Sunday, July 24, 2011

ကချင်လူထုကို ချီးကျူးရမယ်

ကချင်လူထုကို ချီးကျူးရမယ်
ဦးအေးဆောင်

ဇူလိုင် (၁၂) နဲ့ (၁၃) ရက်နေ့က ကချင်ပြည်နယ် ကေအိုင်အိုမြို့တော် လိုင်ဇာမှာ ကျင်းပတဲ့ လူထုအစည်းအ ဝေးမှာ“လူကြီးတွေက အပစ်အခတ်ရပ်စဲဖို့ ဘယ်သူမှမပြောတော့ဘူး။ ဘယ်လိုဆက်တိုက်မယ်ဆိုတာပဲ ပြော ကြတယ်” လို့ ကေအိုင်အေဥက္ကဌနဲ့ နီးစပ်သူတဦးက ပြောတယ်လို့ ကချင်သတင်းဌာနက သတင်းထဲမှာ တွေ့ လိုက်ရတယ်။

ဇူလိုင် (၁၅) ရက်နေ့ ကေအိုင်အေ ဗဟိုကော်မီတီ ကြေညာချက်မှာက “ခိုင်လုံသော သက်သေ၊ ခိုင်မာသော ကတိက၀တ်များဖြင့် အပစ်ရပ်ဆိုင်းရန် လိုလားပါသည်” လို့ ဆိုထားတော့ သဘောထားမတူတာကို တွေ့နိုင် တယ်။ ကတိက၀တ်နဲ့ စာချုပ်စာတမ်းတွေအပေါ် လူတွေယုံကြည်တာကို ဂုဏ်သရေရှိတဲ့ သိက္ခာရှိတဲ့ လူတွေ လုပ်ပါက ဘာမှပြောစရာမလိုပေမယ့် ဖွဲ့စည်းပုံဥပဒေကို ဖျက်၊ အာဏာသိမ်းလာခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ တ ရားဥပဒေမဲ့ ထင်ရာစိုင်း၊ အခု စာကလေးကြော်၊ ခု ဆီထမင်း ပြောင်း၊ သူတို့အာဏာနဲ့ ဥစ္စာအတွက်ကိုသာ မျက်စိစုံမှိတ် မိုက်မိုက်ရိုင်းရိုင်း လုပ်နေတဲ့အချိန်မှာ သူတို့ရဲ့ကတိက၀တ်ကို အတည်ယူရင်တော့ ထိုင်းက တပ်ဆင် သန်း (၄၀၀) အလိမ်ခံရတာထက် ပိုဆိုးစရာရှိတော့တယ်။ ခိုင်မာတဲ့ ကတိကို သူတပါးထံမှာ ရှာ တာထက် ကိုယ်တိုင်ထိန်းသိမ်းကာကွယ်နိုင်တဲ့ အခြေအနေက ပိုမိုစိတ်ချရတာကို သမိုင်းဖြစ်စဉ်တွေကို သ တိထားမိရင် သိလာနိုင်ပါတယ်။

အဲဒီကြေညာချက်မှာပဲ “တနိုင်ငံလုံး အပစ်ရပ်ဆိုင်းကာ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် လိုလားပါသည်” လို့ ဆိုထားတာက တပြည်လုံးအတိုင်းအတာအမြင်ကို ကေအိုင်အိုမှာ ရှိနေတာကို သိရတော့ ကျနော်တို့ က ချင်မဟုတ်တဲ့ ပြည်သူတွေက ကေအိုင်အိုဗဟိုကို လေးစားဂုဏ်ပြုရမှာပဲ။ ဒီအမြင်ကို ဘယ်လောက်အထိ အ ခိုင်အမာ ရပ်တည်ဖော်ဆောင်တယ် ဆိုတာကိုတော့ ရုပ်ရှင်ကြော်ငြာမှာလို ငွေရောင်ပိတ်ကားပေါ်မှာ ဆက် လက်ရှုစားကြရမှာပါ။

ကြေညာချက်ထဲက နောက်တချက်က “နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်များ ရရှိနိုင်ရန်အတွက် နိုင်ငံသားများအား လုံး ပါဝင်ရမည်ဖြစ်သောကြောင့် KIO ၏ နှိုးဆော်တိုက်တွန်းမှုတွင် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်” ဆိုထားလို့ ကျနော်တို့အားလုံးပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတာကို အလေးအနက်ထားသင့်ပါတယ်။ ယနေ့ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေအတွက် ဖြစ်တာကြောင့် လူမျိုးနဲ့နယ်နိမိတ်ကိုကျော်လွန်ပြီး စစ်အာဏာရှင်စနစ်ဆိုးအောက်က တတိုင်းပြည်လုံး လွတ် မြောက်အောင် ရည်ရွယ်တဲ့၊ မြင့်မားပြီး မွန်မြတ်တဲ့ ရည်မှန်းချက်ဖြစ်တာကြောင့် အဖိနှိပ်ခံ ကျနော်တို့အားလုံး ကျရာခွင်က ပါဝင်လှုပ်ရှားသင့်ပါတယ်။

ကေအိုင်အိုရဲ့ သဘောထားနဲ့ပတ်သက်လို့ “နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြစ်သော တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းလိုသောဆန္ဒရှိပါသည်” လို့ ဖော်ပြထားလို့ တွေ့ဆုံဆွေးနွေးလိုတာ ထင်ရှားပါတယ်။ “ဆွေနွေး” နဲ့ ပတ်သက်လို့ သန်းရွှေအုပ်စုရဲ့ သဘောထားက အနှစ်နှစ်ဆယ်လောက် ဒေါ်စုနဲ့ တွေ့ပုံတွေ၊ နောက်ဆုံး ဒီပယင်းအဖြစ်တွေ၊ (၁၆) နှစ်ကြာ အပစ်ရပ်ကာလနဲ့ နောက်ဆုံး နယ်ခြားစောင့်တပ် လုပ်ခိုင်းတာ တွေကို ပြန်ကြည့်ရင် သိသာပါတယ်။ ခိုင်မာတဲ့ ဆွေးနွေးပွဲဟာ ကြံ့ဖွတ်တပ်တွေ ပြန်ဆုတ်ရေးကပဲ စနိုင်မှာ ပါ။ ဒါမှမဟုတ်ရင်တော့ နိုင်ငံရေးအရ အဖြေရှာရေးဆိုတဲ့ စကားလုံးနဲ့ ကစားနေကြရုံပါပဲ။

တကယ်တော့ စစ်အာဏာရှင်တွေက နိုင်ငံရေးနည်း၊ စေ့စပ်နည်းနဲ့ မဖြေရှင်းချင်လို့ ဆွေးနွေးရေးကို နှစ်ပေါင်း များစွာ ပတ်ရှောင်နေပြီး အကြိမ်ပေါင်းများစွာ သတ်ပြခဲ့ပြီးပါပြီ။ အပစ်ရပ်တဲ့ လုပ်ရပ်ကလည်း သူတို့ နည်းပရိ ယာယ် ကျင့်သုံးတာပါ။ သူတို့အမိန့်ကို အာခံသူအားလုံးကို ချေမှုန်းရေးဟာ သူတို့ရည်မှန်းချက်ပါ၊ ငြိမ်းချမ်း ရေးတို့၊ ဒီမိုကရေစီတို့ဆိုတာ သူတို့သိတဲ့ စကားလုံးမဟုတ်ပါဘူး။ ဒီအကြောင်းတွေပြောနေရင် နွားချိုမှာ နို့ ညှစ်သလိုသာ ရှိတော့မယ်။ စစ်အာဏာရှင်တွေဟာ သူတို့အလုပ်ဖြစ်တဲ့ ဖိနှိပ်သွေးစုတ်တဲ့ အလုပ်ကို ဆက် လုပ်နေမှာပါ။ ကျနော်တို့ကလည်း ကျနော်တို့အလုပ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်တိုက်ဖျက်ရေးအ လုပ်ကို မမှိတ်မသုန် မြဲမြဲမြံမြံ ပီပီပြင်ပြင် လုပ်ဖို့လိုပါတယ်။

ပြည်သူတွေဟာ အနန္တတန်ခိုးရှင်တွေပါ။ ကြံ့ဖွတ်စစ်အာဏာရှင်တွေဟာ အရူးမီးဝိုင်းဖြစ်နေပါတယ်။ ယနေ့ လို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်တွေမှာ တိုက်ပွဲသံတွေ ညံနေပြီး ဒုက္ခသု က္ခတွေ၊ သွေးသံရဲရဲတွေကြားထဲက ရန်သူစစ်အာဏာရှင်ကို မစေ့စပ်စတမ်း တိုက်ခိုက်ဖို့ စိတ်ထက်သန်လှတဲ့ ကချင်ပြည်သူတွေရဲ့အသံဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီတော်လှန်ရေးခရီးကြမ်းမှာ အမြဲတမ်း မြည်ဟည်းနေပါလိမ့်မယ်။

ကချင်ပြည်သူများကို လေးစားလျက် ...
ဦးအေးဆောင်
ဇူလိုင် ၂၁-၂၀၀၁

10 comments:

A S A said...

လုံးဝ ထောက်ခံတယ်။ KIO နဲ့  ပူပေါင်း လုပ်ချင်တယ်။ စစ်အုပ်ချုပ်ရေးရဲ့  ဒေါက်တိုင် တွေကို ကိုယ် နိုင်သလောက် ဆော် နေတယ်။ အားလုံး ပူးပေါင်းပါဝင်ုက။ တိုင်းရင်းသား အဖွဲ့  အစည်းတွေ အားလုံး ....ကိုယ့် နယ် ကိုယ့် ဌာနချုပ်တွေ လာမတိုက် နိုင်အောင် "မြို့ တွင်းပျောက်ကျား စစ်ဆင် ရေး" ကို ဆင်နွဲုက။

Unknown said...

လုံးဝ ထောက်ခံတယ်။စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်တိုက်ဖျက်ရေးအတွက်တိုင်းရင်းသား အဖွဲ့  အစည်းတွေ အားလုံးနဲ့ ပြည်သူအားလုံး ပူးပေါင်းဆင်နွဲစို့။

yoo said...

ဒေါက်တာလွှတ်ဆွ နဲ့  ကလစ်

နိုင်ငံရေးအကျဉ်းသား။ ။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်စေဖို့ ၊ အာရပ်လှိုင်း အမီ လိုက်စီးကြဖို့
ဒေါက်တာလွှတ်ဆွ ရဲ့
စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက် လိုသူတိုင်း အပေါ်မှ စာတန်းကို ကလစ်၍ DOWNLOAD ရယူပြီး ပြည်တွင်းသို့ လက် ဆင့်ကမ်းမျှဝေပါ။ ပြည်တွင်း၌လည်း ထပ်မံ လက်ဆင့်ကမ်းမျှဝေပါ...ဆိုတာ၊
ကျုပ်တို့ လူတွေ ကလစ် လုပ်ကြရဲ့ လားဗျ..။

ဒေါက်တာလွှတ်ဆွ ။ ။ ကလစ် လုပ်ကြပါတယ်။
ဒီတော့...လူထုတိုက်ပွဲနည်းနာတွေရဲ့ စာမျက်နှာ
တွေ့ ရတော့တာပေါ့ ။ ဖတ်ကြည့် ပြီးသွားကြတာနဲ့ 
ကလစ် လုပ်ကြတယ်ဗျ။

နိုင်ငံရေးအကျဉ်းသား။ ။ သြော်..ကလစ် လုပ် DOWNLOAD ရယူပြီး ပြည်တွင်းကို လက် ဆင့်ကမ်းမျှဝေ ကြတယ် ဆိုပါတော. ...။

ဒေါက်တာလွှတ်ဆွ ။ ။ ပာင့်အင်း..ကလစ် လုပ်
ပြီး ပြန်ပိတ် လိုက်ကြတာ...။

နိုင်ငံရေးအကျဉ်းသား။ ။ သြော်..
အဟုတ် လွတ်မြောက်သွားတော့ တာပါပဲ...။

ကျားလေး said...

ကြည့်လည်းထောက်ခံကြဦးဟေ့ တော်ကြာ စစ်အာဏာရှင် လက်အောက်ကနေလွတ်ပီး ကချင်လက်အောက်ရောက်နေဦးမယ်။ အဲ့ဒီတော့မှာ့ ကိုယ့်နာမည်ကို ကိုယ် မရမ်လွဏ်းဆွေ တို့ ဘရမ်လွဏ်းဆွေ တို့ ပြောင်းပေါ့။ ကရင်တွေနိုင်သွားရင်တော့
စောလွဏ်းဆွေဆိုပီးပြောင်းပေါ့ ဟုတ်ဖူးလား။

ကျားလေး said...

ASA ဆိုတဲ့လူ ပူးပေါင်းချင်ရင် ဘူဘောင်းရောင်း
ပေါ့ မြို့ပြပျောက်ကျားလုပ်ချင်ရင်တော့ တစ်ယောက်ထဲလုပ်ရင်တော့ ကျော်သူကို ကြိုခေါ်ထား။ မှတ်ထားကွာ့ ငတုံးရ တိုင်းပြည်မှာ
ပြည်တွင်းသောင်းကျန်းမူတွေကိုမရှင်းပဲ တစ်တိုင်းပြည်လုံးဘက်စုံတိုးတက်အောင်မလုပ်နိုင်ဘူးကွာ့ ငအရ။

sai said...

ရှမ်းပြည်အလယ်ပိုင်းမှာဖြစ်နေတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး
ဗိုလ်ချုပ်အောင်သန်းထွဋ်ဧ။် သူ့စစ်တပ်ကို မုဒိမ်းကျင့်ခွင့်
ပြည်သူလူထုကိုသတ်ဖြတ်ခွင့်ပေးထားတဲ့ ssa ကြေငြာချက်ကို ကိုလွဏ်းဆွေ ဘာဖြစ်လို့မတင်ပေးတာလဲ မသိဘူးနော်
ဘာကြောင့်ပါလိမ့် ယုံကြည်အားပေးနေလာခဲ့တာ စဉ်းစားစရာ ......ဒါပေမယ့်လဲလေ ကိုလွဏ်းဆွေ ၀က်ဆိုက်တခုထဲတော့မကပါဘူး တခြားဟာတွေလဲမပါတော့ ပိုပိုလို့တောင်စဉ်းစာစရာလေးတွေပေါ့ ....

ကျားလေး said...

စစ်သားတွေ မိန်းကလေးတွေကို မုဒိန်းကျင့်နေပီ လူသတ်နေပီဆိုတာတွေက စစ်တပ်ကို အပုတ်ချ
တာပဲလေ။ လုံးဝ မဟုတ်ဖူးတော့ မဆိုလိုဘူး
နော် မြန်မာစစ်တပ်မှာရှိတဲ့ အင်အား ငါးသိန်းထဲ
မှာ စုန်းပြူးတွေလည်းပါပါတယ် ဒီလိုပဲ ရှမ်းသူပုန်မှာလည်း ကောင်းတဲ့လူရှိသလို မ
ကောင်းတဲ့လူလည်းရှိတာပဲလေ မြန်မာစစ်သား
ကြီးပဲထူးပြီးမကောင်းတာမှာ့မဟုတ်တာ။ စစ်သားတစ်ယောက် ကောင်မလေးတစ်ယောက်ကို မုဒိန်းကျင့်တာဟာ စစ်တပ် တစ်တပ်လုံးမကောင်းတာလို့ပြောလို့မရဘူးလေ အဲ့ဒီစစ်သားအဲ့ဒီလိုလုပ်တာကို သိသိကြီးနဲ့အရေးမယူတာမှာ့ တပ်မှာတာဝန်ရှိတာ။ တစ်ခုတော့ရှိတော် သက်သေမပြည့်စုံပဲနဲ့တော့ မပြောသင့်ဘူး။

ကျားလေး said...

ရှမ်းသူပုန်တပ်က ကြေငြာချက်ကိုဖတ်လိုက်ရပါတယ် သတင်းဌာနတစ်ခုမှာပဲ သူတို့က သက်သေအထောက်အထားမရှိပဲ စာတွေဘာတွေလုပ်လို့ မလုပ်သင့်ဘူး အဲ့ဒါမျိုး သူတို့လည်း စနစ်တကျဖွဲ့ထားတဲ့အဖွဲ့ပဲလေ တကယ်လို့ မှားနေရင်ဘယ်လိုလုပ်မလည်း။
personal တိုက်ခိုက်သလိုဖြစ်သွားမှာပေါ့။
ရှမ်းသူပုန်တပ်လည်း သူတို့ ဌာနချုပ် အ၀င်ဝနားအထိ အစိုးရတပ် ရောက်နေတယ်ဆိုတော့ သွေးရူး
သွေးတန်းနဲ့ လျှောက်လုပ်တာတွေနေမှာပေါ့။

bala said...

…. ခု တိုင်းရင်းသားတွေကြား တီးတိုး ထွက်လာတဲ့ ကောလဟလ ကတော့ အစိုးရက ဒေါ်စုကို ခေါ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက အားလုံးစုပြီး ပေါင်းပြီး တိုက်လာတော့မှာ ဖြစ်တဲ့ အကြောင်းနဲ့ နောက်ဆက်တွဲ အခြေအနေ ကို ခေါ်ရှင်းပြပြီး ဆွေးနွေးညှိနှိုင်းတာ ဖြစ်ကြောင်း ပြောနေကြပါတယ်။ ……
ဒါကဘာလဲ ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးနဲ့ မြန်မာ အမျိုးသား( လက်နက်ကိုင်ကိုင် မကိုင်ကိုင်) တွေကြားမှာ ပေါင်းစည်းမိသွားမှာ စိုးရိမ်လို့ သွေးခွဲထားနိုင်ရေးအတွက်က တကြောင်းနဲ့……..
ဒေါ်စုနဲ့ တိုင်းရင်းသားများ ( လက်နက်ကိုင်ကိုင် မကိုင်ကိုင်) အကြား ဆက် သွယ် ပေါင်းစပ်လာနိုင်တဲ့ အခြေအနေကို ဖျက်ဆီးပြီး တိုင်းရင်းသား များ က ဒေါ်စုကို အထင်လွဲအောင် သွေးကွဲအောင် တကြောင်း ….. စစ်အာဏာရှင်များက စိတ်ဓါတ်စစ်ဆင်ရေး လုပ်လာတာ ဖြစ်နိုင်ပါသည်။ အားလုံးသတိထားကြပြီး ကိုယ်လုပ်စရာရှိတာကို အလွဲ အချော်မရှိ ဆက်လုပ်နိုင်ကြဖို့ လိုပါသည်။
ညီညွတ်ရေးသည်ပထမ…။ ညီညွတ်ရေးသည် ဒုတိယ….။ ညီညွတ်ရေးသည် တတိယ …..။ အောင်ပွဲ အတွက် ညီညွတ်ရေးသည် အဓိက…။

Debby said...

မရမ်ကျားလေးကော ဖြစ်ချင်သေးလား? ဒါပေမဲ့ Quality Control Machine ကပြောတယ် Sorry You Are Under Qualified တဲ့,, နောင်ဘ၀ကျမှ ပြန်ဆုံကြတာပေါ့ :-)