Tuesday, May 24, 2011

မြန်မာ့အရေးလှုပ်ရှားသူ နန့်ဇိုယာဖန်းနှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

3 comments:

mg said...

မြန်မာ့မြေပေါ်မှာပဲ အခြေချနေတဲ့သူတွေကိုပဲ တွေ့ဆုံမေးမြန်းတာက နိုင်ငံရဲ့ ပကတိအခြေနေတွေနဲ့ ထပ်တူကျမှာပါ။ကိုယ့်မြေကိုယ့်ရေပေါ်မှာမရှိတဲ့ ပြင်ပက သူတွေကို သွားမေးလို့ ဘာသိမှာလဲ။သူတို့သိတာ ဟောင်းနွမ်းကြာမြင့်နေပြီဖြစ်သော သူတို့တိုင်းပြည်က မထွက်ခင်က မြင်ခဲ့တွေ့ခဲ့တဲ့ အရာတွေ လက်ရှိ မီဒီယာတွေကနေတစ်ဆင့် ယောင်ဝါးဝါးဟာတွေပဲ လေဖမ်းပြီး ပြောနေကြတာပါ။

နောက်ဆုံးတော့ ဒီအစိုးရမကောင်းကြောင်းတွေနဲ့ပဲ ပြောဆိုပြီး နိဂုံးချုပ်ရတာပါပဲ။အတိုက်ခံတွေရေးတဲ့ သတင်းတွေတိုင်းမှာ အပေါ်က ဘယ်လောက်ပဲ ကောင်းနေအောင်ရေးရေး နောက်ဆုံး နိဂုံးပိုဒ်ရောက်ရင်တော့ ထုံးစံအတိုင်း ဝေဖန်လေကန်ပြီး ပြစ်တင်သွားတာကြည့်ပါပဲ။မဝေဖန် အပြစ်မပြောရရင် မနေနိုင် မစားနိုင် စားမ၀င် အိပ်မပျော်ကြဘူးထင်ပါရဲ့။

mg said...

ဘယ်အရာကိုပဲ ဆွေးနွေး ဆွေးနွေး အကောင်းနဲ့အဆိုး အကျိုးနဲ့အပြစ်ကို ဒွန့်တွဲပြီး နှိုင်းယှဉ်ဆွေးနွေးရမှာပါ။

ပထမဆုံးက ကောင်းမွန်လာတဲ့ အကျိုးတွေကို ဆွေးနွေးရမယ်။ဒုတိယက အခုလို ကောင်းမွန်လာသော်လည်း တစ်ဖက်မှာ အားနည်းချက် ချွတ်ယွင်းချက်တွေက ဒီလိုတွေ ရှိနေသေးတယ် စသဖြင့် အဆိုးနဲ့အကောင်း အကျိုးနဲ့အပြစ်ကို နှိုင်းယှဉ်ပြီး ဆွေးနွေးမှ ပရောဖက်ရှင်နယ် နိုင်ငံရေးသမားကောင်းတွေပီသမှာပါ။

အဲလိုမဟုတ်ပဲ အကျိုး ကောင်းတာတွေကို ပစ်ပယ် မကြိုဆို မေ့ပစ်ပြီး မကောင်းကွက်တွေကိုပဲရှာပြီး ပြောနေလို့ကတော့ နိုင်ငံရေးသမားကောင်းဖြစ်လာမှာမဟုတ်ဘူး။

နိုင်ငံရေးသမားကောင်းကြီး ဦးသုဝေ တို့ကို အတုယူပါ။

ဘုန်းကျော် said...

ဇိုရာဖန်းက တည်ငြိမ်းပြီးတော့...မေးတဲ့ လူက အရှုးလိုပဲ...DVB မှာ အတွေ့ အကြုံရှိတဲ့လူတဲ့ မရှိတော့ဘူးလား