Sunday, June 5, 2011

မဲဆောက်မြို့ SAW အထက်တန်းကျောင်းတွင် “World Environment Day 2011” အခမ်းအနား ကျင်းပပြုလုပ်


မဲဆောက်မြို့ SAW အထက်တန်းကျောင်းတွင် “World Environment Day 2011” အခမ်းအနား ကျင်းပပြုလုပ်
ဓာတ်ပုံသတင်း - ကိုလတ် (၅-၆-၂၀၁၁)

၂၀၁၁ ခုနှစ် ဇွန်လ (၅) ရက်နေ့ နံနက် (၉) နာရီက မဲဆောက်မြို့ SAW အထက်တန်းကျောင်းတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “World Environment Day 2011” အခမ်းအနားကို ကျင်းပပြုလုပ်သည်။ အ ခမ်းအနားတွင် SAW ကျောင်းမှ ဦးမင်းမင်းနှင့် ဦးသီဟမောင်မောင်တို့က အဖွင့်မိတ်ဆက်စကား ပြောကြားပြီး SAW အထက်တန်းကျောင်းသူလေး နော်ရိုမီထူးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းတ စောင်ကို ဖတ်ကြားသည်။ ထို့နောက် ကြွရောက်လာသည့် ဧည့်သည်တော်များမှ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာများအကြောင်း အသီးသီး ဟောပြောကြပြီး “ကမ္ဘာကြီးအတွက် သစ်ရွက်တွေပေါ်မှ ဆု တောင်း” အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ကြသည်။ အဆိုပါအစီအစဉ်မှာ သစ်ရွက်ပုံစံ ညှပ်ထားသည့် ရောင် စုံစက္ကူလေးများပေါ်တွင် လိုရာဆုတောင်းများကို ရေးသားကြပြီး အကိုင်းခြောက်များသာရှိသည့် သစ်ပင်ပေါ် တွင် သွားကပ်ကြသည့် အစီအစဉ် ဖြစ်သည်။

ထို့နောက် ကြွရောက်လာသည့် ဧည့်သည်များက စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသော SAW ကျောင်းမှ ကျောင်းသူကျောင်းသားလေးများ၏ လက်ရာများဖြစ်ကြသည့် အရုပ်အမျိုးမျိုး၊ အသုံးအဆောင်ပစ္စည်းအမျိုး မျိုးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ကို လှည့်လည်ကြည့်ရှုကြ သည်။ လှည့်လည်ကြည့်ရှုရာတွင် စေတနာရွှေ့ပြောင်းကျောင်းမှ ကျောင်းသူလေးတဦး၏ စွန့်ပစ်ပစ္စည်းများ ဖြင့် သရုပ်ပြ၀တ်စားဆင်မှုကိုလည်း ထူးထူးခြားခြား တွေ့မြင်ခဲ့ရသည်။

No comments: