Saturday, June 4, 2011

“အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့” ဆောင်းပါးနှင့် သက် ဆိုင်သည့် “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှ အမေးအဖြေတခု

“အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့” ဆောင်းပါးနှင့် သက်ဆိုင်သည့် “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှ အမေးအဖြေတခု

အာရ်အက်ဖ်အေမှ အသံလွှင့်ကောက်နုတ်ချက်

ကိုဉာဏ်ဝင်းအောင် (RFA) ။ ။ ဟုတ်ကဲ့ … နောက်ထပ် မေးမြန်းမယ့်သူကတော့ ထိုင်းနိုင်ငံရောက် မြန်မာအ လုပ်သမား ကိုလှနိုင်ပါ။ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဒေါက်တာလွဏ်းဆွေက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြစ်တင်တဲ့ ဆောင်းပါးတွေ သူ့ကိုယ်ပိုင်ဘလော့ဂ်မှာ အခန်းဆက်ရေးသား တင်ဆက်နေတာနဲ့ ပတ် သက်ပြီး မေးမြန်းထားတာပါခင်ဗျာ။

ကိုခင်မောင်စိုး (RFA) ။ ။ ဟုတ်တယ် ကိုဉာဏ်ဝင်းအောင်ရဲ့။ ကျနော်တို့ အခုတင်ဆက်နေတဲ့ “လူထုနဲ့ ဒေါ် အောင်ဆန်းစုကြည်” အစီအစဉ်ကိုတောင် အကျိုးမရှိတဲ့အတွက် ရပ်ဆိုင်းပစ်ပါလို့ ဒေါက်တာလွဏ်းဆွေက အကြံပြုထားတာကို ဖတ်လိုက်ရပါသေးတယ်ဗျာ။ ကဲ … ကိုလှနိုင်ရဲ့ မေးခွန်းက ဘယ်လိုများပါလိမ့်။

ကိုလှနိုင် ။ ။ ကျနော်ကတော့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတဦးပါ။ ဒေါ်အောင်ဆန်းစု ကြည်လည်း ပုဂ္ဂိုလ်ရေးရာအရရော တကယ်လေးစားမှုအရရော ယုံကြည်လေးစားတဲ့သူတယောက်ပါ။ အခု အင်တာနက်အွန်လိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ဒေါက်တာလွဏ်းဆွေက ဆောင်းပါး ရေးပြီးတော့ (တိုက်ခိုက်တဲ့ ဆောင်းပါးလို့ပဲ ပြောရမှာပေါ့) … ဒေါက်တာလွဏ်းဆွေ ရေးထားတဲ့အထဲမှာ ဒေါ် အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်ကတိပျက်ခဲ့တယ် ဆိုတဲ့ဟာလေးတခု ပါပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် မေးချင်ပါတယ်။

၁၉၈၉ ခုနှစ် အာဇာနည်နေ့ချီတက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ကုန်းကို အန်အယ်လ်ဒီအဖွဲ့ဝင် တွေတက်ရောက်မယ် အလေးပြုမယ်ဆိုလို့ ဒီအဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကတိစကားကြောင့် အားလုံးတက်ရောက်ခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ အာဇာနည်နေ့ချီတက်ပွဲနားနီးကာမှ ကပ်ပြီးတော့ ဖျက်လိုက် တဲ့အတွက် အန်အယ်လ်ဒီသစ္စာခံ နောက်ပါတွေဟာ ဒုက္ခလှလှ တွေ့ခဲ့ကြရပါတယ်။ ပြေးသူပြေး၊ အဖမ်းခံရသူ ခံရ၊ ထောင်ဝင်ရသူဝင်ရနဲ့ ဘ၀တွေပျက်ကုန်ကြပါတော့တယ်တဲ့ ဆိုပြီးတော့ ဒေါက်တာလွဏ်းဆွေက ရေး ထားပါတယ်။ အဲဒါကြောင့် ဒီလိုခေါင်းဆောင်မှုကတိ ဖောက်ဖျက်ခဲ့တဲ့အတွက် ဒီနောက်လိုက်နောက်ပါတွေ ဟာ ဒုက္ခရောက်ကြရတယ်ဆိုတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုအဖြေပေးလိုပါသလဲ။

ကိုဉာဏ်ဝင်းအောင် (RFA) ။ ။ ဟုတ်ကဲ့ … ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကတော့ …

ဒေါ်အောင်ဆန်းစုကြည် ။ ။ တထောင့်ကိုးရာနဲ့ ရှစ်ဆယ်နဲ့ကိုးခုနှစ် အာဇာနည်နေ့နဲ့ ပတ်သက်လို့ အာဇာနည် ကုန်းကို ချီတက်ရေးအစီအစဉ်ကို ကျမကိုယ်တိုင် တာဝန်ယူပြီး ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ အစီအစဉ်ပြောင်း သင့်လို့ ပြောင်းခဲ့တာပါ။ အကျိုးဆက်တွေကိုလည်း တာဝန်ယူပါတယ်။ အစီအစဉ် ပြောင်းတာကို မသိလို့ပဲ လား၊ လက်မခံလို့ပဲလား သွားခဲ့တဲ့သူတွေထဲမှာ ဘ၀ပျက်ခဲ့ကြတယ် ဆိုတာကိုတော့ မကြားခဲ့ပါဘူး။ ကျမ သိ သလောက်တော့ ချီတက်တဲ့သူတွေထဲမှာ နှစ်ရှည်ထောင်ဒဏ်ကျတာတောင်မှ မရှိခဲ့ပါဘူး။ အစီအစဉ် ပြောင်း လဲကြောင်း စာရွက်ဝေတဲ့ အမျိုးသမီး (၃) ယောက်တော့ (၃) နှစ် အကျဉ်းကျခဲ့ပါတယ်။ ချီတက်ပွဲကို မတက် တဲ့သူတွေလည်း အဲဒီအချိန်မှာ တော်တော်များများ အကျဉ်းကျခဲ့ပါတယ်။ ဒါက န၀တရဲ့အစီအစဉ်အရပါ။ ကျ မတို့ရဲ့ အာဇာနည်ကုန်းအစီအစဉ်နဲ့ ဘာမှမဆိုင်ပါဘူး။

အသံဖိုင် နားဆင်ရန် …


ဆောင်းပါးထဲမှ ရေးသားချက်များ

အာဇာနည်နေ့ ချီတက်ပွဲအစီအစဉ်နှင့် ပတ်သက်၍ …

-------------------------
---------------------------------

“ဒီလို အပိုင်ဂိုးသွင်းခွင့် နှစ်ကြိမ် ထပ်မံဆုံးရှုံးရတာဟာ တနည်းအားဖြင့်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လူ ပေါင်းမှားခဲ့တာနဲ့ ဆိုင်တယ်လို့လည်း သွယ်ဝိုက်ပြောလို့ရတယ်။

သို့သော်လည်းပဲ လူပေါင်းမှားရကောင်းလားဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဖို့ချင်လို့တော့ မဖြစ်ချေ ဘူး။ “တိုင်းပြည်ရဲ့ကံကြမ္မာကိုက ဆိုးလွန်းလှပါတယ်ကွယ်” လို့ပဲ ငိုချင်းချရမယ့် အနေအထားပေါ့။ ဘာဖြစ် လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံကို ပြန်ပြီး နိုင်ငံရေးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြင်ပြင်ဆင်ဆင်လုပ်ပြီး လာတာမှ မဟုတ်တာ။ ကျန်းမာရေးမကောင်းတဲ့ မိခင်ကို ပြုစုစောင့် ရှောက်ဖို့ ပြန်လာတုန်း ၈၈ အရေးတော်ပုံကြီးနဲ့ တည့်တည့်တိုးပြီး အခြေအနေ၊ အချိန်အခါရဲ့ တောင်းဆိုချက် အရ နိုင်ငံရေးလောကထဲ ဗြုန်းစားကြီး ခုန်ဆင်းလာတာဆိုတော့ သူ့နားလာကပ်တဲ့ ဘောင်းဘီချွတ်တွေဆို တာ ဘယ်သူဘယ်ဝါတွေမှန်း သေသေချာချာ လေ့လာချိန်မရလိုက်ဘဲ NLD ကို ဖွဲ့ခဲ့ရတာကိုး။

တနည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွင်းထဲကို အသင်းခေါင်းဆောင်လက်ပတ် ပတ်ပြီး ၀ုန်းကနဲ ပြေးဝင်လာပေမယ့် ကိုယ်နဲ့ တွဲကစားရမယ့် လူတွေရဲ့ အထာနဲ့ ခြေကို ကောင်းကောင်းမသိတော့ ကစားလို့ အတွဲမမိနိုင် ဖြစ်ရတော့တာပေါ့ (ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘောလုံးကစားတတ်လား၊ မကစားတတ် ဘူးလား ဆိုတာကိုလည်း အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင် မသိခဲ့ရိုးအမှန်ပါ။ “ဒို့ဗိုလ်ချုပ်သမီးကွ” ဆိုပြီး တော့ပဲ ၀မ်းသာအားရ စောင့်ကြည့်အားပေးခဲ့တာပါ)။ အတွဲမမိတာ ဘယ်မှာ စ,ပေါ်လဲဆိုတော့ ၁၉၈၉ အာ ဇာနည်နေ့ချီတက်ပွဲလုပ်ဖို့ အခြေအတင်ဆွေးနွေးရာမှာ စ,ပေါ်တော့တာပဲ (ဒါကလည်း အပြင်ကို ပေါက်ထွက် လာတဲ့ ခိုးဖမ်းထားတဲ့ အစည်းအဝေးတိတ်ခွေကို အသိတယောက်ဆီကတဆင့် နားထောင်လိုက်ရလို့ သိတာ ပါ)။ ခါးမှာသေနတ်မရှိတော့တဲ့ အဲဒီဘောင်းဘီချွတ်ကြီးတွေက ကြောက်စရာရှိရင် သာမာန်ပြည်သူတွေထက် ပိုကြောက်တတ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သိခဲ့ပုံမရဘူးလို့ထင်မိရဲ့။

အဲဒီလိုနဲ့ အာဇာနည်နေ့ ချီတက်ဖို့ အကြိတ်အနယ် ငြင်းခုံဆွေးနွေးရင်း ချီတက်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစု ကြည်က တဘက်၊ န၀တစစ်အုပ်စုက ခြောက်လှန့်အင်အားပြနေတာကို ကြောက်ဒူးတုန်နေကြတဲ့ ဘောင်းဘီ ချွတ်ကြီးတွေက တဘက် ဖြစ်ကုန်တယ် (အသံတိတ်ခွေကို နားထောင်ရတာမို့ အဲဒီဆွေးနွေးပွဲမှာ ပုဂ္ဂိုလ်ရေး အရ ကျနော် လေးစားသမှုရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ပါမပါတော့ သေချာမမှတ်မိတော့ပါ။ ပါတယ်ဆို ရင်လည်း အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ “အန်ကယ်တို့ ဒီလောက်ကြောက်တတ်ရင် ထ မီဝတ်ထားကြ” ဆိုတဲ့ စကားအတွက် မျက်နှာပူစရာ။ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးနဲ့ ပတ်သက်လို့လည်း ဦးနု အစိုးရကြေညာချိန်မှာ ကာကွယ်ရေးဝန်ကြီးနေရာ ပေးထားတာကို ၀န်ကြီးအဖွဲ့ထဲကနေ အရင်ဆုံး နှုတ်ထွက် သွားတယ်လို့ ကြားရတော့ ကြောက်တတ်လို့ နှုတ်ထွက်သွားများတာလားဆိုပြီး ကျနော် စိတ်မကောင်းဖြစ်ရ ဖူးတယ်)။ အဲဒီအစည်းအဝေးမှာ ဘောင်းဘီချွတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို “ငယ်သေးတယ် ကလေး ရယ် စားကြိုးစားဦးကွယ်၊ စစ်တပ်အကြောင်း ညည်းကလေး ဘာမှမသိသေးပါဘူး” ဆိုတဲ့ ခပ်ထေ့ထေ့ ရယ် သံမျိုးနဲ့ ၀ိုင်းဟားနေကြတဲ့ အသံတွေကို ကျနော့်နားထဲ အခုထိ ကြားယောင်နေတုန်း။

အဲဒီမှာတင် အာဇာနည်နေ့ ချီတက်ပွဲကို နီးမှ ကပ်ဖျက်လိုက်တော့ စောင့်စားနေတဲ့ အန်အယ်လ်ဒီသစ္စာခံ နောက်လိုက်နောက်ပါတွေ ဒုက္ခလှလှ တွေ့ကုန်တော့တာပေါ့။ ပြေးသူပြေး၊ အဖမ်းခံရသူခံရ၊ ထောင်ထဲဝင်သူ ၀င်ရနဲ့ ဘ၀ပျက်ကုန်ကြတော့တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ချီတက်မယ်လို့ကြေညာထားတဲ့ ‘ခေါင်း ဆောင်ကတိ’ မတည်သလို ဖြစ်တာပေါ့။ အဲဒီနောက်ပိုင်းမှာ န၀တစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေ အိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းလိုက်ပြီး တတ်သိပညာရှင်အုပ်စုက လူတွေတော်တော်များများကိုလည်း အ ကြောင်းအမျိုးမျိုးပြ ဆွဲစေ့လိုက်လေတော့ ကြောက်တတ်တဲ့ ဘောင်းဘီချွတ် ဗဟိုကော်မတီဝင်ကြီးများက သာ အန်အယ်လ်ဒီကို ဦးဆောင်ခြယ်လှယ်ခွင့်ရခဲ့တော့တယ်။” (ဆောင်းပါး - အပိုင်း ၂ မှ …)

အာရ်အက်ဖ်အေမှ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်နှင့် ပတ်သက်၍ …

“၅။ အာရ်အက်ဖ်အေ အသံလွှင့်ဌာနမှ ထုတ်လွှင့်နေသည့် အမေးအဖြေ အစီအစဉ်ကို ရပ်ဆိုင်းသင့်ပြီဟု အ ကြံပြုလိုပါသည်။ အပ်ကြောင်းထပ်မှုများ၊ အငြင်းပွားဖွယ်ရာများ၊ ဒီမိုကရေစီရေးတိုက်ပွဲဝင်များအတွက် အား တက်စရာ နည်းပြီး အားပျက်စရာ ယေဘုယျဖြေကြားမှုများကိုသာ နားဆင်နေရသည့်အတွက် ဂုဏ်သိက္ခာ ညှိုးနွမ်းမည်ကို စိုးရိမ်ပြီး ပွင့်ပွင့်လင်းလင်း အကြံပြုရခြင်းဖြစ်ပါသည်။” (ဆောင်းပါး - အပိုင်း ၆ မှ …)

- ဆောင်းပါး (အစ-အဆုံး) ဖတ်ရှုလိုပါက ... click

15 comments:

လင်္ကာ said...

ဒေါက်တာ့ရဲ့ အားလုံးပဲဟောင်းနွမ်းလွန်းလို့  ဆိုတဲ့  ဆောင်းပါး
ဟာ ခေါင်းစဉ်နဲ့ လိုက်ဖက်ညီအောင်ပဲ ဟောင်းနွမ်း
လို့ နေပါပြီ။
ဒါကိုသတိမူမိစေလိုပါတယ်။
ဘာမှအကျိုးမရှိပါဘူး။ လူထုကိုအကျိုးပြုတဲ့ မီဒီယာ သမားတယောက်အဖြစ်
ပီပီသသရပ်တည်စေချင်ပါတယ်။
ဖွတာကို ၀ါသနာပါတယ်ဆိုရင်တော့
ပြောစရာမရှိပါဘူး။ ဒါဟာ ဒေါက်တာလွမ်းဆွေရဲ့ 
သမိုင်းပါပဲ။

Maung Maung Kyaw Win said...

Watch your step Ko Lun Swe. Do not create ridiculous problems that makes enemy happy. If you do not know very well about politics it is better to stay quiet. Politics is like a hanging dagger above your head and if you do not know how to handle politics that dagger will fall down any time and ........
With metta

Anonymous said...

အမေစု ဘာလုပ်လုပ် အပြစ်ပြောရ၀ူး
အန်တီစု ဘာလုပ်လုပ် အပြစ်ပြောရ၀ူး။
အမေစု ဘာလုပ်လုပ် လုပ်သမျှမှန်တယ်။
အန်တီစု ဘာလုပ်လုပ် လုပ်သမျှ မှန်တယ်။

yyyyyyyyyy said...

၂၃ နှစ်အတွင်း မှာ ဒေါ်စုနဲ့အင်အယ်လ်ဒီ တခုမှမမှားဘူး မှားလဲ ဝင်မခံဘူးဘာဖြစ်လဲ
လုပ်သင့်တာမလုပ်ခဲ့တာကလည်း အမှားမဟုတ်ဘူး အမှန်ပဲ

kyaw said...

ဂေါတမဘုရားရှင်တောင် ဘုရားမဖြစ်ခင်က အမှားကျူးလွန်ခဲ့ သေးတာပဲ။ဒေါ်စုက အမှားမလုပ်ခဲ့ဘူးလား။မဟုတ်တာ မမှန်တာလုပ်ရင် ဝေဖန်ခံရမှာဟာ သဘာဝလေ။ဒါကြောင့် မဟုတ်တာ မမှန်တာလုပ်တဲ့ လူနဲ့ ဝေဖန်တဲ့လူ ဘယ်သူက အပြစ်ရှိလဲ....။ငါနဲ့မတူ ငါရန်သူလို့ သဘောထားပြီး ဒေါ်စုကို ဝေဖန်ရေးလုပ်ရင် အထိမခံ ဖြစ်နေတာဟာ နိုင်ငံရေး ဒီမိုကရေစီရေးကို နားမလည်တဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုသာဖြစ်တယ်။

the track keeper said...

မဟုတ်တာ၊ မမှန်တာလို့ ပြောချင်ရင် ဟုတ်တာ၊မှန်တာကို သေသေချာချာသိပြီး လုပ်ခဲ့ဖူးရမယ်။ လုပ်ပြနိုင်ရမယ်။..

thar said...

Dr. Swe,
We really need to telling the truth of history or what did happen last 20 years. Most of people are writing with sugar coat article not alarming like what you did. I also did read about blaming with your writing for that article. You did it right one and people need to know about that and including leader of NLD. Nobody is perfect and they are going to fix their mistake/error sooner or later, I do hope and find a way of new challenging with new government. I am also tired of listening of news from oversea and they are exaggerated. Go ahead Dr. Swe, you are a really journalist.

June said...

ဒေါက်တာလွဏ်းဆွေအားပေးတယ် ပြောတာပြော။ အဲဒီပြည်ပမှာရှိနေတဲ့ မီဒီယာတွေ ခေါင်းဆောင်တွေဆိုတာဒေါ်စုနဲ့ ပြည်တွင်းထဲကလူတွေကို အသုံးချပြီး ထမင်းစားနေကြရတာ။ အဲ့တော့မျက်နှာလုပ်ကြမှာအဆန်းမဟုတ်ဘူး။
အသုံးကျလားမကျလား ၂၃နှစ်ရှိပြီ၊ တိုင်းပြည်ကိုကြည့်။
အန်အယ်လ်ဒီလည်းမကြာခင်မှာ လူမှုရေးလုပ်ငန်းတွေအတွက်ချပေးတွေငွေတွေနဲ့ ဘဝပျက်တော့မယ်။ မြန်မာ့နိုင်ငံရေးမှာငွေဒဏ်ခံနိုင်တဲ့အဖွဲ့ နဲ့ လူဆိုတာမရှိဘူး။ မယုံရင်ကြည့်နေ ဝိုင်းခိုးရင်း လုံးပါးပါးသွားမယ်။

မှတ်ချက်။ ၊ အန်အယ်ဒီဆိုတာလူထုတိုက်ပွဲဖော်ထုတ်ရန်၊ လူထုတိုက်ပွဲကို ဦးဆောင်ရန်ပေါ်ပေါက်လာတာမဟုတ်သလို၊ ကနေ့ အန်အယ်လ်ဒီရဲ့ ခြေလှမ်းကိုကြည့်ရင်လည်းအဲ့တိုင်းပဲတွေ့ ရမယ်။

အန်အယ်လ်ဒီခံယူထားတာက လူငယ်တွေနဲ့ပြည်သူတွေကိုယ့်ဘာသာ လူထုတိုက်ပွဲဖော်ဆောင် လက်ရှိအစိုးရမျက်ဖြူဆိုက်မှ အန်အယ်လ်ဒီက အစိုးရနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ဆိုတာပဲ၊

အဲ့တော့ဒေါက်တာရေ ကိုယ့်ဘာသာပဲဆက်လုပ်တော့။ ပြောမနေနဲ့ ။ အနာမခံနိုင်ရင်လည်း ကိုယ်တိုင်နဲ့ကိယ့်အမျိုးတွေကို ဝေးဝေးကရှောင်ခိုင်း၊ တော်ကြာ ကောင်းတော့ (လချောင်း ညောင်းတော့လအု) ဆိုသလိုဖြစ်နေတယ် (မယ်)။

channyein said...

the track keeper ခင်ဗျာ.. အတွေ့အကြုံမရှိတဲ့ လူငယ်တွေက ဘာမှကောင်းမွန်တဲ့ အတွေးအကြံမရှိတဲ့ လူကြီးတွေရဲ့နောက်လိုက်ပဲလုပ်ရမှာလား။ ဘာမှမလုပ်ဖူးလို ဘာမှပြောခွင့်လုပ်ခွင့်မရှိရင် အသစ်ဆိုတာ ရှိအုန်းမှာလား။

channyein said...

ငါတို့လုပ်ဖူးတာ မင်တို့ဘာမှမလုပ်ဖူးပဲမလုပ်ခဲ့ပဲ ဘာမှပြောခွင့်မရှိဘူးဆိုပြီး။ ပြောနေသူတွေဟာ စစ်အစိုးရကို လက်တွေ့အကာကွယ်ပေးပြီး တော်လှန်ရေးလမ်းကြောင်းမှာ လူငယ်တွေကို လမ်းပိတ်နေတာ ရောသိကြရဲ့လား။ မလေးရှားက ကျော်ကျော်လူလိမ်ကို nld(la) မွေးထားပြီး ဖေါက်ပြန်နေတာ တွေ့နေမြင်ပါလျှက် လူကြီးတွေကခွင့်ပြုထားတာ လူငယ်တွေဘာမှ မပြောရဘူးလား။

Anonymous said...

ပလာတာကျွေးလို့ ပလာတာမှန်းမသိတဲ့ ချစ်သားတို့။ နောက်ထပ်တဖန် ပလာတာ ထပ်ကျွေးအုံးမယ်။ ထပ်မံ စားသုံးကြကုန်လော့ ချစ်သားတို့။
"ဒေါက်တာကြီးရယ် .... စိတ်မဆိုးနဲ့နော်။
သူများတင်တဲ့ သတင်းတွေ ပို့စ်တွေ လိုက်လင့်ပြီး
တင်တာမှ ဒေါက်တာလွဏ်းဆွေ ဆိုဒ်ဆိုပြီး
လူတွေသိကြအုံးမယ်.. ခုတော့ ထိုင်နေကောင်းသား
ထမှ ကျိုးမှန်းသိတယ် ဖြစ်နေပြီ။ စိတ်မဆိုးနဲ့နော်
အခု ဒီ blogspot ဆိုဒ်တွေ အဖတ်များတာလဲ
ပြည်ပက လူတွေချည်းဖြစ်ဖို့များတယ်။ ပြည်တွင်းက သာမန်အရပ်သားကတော့ ကျော်ခွပြီး အပင်ပန်းမခံကြဘူး ဒေါက်တာရဲ့။ ဒါကြောင့် ဒေါက်တာ ဆိုဒ်ကို သိကြတာကလည်း ပြည်ပက လူတွေပဲများမယ်ထင်တယ်။ ပြည်တွင်းက တော့ နည်းလိမ့်မယ်။ အဲတော့ ဒေါက်တာလွဏ်းဆွေကို တောရောမြို့ပါ မသိကြဘူးဗျာ့။ အဲ... ဒေါ်စုတော့ အကုန်နီးပါးသိနေကြတယ်။ အဲတော့ ဒေါက်တာက ဒေါ်စုတို့ကို ဟောင်းနေပါပြီလို့ ပြောနေတာ အွန်လိုင်းလူနည်းစု သိဖို့ပဲလား။ လူများများ သိစေချင်တယ်ဆိုရင် ဒေါက်တာရဲ့ အသစ်က စချင်တဲ့ နည်းလမ်းကို ကြော်ငြာချင်ရင် ပြည်တွင်းဝင်ပြီ နိုင်ငံအနှံ့လက်ကမ်းစာစောင်တွေ ဝေ ကြော်ငြာမှ ရမယ်ထင်တယ်။ နို့မို့ဆိုလို့က ဒေါက်တာ့ကိုလည်းမသိသလို ဒေါက်တာ ဖြစ်စေချင်တာကိုလည်း သိကြမှ မဟုတ်ဘူး။ နောက်ပြီး ဒေါက်တာက လုံခြုံမှ ပြည်တွင်းထဲ ၀င်မယ်ပေါ့။ ဒေါ်စုတို့ မင်းကိုနိုင်တို့ကြ လုံခြုံမှုတွေ သိပ်မကြည့်ကြလို့ ခဏခဏ အဖမ်းခံကြရတယ်။ အဲတော့ ဒီလောက်ဆို ရှင်းပါ ပြီ။ ဘယ်သူတွေ လက်တွေ့ဆိုတာ။ အဲတော့ ကျနော်တို့ စာဖတ်သူတွေကို အပျင်းပြေရီစရာလေးတွေ ပွဲဆူတာလေးတွေနဲ့ ဖျော်ဖြေတဲ့ ဒေါက်တာကိုကျေးဇူးပါ။အခုတော့ ဒေါက်တာဖျော်ဖြေတာ ပြည်ပက အင်တာနက်ကိုအလွယ်တကူ ၀င်ဖတ်နိုင်တဲ့ လူတွေအတွက်ပဲဖြစ်တဲ့ အတွက် စိတ်မကောင်းပါဘူး။ နောင်များကျ ပြည်တွင်းက အများပြည်သူများအား ဒီလိုဖျော်ဖြေမှုလေးတွေပေးနိုင်ပါစေလို့ ဆုတောင်းလျက်။ "အခုအချိန်မှာဘယ်သူတွေတော့ ဘာလုပ်နေတယ် လက်ညှိုးထိုင်ထိုး ဘေးထိုင်ဘိုင်ပြောနေမယ့်အစား ကိုယ်နိုင်တဲ့ဖက်က ရတဲ့နည်းနဲ့တိုက်ကြတာ အကောင်းဆုံးလို့ ပဲ"/ မန့်ရမှာ ပျင်းလို့ အရင်မန့်ထားတဲ့အတိုင်း ပြန်ကူးပြီး ပလာတာယိုသုတ်ပြီးကျွေးလိုက်တယ်။ ပြီးရင် ပလာတာ ... ပလာတာ... ပလာတာ ဟု သုံးကြိမ်သုံးခါ အော် ဟစ်ကြကုန်လော့။ ချစ်သားတို့။

g|-|0$7 said...

စစ်အစိုးရကို မကောင်းဘူးပြောတာ ၀သွားတော့ ဒေါ်စုနဲ့ NLD မကောင်းဘူးဆိုတဲ့ ဘက်ကိုရောက်သွားပြီ… နောက် ၁၀ နှစ်လောက်ကြာလို့ မြန်မာနိုင်ငံကြီးဘာမှမဖြစ်လာရင် ပြည်သူတွေမကောင်းဘူးလို့ ထပ်ရေးလိမ့်မယ်… သူကတော့ အမြဲတမ်းအကောင်းကြီးပဲ… ထောက်ပံ့ကြေးတွေနဲ့ အကောင်းတွေစားနေရတာဆိုတော့လည်း နားလည်းပေးပါတယ်… စားရေးသောက်ရေးအဆင်ပြေအောင် ဆောင်းပါးတွေ ဆက်ရေးပါဦးခင်ဗျာ

လင်္ကာ said...

ဒေါက်တာလွမ်းဆွေက
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ 
အစီအစဉ်ရပ်လိုက်ပါလို့ အကြံပေးသလို
ကျနော်ကလည်း အာရပ်လှိုင်းကိုအမှီလိုက်ကြစို့ 
ဘာညာဆိုပြီးတင်ထားတဲ့ ဟာကြီးကို ဖြုတ်ပစ်လိုက်
ပါလို့ အကြံပေးချင်တယ်။ ရှက်ဖို့ ကောင်းတယ်လေ။
ရိုးရိုးသားသားနေပါဗျာ။
ခုလောက်ဆိုခင်ဗျားသဘောပေါက်သင့်ပါပြီ။
လူထုတိုက်ပွဲဆိုတာ ခင်ဗျားထင်သလောက်မလွယ်
ဘူးဆိုတာ။
ခင်ဗျားချပြတဲ့ တိုက်ပွဲကို လူထု ၁၀၀
လောက်ခင်ဗျားနောက်ကလိုက်ပြီးလုပ်တဲ့
နေ့ ရောက်ရင်
ကျနော့်စကားကိုကျနော်ပြန်ရုပ်သိမ်းပါ့မယ်။
ထပ်ပြီးစေတနာနဲ့ ပြောချင်ပါတယ်။
ရိုးသားပါ။ လူတွေဟာခင်ဗျားထင်သလောက်
မညံ့ကြဘူး။

Unknown said...

ဒေါ်စုကိုထောက်ခံသလိုနဲ့ စစ်အစိုးရပြိုပျက်မှာစိုးလို့ ဟိုဟာကလုပ်လို့မလွယ်ဘူး ဒီဟာကလုပ်လို့မရဘူးနဲ့။ ဘာမှမလုပ်ချင်တဲ့သူတွေချည်ပဲ။ အာရပ်မှာရော လွယ်လို့ဖြစ်သွားထင်နေလား။ မင်းတို့လိုစိတ်ဓါတ်မျိုးနဲ့ ဒေါ်စု အယောက်၁၀၀ ပေါ်ရင်တောင် မြန်မာပြည်လွတ်မြောက်မှာမဟုတ်ဘူး။

Unknown said...

ဒေါက်တာလွမ်းဆွေကိုပဲတိုက်မနေနဲ့ မင်းတို့ကျော်သူအောင်ကိုကြတော့ ကြောက်နေကြတာ ရယ်စရာပဲ