Thursday, July 21, 2011

မိုးအေး (DVB) တင်ဆက်သည့် “ဂဒါဖီရဲ့ ညာလက်ရုံး မူဆာကူဆာ ဗြိတိန်ကို ထွက်ပြေးခိုလှုံခြင်းနဲ့ ဥပဒေဘွဲ့ရ လစ်ဗျားအမျိုးသမီးသူရဲကောင်း အိုမာအယ်လ် ဘာဒီရဲ့ ဖြစ်ရပ်များ”

ဧပြီလ (၄) ရက်နေ့က အစီအစဉ်ဟောင်းလေးပါ။ အစီအစဉ်မှာ လစ်ဗျားနိုင်ငံရဲ့ ဗိုလ်ချုပ်အောင်ကြီးလို့ ပြော ရမလား၊ ဗိုလ်ချုပ်တင်ဖေလို့ ပြောရမလား၊ ဗိုလ်ချုပ်မောင်မောင်လို့ ပြောရမလားတော့ မသိပါဘူး။ ဂဒါဖီနဲ့အ တူ အာဏာသိမ်းရာမှာ ပါဝင်ခဲ့တဲ့ နံပါတ် (၂) အဆင့်ရှိ ဂဒါဖီရဲ့ ညာလက်ရုံးကြီး ဒီမိုကရေစီအင်အားစုတွေဆီ ပူးပေါင်းလာတာရယ်၊ နိုင်ငံတကာသတင်းမီဒီယာတွေကို ကိုင်လှုပ်ပြခဲ့တဲ့ အိုမာအယ်လ်ဘာဒီဆိုတဲ့ လစ်ဗျား က ဥပဒေဘွဲ့ရ အမျိုးသမီးတဦးရဲ့ ဖြစ်ရပ်တွေရယ် ... ပါဝင်ပါတယ်။ အဓိကကတော့ ဆန္ဒပြရာမှာ ဦးဆောင် ပါဝင်လို့ဆိုပြီး ဂဒါဖီတပ်တွေက မတရားပြုကျင့်ခဲ့တာကို နိုင်ငံတကာကို ရဲရဲဝံ့ဝံ့ ဖွင့်ချပြရဲတဲ့ မူဆလင်ကမ္ဘာက အမျိုးသမီးတယောက်ကို လေးစားလွန်းလို့ ဒီအစီအစဉ်ကို ဖန်တီးဖြစ်ခဲ့တာပါ။ (မိုးအေး)

No comments: