Thursday, July 21, 2011

အာဇာနည်နေ့မှာ မန္တလေးမြို့က ကိုခင်မောင်ရီ အာဇာနည်ကြီးများကို တကိုယ် တော် ဂါရ၀ပြု (ရုပ်သံ)

၁၉ ဇူလိုင် ၂၀၁၁၊ (၆၄) နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေး၊ ကန်ကောက်ရပ်က ကိုခင်မောင်ရီတယောက် အာဇာနည်များကို ဂါရ၀ပြုပုံဆန်းခဲ့ပါတယ်။ သူက မန္တလေး၊ (၆၂) လမ်း၊ သိပ္ပံလမ်းနဲ့ (၃၅) လမ်းကြားမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရှေ့တည့်တည့် (၆၂) လမ်းပေါ်မှာ နံနက် (၉) နာရီကျော်ခန့်ကနေ မွန်းလွဲ (၂) နာရီလောက်ထိ ငြိမ်သက်စွာ မျက်စိမှိတ်ထိုင်ကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေပြီးသော အာဇာနည်များ ကို ဂါရ၀ပြုခဲ့ပါတယ်။

သူ့ရှေ့က သံတိုင်တန်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် (၉) ဦးပုံပါ ဂျာနယ်မျက်နှာဖုံးတခု ချိတ် ဆွဲထားပြီး ပန်းစည်းများနဲ့ ပူဇော်ထားပါသေးတယ်။ သူ့မှာ ပါလာတဲ့ အမွှေးတိုင်တွေကိုတော့ မထွန်းဘဲ သူ့ ရှေ့မှာ မီးခြစ်နဲ့အတူ ချထားခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်လက်ပတ် ပတ်ထားပါတယ်။

သူ့ပတ်လည်မှာ စိတ်ဝင်စားသူတွေက ၀န်းရံထားပါတယ်။ မီဒီယာသမားတွေနဲ့ ထောက်လှမ်းရေးဆိုသူတွေ ကတော့ မှတ်တမ်းတင်ကြပါတယ်။ သူဂါရ၀ပြုတာကို မြင်ပြီး လမ်းသွားလမ်းလာထဲက အချို့ သူနဲ့အတူ အာ ဇာနည်များကို ၀င်ကန်တော့သွားတာရှိသလို အချို့သူတွေကလည်း သူနဲ့အတူ အာဇာနည်များကို ပန်းစည်း များချထားကာ ၀င်ရောက်ဂါရ၀ပြုသွားကြောင်း သိရပါတယ်။ (ညိုကြီး)

No comments: