Saturday, August 13, 2011

နပိုလီယံအောင်ဇော် သို့မဟုတ် ဆင်နားရွက်ကြားက မွှား

Napoleon Aung Zaw

13 comments:

ko said...

ဟိုက်...ဒီတခါပဲမြင်ဖူးသေးတယ်..ပြည်ပမီဒီယာဆိုတာဒါမျိုးပါလားလို့ပြောရဲတာ..ကောင်းတယ်ဗျို့...
သတင်းငှာနတွေက နာမည်ကြီးတွေအကြောင်းေ၇းပါဦးဗျို့..တိုင်းပြည်ထဲကလူတွေက ဘယ်သူ့အသံကဘယ်လိုဆိုပြီး ကြည်ညိုနေတာတွေကြားတိုင်း..စိတ်ဆင်းရဲနေ၇တာ..၈၈ကထွက်လာတဲ့အသီးအပွင့်တွေနဲ့ စစ်ဗိုလ်သားသမီးတွေလို ကြီးပွားသုံးဖြုံးနေသူတွေအကြောင်းလေးလဲပြောပါဦး..

Win said...

ကျော်သန်းရေးထားတာဖတ်တော့ ကွက်ကွက်ကွင်းကွင်းကြီးကိုမြင်လိုက်မိတယ်ဗျို့ ဘယ်လိုမြင်သလဲဆို ဗိုက်ပူကြီးနဲ့ကျော်သန်းကြီး ၀ါးလုံးရှည်ကြီးမှာ ချီးတွေနှင့်နေအောင်သုတ်ပြီး ရပ်ကွက်ထဲလိုက်ရမ်းနေတာကိုပဲဟေ့

soe moe said...

မြန်မာနိုင်ငံ အဲဒါကြောင်. မတိုးတက်တာ.. သူတစ်ပါးလုပ်နေတာ ကို ကောင်းတာပြောဖို.ထက်.. အပြစ်ပြောဖို.က အရင်ပဲ..
အပြုသဘောနဲ. ပြောကြမယ် ဒါမှမဟုတ်..ဆုံးမတဲ.သဘောမျိုးနဲ. ပြောကြမယ် ဆိုရင်..အသိဥာဏ်ရှိတဲ.လူအားလုံး
လက်ခံနိုင်ပါတယ်..ပြုပြင်ကြပါလိမ်.မယ်..
အပြစ်သာပြောနေကြစတမ်းဆိုရင်..........

MgNyiChit said...

ကိုကျော်သန်းခင်ဗျား။ ခင်ဗျားကိုလည်း ဘယ်လို လူမှန်းတော့ မသိဘူးဗျ။ ဒါပေမယ့် ခင်ဗျား ရေးတဲ့ စာတွေတော့ ဖတ်ဖြစ်ပါတယ်။ အများစုကို သဘောကျပါတယ်။ ကိုယ့်ဘက်တော့ လုံဖို့ လိုတာပေါ့ဗျာ။ ကျွန်တော်တို့က စာဖတ်ပရိသတ်ပဲ ဆိုတော့ အဲလို အင်အားစုတွေရဲ့ အတွင်းရေးကို မသိဘူးပေါ့။ ဟို site ဒီ site တွေက ပြောတာလောက်ပဲ သိရတာပေါ့ဗျာ။ ဒါတွေက နိုင်ငံရေးသမားတွေရဲ့ လောကက အ၀ါရောင် စာမျက်နှာတွေပဲပေါ့။ ဒီလို နိုင်ငံရေး တော်လှန်ရေး လောကက pop news တွေကို ဖတ်ရတာကတော့ မြီးကောင်ပေါက်ကလေးတွေ ရုပ်ရှင်မင်းသား မင်းသမီး အကြောင်း ဖတ်ရသလို ဆွဲဆောင်မှုတော့ ရှိသပေါ့ဗျာ။ ဒါပေမယ့် တော်လှန်ရေး ခရီးမှာ ခင်ဗျားတို့က စွန့်လွှတ်ပြီးသား လူတွေ တိုက်ပွဲဝင် ရဲဘော်တွေ ဖြစ်နေပြီးသား ဆိုတော့ အဲဒီမွှားတွေကိစ္စ ပြောနေတာ မတန်ဘူးပေါ့ဗျာ။ စကား အလျဉ်းသင့်တဲ့ အခါမျိုး ထည့်ပြောဖို့ လိုအပ်ခဲ့ရင် ပြောပေးပါ။ စစ်မှန်တဲ့ တော်လှန်ရေး အောင်မြင်ပါစေဗျာ။

Kyaw Zin said...

မြန်မာနိုင်ငံ မတိုးတက်ရခြင်း အကြောင်းရင်းကို ထောက်ပြနိုင်တဲ့သူပေါ်လာတာ ဝမ်းမြောက်စရာ။
ဧရာဝတီ (မဂ္ဂဇင်းနဲ့ဘလောဂ်)မှာ ဖေါ်ပြနေတာတွေကို ကြည့်လိုက်ရင် ရဲဘော်ကျော်သန်း ရေးတာ မလွန်ဘူး။
ဒီလိုမျိုးရေးမှ ရမယ့်သူကိုလဲ ဒီလိုမျိုးရေးရမှာပဲ။
အပြုသဘောရေးရအောင် သိသိကြီးနဲ့လုပ်စားနေတာ ဘာကိုသွားပြု ရမှာလဲ။
မသိလို့မှားပါတယ်ခင်ညာ ဆိုရင်လဲ လူအများကို အသိပညာပေး၊မျက်စေ့ဖွင့်ဖို့တာဝန်(ကြီးကြီး)ယူထားရတဲ့နေရာမှာ တာဝန်အရှိဆုံး အယ်ဒီတာမလုပ်နဲ့ပေါ့။

---- said...

ဦးကျော်သန်းပြောတာကို ထောက်ခံတယ်။ ဒီလူက ဗမာပြည်မှာ ကျောင်းဆရာ။ အချဉ်တော့မဟုတ်ဘူး။ သူကို့ ကျနော် အရမ်းသဘောကြတယ်။ ဟေ့..ဦးလေ ဗိုက်ပူ...ဆက်သာချ...။

မောင်ဥက္ကာငယ် said...

ဆက်သာချနေကြတော့ လက်ခုပ်တီးတဲ့လူတွေလည်းတီးကြပေါ့။ သူ့ငါနင်း ငါ့သူနင်း ။ဘယ်သူ့ကိုဘယ်လိုတီးလိုက်ရမလဲဆိုတာကိုပဲစဉ်းစားနေကြတော့ ။ တိုင်းပြည်ကတော့ ငြိမ်းချမ်းရေးရတော့မှာပါမလွဲပါဘူး ။

yoo said...

သို့ 
ငါ့တူကြီး
မင်းဘကြီး သတိရစွာနဲ့ စာမရေးမဖြစ် ရေးလိုက်ပါတယ်။
ရန်ကုန်က မင်းရဲ့ ညီက အင်တာနက်ဆိုင်မှာ ကျော်ပြီး မင်းရဲ့ဆောင်းပါး ကိုဖတ်ရတယ်ဆိုလားပဲ၊
ငါ့ဆီ ပို့ ပေးလိုက်သဟေ့။
ဘာတွေများ ကြော်ကျွေးရသလဲ သိပါဘူးကွာ။ထားပါ။
သူကပြောသေးတယ်၊ မင်းက သတင်းဋ္ဌာနတခုက
အယ်ဒီတာကို ဆော် ထားသတဲ့။
ဖတ်ကြည့်တော့ သူများ ကောင်းစားနေတာကို
မင်း ဆော် နေတာကိုး။
မသိသူကျော်သွား၊သိသူဖော်စား တာပဲ တူကြီးရယ်။
မင်း ဆော် နေမယ့်အစား၊ သူဘယ်လို ဖော်စားလဲ ဆိုတာ သိအောင်လုပ်ပြီး
တူကြီးတယောက်လဲ အဲဒီမှာ ကောင်းစားစေချင်တယ်။

စာရေးရခြင်း ကြောင်းရင်းကတော့..
မင်းတခါက ဆောင်းပါးနဲ့ နိုဆော်ခဲ့တာမှတ်မိလား။
"နောင်လာနောက်သားတွေ အသီးအပွင့်တွေစားဖို့ ခုထဲက လူကြီးသူမတွေက အပင်စိုက်ကြရမယ် "
ဆိုတာလေ။
မင်းဘကြီးငါ ကတော့ ပျိုးပင် ဘ၀ထဲက
ရောင်းစားနေတာ အဆင်ပြေနေသဟေ့။
ခု ကမ္ဘာမှာ အဒူဆုးံ၊ လိမ်စား လို့ ရမယ့်
လူမျိုးက ဒိန်းမတ်တွေ ဆိုတာ ဧရာဆံရှည်အောင်ဇော် မြင်သလို ဘကြီးလဲ သွားမြင်တယ်။
ဒိတော့ ဘကြီးလဲ ပျိုးပင်တွေကို အင်ထု ပြီး ဒိန်းမတ်ကို အိပ်စ်ပို့ လုပ်ချင်လို့ ။
မင်း အဲဒီမှာ ဒိန်းမတ်ကောင်တွေနဲ့ လိုက်ချိတ်ပြီး ဘကြီးကို ဆက်သွယ်ပေးစေချင်တယ်။
ချိတ် မိပြီဆို ချက်ခြင်း အကြောင်းပြန်ပါ တူကြီး။

တော်သေးပြီ
မင်းရဲ့ ဘကြီးသန်း

yoo said...

သို့ 
ငါ့တူကြီးကျော်သန်း
ဘကြီး စာမရေးမဖြစ် မင်းဆီ စာရေးလိုက်ပါတယ်။
မသိသူကျော်သွား၊သိသူဖော်စား လေတဲ့
ဧရာဆံရှည်အောင်ဇော် ကောင်းစားသလို
ငါ့တူကြီးလဲ ကောင်းစားစေချင်တယ်။
အတုယူပါ။
ဖတ်ကြည့်တော့ ကမ္ဘာမှာ အဒူဆုးံ၊ လိမ်စားလို့ 
ရတဲ့ လူမျိုး က ဒိန်းမတ် ဆိုတာ အောင်ဇော်လိုပဲ
ဘကြီးလဲ မြင်မိတယ်။
စာရေးရခြင်း အကြောင်းကတော့..
မင်းတခါက ဆောင်းပါးတပိုဒ်နဲ့ နိုးဆော်ခဲ့တာ
မှတ်မိမှာပါ။
"နောင်လာနောက်သားတွေ အသီးအပွင့်စားသုးံဖို့ အတွက် ခု ကတည်းက လူကြီးသူမတွေက အပင်စ
စိုက် ကြရမယ် " ဆိုတာလေ။
မင်းဘကြီး ငါကတော့ ပျိုးပင်ဘ၀ ကတည်းက
နူတ်ပြီး ရောင်းစားနေတာ ကိုက်တယ်ဟေ့။
ဒီတော့ အဲဒီမှာ ဒိန်းမတ်ကကောင်တွေနဲ့ အဆက်အသွယ် ရအောင်လုပ်ပြီး ဘကြီးနဲ့ 
ဆက်ပေးပါ။
ဘကြီး ဒီကပျိုးပင်တွေ အင် ထုပြီး ဒိန်းမတ်ကို
အိပ်စ်ပို့  လုပ်ချင်လို့ ဟေ့။
ဘကြီး အဆင်ပြေရင် မင်းလဲ အဆင်ပြေပြီပေါ့။

တော်သေးပြီ
မင်းရဲ့ ဘကြီးသန်း

Anonymous said...

မောင်ကျော်သန်းတို့ ပေါက်ကွဲချက်က နာကျည်းချက်တွေ
မနာလိုတဲ့ စိတ်တွေများနေသလိုပဲ။ မနာလိုမဖြစ်နဲ့လေ
ခင်ဗျားခုလို လိုက်ရမ်းနေလို့ ဘယ်သူကဘာရန်ပုံငွေလာပေးမှာလဲ။ ဧရာဝတီမီဒီယာဟာ သူ့ဘာသာအောင်မြင်နေတာ မနာလိုမဖြစ်ပါနဲ့ကွာ။ ပြည်တွင်းမှာ Eleven,ပြည်ပမှာ ဧရာဝတီ, လင့်ဆရာလွဏ်းဆွေ ဆိုတာ မငြင်းနိုင်ပါဘူး ငါ့သားရယ်။ ရင့်ကျက်စမ်းပါကွာ။ ဒါပဲနော်။

Truth said...

ဦးကျော်သန်းပြောတာ အနာကို တုတ်နဲ. တဲ.တဲ. တုတ်နဲ.ထိုးလိုက်သလိုဘဲ။ ၈၈ က ဆက်လက်ရှင်သန်နေတာ အီးယောင်ဝါး အခြောက်လိုလို၊ ဂန်း စတားလို လိုကောင် တွေ ကြောင်.တဲ.ဗျာ။ စာမတတ်ပေမတတ် သမိုင်းနားမလည် ဘဲရေးတဲ. ဧရာဝတီ ၈၈ အယ်.ဒီတာအာဘော်မှာ ၉၆၊ ၉၈၊ ၉၉ ကျောင်းသားပြည်သူလှုပ်ရှားမှုတွေ မပါတာ ကြည်. ပြီး ဘယ်လောက် ဒူတဲ.ကောင်းတွေ အလကားရတဲ. ပိုက်ဆံနဲ. ငတတ်တွေလုပ်နေတာ ဆိုတာ ထင်ရှားပါတယ်။

Hledan said...

ပြည်တွင်းပြည်ပက သတင်း သမားလေးတွေ ကိုအသုံး ချပြီး လုပ်စားနေတာပါဗျာ။ ပွဲစားလိုလိုမီဒီယာလိုလို ကောင်တွေအကြောင်းဖော်ထုတ်ပေးတာအများကြီးကျေးဇူးတင်ပါတယ်။ ကိုယ်တိုင် သမားတွေအနေနဲ. ဘာတွေများ စွန်.စားပြီး သတင်းရေး ထားတာရှိလဲ... မြန်မာပြည်က ဆင်းရဲမွဲတေတာတွေ..တလောကမြစ်ဆုံအ
ကြောင်းကို ဆရာလူထုစိန်ဝင်းတို.ဝင်ပြောမှ အခြေအနေဘယ်ကိုတာသွားတယ်ဆိုတာနားလည်ပါ....အင်တာနက်ပေါ် ကတောင်ရောက်မြောက်ရောက်ဖတ်ပြီး လေဒန်းစီးနေတာတွေ အားလုံး ကိုဆော် ကားနေတာဘဲ။။
အတူတူပါဘဲဗျာ.. ဧရာဝတီ..မစ်စိမ..ဒီဗွီဘီ...

Joker said...

(အင်း... ပြောရယင်တော့ ဆုံးတော့မယ်မထင်
ထူးခြားတာလေး ပြောမလို့ အောက်နားမှာ လင့်ခ် ပေးထားတယ်ဗျာ-ကိုယ့်ဘာသာသွားကြည့်ပေတော့ )
ကိုကျော်သန်း ပြောတာတော့ ကောင်းတယ်ဗျို့..... မြင်နေ တွေ့ နေရတဲ့ ခါတော်မီ သတင်းထောက် ကျားကျား၊မမ တွေက နအဖ ထောက်လှမ်းရေးလုပ်နေတဲ့ အဖြူမှန်း မသိ ဘာမှန်းမသိနဲ့ နိုင်ငံခြားသား ဖြစ်ယင်ပြီးရော အဲလိုကောင်တွေနဲ့ ဘွက်ဘက် ဒွက်ဒက် တွေ ထော့ကျိုး ထော့ကျိုး ပြောနေတတ်သလို မြန်မာ စကားကို မြန်မာလိုလည်း မပီ၊တိုင်းရင်းသား လိုလည်း ဝဲဝဲလေးနဲ့ နားလည်လွယ်တာမျိုးလည်းမဟုတ် စိတ်ပျက်စရာ တွေပဲ လို့ပြောရမှာပဲ။

ပြီးတော့ သူတို့စတိုင်လ်တွေ ကို ကလေးငယ် တွေကို မကြည့်ခိုင်းယင်ကောင်းမယ်။ အတုယူမှားသွားနိုင်တယ်ဗျ။ ဟိုနေ့က ဒီဗွီဘီ ကတဆင့် ဖြန့်ဝေ တဲ့ ဧရာဝတီအင်တာဗျူး တုန်းကလည်း ဆရာမ နှင်းပန်းအိမ်နဲ့ သူ့အမျိုးသား ကိုနေဦး တို့နဲ့ စကားဝိုင်းပုံစံ လွှင့်သွားတယ်။အင်တာဗျူးလုပ်တဲ့သူက သူနဲ့ အတူထိုင်တဲ့ ၂ ယောက်ကို အဆင့်အတန်းတူ ထားချင်တဲ့ပုံစံမရှိဘူးဗျ နေပုံထိုင်ပုံက ကိုယ့်ထက်အသက်အရွယ်င်္ကြီးပြီး နိုင်ငံရေးအရလည်း စွန့်လွှတ်မှု အများကြီး ရှိတဲ့သူတွေကတောင် ယဉ်ယဉ်ကျေးကျေး သပ်သပ်ယပ်ယပ် ထိုင်တယ်။သူကတော့ အရမ်းမြောက်နေပုံပေါက်တယ်ဗျာ ဒူးကလေး တနန့်နန့် နဲ့ သိပ်သာယာနေတဲ့ ပုံမျိုးပဲဗျ။ အနာဂတ်မျိုးဆက်တွေ အတုယူမှားနိုင်တယ်ဗျ။မျက်လုံးထဲမှာ ကင်မရာပဲ မြင်ပြီး ဖန်းသားပြင်ရှေ့မှာ ရှိတဲ့ သူတွေကိုတော့ ငါတို့ပြတာပဲ ကြည့်ကြ ဆိုတဲ့စတိုင်လ် မျိုးဖြစ်နေတယ်။ MRTV တို့ဘာတို့မှာတောင် အဲဒါမျိုး မတွေ့ဖူးဘူး။ အလကား ကောင်တွေပါဗျာ လုပ်စားနေကြတာ။

ဒါပေမယ့် ကောင်လေးတွေ အနေအထိုင် ဆင်ခြင်နိုင်ဖို့ အတွက် ပြောရဦးမယ်...
ဒီမှာက လမ်းလျှောက်ယင်း ရဲဖမ်းမှာတွေးပူပြီး နှလုံးရောဂါ ထမတတ် ဖြစ်နေရတဲ့ကြားထဲ သူတို့က ကားအပြိုင် အဆိုင်စီးပြနေတာ ဆိုးတယ်
တော်လှန်ရေးမှာ နှစ်တွေကြာတော့ ဘူဇွာပျက် လူတန်းစားပေါ်လာတာ မဆန်းပါဘူး ဘူးဇ် တွေမှာက ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ရင်းနှီးပြီးမှ ကြီးပွားလာတာ နဲနဲ တရားတယ်။ ဒီကောင်တွေကမှ အိမ်ကထွက်လာတုန်းက ဘာမှမပါပဲ ခုမှ.... ဒီလိုနေနေရတာ အဟုတ်ထင်နေတယ် ရှက်တတ်ယင် လဲသေလိုက်လို့ ရပြီ အဟားး
တောထဲတောင်ထဲမှာ ဆင်းရဲဒုက္ခခံပြီး တကယ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ငှက်ဖျားနဲ့ နပန်းလုံးနေရတဲ့ သူတွေအတွက် ပါရာစီတမောလ် တလုံးလောက် စေတနာသန့်သန့်နဲ့ လှုဖူးပါသလားလို့ သူတို့ကို အင်တာဗျူးလုပ်ကြည့်ပါလား။ သတင်းရဖို့ မျက်နှာလုပ်တဲ့ အနေနဲ့တောင် ၁၀ ခါမှာ တခါရယင် ကံကောင်းလို့ ပြောရမယ်။

ကျနော်တို့ရဲဘော်တွေဟာ ဒီလိုလုပ်ဖို့ ဘယ်သူက ဘယ်သူ့ကိုမှ တာဝန်ခံထားတာမဟုတ်ပါဘူး ကိုယ့်ကိစ္စနဲ့ ကိုယ်၊ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် လုပ်ကြတာ။
လိုင်းပြောင်းပြီး သမိုင်းကောင်းတဲ့သူတွေရှိသလို လိုင်းကောင်းပြီး သမိုင်း ညောင်းသွားတဲ့ သူတွေလည်း တွေ့ပါ့ဗျာ။
ဒါဆိုယင် သူတို့ကို ပေးတဲ့ အဲန်ဂျီအို ဆိုတာကကော သူ့ အမေလင်မှ မဟုတ်တာနော...။

ဆင်ဖြူတော်မှီပြီး ဓါတ်ပုံ အရိုက်ခံတဲ့ကောင်တွေ က ဆင်ဦးစီးကို အမိန့်ပေးချင်သေးတယ် ...ဆိုသလိုပဲဗျ... နဲနဲ လေး တခေါက်လောက် ပြန်ပြောပါဦးတို့ ... ကျနော်တို့ ရချင်တာက ဒီအချက် တို့... လုပ်သေးတာ။ ကြည့်လိုက်တော့ ဘီယာဆိုင်က စားပွဲထိုးမလေး အခုတော့ လား..လား.. သတင်းသမားတက်လုပ်နေတာသာကြည့်တော့ဗျာ။ နှိမ်ချပြောတာ မဟုတ်ပါဘူး သူ့နေရာနဲ့ သူပေါ့။ မောင်အောင်ဇော် တို့ တသိုက်ကလည်း အဲဒါမျိုးမှ မွေးစားလို့ကောင်းတယ်ထင်ပါ့ဗျာ။
ပြီးတော့ ဒီကောင်တွေမှာ ကိုလိုနီစိတ်ဓါတ် ၊ကျွန်စိတ်ဓါတ်မပြောက်သေးဘူးဗျ အင်္ဂလိပ်ဘာသာနဲ့ ရေးတော့ ဖြီးလုံးဖြန်လုံးတွေ ဖြုတ်ထားခဲ့တယ် သူတို့အဖေတွေ ကျတော့ သွားချလို့မရဘူးဆိုတာသိလို့ထင်ပါဗျာ ဒီလင့်မှာ ၀င်ကြည့်ဗျာ...

EDITORIAL
There is No Erasing 8-8-88

http://irrawaddy.org/article.php?art_id=21856

သြော် ..မေ့လို့... ကျနော့် တို့ ရင်ထဲမှာ ၈၈ စိတ်ဓါတ်တွေ ခုချိန်အထိ ပြည့်နေတာ ဧရာဝတီနဲ့ လူတစုကြောင့်လို့ ဆိုယင်....
၈လေးလုံး စိတ်ဓါတ် အမြဲတည်နေအောင်ပဲ ဧရာဝတီ ကိုပံ့ပိုးရမယ့်သဘောပေါ့။ ဧရာဝတီကို ကယ်တင် ကြပါစို့လို့ ကိုအောင်ဒင်(ဒတ္ထ) ပြောတဲ့ ခေါင်းစဉ်က အကြားအမြင်များ ရနေသလားမှတ်ရတယ်ဗျာ။(အဟွစ်စ်)။ ဒိန်းမတ်က မရတော့လို့ ကယ်တင်ကြပါစို့ လို့ပြောရမလိုပဲ... ။
တော်ပြီဗျာ အရူးတွေအကြောင်းပြောရတာ ကီးဘုတ်နာတယ် ရဲဘော်ကျော်သန်း ကျန်းမာပါစေ (မှတ်ချက်- ကျနော်တို့ ခင်ဗျားကို ပြန်ကြားရေးဝန်ကြီးလို့ နံမည်ပေးထားတယ် :-) )