Thursday, April 21, 2011

ကရင်ပြည်နယ်ရဲမှူးကြီးဟောင်း ရဲမှူးကြီးကျော်ခိုင်ဦး (ယခု ရှမ်းအရှေ့ပြည်နယ် ရဲမှူးကြီး) အား တိုင်ကြားသည့်အတွက် CID မှ ရဲမှူးကြီးတဦး လာရောက် စစ် ဆေးနေခြင်း

ကရင်ပြည်နယ် ရဲတပ်ဖွဲ့တွင် (၇) လတာသက်တမ်း တာဝန်ထမ်းဆောင်သွားသော ရဲမှူးကြီးကျော်ခိုင်ဦးအား တပ်ဖွဲ့ဝင်များမှ မကျေနပ်သဖြင့် ၄င်းပြောင်းသွားပြီးနောက် ကရင်ရဲများမှ နေပြည်တော်သို့ တိုင်ကြားသဖြင့် CID မှ ရဲမှူးကြီးညွန့်ဝင်း ဦးစီးအဖွဲ့စုံမှ ဘားအံတွင် ယနေ့လာရောက် စစ်ဆေးလျက်ရှိပါသည်။ တိုင်ကြားရ သည့် အကြောင်းအရင်းများမှာ အကြောင်းအရာ တော်တော်စုံစုံလင်လင် ပါဝင်ပြီး အဓိကတိုင်ကြားရသည့်အ ကြောင်းအရင်းမှာ အပြောင်းအရွေ့များပင်ဖြစ်ပါသည်။ ဆန်မစားဘူး၊ ဂျုံမစားဘူး၊ ပြောင်းပဲစားတယ်ဆိုတဲ့ ရဲ မှူးကြီးလည်းဖြစ်ပါတယ်။ ငွေအင်မတန်မှ မက်မောလွန်းပြီး ငွေပေးလျှင် လုပ်ချင်တာလုပ်နိုင်လောက်အောင် အာဏာပေးထားပါတယ်။ နေရာလိုချင်သူများ၊ နေရာမှ မရွှေ့ချင်သူများနဲ့ ၄င်းအိမ်ဟာ စည်ကားနေလေ့ရှိပါ တယ်။

လိုင်စင်မဲ့ကားများအား ၄င်းကိုယ်တိုင် လုပ်ကိုင်ပါတယ်။ ၄င်းမှာ အင်မတန်မှ အားကိုးရတဲ့ တပ်ကြပ်ကြီး တင် မောင်နီ ဆိုသောသူတဦး ပါလာပါတယ်။ ၄င်းဟာ ကရင်ပြည်နယ်မှာ ဒုတိယအာဏာအရှိဆုံးလူ ဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ ရဲမှူးကြီးဖြစ်လာသူဖြစ်သည့်အတွက် အင်မတန်မှ မာန်တက်နေပြီး ဘယ်သူ့ကိုမှ ထီမထင် တဲ့လူစားလည်းဖြစ်ပါတယ်။ ငွေကိုရှာမယ်၊ ပြီးရင် ၀န်ကြီးကို ပေးမယ်ဆိုတဲ့ လူစားမျိုးဖြစ်ပါတယ်။ အရင်ပြည် ထဲရေးဝန်ကြီး ဦးမောင်ဦးရဲ့တပည့်ရင်းလို့လည်း သိရှိရပါတယ်။ တပ်မတော်မှ ဗိုလ်မှူးဘ၀ကနေ ရဲထဲသို့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။

အစစ်ဆေးခံနေရသူများကတော့ ၄င်းအားငွေရှာပေးခဲ့သူများဖြစ်တဲ့ စခန်းမှူး၊ နယ်ထိန်း၊ ဒ/န၊ ဦးစီး(၁)၊ မှု/ကူ တို့နဲ့ ဂိတ်များကို ကိုင်တွယ်သူများ အစစ်ဆေးခံနေရပါတယ်။ တံတားဂိတ်များမှ ပြန်လာလျှင် များများပေးနိုင် သူ ဂိတ်ဆင်းရပါတယ်။ ပေးတာနည်းရင် ဂိတ်တလှည့်(သို့) နှစ်လှည့် အောက်ပါတယ်။ အမြင်ကတ်ရင် လုံးဝ မချတော့ဘဲ ဆိုးတဲ့နေရာတွေကို ပြောင်းထုတ်ပစ်ပါတယ်။ ပြောင်းချင်သူများ ၄င်းအိမ်သွားလိုက်လျှင် အစီရင် ခံစာတစောင်ကို ရေးခိုင်းပါတယ်။ အဲဒီအစီရင်ခံစာကို သူက ကိုင်ထားလိုက်ပြီးမှ တောင်းတဲ့နေရာကို ပြောင်း ပေးလိုက်ပါတယ်။ မပြောင်းချင်ရင်လည်း ဒီလိုပါပဲ။ ဒါပေမယ့် ငွေမပေးဘဲနဲ့တော့ အစီရင်ခံစာ ရေးမလာပါနဲ့၊ ဆောင့်ကန်ခံရမှာဖြစ်ပါတယ်။

မင်းရန်နိုင်
(ဆက်လက်တင်ပြပါဦးမည်)

3 comments:

Mahnsaimon said...

ဒီအကြောင်းကို သတင်းအဖြစ်ရေးချင်ပါတယ်။
သတင်းမှာ ပါဝင်ပတ်သက်သူတွေရဲ့ ဖုန်းနံပတ်ပို့ ပေးပါရန်။
ဂျာနယ်လစ်ကျင့်ဝတ်နဲ့အညီ ရေသားဖေါ်ပြမှာဖြစ်တယ်။
လုပ်ကြံပုတ်ခတ်တာမျိုးလဲမဖြစ်စေရဘူး။
ချဲ့ ကားတာလဲမဟုတ်စေရဘူး။ တဆင့်စကားတဆင့်နားကောလဟာလမျိုးလဲမဖြစ်စေရဘူး။
ဖေါ်ပြချက်တိုင်းဟာ အထောက်အထားရှိရမယ်။

သတင်းထောက်မန်းစိုင်းမွန်ကို အောက်ပါအီးမေးလ် သို့ မဟုတ် ဖုန်းနံပတ် နဲ့မစ်စ်ခေါလ်ပေးပါရန်။ ချက်ခြင်းပြန်ခေါ်ပေးပါ့မယ်။

Unknown said...

Please continue. I heard that his wife also did as a witch.

nayzawaung said...

ဒေါက်တာဦးလွမ်းဆွေ ခင်ဗျား....ကျွန်တော်တို့ဆီမှာ ဒုက္ခရောက်နေရတာတွေကို ပေးပို့ပြောပြချင်ပါတယ်။ မည်သို့ပေးပို့ရမည်ကို ပြန်လည်၍ ရှင်းပြပေးပါရန် တောင်းပန်အပ်ပါသည်ခင်ဗျား ။ကျွန်တော်ရဲ့ Gmail အကောင့်ကတော့ 007nayzawaung@gmail.com ဖြစ်ပါသည်။ ပြန်လည်၍ဆက်သွယ်ပြောကြားပေးပါရန် ရိုသေလေးစားစွာဖြင့် တင်ပြတောင်းဆိုအပ်ပါသည်။