Thursday, June 16, 2011

သတင်းနှစ်ပုဒ်နဲ့ ကျနော့်အမြင်

သတင်းနှစ်ပုဒ်နဲ့ ကျနော့်အမြင်
ဦးအေးဆောင်

သတင်းတပုဒ်က ကြပ်ပြေး (နေပြည်တော်) မြို့မဈေးမှာ ဗုံးပေါက်တာနဲ့ ကချင်ပြည်နယ်မှာ ဇွန်လ (၁၁) ရက် နေ့ကဖြစ်တဲ့ တိုက်ပွဲသတင်းပါ။ ကြပ်ပြေးဈေးမှာ ဗုံးပေါက်တဲ့ကိစ္စကို အထူးပြောစရာမရှိပေမယ့် ကချင်ပြည် နယ်တိုက်ပွဲနဲ့ ပတ်သက်ပြီး KIO က ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် ပြောတာနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်မိပါ တယ်။

“အစိုးရဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမယ်ဆိုရင် အခု သူတို့တိုက်ခိုက်နေတာကို ရပ်ပြီးတော့ နဂိုအ တိုင်း ပြန်နေသွားမယ်ဆိုရင် အဲဒီစစ်မက်ဟာ ပြည်နယ်တခုလုံးအတိုင်းအတာအထိ ပျံ့ဖို့တော့ မဖြစ်နိုင်သေး ပါဘူး။ ဒါပေမယ့် သူတို့လုပ်ဆောင်ချက်ကို မူတည်ပြီးတော့ အဲဒီစစ်မီးပွားဟာ ကျနော်တို့ပြည်နယ်တခုလုံး ပျံ့ နှံ့နိုင်တဲ့ အခြေအနေမျိုးတော့ ရှိတယ်” လို့ ဦးလနန်က ဆိုရာမှာ ပျံ့နှံ့ရေး၊ မပျံ့နှံ့ရေးဟာ ကြံ့ဖွတ်စစ်တပ်ပေါ် မှာ တည်နေတာကို တွေ့နိုင်တယ်။ ဆိုလိုတာက ကြံ့ဖွတ်တပ်ရဲ့ အဆုံးအဖြတ်မှာ တည်ပြီး KIO က လုပ်နေရ တာကို ဖော်ပြနေတယ်။ KIO ဟာ ဒီပွဲမှာ ‘ကံပုဒ်’ သာ ဖြစ်နေတာကို သနားစဖွယ် တွေ့နေရပါတယ်။ ဒီလို သ နားစဖွယ်ဖြစ်နေရအောင် တမင်ဖန်တီးနေတာကိုက KIO ရဲ့ ပေါ်လစီဆိုရင်တော့ ကချင်လူထုတွေအတွက် အားကိုးမျှော်လင့်စရာ ဘယ်မှာရှာကြမလဲ ကျနော်ဖြင့် လှိုင်းဘွဲ့ဘက်က လူတွေစကားနဲ့ ပြောရရင် တွေးမထိ ဘူးဖြစ်နေတယ်။

KIO ကြိုက်တဲ့ နိုင်ငံရေး၊ စစ်ရေးကို ကြံ့ဖွတ်တပ်က ဘယ်တော့မှ မလုပ်ပေးခဲ့ဘူးဆိုတာကို လူထုက သိနေ ပြီးဖြစ်ပေမယ့် KIO လူကြီးတွေ မသိတာကတော့ ထူးဆန်းအံ့သြစရာ အဖြစ်တခုပါပဲ။ အခုလည်း KIO ကို ဖြုတ်ဖို့ လာတိုက်နေတာကို မှားပစ်တာလား၊ အကြီးအကျယ် ဖြစ်ကုန်မယ်နော်ဆိုပြီး တိုက်ပွဲမဖြစ်အောင် အ ကြောင်းအမျိုးမျိုးနဲ့ လှီးလွှဲနေရတာကို မြင်ရတဲ့ ဘေးကလူက စာနာရမှာလား၊ အပြစ်တင်ရမလား စဉ်းစားစ ရာ ဖြစ်လာရတော့တယ်။ စာနာတယ်ဆိုတာလည်း အကြောင်းအကျိုး ဆီလျော်မှ စာနာမှာပါ။ တမင်စာနာ အောင် ငိုပြနေလို့တော့ လူထုတွေရဲ့ယုံကြည်မှု လျော့ပါးလာနိုင်ပါတယ်။ ကျားဆိုးကို ဘယ်လိုရင်ဆိုင်ရတယ် ဆိုတာ ကချင်လူမျိုးတွေက ပိုသိမှာပါ။

ဒီနေ့လုပ်ရမှာက ကြံ့ဖွတ်တပ်ကို “လူထုတိုက်ပွဲ မီးပင်လယ်” နဲ့ ၀ိုင်းပတ်ချေမှုန်းရမှာပါ၊ ပျံ့နှံ့နိုင်သမျှ ပျံ့နှံ့ ကျယ်ပြန့်သထက် ကျယ်ပြန့်တဲ့ တိုက်ပွဲတွေနဲ့ တိုက်ရမှာပါ။ ကြံ့ဖွတ်တပ်က လုပ်လုပ် မလုပ်လုပ် ကျနော်တို့ ပြည်သူတွေက လုပ်ရမှာပါပဲ။ လူထုရဲ့အားဟာ ကျယ်ပြန့်ခြင်း၊ ပြင်းထန်ခြင်းပါပဲ။ ဒီစွမ်းအားကို အသုံးမချဘဲ ဒီတိုင်းထားရင် လူထုဆိုတာ “ဒို့အရေး” အော်ရုံလောက်ပဲ တတ်တယ်လို့ ဖိနှိပ်သူတွေက ထင်နေဦးမှာ။ ကြပ် ပြေးဈေးမှာ ဗုံးပေါက်တယ်၊ ကချင်ပြည်နယ်ရဲ့ အပြင်ဘက်မှာ ... ဒီတော့ လှုပ်ရှားမှုက ကျယ်ပြန့် ပျံ့နှံ့နေတာ ပဲ။ ကရင်ပြည်နယ်ဘက်မှာ၊ ရှမ်းပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေ ပျံ့နှံ့နေတာပဲ။ လှိုင်သာယာမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်နေတာပဲ။ ဒီတော့ ပျံ့နှံ့တာဟာ အပြစ်တင်စရာ မဟုတ်ဘူး၊ လူထုလှုပ်ရှားမှုဟာ ဒီလိုပဲ ပျံ့နှံ့ နေမယ်။ ဦးလနန်ပြောသလို ကန့်သတ်ထားဖို့ လူထုတွေက နားထောင်နေမှာမဟုတ်ဘူး။ မတရားမှုကို သူတို့ တတ်တဲ့ နည်းနာနဲ့ ဆန့်ကျင်ကြမှာပါပဲ။ ပျံ့နှံ့လာမှာကို ကြောက်တဲ့သူဟာ ဖိနှိပ်သူ စစ်အာဏာရှင် လက်တ ဆုပ်စာပဲဖြစ်ပါတယ်။

လူထုဆီမှာ အားကိုးစရာ လူထုတိုက်ပွဲပဲ ရှိပါတယ်။ ဒီတိုက်ပွဲဟာ ကျယ်ပြန့် ပျံ့နှံ့ပြီး အင်အားလည်း ကြီးပါ တယ်။ ဒီလိုဖြစ်မှပဲ ရန်သူစစ်တပ်ဟာ သီးခြားဝကွက် ချေမှုန်းတာ မလုပ်နိုင်တော့ဘဲ အရူးမီးဝိုင်းသလို လူထု ရဲ့ ၀ိုင်းဝန်းတိုက်ခိုက်တာကို ခံရပြီး အရှုံးပေးလာမှာဖြစ်ပါတယ်။

နောက်တခုက ‘ကာကွယ်စစ်’ ဆိုတဲ့ သဘောထားပါ။ ဒါကလည်း သက်ညှာထောက်ခံမှုကို မျှော်လင့်တဲ့ အ မြင်က လာတာပါပဲ။ ကျနော်တို့ကို ဖိနှိပ်တိုက်ခိုက်မယ့် ရန်သူရှိနေသမျှ ကျနော်တို့ဟာ ကာကွယ်လို့ ဆုံးမှာမ ဟုတ်ပါဘူး။ ဖိနှိပ်သွေးစုပ်တဲ့ လူတွေကို ကျနော်တို့ တိုက်ဖျက်ပစ်ရမှာပါ။ ရန်သူနဲ့ပတ်သက်ပြီး ကျနော်တို့ ထားရမယ့် သဘောထားက ‘ထိုးစစ်’ သဘောထားပဲ။ ‘ခံစစ်’ သဘောထား မထားရဘူး။ ‘ခံစစ်’ ဟာ နိုင်ဖို့ အ လားအလာ နည်းပြီး ရှုံးဖို့ များနေတတ်လို့ပါ။

ရန်သူကို မြန်မြန်အောင်နိုင်ဖို့ ဆိုရင်တော့ စနစ်တကျ စုစည်းမှုနဲ့ ရှင်းလင်းတဲ့ လမ်းညွှန်မှုပေးနိုင်တဲ့ ဦးဆောင် ပါတီအဖွဲ့အစည်း လိုတာပေါ့။ နည်းနာတွေက မြန်မာပြည်လို အဖွဲ့အစည်းတွေ၊ လူမျိုးရေးတွေ များနေတော့ သဘာဝအတိုင်းပဲ နည်းနာပေါင်းစုံရှိမယ်။ ဒါပေမယ့် ဖိနှိပ်သွေးစုပ်တဲ့ စစ်အာဏာရှင်ကို တိုက်တဲ့နည်းပဲ ဖြစ်ရ မယ်။ တခြားနည်းတွေက အလုပ်မဖြစ်တော့ဘူးဆိုတာ ခါးသီးတဲ့ လက်တွေ့သခန်းစာတွေက ပြသခဲ့ပြီ။ အ တွေ့အကြုံတွေက ကျနော်တို့ စုစည်းဖို့ လိုအပ်တာ၊ ရန်သူဆီက သနားငဲ့ညှာမှုကို မမျှော်လင့်နိုင်တာ သင်ပေး နေပါတယ်။ ယူမယူက ကျနော်တို့ အရည်အသွေးပေါ့။ အဓိကကတော့ အပျော်တမ်းမဆန်ကြဘဲ စနစ်လည်း ကျ၊ စည်းကမ်းလည်းရှိ၊ ဦးဆောင်မှုလည်း ထက်မြက်တဲ့ အဖွဲအစည်းအောက်မှာ လုပ်နိုင်ကြဖို့ လိုပါတယ်။

ဒီတော့ သတင်းနှစ်ပုဒ်ဟာ ဒေသတွေ ဝေးလံပေမယ့် တကယ်တော့ လူထုလှုပ်ရှားမှုရဲ့ ပျံ့နှံ့နေတဲ့ ပုံသဏ္ဍာန် တွေသာဖြစ်လို့ ပိုပိုပျံ့နှံ့အောင်၊ ကျယ်ပြန့်အောင် တတ်တဲ့နည်းနဲ့ လုပ်ဆောင်ရမှာ ဖြစ်တယ်ဆိုတာ လေးနက် စေချင်လို့ပါ။

လူထုအားကို ယုံကြည်ပါ။
ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ပါ။
ဒီမိုကရေစီနဲ့ လွတ်လပ်မှု ရကိုရရမယ်။

ဦးအေးဆောင်
ဇွန် ၁၄ - ၂၀၁၁

9 comments:

mg said...

အေးဆောင်ဆိုတဲ့ အဖိုးကြီးကဘလည်း ဘယ်စောင်ခြုံထဲကနေ လက်သီးပုန်းပြ မှိုင်းတိုက်နေလည်းမသိဘူး။စစ်ဖြစိတာကို သိပ်သဘောကျနေပုံပေါ်တယ်။များများဖြစ်လေကောင်းလေ။ပြည်သူတွေ ဒုက္ခရောက်လေ ထမင်းစားဝင်လေ ပုံစံဖြစ်နေတယ်။

ကွန်မြူနစ်အဖိုးကြီးတွေဆိုတော့ သေနတ်သံတွေကြားနေမှ စားဝင်အိပ်ပျော်တာကိုး။ကောင်းလေစွ ကောင်းလေစွ။
ဘယ်အစိုးရမှ သူတို့အာဏာအတွက် တိုက်ခိုက်နေတာမဟုတ်ဘူး။အာဏာလိုချင်ရင် အာဏာမြဲအောင်အတွက် ပြည်သူတွေကိုပဲ ဖားမှာပေါ့။စစ်တိုက်ပြီး ဖားမလား။

နိုင်ငံနဲ့လူမျိုးအတွက် စစ်မှန်တဲ့စနစ်အောက်မှ တည်ငြိမ်အေးချမ်းစွာ တည်ရှိစေချင်လို့ အမှိုက်ထုတ်တွေဖြစ်နေတာတွေကို တပ်မတော်က ရှင်းလင်းပေးနေတာပါ။တိုင်းပြည်က နလန်ထူကာစ ခင်ဗျားတို့က စစ်ဖြစ်အောင်ပဲ မြှောက်ပေးနေတယ်။စစ်ဖြစ်လို့ ပြည်သူတွေအပေါ်မှာ ဖြစ်လာတဲ့ပြသနာဒုက္ခတွေကို ခင်ဗျားတို့က ဘယ်လိုဖြေရှင်းပေးနိုင်လို့ စစ်ဖြစ်အောင် အတင်းတိုက်တွန်းနေရတာလဲ။

Stop Burmanization said...

တိုက်သာတိုက်၊ မြန်မြန်ပြိုကွဲလေ ကောင်းလေဘဲ။ မြန်မာ့အကြမ်းဖက်သတ်မတော်မရှိမှ အေးချမ်းမှာ။

Anonymous said...

Mg ကို ထောက်ခံပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိသင့်ပါတယ်။ အကူးအပြောင်းကာလဆိုတာ မြန်မြန်ဆန်ဆန် ဖြစ်လေ့
ဖြစ်ထမရှိပါဘူး။ ဒါကိုတော့ အားလုံးနားလည်သင့်တယ်။ အစိုးရလဲ ပြောင်းပါပြီ။ ကောင်းမွေ ဆိုးမွေကိုတော့ ခံစားရအုံးမှာပေါ့။

CODE9 said...

ကျနော်ကတော့ ကြံ့ဖွတ်တပ်ကို အပြီးအပြတ်တိုက်စေချင်တယ်၊ စစ်ဖြစ်တဲ့ကာလမှာ လူတွေ ကတော့ အနည်းနဲ့ အများ ဒုက္ခရောက်မှာပဲ ၊ စတေးရမှာပဲ ၊ ဒါကို သွားငဲ့လို့တော့ မဖြစ်ဘူး၊ အနာခံမှ အသာစံရဆိုသလို နအဖ အာဏာရှင်တွေက လက်နက်ချင်း စရင်းရှင်းမှ ဖြစ်မှာ၊ တိုက်သင့်တယ်၊ ဆော်သင့်တယ်၊ သစ္စာမရှိတဲ့ လိမ်လုံးရွှီးလုံးတွေနဲ့ တိုင်းပြည်ကို အလွဲသုံးစားလုပ်နေတဲ့ အာဏာရှင်တွေ ပြတ်အောင်၊ ကြားထဲက ခိုင်းတာ လုပ် ကျွေးတာစား နေရတဲ့ တပ်မတော်သားတွေ တော့ သနားပါတယ်၊ ဒါပေမယ့် မတတ်နိုင်ဘူး။ ဆော်ရမှာပဲ အမြင်မှန်အသိတရား ရတဲ့ နအဖ စစ်သား တွေ တဖက်မှာ ခိုလှုံကြ ဒါပဲ။

Zo said...

Abah Aye Saung could understand what KIO is talking about. Compared to other organisations, KIO/KIA has a more mature and educated leaders.

KIO spoke softly and politely, they understand deplomacy and know the international community is watching the situation.

But at the other hand KIA is fighting fearlessly in all fronts. Its more than the run and hit guerrilla war. Only KIA is fighting this way presently.

This is my opinion only.

နောင်ရိုး said...

တပ်ပေါင်းစု အဖွဲ့ အစည်းအဝေးတိုင်း များသောအားဖြစ်ပါပါနေတဲ့  ဦးအေးဆောင် ခင်မျာ..ကချင်ဒေသမှာ တိုက်သလို အခြားဒေသတွေမှာလည်း တိုက်သင့် ပြီလို့  ပြောဆိုဆွေးနွေး စတင်လုပ်ဆောင်သင့် ပါတယ်..သူများလုပ်တာထိုင်ကြည့် ပြီး ပြောနေတာထက်စာရင် ဦးအေးဆောင်တို့  အမြဲတမ်းလုပ်နေကြ တပ်ပေါင်းစုခေါင်းဆောင်တွေ ကြံ့ ဖွံ့ ရုပ်သေးအစိုးရကို အရူးမီးဝိုင်းဖြစ်အောင် နေရာတိုင်းမှာ ရှိနေတဲ့  တိုင်းရင်းသားတပ်တွေ ထထကြွကြွ တိုက်နိုင်အောင် လုပ်နိုင်ရင်ကောင်းတာပေါ့ စာရွက်ပေါ်မှာ စာပွဲဝိုင်းမှာတင် တိုက်နေလို့ တော့ မရဘူးဆိုတာ လူတိုင်းနီးပါးသိနေပါပြီ။ပြည်တွင်း/ပြည်ပ ခေါင်းဆောင် Role ရယူထားတဲ့  ပုဂ္ဂိုလ်များ...KIO ဖက်က စတင်လောင်ကျွမ်းနေတဲ့  စစ်မီးကို မငြိမ်းခင် အရှိန်အဟုန်နဲ့  တောက်လောင်အောင် လက်တွေ့ ဆန်တဲ့  အားပေးတိုက်တွန်းမှုများ ပြောဆိုကြပါ...ဆော်သြကြပါ..နအဖ ရုပ်သေးအစိုးရကို တိုက်ထုတ်ကြပါ...လက်တွေ့ကြကြမလုပ်နိုင်ရင် ခေါင်းဆောင်နေရာ ရယူမထားကြပါနဲ့ ..မျိုးဆက်သစ်တွေကို လွှဲပေးလိုက်ပါ...။ မီဒီယာမှာ အင်တာဗျူးလိုက် အင်တာဗျူးတွေနဲ့  သာမာန်ဖြစ်ရိုးဖြစ်စဉ် ရိုးအီနေတဲ့ သတင်းတွေ တစ်ယောက်နဲ့  တစ်ဖော်ဝါပ်လုပ်ပေး နေရုံနဲ့ တော့ စည်းလုံးညီညွတ်မှုရနိုင်မှာ မဟုတ်သလို တိုင်းပြည်လည်း တိုးတက်မှာ မဟုတ်ဘူး...။

seinnmyanaddy said...

ကဲ ဦးအေးဆောင်
ပြောနေကြာတယ်။
ခုပဲလူစုကြစို့။
ဘယ်မှာလူစုကြမလဲ။
လူစု၊ လက်နက်စု ပြည်တွင်းပြန်ဝင်ပြီး ချကြမယ်။

Socretes said...

နေပြည်တော်ဗုံးကွဲသတင်းနဲ့ 
KIA တုက်ပွဲသတင်း၂ ပုဒ်ကို ဆက်စပ်ပြီး ဒီဆောင်းပါးကိုရေးတာရယ်၊
ဆောင်းပါးရဲ့ အာဘော်ကလည်း
တပြည်လုံးဆူဆူပူနဲ့  သွေးထွက်သံယို တိုက်ပွဲကိုပဲ တောင်းဆိုနေလေတာ့..
သတ္ထုချကြည့်ရင်
အပစ်မဲ့ပြည်သူတွေသေကျေအောင် သင်္ကြန်မှာဗုံးခွဲလိုက်၊ ရထားလမ်းမိုင်းခွဲလိုက်၊ ဒဂုံစင်တာနဲ့ ထိုင်းကုန်စည်ပြပွဲဗုံးခွဲလိုက် ဆိုတဲ့ အရပ်သားတွေသေကြေအောင်လုပ်တဲ့  အကြမ်းဖက်လုပ်ရပ်တွေကိုလုပ်တာ ဒီလက်နက်ကိုင်နဲ့ အတိုက်အခံတွေလို့ 
အလိုလိုဝန်ခံသွားတဲ့သဘောပဲ။

Thihathura said...

၈၈ နောက်ပိုင်း KIA သမိုင်းတလျောက်မှာ ရန်သူကို တကယ်တိုက်တယ်ဆိုတာ တခါမှမရှိခဲ့ဘူး။ သူတို့စီးပွါးရေးကိုဘဲ သူတို့လုပ်တာပါ။ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး စီးပွါးရေးလုပ်ကြတာ လူတိုင်းသိတယ်။ အခုဖြစ်ကြတာကလည်း စစ်အုပ်စုနဲ့ အဝေမတည့်တာက စ ဖြစ်တာပါ။ ဒီမိုကရေစီနဲ့ အဝေးကြီးဘဲ၊