Thursday, July 28, 2011

သေချာရေရာမှု ဘာမှမရှိတဲ့ ဟန်ပြ တွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာ တွက်စစ် ကြည့်လေသော် …

သေချာရေရာမှု ဘာမှမရှိတဲ့ ဟန်ပြ တွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာ တွက်စစ်ကြည့်လေသော် …
မောင်ချင့်ချိန်

၂၀၁၁ ခု၊ ဇူလိုင်လ (၂၅) ရက်နေ့က NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ် အုပ်စုရဲ့ကိုယ်စားလှယ် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြပြန်လေပြီတဲ့။ စစ်ယူနီဖောင်းချွတ်တွေ၊ ကြံ့ဖွတ်တွေနဲ့ စစ်အုပ်စုရဲ့ အယောင်ဆောင် အရပ်သားအစိုးရလက်ထက်မှာ ပထမ ဆုံးတွေ့ဆုံဆွေးနွေးမှုပါပဲ။ ဒီတွေဆုံဆွေးနွေးမှုကို ကုလသမဂ္ဂနဲ့တချို့အဖွဲ့အစည်းတွေက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အလားအလာကောင်းလို့ မျှော်လင့်ကြိုဆိုကြပေမယ့် တကယ်တမ်းမှာတော့ ပြည်သူ တွေရဲ့အနာဂတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သေချာရေရာမှု ဘာမှမရှိသေးတာ တွေ့ရပါတယ်။

ဘာကြောင့် စစ်အုပ်စု ဖန်တီးလိုက်တဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲတခုသာဖြစ်တယ်လို့ ပြောရလဲဆိုတော့ ပြည် ထောင်စုအစိုးရအမည်ခံ စစ်အုပ်စုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားတဲ့ သဘောထားမရှိဘူးဆို တာ လက်တွေ့သိမြင်နေရလို့ပါပဲ။

(၁) နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးတဲ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ ပြောင်ငြင်းဆိုထားတာ။

(၂) ကရင်၊ ကချင်၊ ရှမ်း ... စတဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ကြီးတွေ ဆင်နွှဲပြီး ပြည်တွင်းစစ်မီးကို အ ရှိန်မြှင့်နေတာ။

(၃) မကြာသေးခင် (တလတောင်မပြည့်သေးတဲ့ ဇွန်လ ၂၈ ရက်နေ့) က စစ်အုပ်စုရဲ့သတင်းစာတွေမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ နိုင်ငံရေး လှုပ်ရှားမှုတွေလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကနေ ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးစာအဖြစ် ဖော်ပြပြီး ခြိမ်းခြောက် ဖိအားပေးမှုလုပ်တာနဲ့ မန္တလေးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံး ဆိုင်းဘုတ်တင်တာကို ပြန်ဖြုတ်ချဖို့ ခြိမ်းခြောက်ခဲ့တာ။

(၄) ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ အကြောင်းအရာတွေ ဖော်ပြခွင့်ကို ပိတ်ပင်လိုက်၊ ခွင့်ပြုလိုက် အမျိုးမျိုးလုပ်တာနဲ့ ဒေါ်စုကို သာမန် ပြည်သူတယောက်လိုပဲ သဘောထားပါတယ်လို့ ဒုတိယ သမ္မတ တင်အောင်မြင့်ဦး ကိုယ်တိုင်က အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ တွေ့ဆုံစဉ်မှာ တရားဝင်ပြောခဲ့တာ။

(၅) နအဖအမည်နဲ့ စစ်အုပ်စုလက်ထက်မှာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ (၉) ကြိမ် တွေ့ဆုံဆွေးနွေးစေခဲ့တဲ့ အကြောင်းအရာတွေကို ထုတ်ပြန်ကြေညာမှု မ လုပ်ခဲ့သလို အရပ်သားအစိုးရအမည်ခံ အစိုးရသစ်အနေနဲ့ ဦးအောင်ကြည်ကိုပဲ ဆက်ဆံရေးကိုယ်စားလှယ်အ ဖြစ် ဆက်လက်အသိအမှတ်ပြု တာဝန်လွှဲအပ်သွားမှာဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာမှုမရှိတာ။

(၆) အမျိုးသားညီလာခံကို (၁၅) နှစ်ကြာအောင် လုပ်ခဲ့သလိုမျိုး သင့်တော်တဲ့အချိန်မှာ နောက်တကြိမ် ပြန် တွေ့ကြမယ်ဆိုတာသာရှိပြီး ဆွေးနွေးကြရမယ့် အကြောင်းအရာနဲ့ အချိန်ကာလ တိကျရေရာစွာ သတ်မှတ်မှု မရှိတာ။

(၇) မုဒိမ်းကျင့်၊ ပေါ်တာဆွဲ၊ အဓမ္မစစ်သားစု၊ လုပ်အားပေးခိုင်းစေဆိုတာမျိုး လက်နက်ပြ ခြိမ်းခြောက်အနိုင် ကျင့်မှုမျိုးစုံ ဆက်ကျူးလွန်နေတာ။

... စတဲ့ အချက်တွေကို ကြည့်ရင် စစ်အုပ်စုရဲ့သဘောထားအမှန်ကို သိမြင်နိုင်ပါတယ်။

ဒါဆိုရင် စစ်အုပ်စုရဲ့ကိုယ်စားလှယ် ဦးအောင်ကြည်က (၁၈) လကျော်ကြာ ဆွေးနွေးမှုတွေ ပြတ်တောက်နေခဲ့ ပြီးမှ အစိုးရသစ်ရဲ့ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ကောက်ခါငင်ကာ တွေ့ခဲ့တာ လဲ။ ရှင်းပါတယ်။ စစ်အုပ်စုအနေနဲ့ အရပ်သားအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင်လို့၊ ပြီး တော့ လတ်တလော လိုအပ်ချက်ဖြစ်နေတဲ့ အာဆီယံဥက္ကဌနေရာအတွက် နိုင်ငံတကာအစိုးရတွေရဲ့ ထောက် ခံချက်တွေရဖို့ နိုင်ငံရေးကစားကွက်တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့တာပဲ ဖြစ်ပါတယ်။

မေလထဲမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာစစ်အုပ်စုက အဆိုပြုတဲ့ကိစ္စကို လူ့အခွင့်အရေးအဖွဲ့တွေက ၀ိုင်းပြီး ကန့်ကွက်ခဲ့ကြပါတယ်။ သမ္မတ အို ဘားမားနဲ့ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြောင်းလဲရေး ဆောင်ရွက် ချက်ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံသာ အာဆီယံဥက္ကဋ္ဌနေရာရခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာ ဆီယံနဲ့ လက်တွဲအလုပ်လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့သလို စစ်ယူနီဖောင်းဝတ် (၂၅ %) နဲ့ စစ်ယူနီ ဖောင်းချွတ်ပြထားတဲ့ ပုဂ္ဂိုလ်တွေချယ်လှယ်နေတဲ့ ကြံ့ဖွတ်အစိုးရသစ်ကို အာဆီယံ ဥက္ကဌရာထူး မပေးသင့် ဘူးလို့ မြန်မာ့အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) ကလည်း အာဆီယံခေါင်းဆောင် တွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူးဆိုတာက နိုင် ငံတကာအစိုးရတွေရဲ့ သဘောထားတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအလားအလာကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံအတွင်းရေး မှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန်က ပြောကြားခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကလည်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေး နွေးဖို့၊ မြောက်ကိုရီးယားနဲ့ နျူကလီးယားဆိုင်ရာ ဆက်နွယ်မှုအပေါ် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်ရတာ တွေကို ဖြေရှင်းဖို့လိုတယ်။ အဲဒါတွေ ဆောင်ရွက်ဖို့ ငြင်းဆန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ် မှုကို ထိခိုက်စေလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ အဲဒီလိုဖိအားပေးမှုတွေကို လျှော့ချဖို့ လက်ရှိအာဆီယံတာဝန်ရှိသူတွေ ကြား မှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူ တည်ဆောက်တဲ့နည်းနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေး ဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့ နည်းဆိုတာမျိုး က စားကွက်တွေနဲ့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

လက်ရှိ အာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့နည်း၊ တနည်းအားဖြင့် မျက် နှာချိုသွေး ဖားတဲ့နည်းကို နိုင်ငံတော်သမ္မတ အမည်ခံထားတဲ့ ဦးသိန်းစိန်ကိုယ်တိုင် သွားရောက်ဆောင်ရွက်ခဲ့ တာတွေ တွေ့ရပါတယ်။ စစ်အုပ်စုအနေနဲ့ ကိုယ့်နိုင်ငံရဲ့ အထွဋ်အမြတ် အာဇာနည်နေ့ကို မြို့တော်ဝန်လောက် နဲ့တင် ပြီးပြီးရော ဝတ်ကျေတန်းကျေ လုပ်ခဲ့ပေမယ့် လက်ရှိအာဆီယံဥက္ကဌ မာတီနာတာလေဂါဝါက အင်ဒိုနီး ရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဆိုတော့ သမ္မတကြီးအမည်ခံ ဦးသိန်းစိန်ကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံ သူရဲ ကောင်းဗိမ္မာန်ကို တလေးတစား သွားဂါရဝပြုခဲ့တာမျိုးတွေဟာ စစ်အုပ်စုရဲ့မာယာတွေထဲက နည်းလမ်းတခု ဆိုတာ မြင်သိနိုင်ပါတယ်။

နိုင်ငံတကာက တောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့နည်းဆိုတဲ့ အပိုင်းက တော်တော်အရေးကြီးပါတယ်။ စစ်အုပ်စုဟာ သူ့အ တွက် နိုင်ငံရေးအကျပ်အတည်းတွေ ကြုံလာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်ဆိုတာမျိုး လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ စစ်အုပ်စုအနေနဲ့ ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး ခန့်အပ်ပြီး ဒေါ်စုနဲ့ ပထမဆုံး စတင် ဆွေးနွေးဖို့ စီစဉ်ခဲ့တာ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ၊ (၂၅) ရက်နေ့ ဖြစ်ပါတယ်။ စက်တင်ဘာလ (၂၇) ရက်နေ့က ဂျပန်သတင်းထောက် ခန်းဂျိနာဂအိကို ပစ်သတ်ခဲ့မှု၊ ရဟန်းသံဃာတော်တွေ မေတ္တာပို့ စီတန်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ရိုက်နှက် ပစ်ခတ်ဖြိုခွင်းမှုတွေ ကြောင့် ပြင်းထန်နေတဲ့ နိုင်ငံတကာ ဖိအားတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီဆိုပြီး အရှိန် လျော့ လမ်းလွဲစေခဲ့တာပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေပါတယ်ဆိုတဲ့ ကာလတွေထဲမှာပဲ ဒေါ်စုရဲ့ နေအိမ်အကျယ်ချုပ်သက် တမ်းကို ထပ်တိုးခဲ့သလို အင်းလျားကန်ကို ရေကူးဖြတ်ကျော်ဝင်ရောက်လာတဲ့ ဂျွန်ယက်တောကို လက်ခံခဲ့မှု နဲ့လည်း ဒေါ်စုကို ရုံးတင်တရားစွဲ ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှာ (၉) ကြိမ်မြောက်အဖြစ် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တဘက်သတ် ဖိနှိပ်အနိုင်ကျင့်မှုတွေကလွဲရင် ဘယ်လိုဆွေး နွေးမှုရလဒ်မျိုးမှ မရှိခဲ့ပါဘူး။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ထွက်ပေါက်ရှာတဲ့နည်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလထဲ မှာလည်း လုပ်ခဲ့ပါသေးတယ်။ မဲလိမ်မဲခိုး တဖက်သတ် အစီအစဉ်တွေနဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မသမာ မှုတွေကို ဖော်ထုတ်ဖို့ နိုင်ငံတကာက စိတ်ဝင်စားနေချိန်၊ ငြိမ်းချမ်းရေးအဖွဲ့အဖြစ် နှစ်ပေါင်းများစွာ အပစ်ရပ်အ တူယှဉ်တွဲနေထိုင်လုပ်ကိုင်ခဲ့တဲ့ DKBA တပ်တွေက နယ်ခြားစောင့်တပ်ဖွဲ့ရေးကို ငြင်းဆန်ပြီး မြဝတီမြို့သိမ်း တိုက်ပွဲနဲ့ ဆန့်ကျင်တွန်းလှန်မှုတွေ ပြန်စတင်ခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးကို အာရုံစိုက်လာကြချိန်၊ မတ ရားတဲ့ ရွေးကောက်ပွဲနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေရဲ့ ဆန့် ကျင်အုံကြွမှုတွေဖြစ်ဖို့ တာဆူလာနေတဲ့အချိန်၊ အဲဒီလို နိုင်ငံရေးအကျပ်အတည်းတွေ အများကြီးရှိလာတဲ့ အ ချိန်မှာ လွတ်ရက်စေ့လို့ လွှတ်လိုက်ပါပြီဆိုပြီး ဒေါ်စုကိုလွှတ်ပေးလိုက်တာ၊ လမ်းပိတ်ဆို့စေတဲ့အထိ ဒေါ်စုမိန့် ခွန်းပြောတာကိုတောင် ခွင့်ပြုပေးလိုက်တာတွေဟာ အာရုံလွှဲဖို့ ဖန်တီးလိုက်တဲ့ ကစားကွက်တွေသာ ဖြစ်ပါ တယ်။

ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးသယောင် ပြတဲ့နည်းနဲ့ နောက်ထပ်ကစားကွက်တခုကို ဖန်တီးလိုက်တာပါပဲ။ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအမြင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလဲ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့အထွေထွေအတွင်းရေး မှူးတယောက်အနေနဲ့လား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေကို ကိုယ်စားပြု ခေါင်း ဆောင်တယောက်အနေနဲ့လား၊ ဒါမှမဟုတ် ကမ္ဘာ့အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ လုပ်နေလို့ ပြဿနာ အေး ပြီးရော “ဆွေးနွေးပါတယ်” လို့ သရုပ်ပြရုံလားဆိုတာ ကျနော်တို့ တွက် စစ်ကြည့်ဖို့လိုပါတယ်။

စစ်အုပ်စုဟာ ၁၉၉၀ ရွေးကောက်ပွဲကို အလေးမထားခဲ့သလို NLD ပါတီကိုလည်း အလေးမထားခဲ့ပါဘူး။ ပြီး တော့ NLD ရဲ့ကိုယ်စားလှယ်အဖြစ် ဆွေးနွေးချင်သပဆိုရင်လည်း ဥက္ကဌ ဦးအောင်ရွှေ၊ ဒု-ဥက္ကဌ ဦးတင်ဦးတို့ နဲ့ ဆွေးနွေးရင်လည်း ရနေတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ NLD ကို ကိုယ်စားပြု ဆွေးနွေးလိုတာမျိုး မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မဆိုထားနဲ့ တိုင်းရင်းသားတွေ ပြည်တွင်း အဖွဲ့အစည်းတွေကိုတောင် တပေါင်းတစည်းတည်း မတည်ဆောက်နိုင်သေးတဲ့အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အတိုက်အခံတွေဘက်က ကိုယ်စားပြု ခေါင်းဆောင်တယောက်အနေနဲ့ ဆွေးနွေးဖို့ဆို တာလည်း ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။ ဒီတော့ ပြဿနာ အေး ပြီးရော “ဆွေးနွေးပါတယ်” လို့ ကမ္ဘာ့အ သိုင်းအဝိုင်းကို သရုပ်ပြရုံသာ သဘောထားခဲ့ပြီး ဝတ်ကျေတန်းကျေ ဆွေးနွေးမှုအဖြစ် NLD ပါတီကို တရား ဝင် မှတ်ပုံတင်ဖို့၊ တည်ဆဲဥပဒေတွေအရပဲ လှုပ်ရှားသွားလာဆောင်ရွက်ဖို့၊ လက်ရှိအာဏာရအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့တွေ ပြောကြားမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ဦးအောင်ကြည်ဆီက နှုတ်ထွက်စကား(ဆွေးနွေးချက်) ဆိုတာတွေက လက်ရှိအာဏာပိုင်တွေကို ဘယ်လောက်ကိုယ်စားပြုတယ်ဆိုတာ ဘယ်လိုအာမခံချက်တွေ ရရှိခဲ့ပါပြီလဲ။ တိုး တက်မှုတွေ ရှိလာတယ်လို့ နှစ်ဦးသဘောတူ ထုတ်ပြန်ကြေညာချက်တောင် ထွက်ခဲ့ပြီးပြီဆိုတော့ ဘာရလဒ် တွေ ရခဲ့ပြီလဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကို ကိုယ်စားပြုဆွေးနွေးခဲ့ပါသလဲ။ NLD ပါတီရဲ့ အထွေ ထွေအတွင်းရေးမှူးအဖြစ်နဲ့ပဲ ဆွေးနွေးခဲ့တာလား၊ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်စားပြုပါသလား၊ စစ်ပွဲ တွေဖြစ်နေတဲ့ ဒေသတွေက ပြည်သူတွေကို ကိုယ်စားပြုပါသလား၊ အတိုက်အခံပါတီတွေ၊ ဒီမိုကရေစီရေးအင် အားစုတွေ အားလုံးကို ကိုယ်စားပြုပါသလား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ခွင့်အတွက် သက် သက်ပဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစရဲ့ဘယ်အခြေအနေလို့ ရှုမြင်ပါသလဲ၊ နောင်ထပ် နှစ်နဲ့ချီ ကြာတဲ့အထိ ဒီဆွေးနွေးပွဲကို အချိန်ဆွဲမယ်ဆိုရင် ဘယ်လိုတုန့်ပြန်ရင်ဆိုင်မှုတွေလုပ်မလဲ၊ ပြည်သူတွေကြား မှာ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ဖို့နဲ့ ဒီမိုကရေစီရေအင်အားစုတွေရဲ့ အကြံပြုမှုတွေကို လက်ခံဆောင်ရွက်ဖို့ လို ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီး ရလဒ်ကောင်း တွေ ရခဲ့ပါတယ်ဆိုတဲ့ အချိန်မှာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အုပ်စုရဲ့ထောင်တွေထဲမှာ နှိပ်စက်ညှင်းပန်းခံနေကြရ တုန်း၊ တိုင်းရင်းသားဒေသတွေမှာ ယောက်ျားတွေ ပေါ်တာဆွဲခံပြီး မိန်းမတွေ မုဒိမ်းကျင့်ခံနေကြရတုန်း၊ စစ် ဘေးစစ်ဒဏ်သင့်နေတဲ့ ကျေးရွာတွေ မီးတဟုန်းဟုန်းတောက်လောင်လို့ ပြည်သူတွေ အိုးအိမ်အခြေမဲ့ ပြေး လွှားရှောင်တိမ်းနေကြရတုန်းဆိုတာ သတိထားမိကြစေချင်ပါတယ်။ ဘကြီးအောင်ရဲ့အညာဇာတ်လမ်းမှာ ရွှေ ရုပ်လေးရလိမ့်နိုး မျှော်လင့်ရင်း အသက်ဆုံးသွားရတဲ့ မောင်ချစ်လို အဖြစ်မျိုးဟာ ပုံနှိုင်းအတုယူစရာပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးဘဲ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အတိုက်အခံအဖွဲ့ အစည်းတွေက ခေါင်းဆောင်တွေမပါဘဲ၊ တိကျရေရာတဲ့ အချိန်ကာလ သတ်မှတ်ချက်မရှိဘဲ ဘယ်လိုမှမဖြစ် နိုင်ပါဘူး။ ဒီတော့ စစ်အုပ်စုရဲ့ အလိမ်အညာလုပ်ရပ်တွေကို ထောက်ခံပေးနေသလိုမျိုး မဖြစ်စေဘဲ ပါးနပ် လိမ္မာစွာ အချိန်ယူရင်ဆိုင်ဖြေရှင်းနေပါတယ် ဆိုတာထက်ပိုတဲ့ ဦးဆောင်မှုမျိုးဖြစ်ဖို့ လိုနေတယ်ဆိုတာ အဖြေ ရှာတွက်စစ်လို့ ရပါတယ်ဆိုတဲ့အကြောင်း …။

အင်အားတူ အခြေအနေမရှိရင် စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဘယ်လိုမှမဖြစ်နိုင်ပါ။


မောင်ချင့်ချိန်

3 comments:

cw said...

Good article. Agreed your thoughts. But on the other hand, it might be the 1st step of all way round. Who knows?
Plz don't forget it's impossible to do all those things in one setting especially in this situation.

Aung Moung said...

We have to inform very seriously for the processing of Democracy Route by our Public,NLD and Nationalities.

1. Welcome for any sincere and stability of any negotiation from SPDC/USD/Newe Government.

2. NLD must offer the agenda for the any meeting with SPDC. That time no need to open to public.

3. After met with USDA/New Government, NLD must open the discussed and assuption of all meeting minutes openly.

4. We trust DASSK and DASSK also loves BUrma, no need to take care except Public.

5. No need to consider for courtesy or government's request, because so many times we got their plying startegy.

6. Now, they are looking for the under the DEBTH of BURMA by China, INdia and Korea and Russia.

7. The Nationalites cases are CRITICAL and must standing for the National Reconciliation by TRI Groups and must release our POLITICIANS before any talking.

8. Do not trust any oppotunities from them for our Public and they have done well plans and their army can take over from USDA/New Government.

So, we must ----- RUN the NLD and PUBLIC's momentum ------ sppeding -up the peacecountry by our Public.

We already informed their plans and making the economic crisis with US Dollar and Kyat crisis, at the same time with National Conflict.

Our Nationalities are "NOT INSURGENT" , requesting for the "FEDERAL" in 1947 and almost are very poor, under rape,and killing ground since 1947. Today all public (Burmese) are also same.

We strogly URGE to NLD and REQUEST to NLD, any discussion must be adopted to PUBLIC and We Public also will followed according to DASSK's decision. But NEWS must be open and that is important for the whole country activities.

Aung Moung said...

Our Burma,

We also required the OPEN policy and must declare to PUBLIC what ever SPDC or U Thei Sein Government requestd for news.

"That is TRUE" and must explain to public when NLD meet with Na Ah Pha's generation.

I found the 2002 met with Than Sein, Aung Kyi and SPDC cohort and DASSK, they killed in 2003 May and DASSK must checked the all witness photos cars, men, USAD men and army, SPDC supporting photos in WEB SITE.

Please consider the Kachin, Kayen, Mon, Shan, and alot od Chin are under killing grounds and facing the LAST MINUTES DECISION position.

Anyhow, we PUBLIC will continue support NLD, Nationalities and trying for SINCERE FEDERAL.

Who is making "CIVIL WAR" and we Burmese Public also same situation of killing ground.

So we Agreed TO RELEASE POLITICIANS AND MUST CO-OPERATE WITH NATIONALITIES.


NLD must make declare what ever discussed with SPDC is ESSENTIAL and we recommended offering the OPEN POLICY.