Sunday, July 3, 2011

ဇူလိုင်မှာတမ်းများ

ဇူလိုင်မှာတမ်းများ
မောင်လွမ်းဏီ

ဗိုလ်နေ၀င်း ပြောတယ်
ဓား ဓားချင်း လှံ လှံချင်း တဲ့။

ဗိုလ်အောင်ကြီး ပြောတယ်
အိုကေပါတယ် တဲ့။

ကိုလှရွှေ (ဘိုကလေး) ပြောတယ်
သွေးနဲ့ ရေးတဲ့ ဒီမိုကရေစီ တဲ့။

တင့်ဇော် (ရခိုင်) ပြောတယ်
တနိုင်ငံလုံးရဲ့အနာဂတ်အတွက်
ဆိုးကျိုးများစွာနဲ့ ရင်ဆိုင်ကြရတော့မယ်လို့
စဉ်းစားမိသတဲ့။

ကိုကျော်ဝင်း (မြောင်းမြ) ပြောတယ်
၇-၇-၆၂ မမေ့နဲ့ တဲ့။

--- --- ပြောတယ်
--- --- --- ပြောကြတယ်
--- --- --- --- ပြောနေကြဆဲပဲ။

မင်းကိုနိုင် ပြောတယ်
ကျောင်းနံရံတ၀ိုက်မှာ
ဒေါင်းအလံ ပြန်စိုက်မယ် တဲ့။

ကိုဖိုးသံ ပြောတယ်
ဗမာပြည်မှာ ကျောင်းသားဆိုတာ ရှိနေသရွေ့ 
ကျောင်းသားသမဂ္ဂတွေ တည်ရှိနေမှာ တဲ့။

မန်းရှာလာဖန်း ပြောတယ်
ဆဲဗင်းဇူလိုင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ တဲ့။

လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့သားအမိ
ပုဂံမြို့ဟောင်းကို သွားရောက်ဖူးမျှော်ကြမတဲ့
တကသ ရုပ်အလောင်းကိုလည်း
ငဲ့စောင်း အောက်မေ့ရှိစေချင်။ ။

မောင်လွမ်းဏီ
၃-၇-၂၀၁၁

8 comments:

လင်္ကာ said...

တခြားသူတွေပြောတဲ့စကားတွေကို တပိုဒ်ချင်း ကဗျာထဲထည့်စပ်ပြီး ဒေါ်စုပြောတဲ့စကားတွေ
ကိုတော့ မောင်လွမ်းဏီ သူ့ ကဗျာထဲ ဘာကြောင့်မထည့်ပါလိမ့်"လို့ မေးနေ မိတယ်။
"ဒေါ်စုကဘာမှမပြောခဲ့လို့ လား။ ဒါမှမဟုတ်ရင်လည်း မောင်လွမ်းဏီကပဲ ဒေါ်စုပြော ခဲ့တဲ့စကားတွေ မကြားခဲ့တာလား"
ကဗျာဖြစ်ချင်ရင်တော့
ကဗျာဆရာ ရိုးသားဖို့ လိုတယ်
စိတ်ရှင်းသန့် ဖို့ လိုတယ်
ဒီသားနဲ့ ဒီအမိကို ဘုရားဖြောင့်ဖြောင့်ဖူးခွင့် ပေးလိုက်ပါကဗျာဆရာ

Socretes said...

ဦးသိန်းစိန်ကပြောတယ်
“Clean Government, Good Governance” တဲ့….

အာစီယံကပြောတယ်
"စောင့်ကြည့်ဖို့ တော့လိုမယ်" တဲ့.

ဂျွန်မက်ကိန်းက ပြောတယ်
နောက်မကျသေးဘူးတဲ့….

ပြည်ထဲရေးကပြောတယ်
၁၈/၂၀၁၀ တဲ့…

ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်
“Simply we don’t know how to stop it” တဲ့…

Mr. Ban ကပြောတယ်
"စိုးရိမ်မိတယ်" တဲ့...

ဗိုလ်မှူးအောင်လင်းထွဋ္ဋ်က ပြောတယ်
အားလုံးဒီအဖိုးကြီးပဲတဲ့…

ဦးဝင်းတင်ကပြောတယ်
“NO” တဲ့…

……ပြောတယ်
……ပြောတယ်
……ပြောတယ်

အားလုံးဟောင်းနွမ်းလို့ တဲ့…

နြူကလီးယားပရောဂျက်ဗျ….

ရွှေဝါရောင်…

COI….

Non-violence, Violence, Terrorism??????

KIA, DKBA,……

ဖြစ်နေပြီ….တရုပ်ကိုလိုနီဟဲ့…

ကွန်မြူနစ် အရှုပ်ထုတ်တဲ့…

ဆန်ရှင်ကွဲ့ ….

…….တဲ့....…တဲ့
….တဲ့…....တဲ့…
….တဲ့…

နေပြည်တော်ကို သွားကြမယ်
ဆင်းရဲမွဲတေမှုဖိုရမ်တက်ရောက်ဖို့ ….
အူဟောင်းလောင်းနဲ့ 
ပြည်မြန်မာအကြောင်း၊
အင်တာနက်မှာ
မှတ်ချက်ပေးကြစို့ ….။ ။

Moe said...

မေ့မရဘူး၊ ဒါကြောင့် အဝေးမှာနေတယ်။

မကျေနပ်ဘူး ၊ ဒါကြောင့် ကီးဘုတ်ဒေါသတွေ ပြတယ်။

ရှူးပေါက်မရဘူး ၊ ဒါကြောင့် ကြက်သီးတွေထတယ်။

ပုံ
ရေတက်ငါးစင်ရိုင်း

ဥက္ကဌ
ဗမာနိုင်ငံလုံးဆိုင်ရာ နွားကျောင်းသားအဖွဲ့ချုပ်(ဗနသ)
အရီးဒေါ်ဘုံ အော်ရမည် ။
အလှူငွေများ ထည့်ဝင်ကြပါ။
ဆက်သွယ်ရန်
youfightihide@gmail.com
youFightirich@gmail.com
ပမာဏများလျှင် အိမ်တိုင်ယာရောက် လာယူမည် ။

Moe said...

ပါလေရာကြောင်ချေးဧ။်စကားကြီး ၃ ခွန်း။။။သာဓု သာဓု သာဓု ပါခင်ဗျာ။။။


မာမီမကြိုက်တဲ.ဥပဒေမှန်သမျှမာမီ.အလိုကြဖီဆန်ကြ။သာဓု သာဓု သာဓု ပါခင်ဗျာ။။။


စုနိုင်ရင်ချမ်းသာမည်။စုနိုင်သော်လဲပိုပိုမွဲ....။။။သာဓု သာဓု သာဓု ပါခင်ဗျာ။။။


ခမောက်ဘေးမှာကြက်ခြေခတ်.ပြည်သူမွဲပီမှတ်...သာဓု သာဓု သာဓု ပါခင်ဗျာ။။။


မြန်မာလူထု အတွက် ပါးစပ်ကြီးနှင်. ချစ်မြတ်နိုးတော်မူကြသော

မာမီစုနှင်.တကွ မြင်.မြတ်သော မဟာဂရုဏာရှင် ကိုကိုပွကြီးတို.လင်မယား

ဟိုပိတ်ဒီပိတ် ဆရာကြီး ဆရာလေးများ ဟိုပိတ်ဒီပိတ် ဥပဒေပြုပညာရှင်

များ မြန်မာလူထု ငတ်မသေသေအောင် တနေ.၂၅ နာရီလုံးလုံး

ကြိုးစား အာထုတ် နေကြကုန်သော သူတော်စင်များအား


၅၄ သန်းခွဲသော မြန်မာပြည်သူ လူထုထဲမှ တဦးအပါအ၀င်

ဖြစ်တော်မူသော ပါလေရာကြောင်ချေးမှ ကျေးဇူးဥပကာရ အတိုင်းအဆ

မရှိ တင်ရှိပါကြောင်း ရိုရိုသေသေ လေးလေးမြတ်မြတ် ပြန်ကြားလိုက်

ပါသည်ခည။။။


ဂျာအေးလင်.နောက်လိုက်နေကြသူများအားလုံးကိုလေးစားစွာဖြင်.

ကြောင်ချေး

( ၆ယောက် ၃တန်း ပါလေရာ )


သာဓု သာဓု သာဓု ပါခင်ဗျာ။။။

Moe said...

ရဲရဲတောက်လိုက်ဦးမယ်ခည။

မြန်မာနိုင်ငံလုံး ဆိုင်ရာ လမ်းဘေးဈေးသယ်များ သမဂ ( ၂၀၀၈ ) CEC , BEDC ,
MEC , FEC များဧ။် မဟာဗျူဟာ များချမှတ်ရေး ရွှေနိုင်ငံတော်ကြီး ကောင်းစားရန်
တောင်းစားရေး မဟာသကြံန် အခါသမယ မကျရောက်မှီ ခွက်စောင်းမခုတ်ရေး
မဖြစ်မနေ ခုတ်ရပါက ဦးရာ လူ အဖွဲ.အစည်းမှ လေပုတ်ထုတ်ဆေး နာနာထုတ်ရေး
ခွက်ပျောက် အဖွဲ.များ ယာယီ နှပ်ချေးဖြင်.ကပ်ထားသော စည်းလုံးရေး ညီညွတ်ရေး
ဖြင်. ခွက်ပဲ.များအား တိုက်ခိုက်ရေး ( စစ်တပ်ကြီးအား ဗိုလ်အောင်ကြီး ဧ။် မဟာ
မိန်.ခွန်း အတိုင်းလိုက်နာဆောင်ရွက်ရေး )
စသော နည်သည်.နိုင်ငံ သမိုင်းတွင်မှ မရှိဘူး မကျင်.သုံးဘူးသော နည်းနာနိသ၁ယ
များဖြင်.တိုက်ခိုက်ရေး တက်သစ်စ ခွက်မဲ.လေးများ အား ခွက်ပိုင်ဖြစ်ရေး အတွက်
၁၉၈၈ စက်တင်ဘာလ ၁၈ ၇က်မှယနေ.တိုင် ၁၉ နှစ်ကျော်လေ.လာ တောင်းရမ်း
လာခဲ.သော ဘေးတော် အစ မြေးတော် အဆုံး တနွယ်ငင် တစင်ပါ ရဲရဲတောက်
တော်လှန်ရေး သမား ( ခွေးတံဆိပ် ) များဧ။် ခွက်ရှာပုံတော် သမိုင်း အပိုင်းအစ
များလက်ဆင်.ကမ်း ဝေငှ ရေး ၈၀၀၂ ကြိမ်မြောက် အစည်းအဝေးကို

ရန်ကုန်မြို. အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား

ထိုင်းနိုင်ငံ ဘန်ကောက်မြို. စနမ်လွမ် မကျီးပင် အမှတ် ၈ အောက်

မလေးရှားနိုင်ငံ ကွာလမ်လာပူ မြို. စန်ထရယ် မာ.ကက် ရှေ ဆွန်ဂိုင်း ဘီစီ မြစ်ဘေး

စင်ကာပူ မြို.ပြ နိုင်ငံတော် ပန်နီဆူလာ ပလာဇာ ဘေး ဘာတာဖိနပ်ဆိုင် ရှေ.ပလက်ဖောင်း

မြန်မာဘုန်းတော်ကြီး ကျောင်း အနောက် ဟိုင်းဝေးလမ်းမ တံတားအောက်

နှင်.အခြား အတည်ပြုချက် မရသေးသော လွတ်မြောက်နယ်မြေ အသီးသီးတွင်

ငါးချ သုံးထိုး မြင်းစီး အိုက်(စ) ရှူ ယစ်ရွှေရည် မော.ရင်းကျင်းပခဲ.ကြပါသည်။။။


ထို.နောက်တဖန် ရီုးရာမပျက် ကိုယ်ကျိုးစွန်. ရ်ျ စတိတ်မန်.ထုတ်ပြန်ခဲ.ပါသည်။


ကြေညာချက် တိုလီမုတ်စ ဗျုတ်စဗျင်းတောင်းများမှာ


န၀တ အာဏာသိမ်းပီး ဒုတိယနေ.တွင် မဟာပညာရှိ များဧ။် န၀တ တွင် နိုင်ငံခြား

သုံးငွေ အမေဒစ်ကန် ဒေါ်လာ ၁၈ သန်းသာရှိကြောင်း ဒီအစိုးရ တပတ်ထက်ပိုမခံဟု

ဟောကြားချက်နှင်. အနည်းငယ် သို.ကာသီကာ ပွတ်ကာသပ်ကာ မှားယွင်လွဲချော်းပီး

၁၉ နှစ် ကျော်လာသော ယနေ. နအဖ စစ်အစိုးရအား ဓါတ်ငွေ.မီးလှုံ ပတမြားခင်း

ကျောက်စိမ်းတုံး ခေါင်းအုံးအိပ်နှိုင် သည်အချိန်အခါ သမယ တွင် စီးပွားရေးပိတ်ဆို.

ပီးအရေးယူရန် ရဲရဲဝံ.၀ံ.ဆုံးဖြတ်အကောင်အထည် ဖေါ်နေကြသော ကဘာကျော်

ညှပ်ပျောက် ဆရာကြီးများအား ဝေါ်မီတော်ဖော် လုပ်ကြောင်းအတည်ပြုဆုံးဖြတ်ချင်း

လမ်းခင်းကျောက်များ ရောင်းမလောက်ဖြစ်နေချိန်တွင် ကျောက်စိမ်း ဥပဒေသစ် ထုတ်

ပြန်ခဲ.သော ညှပ်လွှတ် လက်ပြန် ဆရာကြီးများအား လေးစားစွာမှတ်တမ်းတင်ကြောင်း

အတည်ပြုဆုံးဖြတ်ချင်း

ခေတ်သစ်နည်းဗျူဟာ အရ ပြည်တွင်းမှစစ်အစိုးရကို ပြည်ပ အင်တာနက်ပေါ်မှ

စွန်.လွှတ်စွန်.စား ရဲဝံ.စွာ အသက်ကို ပဓါန မထားပဲ တိုက်ခိုက်နေသော..

အမေဂျမ်း မျိုးဆက်ကြီးများအား လေးလေးစားစားဂုဏ်ပြုကြောင်း ဆုံးဖြတ်ခြင်း

.......စသော သန်းရှာနည်း မျိုးစုံ များကိုထုတ်ပြန်ခဲ.ပါသည်။။။


ခွက်ပျောက် ခွက်မှောက် သစ်စာဖြင်.

တနေ.တလံ ပုဂံ ဘယ်တော.ရောက်.........( နောက်မျိုးဆက်များ အတွက် သဘောထားကြီးစွာ အမွေ
ပေးချင်ပါသောကြောင်. )

အရေးတော်ပုံ...............................ဘယ်သောအခါ။။။။။သာဓု သာဓု သာဓု ပါခင်ဗျာ။။။


ကြောင်ချေး ( ၆ယောက် ၃တန်း ပါလေရာ )

ဌါနပေါင်းစုံတာဝန်ခံ

မြန်မာနိုင်ငံလုံးဆိုင်ရာ လမ်းဘေးဈေးသယ်များ သမဂ ( မလသ )


သာဒင်


တ-ဥကဌမြန်မာနိုင်ငံလုံးဆိုင်ရာ နွားကျောင်းသားများသမဂ ( မနသ )

ုkhinemyothura@gmail.com said...

ကိုလွမ်းဏီ ကောင်းတယ်ဗျာ ဒီကဗျာတပုဒ်နဲ့ တင် ဘယ်လိုပြောရမှန်းမသိတဲ့
အတွေးတွေကို ဆန့် ထုတ်မိတယ်၊

thida mon said...

ကဗျာလေးကတော်တော်ကောင်းပါတယ် သူများတွေပြောခဲ့တာတွေကို ဖေါ်ပြပေးထားတဲ့စာသား ကွက်တိပါပဲ ဒါပေမဲ့ ဒေါ်စုပြောခဲ့တာကသိပ်များနေတော့ ကဗျာဆရာခမြာ မဝေခွဲတတ်ဖူးဖြစ်သွားတယ်ထင်တယ် ကဗျာဆရာရေ မသေခင်တစ်ခုခု အမှတ်တရပြောခဲ့ပါ...သေချာတာတစ်ခုကတော့ နယ်စပ်က ၀မ်းနဲခြင်းအထိမ်းအမှတ် အရက်ဝိုင်းမှာပဲ ဖြစ်ဖြစ်ပေါ့.....

Nga Sanay said...

နယ်စပ်နယ်စပ်နဲ့ အထင်မသေးပါနဲ.
တတိယနိုင်ငံဆိုတာ မဋ္ဌကာဘူးသေးတဲ့
၈၈၈၈ အရေးတော်ပုံအပြီး ရောက်ခဲ့ဋ္ဌကစေချင်တယ်။

တတိယနိုင်ငံ ဗီဇာမပါ
ဒုက္ထသည်စခန်းလည်းဝင်စရာမရှိ
ငှက်ဖျား၊ ငှက်ပျောအူဟင်းစစ်သင်တန်း
ဖြူပတ်ဖြူရော် မျက်နှာနဲ့ အားမာန်များ
ရှိခဲ့ဘူးပါတယ်။

နောက်ပိုင်းမှာတော့
တဆွေတမျိုးလုံးခေါ်ထုတ်တဲ့
အင်တော်လှန်ရေးပွဲတော်ကို
နွှဲပျော်ရင်း
အရှက်မရှိ သရက်စေ့မျက်နာနဲ့.
သန်းထီပေါက်သူများသဘွယ်
အရောက်ပေါက်လာသူများ။

အသက်သွေး ဘ၀တွေနဲ့
တံတားခင်းပေးခဲ့တဲ့
တော်လှန်ရဲဘော်များကို
ကျေးဇူးမတင်ရင်နေပါ
မဆော်ကားပါနဲ့
တောင်းပန်ပါရစေ။

ငစနေ