ အဆက်မပြတ်လုပ်ခြင်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမှသည် တိုင်းပြည်ပြန် လည်ထူထောင်ရေးကို အမြန်လုပ်စေလိုပါတယ်။ (မောင်မောင်ဝမ်း)

1 comment:

moe said...

I would request Gen Thein Sein and all generals and government officials not to consider politicians, and political prisoners as "enemies". Be kind to them and allow them to express their views.