ရွှေဒုံးဘီအောင် မရိုက်တဲ့ ဘိုင်စကုတ်
တုတ်ကြီး (ခေတ္တ-တာဝတိံသာ)
မမြ၀င်းရေ ...
အဲဒီကောင်တွေပေါ့ ...။
အဲဒီကောင်တွေလိုမျိုး ဖြစ်ဖို့ဆိုတာက
မြ၀တီ-မဲဆောက် နယ်စပ်တလျှောက်မှာ
တလတန်သည် နှစ်လတန်သည် ရေသောက် ထမင်းစား
ငှက်ဖျားလည်း ဖြစ်ခဲ့ဖူးမှ ...။
သူများတွေ ရှေ့တန်းသွား
နောက်တန်းမှာ အမြှုပ်ထွက်အောင် ပွားရင်း
တခါတခါ ပါးနား နားရင်း ရိုက်ပစ်ချင်စရာကောင်းလောက်အောင်လည်း
သေနတ်ထဲ ကျည်ဘောက်ပြောင်းပြန်ထည့်တဲ့ ဗဟိုကော်မတီ ခဏတဖြုတ် ဖြစ်ခဲ့ဖူးမှ ...။
အဲသည်နယ်စပ်မှာ ...
ကံမွဲရှာတဲ့ ငါတို့ပြည်က ဖာသည်အသစ်ချပ်ချွတ်ကလေးတွေကိုလည်း
ညအိုပြီဆို အကြွေးနဲ့ သွားသွားကယ်တင်တတ်ဦးမှ ...။
သူများတွေ တောထဲမှာ သေ
တိုက်ပွဲတွေဖြစ်ချိန်
သောင်ရင်းမြစ်ဘေးမှာ စီးကရက်ဘူးအသစ်ကလေး ခါးညှပ်လို့ 
ပြောက်ကျားယူနီဖောင်း စမတ်ဂွမ်ဂွမ်နဲ့ ပေါ်လတစ်ကယ်ဇိမ်ကလေးယူတတ်ဦးမှ ....။
မနာလိုမဖြစ်ပါနဲ့ ကရင်က ကြင်နာလိုက်တာပါ
ဖောရိန်နာက မစလိုက်တာပါ
အိမ်က ပို့လိုက်တာပါ
အဲသလိုလည်း ပိုင်ဦးမှ ...။
ဒေါက်တာဘမော်လောက် ဘိလပ်လိုမမွှတ်ရင်တောင်မှ
ဒွတ်ဒက်ရွှတ်ရှက်နဲ့ စောက်ရှက်ကလည်း နည်းဦးမှ ...။
အဲသလို စောက်ရှက်နည်းရတဲ့အထဲမှာ
ခွဲခြမ်းစိတ်ဖြာ ဂွင်ဆိုတာလည်း ရှာတတ်ဦးမှ
အဲသလို ဂွင်ရှာရင်း မောလို့လည်းမဖြစ်
စကောလားရှစ်ကလေးကလည်း ရဦးမှ ...။
အဲသည်စကောလားရှစ်နဲ့
အပြောသမားမဖြစ်အောင်လည်း
အန်ဂျီအိုလေးဖြစ်ဖြစ် ထောင်ဦးမှ ...။
အဲသလို စကောလားရှစ် မလိုလောက်အောင်
ဟီရိသြတ္တပ္ပနတ္ထိနဲ့ တောက်ပြောင်ရင်လည်း
ဂျာနယ်လေးပဲဖြစ်ဖြစ် ထောင်ဦးမှ ...။
အဲသလို အဲသလို အရည်အချင်းတွေနဲ့ ကောင်တွေမှ
အဲသလို တသက်လုံး လက်ကြောမတင်း
အဲသလို တဘ၀လုံး သူများဘ၀တွေကို ခင်းနင်းလာတဲ့ကောင်တွေမှ
ဒီအချိန် ... ဖျတ်ကနဲ လျှပ်စစ်မီး ခရမ်းချဉ်သီးလောက်
အဲဒီဘတ်သီးအစုတ်ကလေးက လင်းချိန်မှာ
ဝီကနဲ ... ၀ီကနဲ ... မ၀ဲရင် ...
အိမ်က ဖန်ချောင်းကြီး ထင်းနေအောင် ထွန်းထားလည်း
ဘယ်ပိုးဖလံကောင်မှ မ၀ဲတော့ဘူးမှတ် ...။
ဒီမယ် ...
ပြန်မခေါ်ပါနဲ့ဗျာ
ထောင်ထဲက
ယုံကြည်ချက်နဲ့ ဖမ်းထည့်ခံရသူတွေသာ လွှတ်ပေးပါ
တိုင်းပြည်ခွေးဖြစ်တာ
ခုမှ တရားဝင် ရင်ဘတ်စည်တီး
အမြီးကလေး ခါခါပြီး ၀န်ခံနေရတဲ့ ခင်ဗျားကိုတော့ သနားတယ်
လုပ်ငန်းရှင်တွေ အခွန်အတုတ်လျှော့လိုက်တာ
ငတ်မနေတဲ့ လုပ်ငန်းရှင်တွေအတွက် မုဒိတာပွားပါတယ်
ရှဲရှဲ .. နီ ... ပါ
ကျုပ်တို့နိုင်ငံသား တကယ်ပိုင်တာ
ဘယ်လောက်ကျန်ပါသေးသလဲဆရာ ...။
တစ်နဲ့တစ် ပေါင်းတတ်ရင်
ငြိမ်းချမ်းရေးဆိုတာ ခက်တဲ့အရာမဟုတ်ပါဘူး
စစ်နဲ့စစ် ပေါင်းရင်တော့ ခင်ဗျားတို့ ဧရာဝတီကို ကာမယ့်
ရေကာတာတောင် ကျိုးပဲ့ပေါက်ပြဲ အကျိုးမဲ့သွေးတွေ
နှစ်ရှည်လများ စီးနေဦးမှာပါပဲ ...။
ပြောဦးမယ်ဗျ ...
တော်ရုံတန်ရုံအပြစ်ဆိုတဲ့ကိစ္စ
တိုင်းပြည်ကို နွံထဲဆွဲချခဲ့သူတွေက
ဘယ်လိုလူတွေကို ခွင့်လွှတ်မှာတုန်း
ဘယ်လိုလူတွေက ဘယ်လိုလူတွေကို ခွင့်လွှတ်မှာတုန်း
ဆိုပါဦးဆရာရယ် ...။
နှစ်ပေါင်းများစွာ သေနတ်တကားကားနဲ့
ခုမှ အေးဓားပြအဆင်ခင်းပြီး
လေပြေလေပျော့ကလေးနဲ့
တဘ၀လုံး ပြန်ပေးဆွဲခံရသူတွေကို ခွင့်လွှတ်ပြပေမယ့်
ဗိုလ်အောင်ဒင်ဇာတ်လောက် မမိုက်ဘူးဗျာ ...။
ဘာပဲဖြစ်ဖြစ်ပါ
ပြည်ပက တဘ၀လုံး စည်းစိမ်ပြည့်နေတဲ့ကောင်တွေရဲ့
ဂါဝရကို သတိသာထားပြီး ယုံပေါ့ဗျာ
စေတနာနဲ့ သတိပေးတာပါ ...
ခင်ဗျားတို့ တိုင်းပြည်ဖျက်တာ
အားလုံး စိတ်ထားဖြူဖြူနဲ့ ၀ိုင်းပြင်ရင်
နောက်မျိုးဆက်အတွက် ရချင်ကောင်းရနိုင်သေးတယ်
ဒီကောင်တွေ ခင်ဗျားတို့နဲ့ ပေါင်းဖျက်ရင်တော့
သကြားမင်း ပြင်မယ်ဆိုရင်တောင် လူမဲ့လေယာဉ်နဲ့ ပစ်ချခံရချည်ရဲ့ ...။
ကဲ ... ဒါပါပဲလေ မမြ၀င်းရေ
နေချင်လည်းနေခဲ့တော့ ...။ ။
တုတ်ကြီး (ခေတ္တ-တာဝတိံသာ)
8 comments:
ကတုတ်ကြီးရယ်..
ဒီက ပရိသတ်ပါ
သောက်ကျိုးနဲ ကောင်းလှချည်ရဲ့..
မပြန်သေးတဲ့မမြဝင်း
ရဲ - ဇွဲ - ဥာဏ် - စည်း - တာ
မကြောက်တရားတေးကဗျာ
မီးလျှံထဲကကြာ။ ။
+-x/???? !!!
+-x/???? !!!
ဒေါ်အောင်ဆန်းစုကြည်
၆၆….တဲ့
အမှောင်ခေတ်အိုကြီးထဲက
တောက်ပတဲ့အလင်းသက္ကရာဇ်
+-x/???? !!!
+-x/???? !!!
ညှိုးချုံးချိနဲ့နေတဲ့ အမိပြည်စီးပွားရေးကို
ထာဝစဉ်တွေးအလေးပေးသူ
တိုင်းရင်းသားအားလုံး၏ မိခင်
အမျိုးသားရင်ကြားစေ့ရေး
+-x/???? !!!
+-x/???? !!!
(AhYew Bon Hmauk CheeChauak Mae Bew Tay myar)
Translation:
AhYew = fool, mad.
Bon Hwauak = greatly appreciated
CheeChauak = dried shit
Mae = Miss
Tay myar = Songs
Full Translation for the kind of above poems or songs is
Greatly appreciated songs & poems for Miss Dried-shit
တကယ်ကောင်းတဲ့ကဗျာပဲဆရာတုတ်ကြီးရေ..အင်း........ဗဟုသုတတစ်ခုတော့လိုချင်သားဗျဆရာရယ်.. မြန်မာလူမျိုးမှာ..နိုင်ငံကိုချစ်လို့နိုင်ငံ့အရေးကိုလုပ်နေတဲ့သူနဲ့ နိုင်ငံရေးလုပ်စားတဲ့သူ ရာခိုင်နှုံးဘယ်လိုအချိုးအစားများရှိပါမလဲဆရာ။ ဟိုလေ...ဟီး..ဟီး..အော်တော့အော်နေတာပဲဗျ....:P
ကောင်းလိုက်တာဆရာတုတ်ကြီးရယ်။..သူမို့ရေးရဲတယ်။ တော်ကြာနိုင်ဂျန်ဂါးက တော်လှန်ရေးလုပ်စားသူတွေဝိုင်းအော်မှာမြင်ယောင်သေးတယ်နော်.. ဗဟုသုတလေးမေးပါရစေခင်ဗျာ. ဆတုတ်တို့၊ ကျွန်တော်တို့နိုင်ငံကြီးမှာ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ နိုင်ငံ့အရေးလုပ်တဲ့သူနဲ့ နိုင်ငံရေးလုပ်စားသူ အချိုးအစားကဘယ်လိုများရှိနိုင်သပါသလဲဆရာ။ ဆရာကလဲ သူများတွေ ngo ထောင်စားတာလေးတွေမပြောပါနဲ့လားဆရာရယ်။
မှန်လိုက်လေ(သွေးထွက်အောင်)။ ဒီကဗျာကို Ko Wynn Thein ဖတ်မိပါစေ။ ဒီဘက်မှာဇိမ်ယစ်နေတဲ့သူတွေက မြန်မာပြည်ကြီး သူတို့ဘုံထက်သာမှပြန်မှာပါလို့ပြောတာကို ခါးခါးသီးသီးငြင်းတယ်ဆရာရေ့။
ကိုတုတ်ကြီးရယ်
ကြိုက်တယ်ဗျာ (ကဗျာကို)
ကောင်းလှချည်ရဲ့
စာပေဗိမာန်ဆုတောင်ရသင့်ပါတယ်။
နောင်များလည်းရေးပါဦး
အားပေးလျက်ပါ။
2011 အတွက်အကောင်းဆုံး ကဗျာဆု ပေးဖို့ အတွက် ကမ္ဘာ့ ကဗျာဆရာများ သမဂ္ဂကို ဖော်ဝါပ် လုပ်ပေးလိုက်ပြီ။ဒုတိယ ဆုအတွက် နံမည်ကြီးတွေသေရင် ကျနော်သိတယ် ကျနော်သိတယ် ပြောတဲ့ ကဗျာဆရာ ကိုပေးဖို့ လည်း အကြံပြုထားတယ်။ နောက်ထပ် နံမည်ကြီးပြီး ၆၀ ကျော်တဲ့ သူတွေ မျက်ခုံးခပ်လှုပ်လှုပ်ဘဲနေမယ်နော်.။
Post a Comment