Saturday, July 16, 2011

မိုးအေး (DVB) တင်ဆက်သည့် “အာဏာရှင်နဲ့ အာဏာရှင်အကြိုက်လိုက်ရတဲ့ သတင်းပြန်ကြားရေးဝန်ကြီးတွေ၊ တာဝန်ခံတွေအကြောင်း”

မြန်မာနိုင်ငံမှာ သံအရာရှိတာဝန်ယူခဲ့တဲ့ ‘ဆဒမ်ဟူစိန်ရဲ့ ပြန်ကြားရေးဝန်ကြီးအကြောင်း’ နဲ့ ‘အာဏာရှင်နဲ့ သ တင်းမီဒီယာအကြောင်း’ အကျဉ်းချူပ်လေးပါ။ မြန်မာနိုင်ငံမှာ သံအရာရှိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆဒမ်ဟူ စိန်ရဲ့ ပြန်ကြားရေးဝန်ကြီးအကြောင်း စဉ်းစားမိရင်း ဒီအစီအစဉ်လေး ဖန်တီးဖြစ်ပါတယ်။ အမေရိကန်နဲ့ မဟာ မိတ်တပ်တွေ မြို့တော်ဘဂ္ဂဒတ်ကို ရောက်နေချိန်မှာ ပြန်ကြားရေးဝန်ကြီးက “အီရတ်တပ်တွေက အမေရိကန် တပ်တွေကို မောင်းထုတ်လိုက်တာ ခွေးပြေးဝက်ပြေး ပြေးကုန်နေရပြီ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါ တယ်။ ဆဒမ်ဟူစိန်ရဲ့ အမည်ခံ Spin Doctor လိုမျိုး ပြန်ကြားရေးဝန်ကြီးတွေ ဘယ်နိုင်ငံတွေမှာ ရှိနေဦးမလဲ ဆိုတဲ့ အတွေးလေးနဲ့ပါ။ မတ်လ (၂၆) ရက်နေ့က ပြသပြီးသား အစီအစဉ်ဟောင်းလေးဖြစ်ပါတယ်။ (မိုးအေး)


Spin Doctor ဆိုတဲ့ သတင်းမီဒီယာလောကမှာ ရေပန်းစားတဲ့ အသုံးအနှုန်းဟာ လစ်ဗျားမှာလည်းပဲ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေ အီရတ်ကို ၀င်သိမ်းချိန်က ဆဒမ်ဟူစိန်ရဲ့ Spin Doctor လို့ လူသိများခဲ့တဲ့ အီရတ်ပြန်ကြားရေးဝန်ကြီးကို ပြန်လည်သတိရမိရင်း၊ အာဏာရှင်တွေအကြိုက် လိုက်ကပြပေး ရတဲ့ so-called Spin Doctor သတင်းပြန်ကြားရေးတာဝန်ခံတွေအကြောင်း တစေ့တစောင်းလေ့လာမိရင်း ဒီ အစီအစဉ်လေးကို စီစဉ်ဖြစ်ပါတယ်။ ဧပြီလ (၉) ရက်နေ့က ပြသပြီးသား အစီအစဉ်ဟောင်းလေးပါ။ (မိုးအေး)

No comments: