Tuesday, April 19, 2011

ဒီနေ့ စုရပ် DAB

ဦးအေးဆောင်
သိန်းစိန်အစိုးရတု ပေါ်လာလို့ တွေနေတဲ့ မိတ်ဆွေတွေကို ရှင်းပြချင် တယ်။ ဘာကြောင့် DAB လဲ ဆိုတော့ DAB မှာ သမိုင်းရှိတယ်။ NDF က DAB ကို ဖြစ်လာစေတယ်။ လူမျိုးစုတွေနဲ့ ဒီမိုကရေစီအင်အားစု တွေ ပေါင်းစည်းရမယ်ဆိုတာကို သဘောပေါက်ခဲ့ကြတယ်။ ဒါပေမယ့် ‘သံသယနဲ့’။ ဒီတော့ NDF က ရှိတုန်း။ အပြိုင်လို ဖြစ်ခဲ့တယ်။ အပြိုင် လိုလိုဖြစ်တာတွေ နောက်ပိုင်းမှာ အများကြီး။ ဒါပေမယ့် အနှစ်သာရ မတူပါ။ ဒီမိုကရေစီအင်အားစုနဲ့ လူမျိုးစုတွေ ပေါင်းစည်းမှုရတာဟာ ရှစ်လေးလုံးရဲ့တွန်းအားပါ။ သွေးသံတွေနဲ့ ရင်းခဲ့ရတာပါ။ ရှစ်လေးလုံး မရှိရင် DAB ရှိမှာ မဟုတ်ပါ။ ပေါင်းစည်းမှုအမြင်ရဖို့ဟာ တန်ဖိုးကြီးလှ ပါတယ်။ ဒီတန်ဖိုးကို အခု သိပ်မသိကြသလိုပါပဲ။ ၀မ်းနည်းစရာပါ။

လူမျိုးစုကလည်း လူမျိုးစုမှ လူမျိုးစု၊ ဒီမိုကရေစီအင်အားစုတွေကလည်း ဒီမိုကရေစီအင်အားစုမှ အင်အားစုဆို တဲ့ သဘောထားတွေ ပေါ်ပေါက်နေကြတယ်။ ဒီတော့ ရှစ်လေးလုံးကနေ ရလိုက်တဲ့ အမွေပေါင်းစည်းမှု DAB ရှိနေပေမယ့် မမြင်ကြတော့ဘူး။ ပျောက်အောင် ဖျောက်ချင်သူတွေကလည်း ကိုယ်အကျိုးစီးပွားတခုတည်း အမြင်နဲ့ လုပ်နေကြတယ်။

ဖြစ်ရတဲ့ အကြောင်းအရာတွေကို ရှင်းရရင် ရှည်လျားနေဦးမှာမို့ DAB ပေါ် မဏ္ဍိုင်ထားပြီးပဲ ပြောပါရစေ။

DAB ရဲ့ အခြေခံမူလေးချက် 

၁။ စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး။
၂။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရေး။
၃။ ပြည်တွင်းငြိမ်းချမ်းရေး။
၎။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ... တို့ပါ။

ဒီမူဟာ ဒီနေ့အထိ NDF, DAB, NCUB ကိုင်စွဲထားတဲ့ မူပါပဲ။ ဒီတော့ ဘာကြောင့် မစုစည်းမိသလို ဖြစ်နေလဲလို့ မေးစရာရှိတယ်။

ရှစ်လေးလုံးက ပေါ်ထွန်းခဲ့တဲ့ စိတ်ဓာတ်တွေဘာကြောင့် မေးမှိန်လာရသလဲ။ ပေါင်းစည်းမှုတွေဟာ အဖွဲ့အရ ပေါင်းတာ နိုင်ငံရေးအရ မပေါင်းဘူး။ လုပ်ငန်းအရ ပေါင်းစည်းတယ်။ သဘောထားက မပြောင်းဘူး။ ဒီတော့ ပိုပို ဝေးလာကြတယ်။ ဒီကြားထဲ သပ်လျှိုဖြိုခွဲသူတွေကလည်းရှိ၊ နေရာလုပ် ဖျာခင်းသူတွေကလည်းရှိတော့ တပ်ပေါင်းစုတွေ မူလ လျော့ရဲရဲက ပြိုကွဲသလို ရှိနေတော့တယ်။ ဒါပေမယ့် သဏ္ဍာန်အရ ရှိနေတုန်းပဲ။ ဒီသ ဏ္ဍာန်ကနေ အကောင်အထည်စစ်စစ် ပီသအောင်လုပ်ဖို့က ကျနော်တို့အလုပ် ဖြစ်နေတယ်။

များစွာသော ပုဂ္ဂိုလ်တွေက တပ်ပေါင်းစုတွေအပေါ် မကြေမချမ်းဖြစ်တာတွေကို ကျနော် စာနာနားလည်နိုင်ပါ တယ်။ ဒီတော့ ကျွန်တော်တို့ ဘယ်က စလုပ်မှာလဲ။ ထိုင်ဆဲနေရုံတော့ မရဘူး။
DAB အကြောင်းကို သိစေချင်ပါတယ်။ DAB က ...

၁။ ရှစ်လေးလုံးရဲ့အမွေ ဖြစ်တယ်။
၂။ လူမျိုးစုနဲ့ တိုင်းရင်းသားတွေရဲ့ပေါင်းစည်းခြင်းဖြစ်တယ်။
၃။ NCGUB ကို ဖွဲ့ပေးခဲ့တယ်။
၎။ ထီးဖားဝီးကျိုးတိုက်ပွဲမှာ တိုက်ပွဲဝင်ရင်း မာနယ်ပလောကို ကာကွယ်ခဲ့တယ်။
၅။ ရန်သူနဲ့ စေ့စပ်တဲ့ အဖွဲ့တွေကို ထုတ်ပယ်ခဲ့တယ်။
၆။ ၂၀၀၈ နအဖဖွဲစည်းပုံနဲ့ နအဖရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တယ်။
၇။ တော်လှန်ရေးအစိုးရ ပေါ်ပေါက်ရေးအတွက် တော်လှန်ပါလီမန်ကို ထောက်ခံတယ်။
၈။ စစ်ရေးလှုပ်ရှားမှုတွေ ပြန့်နှံ့ရေးအတွက် ကြိုးပမ်းနေတယ်။
၉။ တပ်ပေါင်းစုတွေနဲ့ ဆက်စပ်မှုကို သိပ်သည်းကျယ်ပြန့်အောင် ပြုလုပ်နေတယ်။

ဒါတွေက အတိတ်နဲ့ လက်ရှိလုပ်ပြီးခဲ့တာတွေ၊ လုပ်နေတာတွေပါ။ စေ့စပ်ရေးနဲ့ပတ်သက်တဲ့ DAB ရဲ့သဘော ထားဟာ မှန်ကန်တဲ့ လမ်းစဉ်သဘောထားဖြစ်တယ်ဆိုတာကို အခုလို (၁၇) နှစ်လောက်ကြာမှာ သက်သေပြ နိုင်ခဲ့ပါတယ်။ DAB ဟာ နိုင်ငံရေးအရ၊ အတွေ့အကြုံအရ ရင့်ကျက်ခဲ့ပါပြီ။ DAB ဟာ အဖွဲ့ဝင် အဖွဲ့အစည်းများ နဲ့ ဖွဲ့စည်းထားတာဖြစ်သလို NCUB ရဲ့ အဓိက ဒေါက်တိုင်တတိုင် ဖြစ်ပါတယ်။

လက်ရှိ ရင်ဆိုင်နေရတာက အတွေးအခေါ်တိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲက အရှိန်ရ လာပေမယ့် ရန်သူက အပျော့နှိုက်တဲ့ ပရိယာယ်ကို ကျင့်သုံးနေသေးတဲ့အတွက် တွေဝေယိမ်းယိုင်တဲ့ သူတွေ ကို အမြတ်ထုတ်သွားနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီအတွက် “အဖိနှိပ်ခံ ညီညွတ်ရေး၊ ဘုံရန်သူဝိုင်းတိုက် ရေး” စိတ်ဓာတ်ကို မြှင့်တင်ရပါလိမ့်မယ်။

သိန်းစိန်ရုပ်သေးအစိုးရဟာ စစ်အာဏာရှင်သန်းရွှေ ကြိုးဆွဲရာ ကမှာဖြစ်တော့ ပြည်သူတွေအနေနဲ့ မျှော်လင့် စရာမရှိပါ။ ဖိနှိပ်မှုတွေနဲ့ လိမ်လည်မှုတွေကိုသာ ဆက်တွေ့ကြရဦးမှာပါ။ စစ်အာအာဏာရှင်စနစ်ဆိုး ရှိနေသ ရွေ့ ပြည်သူတွေရဲ့ဘ၀ လုံခြုံအေးချမ်းစရာမရှိ။ ပိုဆိုးလာတာက အရင်စစ်အာအာဏာရှင်များအပြင် အခု သူ့ လက်ပါစေ လက်ဝေခံတို့ကိုပါ ထမ်းပိုးထားရပြီး သူတို့ရဲ့ဖိနှိပ်သွေးစုတ်မှုကိုပါ ပြည်သူများ အလူးအလဲ ပိုမိုခံ ကြရတော့မှာပါ။ ဒါကြောင့် တိုင်းရင်းသားအပါအ၀င် အဖိနှိပ်ခံတွေညီညွတ်ရေး၊ စစ်အာဏာရှင်တိုက်ဖျက်ရေး အတွက် DAB ရဲ့ မှန်ကန်တဲ့ လမ်းစဉ်နဲ့ လုပ်ငန်းစဉ်အောက်မှာ စုစည်းပြီး တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ပါ တယ်။

အောင်ပွဲကို တိုက်ယူကြ။
ဒီမိုကရေစီ မုချရရမယ်။

ဦိးအေးဆောင်
၁၉-၄-၂၀၁၁
(ရေးသူအာဘော်သာဖြစ်သည်)

2 comments:

Unknown said...

Dear DAB leaders & Saya U Aye Saung,

All Public are well accepted for the any groups and leaders of All Democracy Groups. All are giving respect to every one who were working one time or sevearl times since 1947.

All are doing secretly and some are trying with directly or famously.

The long term strugglying leaders are still moving secretly and paying the time and risks through proper channels.

So, we accepted the DAB and All Groups. The "D"
Day is not so far and must try all together. We are remebering all Ba Ba from Independent Revolution time in 1940-1947 then 1962 to 1988 then again 1988 to 2010.

Please guide and share the idea for all public and nationalities.

We also accept the 1988 supported the "Demo" and "Federal" matter to "National Reconciliation".

The most important is UNITY and all leaders must leading again and must understand the time and balance of movement.

We are giving DAB and All Leaders of Burma.

The above are our apology.

Aung Moung
Burma.

Thihathura said...

တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်။ တူတာတွဲလုပ်။ မတူတာ ခွဲလုပ် ဆိုတဲ့ တပ်ပေါင်းစုမူကိုကိုင်။ ဒီမိုကရေစီတိုက်ပွဲကိုဆင်နွဲ့ ကြတာပေါ့။
ဒါပေမဲ့ဗျာ- တပ်ပေါင်းစုတခုဖွဲ့ အဲဒီမှာ လုပ်စားဖို့ နေရာမရတော့ တခြား တပ်ပေါင်းစု တခါဖွဲံ့ Proposal တွေရေး။ လုပ်စာ။ အဆင်မပြေတော့ ထပ်ပီး တခြား တပ်ပေါင်းစုဖွဲ့ ။ တပ်ပေါင်းစုတွေ A To Z တွေလည်းကုန်ပြီ။ ကျန်နေတာက စစ်အုပ်စုဘဲ။ ကောင်းစားတဲ့သူတွေတော့ ကောင်းစားပေါ့ဗျာ- တော်လှန်ရေးဆိုတာ ဒါဘာဘဲ၊
တော်လှန်ရေး အဓွန့်ရှည်ပါစေ-
(ကောင်းစာနေသူများအတွက်)