Wednesday, July 20, 2011

မိုးအေး (DVB) တင်ဆက်သည့် “ဘွဲ့ရအလုပ်လက်မဲ့ လမ်းဘေးဈေးသည်လေး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေတဲ့ ဖြစ်ရပ်ကနေ အာဏာရှင် ထွက်ပြေးသွားရ တဲ့ တူနီးရှားဖြစ်ရပ်”

တူနီးရှားက ဖြစ်ရပ်ပါ။ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ကတည်းက ပြသပြီးသား အစီအစဉ်ဟောင်းလေးပါ။ တူနီ ရှားရဲ့ အာဇာနည်လို့ သတ်မှတ်တင်စားခံရတဲ့ မိုဟာမက် ဘိုအာဇီဇီဆိုတဲ့ ဘွဲ့ရအလုပ်လက်မဲ့ လမ်းဘေးဈေး သည်လေး ဖြစ်ရပ်ကနေ အာဏာရှင် ထွက်ပြေးသွားရတဲ့ တူနီးရှားဖြစ်ရပ်နဲ့ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ထင် ဟပ်နေတဲ့ နိုင်ငံရေးပုံရိပ်လေးတွေ ယှဉ်တွဲဖန်တီးဖြစ်ခဲ့တဲ့ အစီအစဉ်ဟောင်းလေးတခုပါ။

တူနီးရှားအာဏာရှင် ဘင်အာလီ တိုင်းပြည်ကထွက်ပြေးသွားစေခဲ့တဲ့ ‘စံပယ်လူထုတော်လှန်ရေး’ ရဲ့ နောက်ခံ လေးပါ။ ဒီတော်လှန်ရေးဖြစ်ပေါ်စေဖို့ အသက်စတေးပြရဲခဲ့တဲ့ တူနီရှားရဲ့ အာဇာနည်လို့ သတ်မှတ်ခံရတဲ့ သစ် သီးသည် မိုဟာမက် ဘူအာဇီဇီ၊ ဒီဖြစ်ရပ်ကို အမိအရ အသုံးချသွားတဲ့ တူနီးရှား အတိုက်အခံတွေ၊ လူကိုလူလို နားလည်တတ်တဲ့ တူနီးရှားစစ်ဦးစီးချူပ် ... စတဲ့ အကြောင်းတရားတွေ ပေါင်းစုံချိန်မှာ အာဏာရှင်ပြုတ်ကျရ တယ်ဆိုတဲ့ ဖြစ်ရပ်ပါ။ အာဏာရှင်ဘင်အာလီ ပြုတ်ကျပြီး နောက်ရက်မှာပဲ ဒီအစီအစဉ်ကို ဖန်တီးဖြစ်ပါတယ်။ (မိုးအေး)

No comments: