Tuesday, August 16, 2011

တွေ့ဆုံဆွေးနွေးမှု ပိုအသက်ဝင်လာစေဖို့၊ ပိုပြီး အဓိပ္ပာယ်ရှိလာစေဖို့ …

တွေ့ဆုံဆွေးနွေးမှု ပိုအသက်ဝင်လာစေဖို့၊ ပိုပြီး အဓိပ္ပာယ်ရှိလာစေဖို့ …
ဒေါက်တာလွဏ်းဆွေ

ကျနော် နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေ ရေးဖြစ်ခဲ့တယ်ဆိုတာက မြန်မာ့အရေးကျွမ်းကျင်သယောင် ယောင်၊ ဘာအကဲခတ်၊ ညာအကဲခတ်ယောင်ယောင် ယောင်ခြောက်ဆယ် ဆရာကြီးအထာနဲ့ ရေးသားခြင်းမျိုး မဟုတ်ရပါ။ ဇာတ်ပွဲတပွဲကို စင်ရှေ့က ကြည့်ဖြစ်တဲ့ သာမန်ပွဲကြည့်ပရိသတ်တယောက်ရဲ့ အမြင်မျိုးနဲ့သာ ရေးသားခြင်းဖြစ်ပါတယ်။ တနည်းပြောရရင် အမိမြန်မာပြည်ကြီး ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းတာကို မြင် တွေ့လိုတဲ့ သာမန်ပြည်သူတယောက်က ကိုယ့်တိုင်းပြည်ရဲ့ ကောင်းကျိုးအထွေထွေအတွက် ရည်မျှော်ပြီး ကိုယ်မြင်တာကို မြင်တဲ့အတိုင်း မထောက်မညှာ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ရေးသားခြင်းမျှရယ်သာဖြစ် ပါတယ်။ ဇာတ်စင်ရှေ့ကနေ (အလကားကြည့်ရတယ်ဆိုဦး၊ အနည်းဆုံး အိပ်ရေးအပျက်ခံပြီး) အားပေးတဲ့ ပွဲ ကြည့်ပရိသတ်တယောက်မှာ ကိုယ်ကြည့်ရတဲ့ ပြဇာတ်၊ နှစ်ပါးခွင် ကောင်းရင် ဘာကြောင့် ကောင်းတယ်၊ မ ကောင်းရင် ဘာကြောင့် မကောင်းဘူးဆိုတဲ့ အကျိုးသင့် အကြောင်းသင့် ပြောဆိုဝေဖန် အကြံပေးနိုင်တဲ့ အ ခွင့်အရေးမျိုး ရှိတယ်လို့ ယူဆတာကလည်း တကြောင်းပေါ့လေ။

အဲဒီလို ဝေဖန်သုံးသပ်ရေးသားရာမှာ ကိုယ်ကြည့်ရတဲ့ ပြဇာတ်၊ နှစ်ပါးခွင်ကို ကောင်းလိုက်တာ၊ မိုက်လိုက် တာ၊ အနုပညာမြောက်လိုက်တာလို့ ၀မ်းသာအားရ ချီးကျူးထောမနာပြု ရေးသားမိတဲ့အခါမျိုး ရှိနိုင်သလို ညံ့ လိုက်တာ၊ မမိုက်ပါဘူး၊ ချာတူးလန်နေတာပဲကွာလို့ သာမန်ပရိသတ် (၀ါ) သာမန်ပြည်သူတယောက်ရဲ့ စေတ နာဒေါသောစိတ်နဲ့ ဝေဖန်ရေးသားမိတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒီလို စေတနာဒေါသောနဲ့ ရေးသားမိတဲ့အ ခါမျိုးမှာ “ဟဲ့ အကောင်၊ နင်ဘာသိလို့လဲ၊ ဒီနေ့ ပြဇာတ်မကောင်းတာ မင်းသမီး သူ့ရည်းစားနဲ့ စိတ်ကောက် နေလို့ဟဲ့” “နှစ်ပါးခွင်မကောင်းတာက မင်းသမီး ကလေးနို့တိုက်နေရင်း ကမန်းကတန်း ထွက်ကရလို့ပါဟဲ့၊ ဒါ လေးတောင် မသိဘဲ လျှောက်ရေးနေရလား” ဆိုတဲ့ ဆင်ခြေဆင်လက်မျိုးတွေနဲ့ သတ်မယ်၊ ဖြတ်မယ်ဆိုတဲ့ အထိ ဆူပူကြိမ်းမောင်း မာန်မဲခံရတာမျိုးတွေလည်း ကြုံရတတ်လေရဲ့။ ကျနော်ကလည်း ကျနော်ပါပဲလေလို့ပဲ ပြောရမယ်ထင်တယ်။ ကိုယ်က ပြဇာတ်၊ နှစ်ပါးခွင်ကောင်းမကောင်းကိစ္စလောက်ပဲ စိတ်ဝင်စားပြီး သူတို့လို မင်းသား၊ မင်းသမီးရဲ့ ပုဂ္ဂိုလ်ရေးကိစ္စ၀ိစ္စတွေကို စိတ်မှမ၀င်စားတာပဲကိုး (စိတ်ဝင်စားချင်တယ်ဆိုရင်လည်း ကျနော်က ထိုထိုသော သူတို့လို အနားတောင်သီခွင့်မရခဲ့သူ ဆိုပါတော့လေ။ ကံဆိုးလေစွပေါ့)။

ဒါပေမယ့် ကျနော့်အနေနဲ့က ကိုယ်ကြည့်ရတဲ့ မင်းသား၊ မင်းသမီး (၀ါ) နိုင်ငံရေးဇာတ်ခုံပေါ်က ခေါင်းဆောင် တွေကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်ဝေဖန်ခြင်းမျိုးမဟုတ်ဘဲ သူတို့ပါဝင်ကပြနေတဲ့ ပြဇာတ်၊ နှစ်ပါးခွင်ကောင်း ကောင်းကို ကြည့်ချင်တဲ့စိတ် (၀ါ) အမိမြန်မာပြည်ကြီးရဲ့ကောင်းကျိုးချမ်းသာအတွက်သာ ရည်မျှော်ပြီး ဝေဖန် ရေးသားခြင်းမျိုးဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်သလို ဆူပူကြိမ်းမောင်း မာန်မဲတတ်သူတွေကိုလည်း အ ပြစ်မမြင်မိရိုးအမှန်ပါ။ သြော် … သူတို့လည်း ပုထုဇဉ်တွေမို့ ပုဂ္ဂိုလ်ရေးအရ သူတို့ချစ်ခင်နှစ်သက်တဲ့ မင်းသား၊ မင်းသမီး (၀ါ) သူတို့လေးစားကြည်ညိုတဲ့ (ကျနော်လည်း ထိုနည်း၎င်းပါပဲခင်ဗျာ) ခေါင်းဆောင်ကို အထိမခံ ကြွေပန်းကန်စိတ်နဲ့ ယမ်းပုံမီးကျတာနေမှာပဲလေဆိုပြီး အသင့်အတင့် နှလုံးသွင်းတတ်ခဲ့လို့ အခုလို အနေမှန်၊ အစားမှန်၊ အအိပ်မှန်နဲ့ ကျန်းမာဝဖြိုး အလှတိုးနေခြင်းပါတကားလို့ ကိုယ့်ကိုယ်ကိုယ် မုဒိတာပွားနေမိပြန်ရဲ့။

အခုလည်း မြန်မာ့နိုင်ငံရေးဇာတ်ခုံကြီးပေါ်မှာ (လောလောလတ်လတ် အဟော့ဆုံး အစ်ရှူးဖြစ်နေတဲ့) ဒီမိုက ရေစီဘက်တော်သားတွေရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ကြံ့ဖွံ့အစိုးရဘက်က ကိုယ် စားလှယ်တော် ဦးအောင်ကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို မြင်တွေ့နေရလေရဲ့။ သူတို့နှစ်ဦး တကယ်ပဲ စိတ် ပါလက်ပါ တွေ့ဆုံနေကြတာလား၊ ‘အင်’ ကြီးလား ဆိုတာကို (၂၃ နှစ်တာ ပလုံစွပ်ဖြစ်ခဲ့ပြီးကြတဲ့) ဒီမိုကရေစီ ဘက်တော်သားများ၊ နိုင်ငံရေးစိတ်ဝင်စားသူများ ပါးစပ်အဟောင်းသား (သံသယစိတ်) နဲ့ ငေးမောရင်း တီး တိုး တီးတိုး၊ ပွစိ ပွစိ သုံးသပ်နေကြလေရဲ့။

အဲဒီလို ပါးစပ်အဟောင်းသား ငေးမောနေမိတဲ့အထဲမှာ ကျနော်လည်း ပါလေသပေါ့။ ဒါပေမယ့် ကျနော်က ပါ နေရုံ၊ တီးတိုးပွစိ ပြောနေရရုံနဲ့ အားမရနိုင်ဘဲ ထုံးစံအတိုင်း (အမိမြန်မာပြည်ကြီးရဲ့ ကောင်းကျိုးချမ်းသာအ တွက် ရည်မျှော်ပြီး) ကိုယ်မြင်တာလေးကို မြင်တဲ့အတိုင်း ပြောချင်တဲ့စိတ်ကလေး ရွပိုးထိုးလာပြန်တယ်ဆိုပါ တော့။ အဲဒီတော့ အခုလို မနေနိုင်မထိုင်နိုင် ရေးမိပြန်လေပြီပေါ့လေ။

ကျနော့်အနေနဲ့ ထင်မြင်မိတာတွေကတော့ …

ထင်မြင်ချက် (၁) ။ ။ အခု လောလောလတ်လတ် ၂ ကြိမ် တွေ့ဆုံမှုဟာ အရင် ၉ ကြိမ်တွေ့ဆုံမှုနဲ့ အနည်း ငယ် ကွဲပြားတယ်လို့ မြင်မိပါတယ်။ အခု ၂ ကြိမ် တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည် ပြင်ပမှာ လွတ်လွတ် လပ်လပ် နေထိုင်တွေးတောခွင့်ရှိနေချိန်၊ အများပြည်သူနဲ့ ထိတွေ့ဆက်ဆံခွင့်ရနေချိန်မှာ တွေ့ဆုံတာမျိုးဖြစ်လို့ အရင်အကျယ်ချုပ်ကျနေချိန် ၉ ကြိမ် တွေ့ဆုံမှုနဲ့ အနည်းငယ် ကွာဟထူးခြားတယ်လို့ မြင်မိတာပါ။ ဘယ် လိုထူးခြားတာလဲဆိုတော့ အရင် ၉ ကြိမ်မှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ တယောက်တည်း စဉ်းစားဆုံးဖြတ် တွေ့ဆုံနေရပြီး အခုတွေ့ဆုံမှုတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ အပါအ၀င် မြန်မာနိုင်ငံတော် ကြီး ကောင်းကျိုးချမ်းသာဖြစ်ထွန်းတာကို မြင်တွေ့လိုတဲ့ ပြည်တွင်းပြည်ပက ပုဂ္ဂိုလ်အားလုံးနဲ့ တိုင်ပင်ဆွေး နွေးခွင့်ရနေတာမို့ ဒီမိုကရေစီဘက်တော်သားတွေဘက်က အခွင့်အရေး အနည်းငယ်ပိုရလာတဲ့ သဘောမျိုး ထူးခြားမှုပါ (အကြံကောင်း ဉာဏ်ကောင်းတွေ တပုံတပင်နဲ့ ဆွေးနွေးနိုင်တဲ့ အခွင့်အရေးမျိုး ရလာတဲ့သ ဘောပေါ့)။

ထင်မြင်ချက် (၂) ။ ။ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်လိုအချိန်အခါမျိုးမှာမဆို သွေးရိုး သားရိုး ရှိပြီးသားဆိုတာကို ယုံမှားသံသယဖြစ်စရာမရှိပေမယ့် ဦးအောင်ကြည်ဘက်က တွေ့ဆုံလာရင်းကိစ္စ ကတော့ သွေးရိုးသားရိုးမရှိတာကို လတ်တလော နိုင်ငံရေးဖြစ်စဉ်တွေက ထင်ဟပ်ပြနေပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ နအဖစစ်အုပ်စုလက်ထက်က ခန့်အပ်ထားခဲ့တဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် ဆိုတာကို အခု ဦးသိန်းစိန်တို့ အစိုးရလက်ထက်မှာ တရားဝင် ဆက်လက်ခန့်အပ်တယ်လို့ ဆွေးနွေးပွဲမတိုင်ခင် ကြေညာ ခြင်းမရှိခဲ့တာကတကြောင်း (အရင်စစ်အစိုးရနဲ့ အခုကြံ့ဖွံ့အစိုးရနဲ့ အတူတူပဲလို့ သဘောထားလို့လားမသိ)၊ ဂျွန်မက်ကိန်း လာစဉ်တုန်းက ဒု-သမ္မတ ဦးတင်အောင်မြင့်ဦးကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို သာမာန် ပြည်သူတယောက်လိုပဲ သဘောထားတယ်လို့ ပြောခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်သာ သာမန်ပြည်သူ တယောက်ဆိုရင် ဦးအောင်ကြည်က အခုလို ဆိုင်းမဆင့်ဗုံမဆင့် ကောက်ခါငင်ကာ လာခေါ်ပြီး ဗြုန်းစားကြီး တွေ့ဆုံစရာမရှိတာကတကြောင်းကြောင့် သွေးရိုးသားရိုးမဟုတ်ဘူးလို့ သုံးသပ်မိတာပါ။

အဲသလို သွေးရိုးသားရိုးမရှိမှုကတော့ နအဖစစ်အုပ်စုလက်ထက်ကတည်းက ၉ ကြိမ် တွေ့ဆုံခဲ့မှုမှာလည်း ထို နည်း၎င်းလို့ပဲ ပြောရမှာပါ။ ဒါပေမယ့် အခု ၂ ကြိမ်တွေ့ဆုံမှုနဲ့ အရင် ၉ ကြိမ်တွေ့ဆုံမှုမှာ ဦးအောင်ကြည်ဘက် က သွေးရိုးသားရိုးမရှိပုံချင်းတော့ မတူဘူးလို့ ကျနော် မြင်မိတယ်။ နအဖစစ်အုပ်စုလက်ထက် သွေးရိုးသားရိုး မရှိမှုက ရွှေဝါရောင်တော်လှန်ရေးနဲ့ ထိုစဉ်က ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ဖြစ်မြောက်ရေး အပါအ၀င် နိုင် ငံရေးအကျပ်တည်းအချို့ကို လွန်မြောက်ချင်လို့ နေအိမ်အကျယ်ချုပ်ထဲက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ် ရှိုးပြီး လွတ်လမ်းရှာတဲ့ သွေးရိုးသားရိုးမရှိမှုဖြစ်ပြီး အခု ၂ ခေါက်မှာ သွေးရိုးသားရိုးမရှိမှုကတော့ နိုင်ငံရေးအ ကျပ်အတည်းဆိုတာထက် နိုင်ငံတကာဆက်ဆံရေးမှာ လူရာပိုဝင်ပြီး (အာဆီယံဥက္ကဌနေရာ ရချင်တာမျိုး) သူတို့အပေါ် နအဖစစ်အုပ်စုလက်ထက်ကအတိုင်း ဆက်လက်အရေးယူထားတဲ့ ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေး အောင် သဘောထားပျော့ပျောင်းချင်ယောင်ဆောင်တဲ့ သွေးရိုးသားရိုးမရှိမှုလို့ ကျနော်မြင်ပါတယ်။ အာရပ် ကမ္ဘာမှာ ရိုက်ခတ်နေတဲ့ ဒီမိုကရေစီလှိုင်းတွေ မြန်မာပြည်ကို ရိုက်ခတ်လာမှာကြောက်ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ ပြည်သူ့ဆန္ဒအစစ်အမှန်ကို အကောင်အထည်ဖော်တော့မယောင် ကြိုကာတဲ့သဘော လုပ်ပြတဲ့ သွေးရိုးသား ရိုးမရှိမှုလည်းပါနိုင်ပါတယ်။ အဲဒါတွေအပြင် ပိုထူးခြားတဲ့ သွေးရိုးသားရိုးမရှိမှုကတော့ ဒေါ်အောင်ဆန်းစုကြည် ကို အန်အယ်လ်ဒီပါတီနဲ့ သီးခြားစီ ဖဲ့ထုတ်ချင်တဲ့သဘောမျိုး (အခုတခေါက် တွေ့ဆုံဆွေးနွေးနေချိန် ကာလ ၀န်းကျင်မှာ ကြံ့ဖွံ့ပါတီက အန်အယ်လ်ဒီမပါ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းနဲ့ တွေ့ဆုံမယ်ဆိုတာမျိုး၊ နေ ပြည်တော်မှာ လုပ်မယ့် စီးပွားရေးဖိုရမ်ကို
အန်အယ်လ်ဒီမပါ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်း ဖိတ် မယ်ဆိုတာမျိုး) လေသံပစ်လာတာမျိုးတွေကို ကြားလာရတာပါပဲ။

အဲဒီလို ဦးအောင်ကြည်တို့ဘက်က သွေးရိုးသားရိုးမရှိမှုတွေကတော့ စဉ်းစားလေ ထွက်လာလေဆိုသလိုပဲ နေမှာပါ။ အဲဒီအထဲမှာမှ ကြောက်စရာအကောင်းဆုံး သွေးရိုးသားရိုးမရှိမှုကတော့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေတဲ့ အသက်အရွယ်နဲ့ ချိန်ထိုးပြီး အိုစာမယ့်အချိန်အထိ အချိန်ဆွဲကစားမယ့် နည်းဗျူဟာပါပဲ။ အ ချိန်ဆွဲကစားတဲ့ဗျူဟာရဲ့ နောက်ဆက်တွဲအနေနဲ့ ရလဒ်ကောင်းဖြစ်ထွန်းမလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအင်အားစုတွေအမြင်မှာ တန်ဖိုးမရှိတဲ့ ခေါင်းဆောင်အဖြစ် မြင်သွားအောင် အမြတ်ထုတ်မှာဖြစ်သ လို တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏလုပ်ပြရင်း ၂၀၁၅ ရွေးကောက်ပွဲအချိန်အထိ အချိန်ဆွဲလာမယ်၊ နီးမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ၂၀၀၈ အခြေခံဥပဒေနဲ့အညီ မဖြစ်မနေ ပါတီမှတ်ပုံတင်ရမယ့် အ ကျပ်အတည်းထဲကို တွန်းပို့မယ့်ဗျူဟာပေါ့ (အခုတောင် အငိုနှပ်ထွက် မင်းသားလေး မောင်ကျော်ဆန်းက နေ ပြည်တော် သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီ မှတ်ပုံတင်ဖို့ လေသံပစ်နေပြီမဟုတ်လား)။

ဦးအောင်ကြည်ဘက်က သွေးရိုးသားရိုးမရှိမှုတွေကို မီးခိုးကြွက်လျှောက် ဆက်သုံးသပ်ရရင်တော့ အဆုံးမှာ ကန့်လန့်ကာနောက်ကွယ်ကို ၀င်ရောက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါ ကျားငစဉ်းလဲတ သိုက်က ရုပ်ပြမဆိုးရှာတဲ့ ဦးသိန်းစိန်တို့၊ ဦးအောင်ကြည်တို့ကို ဆက်လက်ပွဲထုတ်ပြီး သူတို့စစ်အုပ်စုမိသားစု ၀င်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အနေချောင် အစားချောင်အောင် ဆက်လက် ကြိုးကိုင်နေမြဲဆိုတာကို တွေးသိနိုင်မှာဖြစ်ပါတယ်။

ထင်မြင်ချက် (၃) ။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံဆွေးနွေးလာမှုမှာ ထင်မြင် ချက် (၁) ဖြစ်တဲ့ ဒီမိုကရေစီအင်အားစုတွေဘက်က အခွင့်အရေး အနည်းငယ်ပိုရလာမှုနဲ့ ထင်မြင်ချက် (၂) ဖြစ်တဲ့ ဦးအောင်ကြည်ဘက်က သွေးရိုးသားရိုးမရှိမှုများကို ကျနော့်အနေနဲ့ ချိန်ထိုးစဉ်းစားကြည့်မိပါတယ်။ စဉ်းစားကြည့်တဲ့အခါ ဦးအောင်ကြည်တို့ဘက်က ဘယ်လိုပဲ ဘယ်လောက်ပဲ မရိုးသားမှုတွေ ရှိနေပါစေ ဒေါ် အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်အကြား တွေ့ဆုံဆွေးနွေးမှုတွေ ပိုအဓိပ္ပာယ်ရှိလာအောင်၊ ဒီမိုကရေစီ အင်အားစုတွေဘက်က လိုချင်တာတွေ ရလာတဲ့အထိ တွေ့ဆုံဆွေးနွေးမှု ပိုအသက်ဝင်လာအောင် တွန်းအား ပေးနိုင်တဲ့ အနေအထားတွေ အခုအချိန်မှာ ဖြစ်တည်နေတယ်လို့ မြင်မိပါတယ်။

တွန်းအားပေးရမယ့် နည်းဗျူဟာကတော့ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားလက် နက်ကိုင်အင်အားစု (အပစ်ရပ်ရော၊ အပစ်မရပ်ရော) တွေက လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို ပြိုင်တူ ဆင်နွှဲပြီး တက်ညီလက်ညီ ထထကြွကြွ ၀ိုင်းရံပေးကြရမယ့် ဗျူဟာပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အ နေနဲ့ကတော့ ဖြစ်တည်လက်စ တွေ့ဆုံဆွေးနွေးပွဲပျက်မှာကို မလိုလားတာကတကြောင်း၊ နိုဘဲလ်ငြိမ်းချမ်း ရေးဆုရှင် ဖြစ်နေတာကတကြောင်း၊ အကြမ်းမဖက်ရေးနည်းကိုပဲ ကိုင်စွဲမယ်လို့ တရားဝင် ကြေညာထားတာ ကတကြောင်း၊ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ မလှုပ်နိုင်မရှားနိုင် ပြန်ဖြစ်မှာကို စိုးရိမ်တာကတကြောင်း .. စတဲ့ အ ကြောင်းကြောင်းတွေကြောင့် “လူထုတွေ လမ်းပေါ်ထွက်ကြပါ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆက်လက် တိုက်ပွဲဝင်ကြပါ” လို့ ပြောထွက်လာမှာမဟုတ်ပါဘူး။ ဒါကို ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်း ရင်းသားလက်နက်ကိုင်အင်အားစု (အပစ်ရပ်ရော၊ အပစ်မရပ်ရော) တွေက အော်တိုမစ်တစ် သဘောပေါက်ပြီး မိမိတို့ဘာသာ ထထကြွကြွ တက်ညီလက်ညီ ၀ိုင်းရံပေးကြရမှာပါ။

အခုအခါမှာ ကရင်၊ ကချင်၊ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ကြံ့ဖွံ့အစိုးရစစ်တပ်အကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဦးသိန်းစိန်အစိုးရနဲ့ နောက်ကွယ်က ကျားငစဉ်းလဲ စစ်အုပ်စုအပေါ် ဖိအား တွေ ကျရောက်နေသလို မြို့ပြတွေမှာလည်း ငြိမ်းချမ်းစွာ ဆိုင်းဘုတ်ကိုင် ဆန္ဒပြပွဲတွေ ဆင်နွှဲရင်း ဆက်လက် ဖိအားပေးကြရမှာပါ။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေ ဆင်နွှဲဖို့အတွက်လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းရေး၊ တရုတ်သို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုရပ်ဆိုင်းရေး အစ်ရှူးတွေ အဆင်သင့်ရှိနေတာပါ။ ပြောရမယ်ဆိုရင် ကျန်တဲ့ လက်နက်ကိုင်အဖွဲ့ တွေ တိုက်ပွဲထဲ ဆက်လက်ပါဝင်လာဖို့လိုသလို ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေကလည်း ငြိမ်းချမ်း စွာ ဆိုင်းဘုတ်ကိုင် ဆန္ဒပြပွဲတွေနဲ့ ထထကြွကြွ ၀ိုင်းရံဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အဲသလိုသာ ၀ိုင်းရံ ကြမယ်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို Decision Maker မဟုတ်တဲ့ ဦးအောင်ကြည်လို အဆင့် မျိုးနဲ့ တွေ့ဆုံရင်း အချိန်ကုန်နေရမယ့်အစား စစ်အုပ်စုဘက်က တကယ်တမ်း အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်း ဆောင်နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်တဲ့အဆင့်အထိ တက်လှမ်းလာမှာ အမှန်ပါ။ အဲဒါကြောင့် တက်ညီ လက်ညီ မြန်မြန်သွက်သွက် ၀ိုင်းရံကြပါလို့ အတိုက်အခံအင်အားစုအားလုံးကို အလေးအနက် တိုက်တွန်းလိုပါ တယ်။

အဲသလိုမဟုတ်ဘဲ အလိုက်တသိ ၀ိုင်းရံရမယ့် တာဝန်တွေ ပျက်ကွက်ခဲ့ရင်တော့ အယောင်ပြ ဆွေနွေးမှုတွေနဲ့ အမြတ်ထုတ်ဖို့ ကြံစည်နေတဲ့ ဦးသိန်းစိန်အစိုးရနဲ့တကွ နောက်ကွယ်က ကျားငစဉ်းလဲ စစ်အုပ်စုရဲ့ အာဆီ ယံဥက္ကဌကုလားထိုင်ရရှိရေးစီမံကိန်း၊ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း၊ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ် တန်းမှုစီမံကိန်းတွေ အောင်မြင်သွားပြီး နိုင်ငံရေးအကျဉ်းသားအားလုံးလည်း ထောင်ထဲမှာ အရိုးထုတ်၊ ဒေါ် အောင်ဆန်းစုကြည်လည်း ထက်ထက်မိုးဦး၊ အိန္ဒြာကျော်ဇင်တို့လို လူအုပ်ကြား လက်ပြနှုတ်ဆက်တဲ့ အဆင့် လောက်နဲ့သာ နိဂုံးချုပ်ကာ မြန်မာပြည်သူတွေလည်း စစ်ဖိနပ်အောက်သာမက တရုတ်ဖိနပ်အောက်ပါ ရာ သက်ပန် ပြားပြားမှောက်ရမယ့်ကိန်းရှိနေပါကြောင်း သတိပေးခေါင်းလောင်းထိုးလိုက်ရပါတယ်။ ။

ဖြည့်စွက်ချက် ။ ။ ဤဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့တကွ နောက် ကွယ်က ကျားငစဉ်းလဲ စစ်ဗိုလ်ချုပ်ကြီးများပါ သဘောထားပျော့ပျောင်းလာပြီး စိတ်ကောင်းနှလုံးကောင်းဝင် လာအောင်၊ စစ်မှန်တဲ့အပြောင်းအလဲလုပ်ချင်လာအောင်၊ ပူးပေါင်းဆောင်ရွက်ချင်လာအောင် တွေ့ဆုံဆွေးနွေး မှုတွေကဆင့် စည်းရုံးနိုင်ကောင်းရဲ့ဆိုတဲ့ အာဘော်မျိုး ထည့်သွင်းရေးသားထားခြင်း အလျဉ်းမရှိပါကြောင်း..။

ဒေါက်တာလွဏ်းဆွေ

11 comments:

Ven.Obhasa said...

အားလုံးတော့ အမှန်တွေချည်းရေးသွားတာပါပဲ။
ဒါပေမဲ့ ကိုလွဏ်းဆွေ..ပို့စ်အနေနဲ့မရေးပဲ ဒေါ်အောင်ဆန်းစုကြည်ဆီကို တိုက်ရိုက်ရေးပို့ရင်ပိုကောင်းမယ်လို့မြင်မိပါတယ်။ အကုန်တော့မဟုတ်ဘူးပေါ့ အကြံပေးစားလောက်၊ သဘောထားအမြင်လောက်ပေါ့။ အခုလိုပို့စ်တစ်ခုအနေနဲ့ ခများမြင်သာတွေကိုအကုန်ရေးချလိုက်တော့ ရန်သူကို လမ်းပြသလိုမျိုးတွေဖြစ်နေတယ်... အကြံပေးကြည့်သာပါဗျာ...ကျေးဇူးတင်ပါတယ်။

K aye mm said...

Dr Lun, Pls go back to Burma, discuss with DASSK and lead the revolution. Pls don't think that all people are following your way (revolution). DASSK is sincerely love Burma (not as you) and considerate for Burmese as well. She will sure do with her best and go up to next level. As per you said the meeting with UAK is not sincere. Do you want her to refuse to meet with UAK? What you want her to do? DASSK know well (much much than you). Pls be realistic and logical in your article. You also stay at Border many years and which areas you supported well to Burma. Just barking from blog only.

Anjli said...

ဒေါကတာလွဏ်းဆွေကိုများ ဒီအကြာင်းတွေ ဒေါ်စုဆီ တိုက်ရိုက် ရေးခိုင်းရတယ်လို့ဗျာ။ သူရေးထားတာလဲ သေသေချာချာဆန်းစစ်ကြည့်ပါဦး။
ဒေါ်စုကို (ကန်တော့ပါရဲ့) ဇာတ်ပျက် အရပ်ပျက် သာသာ ခိုင်းနှိုင်း၊
ဒေါ်စုအပေါ် လေးစားကြည်ညိုတဲ့ ပြည်သူ
တွေကိုလဲ မင်းသမီးကိုမြင်ချင်လို့ အိပ်ပျက်ခံ ပွဲကြည့်ကြတဲ့ ခပ်ချာချာ ပွဲကြည့်ပရိဿတ်ပါလို့ တင်စား။
ဒေါ်စု ပြည်သူတွေကြားသွားလာနုတ် ဆက်တာမျိုးကို ကိလေသာနှိုးဆွ လက်တပြပြ လုပ်တတ်တဲ့ စူပါတွေနဲ့ (မကြားဝံ့မနာသာ) ပုံခိုင်း။ ခင်ဗျား ဒါနဲ့သေမှာဘဲလို့ မလိမ့်တပတ်ပြော။
ဒါမျိုးက post ထဲမှာရေးမှပိုထိရောက်မှာလေ။ ပြီးတော့ ရန်သူတွေကြားမှာလဲ ခင်ဗျားတို့ စိုးရိမ်သလို သူစိုးရိမ်စရာမလိုတဲ့ အပြင် ဖိုးကျိုင်းဒုတ် ပေါ့။ ဘာလို့ဆို သူမြှောက်ထိုးပင့်ကော် လုပ်သလို တယောက်ယောက် ကများ ထလုပ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်၏ သွေးထိုးလှူံ့
ဆော်မှုကြောင့် မငြိမ်မသက်မှုတွေဖြစ်ရပါသည် ဆိုပြီး အာဏာရှင် အလိုကျ ချုပ်ကိုင်ခွင့်ရသွားမယ်။ ယာလဲညက်စေကြက်လဲမောစေပေါ့။ မြင်ကြစမ်းပါ။

Anjli said...

ဒေါကတာလွဏ်းဆွေကိုများ ဒီအကြာင်းတွေ ဒေါ်စုဆီ တိုက်ရိုက် ရေးခိုင်းရတယ်လို့ဗျာ။ သူရေးထားတာလဲ သေသေချာချာဆန်းစစ်ကြည့်ပါဦး။
ဒေါ်စုကို (ကန်တော့ပါရဲ့) ဇာတ်ပျက် အရပ်ပျက် သာသာ ပုံခိုင်းလိုခိုင်း။
ဒေါ်စုအပေါ် လေးစားကြည်ညိုတဲ့ ပြည်သူ
တွေကိုလဲ မင်းသမီးကိုမြင်ချင်လို့ အိပ်ပျက်ခံ ပွဲကြည့်ကြတဲ့ ခပ်ချာချာ ပွဲကြည့်ပရိဿတ်ပါလို့
ပြောလိုပြော။
ဒေါ်စု ပြည်သူတွေကြားသွားလာနုတ် ဆက်တာမျိုးကို ကိလေသာနှိုးဆွ လက်တပြပြ လုပ်တတ်တဲ့ စူပါတွေနဲ့ မကြားဝံ့မနာသာ နှိုင်းလိုနှိုင်း။
ခင်ဗျား ဒါနဲ့သေမှာဘဲလို့ အငေါ်တူးလိုတူး။
ဒါမျိုးက post ထဲမှာရေးမှပိုထိရောက်မှာလေ။ ပြီးတော့ ရန်သူတွေကြားမှာလဲ ခင်ဗျားတို့ စိုးရိမ်သလို သူစိုးရိမ်စရာမလိုတဲ့ အပြင် ဖိုးကျိုင်းဒုတ် ပေါ့။ ဘာလို့ဆို သူမြှောက်ထိုးပင့်ကော် လုပ်သလို တယောက်ယောက် ကများ ထလုပ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်၏ သွေးထိုးလှူံ့
ဆော်မှုကြောင့် မငြိမ်မသက်မှုတွေဖြစ်ရပါသည် ဆိုပြီး အာဏာရှင် အလိုကျ ချုပ်ကိုင်ခွင့်ရသွားမယ်။ ယာလဲညက်စေကြက်လဲပန်းစေပေါ့။ မြင်ကြစမ်းပါ။

Asiavillage said...

အားလုံးတော့ အမှန်တွေချည်းရေးသွားတာပါပဲ။
ဒါပေမဲ့ ကိုလွဏ်းဆွေ..ပို့စ်အနေနဲ့မရေးပဲ ဒေါ်အောင်ဆန်းစုကြည်ဆီကို တိုက်ရိုက်ရေးပို့ရင်ပိုကောင်းမယ်လို့မြင်မိပါတယ်။ အကုန်တော့မဟုတ်ဘူးပေါ့ အကြံပေးစားလောက်၊ သဘောထားအမြင်လောက်ပေါ့။

tqm said...

Dear All,

Please understand Ko Lun Swe and two others i.e. Ko Moe Thee Zun and Dr Hlaing Myint whose posts you may have read. They just want to draw attention only. They have no other way to do so or they dare not at least.
They are quite pitiful.

yoo said...

ဂါမဏိ။ ။ ကျုပ်တို့ ဒေါက်တာလွှတ်ဆွ ကြီးတယောက် တကုပ်ကုပ်နဲ့ ဘာတွေလုပ်နေတာလဲ။

ရဲဘော်ကျော်သန်း။ ။ လူထုတိုက်ပွဲဆိုပါလား။

ဦးအေးဆောင်။ ။ တခါတုန်းက "အာရပ်လှိုင်း ကို
အမီလိုက်စီးကြစို့ "က လူထုတိုက်ပွဲနည်းနာတွေနဲ့ 
မတူဘူးလား။

ဒေါက်တာလွှတ်ဆွ။ ။ တူ ဘူးဗျ။
အဲဒီတုန်းက "အာရပ်လှိုင်း ကို
အမီလိုက်စီးကြစို့ " ပါ။
ခုတော့..ဟော့ တစ်ရှုး ၊ အဲ..လေ ဟော့အစ်ရှုး
"ကြည်-ကြည် တို့ ထမီစ နဲ့  ပုဆိုး၊ ဟိုဖက်ဒီဖက်ဆွဲ
အမီလိုက်စီးကြစို့ " လူထုတိုက်ပွဲ..ပါ။
အဟဲ..ခင်နော်..ဆက်ခင်ကြနော်...။

လင်္ကာ said...

တကယ့်အဓိပ္ပါယ်ရှိတဲ့ဆွေးနွေးပွဲ
ဖြစ်ဖို့ ဘယ်လိုဝိုင်းကြ၀န်းကြမလဲဆိုတာ
လေးဆက်ရေးပေးနိုင်ရင်တော့
အတိုင်းထက်အလွန်ပေါ့။
နည်းနာလေးတွေပေါ့ဗျာ။
အာရပ်လှိုင်းအမှီလိုက်စီးကြစို့ 
လူထုတိုက်ပွဲနည်းနာ
များတုန်းကလိုပေါ့။
နည်းနာတွေရေးဖို့ 
ကိုယ့်ဆရာသတ္တိကောရှိသေးရဲ့ လား။
အာရပ်လှိုင်းကြီးလိုဖြစ်မှာလည်းစိုးရသေးတယ်။
အာရပ်လှိုင်းကြီးလိုဖြုတ်ကလဲဖြုတ်ချင်။
ဖြုတ်ရမှာလဲခက်ခက် ဖြစ်နေဦးမယ်။
မကြောက်ပါနဲ့ ။ဖြုတ်ချင်ရင်
ဖြုတ်သာဖြုတ်ပစ်လိုက်ဗျို့ ။
ငါသာလျင်ငါ့ဘလော့ရဲ့ အရှင်သခင်ပဲ။
နအဖတောင် ဆောင်ပုဒ်တချို့ ဖြုတ်ပစ်
လိုက်ပြီ ကိုယ့်ဆရာရဲ့ ။
နောက်တာပါဗျာ။
ဒီဆောင်းပါးကိုသဘောကျပါတယ်။
ခြေဆင်းပဲနည်းနည်းလိုနေတာ။
ခြေဆင်းက သရော်စာလိုရေးပေမယ့် ဖတ်ရတာသရော်စာမမြောက်
ဘူးဖြစ်နေတာရယ် ဆရာကြီးအထာနဲ့
ရေးတာမဟုတ်ဘူးလို့ ဆရာကြီးအထာနဲ့ 
ရေးထားတာတချို့ ကလွဲလို့ သုံးသပ်ထား
တာတွေ သဘောကျပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံ ကြဖို့ 
ကတော့တကယ်ကို လိုအပ်တာပါ။
ခုလို လူတွေဝိုင်းအုံနေတာထက်ပိုတဲ့ 
အားပါတဲ့ ၀ိုင်းရံမှုမျိုးပေါ့။
ဒါပေမယ့် ပြည်တွင်းမှာတော့
အဲဒီလောက် ဆိုရင်ကိုပဲ
တော်တော် ကို လေးစားနေရပြီ။
ကျုပ်တို့ ကတော့ ခုလို
ဝိုင်းအာ ကြတာပေါ့ဆရာရယ်။
ဘောပွဲကြည့်သလို ၊ ဇတ်ပွဲကြည့်သလို
အရသာခံကြတာပေါ့။
ပြီးတော့ဒေါက်တာကြီးက ဆောင်းပါးရေး
ကျုပ်ကတော့ကွန်မင့်ပေးပေါ့ဗျာ။
နောက်တခါဆို လက်ဝှေ့ ပွဲနဲ့ ခိုင်းနှိုင်းပြီး
ရေးဖို့ လည်းကိုယ့်ဆရာကိုအကြံပေး
ချင်သေးသဗျ ဟေးဟေး
(ကျုပ်ကွန်မင့်ကိုနေ့ သစ်ကလည်း
ဖျက်၊ ဒေါက်တာကြီးလည်း အိုင်ပီတွေကို
ဘန်းဆိုတော့ )တော်တော်ခက်တဲ့လူတွေ။
ကျုပ်လည်းခုဆို ကွန် မင့်ပေးပြီးရင်
ကော်ပီကူးထားရတယ်။
ငါဘာများအမှားပါလို့ သူတို့ ဖျက်လိုက်ပါလိမ့်
ဆိုတာပြန်ကြည့်ရအောင်

လင်္ကာ said...

ဒေါက်တာကြီးခင်ဗျား
တကယ့်အဓိပ္ပါယ်ရှိတဲ့ဆွေးနွေးပွဲ
ဖြစ်ဖို့ ဘယ်လိုဝိုင်းကြ၀န်းကြမလဲဆိုတာ
လေးဆက်ရေးပေးနိုင်ရင်တော့
အတိုင်းထက်အလွန်ပေါ့။
နည်းနာလေးတွေပေါ့ဗျာ။
အာရပ်လှိုင်းအမှီလိုက်စီးကြစို့ 
လူထုတိုက်ပွဲနည်းနာ
များတုန်းကလိုပေါ့။
နည်းနာတွေရေးဖို့ 
ကိုယ့်ဆရာသတ္တိကောရှိသေးရဲ့ လား။
အာရပ်လှိုင်းကြီးလိုဖြစ်မှာလည်းစိုးရသေးတယ်။
အာရပ်လှိုင်းကြီးလိုဖြုတ်ကလဲဖြုတ်ချင်။
ဖြုတ်ရမှာလဲခက်ခက် ဖြစ်နေဦးမယ်။
မကြောက်ပါနဲ့ ။ဖြုတ်ချင်ရင်
ဖြုတ်သာဖြုတ်ပစ်လိုက်ဗျို့ ။
ငါသာလျင်ငါ့ဘလော့ရဲ့ အရှင်သခင်ပဲ။
နအဖတောင် ဆောင်ပုဒ်တချို့ ဖြုတ်ပစ်
လိုက်ပြီ ကိုယ့်ဆရာရဲ့ ။
နောက်တာပါဗျာ။
ဒီဆောင်းပါးကိုသဘောကျပါတယ်။
ခြေဆင်းပဲနည်းနည်းလိုနေတာ။
ခြေဆင်းက သရော်စာလိုရေးပေမယ့် ဖတ်ရတာသရော်စာမမြောက်
ဘူးဖြစ်နေတာရယ် ဆရာကြီးအထာနဲ့
ရေးတာမဟုတ်ဘူးလို့ ဆရာကြီးအထာနဲ့ 
ရေးထားတာတချို့ ကလွဲလို့ သုံးသပ်ထား
တာတွေ သဘောကျပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံ ကြဖို့ 
ကတော့တကယ်ကို လိုအပ်တာပါ။
ခုလို လူတွေဝိုင်းအုံနေတာထက်ပိုတဲ့ 
အားပါတဲ့ ၀ိုင်းရံမှုမျိုးပေါ့။
ဒါပေမယ့် ပြည်တွင်းမှာတော့
အဲဒီလောက် ဆိုရင်ကိုပဲ
တော်တော် ကို လေးစားနေရပြီ။
ကျုပ်တို့ ကတော့ ခုလို
ဝိုင်းအာ ကြတာပေါ့ဆရာရယ်။
ဘောပွဲကြည့်သလို ၊ ဇတ်ပွဲကြည့်သလို
အရသာခံကြတာပေါ့။
ပြီးတော့ဒေါက်တာကြီးက ဆောင်းပါးရေး
ကျုပ်ကတော့ကွန်မင့်ပေးပေါ့ဗျာ။
နောက်တခါဆို လက်ဝှေ့ ပွဲနဲ့ ခိုင်းနှိုင်းပြီး
ရေးဖို့ လည်းကိုယ့်ဆရာကိုအကြံပေး
ချင်သေးသဗျ ဟေးဟေး
(ကျုပ်ကွန်မင့်ကိုနေ့ သစ်ကလည်း
ဖျက်၊ ဒေါက်တာကြီးလည်း အိုင်ပီတွေကို
ဘန်းဆိုတော့ )တော်တော်ခက်တဲ့လူတွေ။
ကျုပ်လည်းခုဆို ကွန် မင့်ပေးပြီးရင်
ကော်ပီကူးထားရတယ်။
ငါဘာများအမှားပါလို့ သူတို့ ဖျက်လိုက်ပါလိမ့်
ဆိုတာပြန်ကြည့်ရအောင်

ko win said...

Dr Lun,
You had already separated with Daw Suu & her strategy after saying in your article “All are too old, let’s start new method”(you mean “ Daw Suu method is useless and hopeless, so I will do new method here and follow me”)
And you asked people to follow your very good strategy “ To go pagoda & pray like this”.. etc.
YOY SHOULD GO AHEAD WITH YOUR OWN WAY.
Totally you don’t have any right to suggest or comment to Daw Suu and her activities.

wdy said...

ကိုယ်.လူက စင်ပေါ် ကိုယ်တချမ်း ရောက်နေ သူမို. အောက်က လူတွေအော် တာ။ ပိတ်ကား တော့ တက် မ ခွဲပါ နဲ့၊ ရွေဘ ပြန်ချ မှာ စောင့် ကြည့်နေ တာ၊