Friday, May 27, 2011

ဘလော့ဂ်အီးမေးလ်သို့ ပေးပို့လာသော နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးတောင်းဆိုလှုပ်ရှားမှုနှင့် ပတ်သက်သည့် စာတစောင်

ပေးပို့သူ - မင်းနိုင် 
မေလ (၁၁) ရက် ၂၀၁၁ ခုနှစ်

ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ အခုလက်မှတ်ထိုးတောင်းဆိုလွှာထဲမှာ ကလိန် စေ့ငြမ်းဆင် အရေခြုံရုပ်သေးအစိုးရအဖြစ်ပေါ်ပေါက်လာတဲ့၊ စစ်ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်ပြောင်းထားတဲ့ ဖိနပ်စာ သိန်းစိန်ကို သမ္မတကြီးခင်ဗျာ၊ president ဆိုပြီး ခေါ်ဝေါ် ချော့မြှောက်ပင့်ထားပေမယ့် တိုင်းပြည်နဲ့ ပြည်သူလူထုကို တချက်မှ ဂရုမစိုက်တဲ့ ရုပ်သေးသမ္မတကို ကျနော့်အနေနဲ့ သမ္မတအဖြစ် အသိအမှတ်မပြုတဲ့ အတွက် “သမ္မတကြီး ... သမ္မတကြီး” ဆိုပြီး လိပ်မူရေးထားတဲ့အထဲ လက်မှတ်မထိုးနိုင်ပါဘူး။ ထိုးသူများရဲ့ ဆန္ဒနဲ့ တထပ်တည်းရှိပါတယ် (အကျဉ်းသားများ လွတ်မြောက်စေချင်တဲ့ဆန္ဒပါ)။ ထိုးသူများကို မစော်ကားပါ။

ကိုမင်းကိုနိုင်တို့ နောက်ဆုံးအကြိမ် (၆၅) နှစ် ထောင်ထပ်မကျခင် အဖြူရောင်ကမ်ပိန်းနဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာ အာလုံးမှတ်မိကြမယ်ထင်ပါတယ်။ အဲဒီအချိန်က လက်မှတ်ပေါင်း သိန်းချီ စု ဆောင်းရရှိပြီး စစ်အစိုးရထံ ပေးပို့တောင်းဆိုခဲ့ဖူးပါတယ်။ အဲဒီလို တောင်းဆိုအပြီးမှာ အထဲကလူတွေ မလွတ် တဲ့အပြင် ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေကို အဆမတန် (၆၅) နှစ် အပြစ်ပေးခဲ့တာ ယနေ့အထိပါ။

လွန်ခဲ့တဲ့ (၂) နှစ်ခန့်က AAPP က ကိုတိတ်နိုင် အကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ထိုးတောင်းဆိုလွှာ တွေ နယူးယောက်က ယူအင်ရုံးမှာ လာရောက်ပေးပို့ တောင်းဆိုခဲ့တာ လမ်းစာရိတ် ဒေါ်လာထောင်ကျော် ကုန်သွားတာပဲ အဖတ်တင်တယ် ဘာမှဖြစ်မလာခဲ့ဘူး။ တိုက်ကွက်အသစ်တွေနဲ့ လူထုလွတ်မြောက်နိုင်မယ့် လမ်းကြောင်းမျိုး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖောက်ထွက်ပြီး လမ်းပြစေချင်ပါတယ်။ လှေကြီးထိုး ရိုးရိုး သွားလို့ မရတော့ဘူးဆိုရင် အခြားလမ်းကြောင်းမျိုးနဲ့ အာဏာရှင်ကို ဖြုတ်ချနိုင်အောင် ကြိုတင်မှန်းဆထား သင့်ပါတယ်။ အခုလက်မှတ်ထိုးလွှာ (၃) လအတွင်း မလွှတ်ရင် ဒုတိယအဆင့်အနေနဲ့ ဘာထပ်လုပ်မယ်ဆို တာမျိုး အဆင်သင့်ရှိထားဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ မလွှတ်မချင်း တောင်းဆိုနေမယ်ဆိုရင်တော့ဖြင့် သိပ်မဟန်သေးဘူးလို့ ရိုးသားစွာ အကြံပြုချင်ပါတယ်။ ကျနော့်အမေထက် အသက်ကြီးတဲ့ ဒေါ်စုကို လေးစား လျက်ပါ။

လေးစားထိုက်သူ အားလုံးကို အစဉ်လေးစားလျက် ...
MN

မှတ်ချက် ။ ။ အကျဉ်းသား လွှတ်ပေးဖို့ သိန်းစိန်(ရုပ်သေးအစိုးရ)ကို လက်မှတ်ထိုးတောင်းဆိုနေရင်း ဗိုလ် ကြီးဟောင်းနေမျိုးဇင်ကို စစ်ကြောရေးကနေ အင်းစိန်ထောင်ပို့၊ တရားရုံးထုတ် အမှုစစ်နဲ့ လုပ်နေတာတွေဟာ ရန်သူက သူ့အလုပ်သူလုပ်နေတာပါ။ ကျနော်တို့ဘက်က ရန်-ငါ စည်းမပြတ်ဘဲ ဆက်သွားနေလို့ကတော့ လမ်းမလျှောက်တတ်သေးတဲ့ ရုပ်သေးအစိုးရကို လမ်းလျှောက်တတ်တဲ့အထိ အချိန်တွေပေးပြီး ပြေးလွှား စော်ကားတဲ့အထိ ဖြစ်လာဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးထားသလို မဖြစ်စေချင်ပါ။ အခြေမခိုင်ခင် အပြတ် လှဲနိုင်မယ့် နောက်ဆုံးတိုက်ကွက်မျိုးကို ဦးစားပေး စဉ်းစားစေချင်ပါတယ်။

(ဂရုမေးလ်တခုက ဝင်လာတဲ့ လက်မှတ်ထိုးဖို့ လှုံ့ဆော်စာကို ကျနော် ပြန်ရေးလိုက်တာပါ။)

6 comments:

M said...

If you have any other better idea, you or whoever is welcome straightaway to do it inside the country.
And people might support & follow you if they think you were able to lead them to organize a peaceful, tranquility, safe and developed country.
Its easy to critize, but difficult to do.
Anyway, whoever can do whatever, whenever in order to escape our country from fake new Government controlled by Military or Than Shwe.
So, please do not hesitate to do so if you have any way to save our country.
You would be really really welcome by us, pepole who are suffering more than 50 years under so damn Military ruling Junta or Fake new government (Thein Sein's Government)

လင်္ကာ said...

တောင်းဆိုရမှာပေါ့။ တောင်းဆိုတာဟာ
လူထုကိုလှုံ့ ဆော်မှုပဲ။
ထောင်ထဲမှာ နိုင်ငံရေး
အကျဉ်းသားတွေ ရှိနေတယ်ဆိုတာ
မမေ့ဖို့ သတိပေးတာပဲ။
ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးပါလို့ လက်မှတ်ထိုးရဲ တဲ့ 
မြန်မာနိုင်ငံသား
ဘယ်လောက်ရှိမယ်ထင်သလဲ။
သန်း၂၀ ရှိရင် နိုင်ငံရေးအကျဉ်းသားတွေလွတ်ပြီ။
.(သမ္မတကြီး ... သမ္မတကြီး” ဆိုပြီး လိပ်မူရေးထားတဲ့အထဲ လက်မှတ်မထိုးနိုင်ပါဘူး။ အကျဉ်းသားများ လွတ်မြောက်စေချင်တဲ့
ဆန္ဒပါရှိပါတယ်)လို့ ဆိုတယ်။
ဒါဆိုလွယ်လွယ်လေးပါ။မင်းနိုင်ဆိုတဲ့  ကိုယ့်လူကဘယ်မှာနေတာလဲ
ပြည်တွင်းမှာလား။ပြည်ပမှာလား။
ပြည်တွင်းမှာဆို
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက်
တကိုယ်တော်ဆန္ဒပြပေါ့။
ပြည်ပမှာဆိုလည်း မြန်မာပြည်ပြန်ဝင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး
ဆိုပြီးတကိုယ်တော်ဆန္ဒပြပေါ့။
မခက်ပါဘူး။ ခက်တာက ကိုယ့်လူက
အတွေးအခေါ်ရှုပ်ထွေးပြီးဆရာကြီးလုပ်ချင်နေ
ကခက်တာ။
ဒေါ်အောင်ဆန်းစုကြည်ကိုတောင်
ဆရာလုပ်လိုက်သေးတယ်။ ဟေးဟေး
မင်းကိုနိုင်ရော ကိုတိတ်နိုင်ပါမကျန်ဘူး။
သူတို့ လုပ်တာ မအောင်မြင်ဘူးဆိုရင်
ကိုယ့်လူလုပ်ကြည့်ပေါ့။
လုပ်ကြည့်တော့သိမှာပေါ့။ သူတို့ ထမ်းတဲ့
၁၀ပုံတပုံ
ခင်ဗျားထမ်းနိုင်ရင် အာဂလူပဲ။

burma said...

အော် လွန်းဆွေရယ် မင်းလုပ်ချင်တာကို နံမယ် အမျိုးအမျိုးတတ်ပြီး ရေးနေတာပါလား ။ ပြောတာက လူတိုင်းတတ်တယ် မင်းကိုယ်တိုင်လုပ်ကြည့်ပါလား။ မင်းကဘာကောင်လဲ လူထုခေါင်းဆောင်ကို ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်နဲ့။

June said...

ပြောပြလိုက်မယ်
နိုင်ငံရေးအကျဉ်းသမားတွေတကယ်လွတစေချင်လား..!
ပြည်ပမှာနေတဲ့ကောင်တွေက တိုက်မြင့်မြင့်တွေပေါ်ကနေ
ခုန်ချသေ... (ဥမပမာ မင်းတို့ အားကိုးနေတဲ့ ယူအန်ရုံးပေါ်ကနေ ခုန်ချသေ ဒါမှမဟုတ် you can jump from any of international community's buildings...
ပြည်တွင်းမှာနေသူတွေက ကိုယ့်ကိုယ်ကို မီးရှို့ သေူ...
အဲဒါဆိုလွတ်ျလာလိမ့် မယ်

bobo said...

We agreed not to reconize the USDA/SPDC as sincere or justic Government.

We must go ahaed for the clearly positive result of Denocracy.

In 1962-1988, 1988-2010 spoken the words are same and "CHEATING COUNTRY" groups are saying again to contribute.

"We donot trust" Please speeding -up with all Demo Groups and National Arm Groups.

The China is planting the "Drug" inside Burma and "JUNTA" must know the real using our country as "Stepping Stone" and using the "Burma as their battle Ground"

Now, China most of investment are going through Drug traders and our Burma is using Junta and China as Stepping Stone.
(connection of Lao Sit Han and families from Hong Kong).

Bo Tha Khin Gyi

Thihathura said...

whatever you said, even if a tiny against to daw suu, you will be get bad reaction form the daw suu supporter (blind supporter)
that's why, than shwe and thein sein group are still alive.