Thursday, May 19, 2011

ဆေးကုလာဖို့ ဒေလီသို့ ...

ဆေးကုလာဖို့ ဒေလီသို့ ...
ဒေါက်တာတင့်ဆွေ

ဆေးကျောင်းရောက်အောင် လိုအပ်တဲ့ အရည်အချင်းတွေ ငယ်ငယ်ကတည်းက ရှိခဲ့တယ်လို့ ပြောရမလားမ သိပါ။ တအချက်ကတော့ အမြင့်ခုန် ဝါသနာပါခဲ့တာပါ။ ဝါးလုံးထောက်ခုန် (ပိုးလ်-ဂျမ့်) ပေါ့။ တနေ့တော့ ထောက်ကျင်း မထောက်မိဘဲ ခုန်လိုက်တာ ချော်ကျလို့ ခုနစ်တန်း ဖြေပြီး ကျောက်ပတ္တီးစီးရပါရောလား။ အဲဒီ တုန်းက အိန္ဒိယလူမျိုးဆရာဝန်ကို စမ်းသပ်ခဆိုလား (၁၆) ကျပ် ပေးရတဲ့ခေတ်။ ဆေး-ကျန်းမာရေး-ဆရာဝန် နဲ့ စတင်မိတ်ဆက်နိုင်ခဲ့တယ်။

နေခဲ့ရတဲ့ မုံရွာ စတိတ်-တူးကျောင်းက ဆေးပညာနဲ့ ပိုနီးတယ်။ စတိတ်-ဝမ်းတွေ၊ သရီးတွေက ကြိုက်ချင်မှ ကြိုက်မှာ။ အဟုတ်ပြောတာပါ။ ဝမ်းက ဈေးနဲ့ နီးပြီး စတိတ်-သရီးက လမ်းမ ဘေးမှာ။ တူးကျောင်းက ဆေးရုံ ကြီးနဲ့ ကပ်လျက်။ ၆ တန်း၊ ၇ တန်းတုန်းက နေရတဲ့ အခန်းတွေဟာ ဆေးရုံရဲ့ Morgue (Mortuary) ရင်ခွဲရုံနဲ့ အနီးဆုံး။ လူသေတွေ သွင်းတာ၊ ထုတ်တာ ကြည့်ရဲတဲ့ ကျောင်းသား ကြည့်။ ရေခဲတိုက်လို့တော့ ခေါ်မရဘူး။ အနံ့တွေက ထောင်းကနဲ၊ ထောင်းကနဲ။ ဆေးကျောင်း မရောက်ခင် ပွဲမဝင် ပြင်ကျင့်ခွင့် ရခဲ့တာပေါ့။

ကျောင်းကနေ အလုံလမ်းဘက် ထွက်ရင် ဆေးရုံဘေးက သွားရတယ်။ ဆေးရုံက ပစ်ထားတဲ့ အမှိုက်တွေထဲ ပုလင်းခွံတွေ အတိုင်းသားပေါ့။ အဲဒီခေတ်မှာ ဆေးရုံစွန့်ပစ်ပစ္စည်း ဘယ်လိုစွန့်ရမလဲလို့ ဝက်ဘ်ဆိုက်တွေမှာ မရေးသေးဘူးမို့လား။ Medical waste disposal systems ဆိုတာတောင် တင်တာ မကြာလှသေးဘူး။ ကျ နော့်အဖို့ နှာခေါင်းယဉ်စေတဲ့အတွက် ကျေးဇူးရှိပါတယ်။

ပုလင်းခွံတွေထဲမှာ ပနယ်စလင်တွေက အများဆုံး။ ဒီဆေးကို အခု မဖြစ်မှ သုံးကြတော့တယ်။ အိုင်းယင်း-ဖ လေးမင်း စတွေ့တာ အခုဆို နှစ် (၈ဝ) ရှိသွားပြီပေါ့။ စပေါ်တော့ ဘာရောဂါအတွက် စွမ်းသလဲဆိုရင် “ဂနိုးရီး ယားကို လေးနာရီအတွင်း အပျောက်ကုမည်” ဆိုပြီး ကြော်ငြာနိုင်ခဲ့ပါတယ်။ တကယ်အစွမ်းထက်တာကလား။ အခုတော့ Penicillin နောက်မျိုးဆက်တွေက နေရာယူနေပါပြီ။ အင်ပစလင်၊ အမောက်ဆာစလင် ဆိုတာတွေ က ပနယ်စလင်ကနေ ဆက်တွေ့လာတာတွေပေါ့။ အခုဆို Cef စာလုံးတွေနဲ့ စတဲ့ ပဋိဇီဝဆေးဆိုတာ ပဉ္စမမျိုး ဆက်အထိရောက်နေပြီ။ အတော်လည်း စွမ်းကြတယ်။

ဆေးမျိုးဆက်သစ်တွေ ပေါ်သလို ရောဂါမျိုးဆက်သစ်တွေလည်း ပေါ်လာတယ်။ အရင်က ခေါ်ခဲ့တဲ့ ဂနိုရီး ယားဟာ ကာလသားရောဂါ VD ဆိုတာတွေထဲက နာမည်ကြီးပေါ့။ သူ့အပြင် ရှန်ကာ၊ ဆစ်ဖလစ်။ နောက်ပေါ် ဖြစ်လေ ဆိုးလေ။ အဲလိုပဲ ရောဂါတွေကလည်း ခေတ်ဟောင်း၊ ကာလပေါ်တွေ၊ နောက် ဟစ်ပ်ဟော့ခ်တွေ ရောက်လာနေပြီ။ လူငယ်လူရွယ်တွေက အသစ်ဆိုရင် ချက်ချင်း ကြိုက်ချင်ကြတာကိုး။

ကျား-မ၊ ကျား-ကျား အတူနေတာကနေ ကူးတဲ့ရောဂါ STD/STI တွေမှာ အသည်းရောင် B ဆိုတာက ခေတ် မီသူတိုင်း သိကြတဲ့ (HIV) ထက် အဆတရာ အကူးမြန်တယ်။ အတူနေကြတာရော၊ ဆေးထိုးအပ်ကရော၊ အ မေကနေ သူ့ကလေးရော ကူးတတ်တယ်။ C ပိုးကတော့ သွေးကနေ ပိုကူးတယ်။ အသည်းကို ပိုပြီး ပျက်စီး စေတတ်တယ်။ ဘာဖြစ်ဖြစ် မသက်သာပါ။ မသိလို့လည်း မဖြစ်ပြန်။ ဖြစ်ပြီဆိုရင် Liver transplantation အ သည်း အစားထိုးရတဲ့ကိန်းဆိုက်ရော့။

တဆင့်စကား၊ တဆင့်နား ပြောလိုက်ကြပါ။ အိန္ဒိယမှာ အသည်းလာလဲကြတဲ့ ဗမာပြည်က လူတွေ ပြတ်တယ် မရှိဘူး။ အသည်းလဲဖို့ ဒေလီကို လာကြတယ်။ ကျောက်ကပ်လဲသူတွေဆို (ကိုလ်ကတ္တား) ကို လာတတ်ကြရ တယ်။ အရင်အခေါ် ‘မဒရပ်’၊ အခု ‘ချနိုင်း’ ကို နှလုံးခွဲစိတ်လာကုသူ ကောင်းပြီး ပြန်သွားတော့ ပြောတာက ဘန်ကောက်၊ စင်္ကာပူမှာထက် တဝက်လောက် အကုန်အကျသက်သာသတဲ့။

အသည်း-ကျောက်ကပ် လှူတာက ‘ရွှေဝါရောင်’ တွေ များတယ်။ ဘုန်းဘုန်းတွေပေါ့။ ကူမဲ့ညီမဲ့ ဒေသခံ ‘ရွှေ’ တွေလည်း ရှိပါတယ်။ အလိမ်ခံရသူတွေလည်း မရှားဘူး။ လိမ်တဲ့ထဲမှာ ‘ကုလားရွှေ’ တွေ ပါတယ်။ တချို့သာ ပါ။ တကယ်တော်တဲ့ မြန်မာပြည်ဖွား ကုလားသွေးပါသူတွေ အတော်များများက ဘာသာစကားအရာသာမက စေတနာမှာ သာကြသူတွေနဲ့ တွေ့ရင် ကံကောင်းလိမ့်မယ်။ တောင်ပိုင်းမဒရပ်စ်က မိတ်ဆွေတဦးကတော့ ဆေးလာကုတဲ့ မြန်မာပြည်သားတွေ အကူအညီလိုရင် ပြောပါတဲ့။ အခမဲ့ ကုသိုလ်ယူချင်လို့ ပြောထားတယ်။

မကြာသေးခင်က အိန္ဒိယနိုင်ငံသားတဦး မြန်မာပြည်သွားရင်း ကွယ်လွန်တယ်။ ဥပဒေဆိုလား သတ်မှတ်ချက် ဆိုလား တရားဝင်လာတဲ့ တာဝန်ရှိသူတဦး နေမကောင်းရင် အစိုးရဆေးရုံမှာသာ ကုသခွင့်ရှိသတဲ့။ ရောဂါ ကြောင့် မဟုတ်ရဘဲ ဆက်တွဲဖြစ်တဲ့ ပိုးဝင်ရာကနေ သေဆုံးသွားရရှာတယ်။ Disposable တခါသုံး အသုံးအ ဆောင်ဆိုတာမျိုးတွေ လုံလောက်အောင် မသုံးခဲ့တဲ့ အထောက်အထား စကားတွေ သိရလို့ မြန်မာပြည်မှာ ပြင်ဖို့ကောင်းတဲ့ ဥပဒေတွေ၊ သတ်မှတ်ချက်တွေကြောင့် အသက်ပေးရတယ်လို့ပြောရင် လွန်ရာမကျလောက် ပါ။

တိုက်ဆိုင်မှုတခုလို့ ပြောရမှာပဲ။ မရှေးမနှောင်းမှာ မြန်မာပြည်သားတဦး နယူးဒေလီမှာ ဆေးလာကုရင်းနဲ့ ကွယ်လွန်သွားတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ ကြိုက်တဲ့ဆေးရုံမှာ စိတ်ကျေနပ်လောက်အောင် ဆေးကုသွားနိုင်ခဲ့ ပါတယ်။

အိန္ဒိယကိုလာပြီး ဆေးကုတဲ့ လူနာတွေက ဒေါ်လာ (၁) သောင်း၊ (၂) သောင်း၊ လွယ်သူ၊ ရှိသူ၊ ရှာနိုင်သူတွေ ပါ။ ဆေးရုံအနီးအနား အိမ်တွေမှာ ခေတ္တခဏ တည်းခိုပြီး၊ ဆေးကုကြရတယ်။ ကျောက်ခေတ် နံရံဆေးရေး ပန်းချီတွေဟာ အဲဒီခေတ်က လူသားတွေ ဘယ်လိုဟာတွေလဲလို့ သိစေနိုင်တယ်။ ခုခေတ်မှာလည်း ဒေလီ ဆေးရုံဝန်းကျင်က အိမ်နံရံတွေကလည်း တည်းခိုသွားတဲ့ မြန်မာပြည်က လူတွေအကြောင်း ကောင်းကောင်း ပြောပြနေတယ်။ တိုင်းပြည်ဖခင် နာမည်ကို ရေးသွားသူလည်း ရှိတယ်။ နောက်ရောက်လူနာက အဲဒါကို အ တင်းဖျက်ခိုင်းတာလည်း ရှိတယ်။

ရောဂါဝေဒနာတွေကတော့ ဘယ်သူ့ကိုမှ မညှာဘူး။ လေးစားရမယ့်ပုဂ္ဂိုလ်မျိုးကို အောက်မေ့သူရဲ့စိတ်သန္တာန် မှာ လေးစာမှု၊ ကြည်ညိုစိတ်တွေ ရှိနေပါလိမ့်မယ်။ နောက်တယောက်မှာ မနာလိုမှု၊ မုန်းတီးစိတ်တွေ ဖြစ်နေ နိုင်တယ်။ ဆရာဝန်တွေ မတတ်နိုင်တဲ့ ရောဂါမျိုးဖြစ်လာရင် ကံကောင်းနေဖို့ လိုတယ်။ ကံတရား ကောင်း အောင် စိတ်ထားကောင်းရပါလိမ့်မယ်။

“အားလုံး ကံကောင်းကြပါစေ။”

ဒေါက်တာတင့်ဆွေ

3 comments:

Maryar said...

ရေးတာကလည်း ကဘောက်တိ ကဘောက်ချာ ဘာကို ဆိုလိုချင်တာလဲမသိ။ ဘာရေးချင်တာလဲ မသိ ဟိုရောက်ဒီရောက်နဲ့..

ကျော်သုည said...

ဘာသာပြန်ဆောင်းပါးထင်တာပဲ ၊ ကျနော်လဲ နားမလည်ဘူးဗျာ။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ-
စိတ်ထဲရှိတာတွေရေးချလိုက်တာနေမှာပါ-
မုံရွာငွေ့ အသက်ကလေးပါသွားလို့ လွမ်းမောစွာဖတ်သွား
ပါတယ်ခင်ဗျာ-