Thursday, April 21, 2011
Subscribe to:
Post Comments (Atom)
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
1 comment:
ထမင်းတစ်လုပ်အတွက် ဗိုက်တစ်ခုအတွက် ကိုယ့်နိုင်ငံအတွင်းမှာ လုပ်ကိုင်စားသောက်လို့ရပါတယ်ဗျာ။
အေးချမ်းသာယာပြီး လုံခြုံစိတ်ချရတဲ့ ကိုယ့်အမိနိုင်ငံကလွဲပြီး ဘယ်နိုင်ငံမှမကောင်းပါဘူး။
နောက်ဆုံး ကိုယ့်နိုင်ငံကလည်း မကောင်းဘူးဆိုအုံးတော့ ကိုယ့်ကိုယ်ရန်စလာတဲ့ ရန်သူကို မိမိအနေနဲ့ပြန်လည်ချေပပြော
ဆိုဖို့ဆိုတာ တိုင်းတစ်ပါးမှာနေရင် တိုင်းတစ်ပါးသားစကားကို ကောင်းစွာပြော
တတ်အုံးမှ ထိုင်းလိုမျိုးနိုင်ငံက လူတိုင်းသေနတ်ကိုင်နေတာ လုံခြုံမှုမရှိပါဘူး။အာဏာရှိတဲ့ ရဲတွေကိုယ်တိုင်က ညစ်ပတ်ပေရေပြီး မူခင်းတွေထဲ ကိုယ်တိုင်ပါဝင်နေတော့ ဘယ်လိုလုပ်ပြီး လုံခြုံမှုရှိမှာလဲ။
မြန်မာပြည်က ဘယ်လောက်ပဲ မကောင်းဘူးလို့ပြောပြော ထိုင်းလိုမျိုးနိုင်င
ံတွေထက် ကိုယ့်နိုင်ငံက အများကြီးနေရတာ စိတ်ချမ်းသာပါတယ်။သန့်ရှင်းတယ် လုံခြုံမှုရှိပါတယ်။ကိုယ်နိုင်ငံတွင်းမှာဆိုရင် ပတ်ဝန်းကျင်ရှိတယ် ဆွေမျိုးအသိုင်းဝန်းရှိတယ်။ကူညီမယ့်သူတွေရှိတယ်။
မလုံခြုံ စိတ်မချစရာမရှိသလို ထမင်းတစ်လုပ်အတွက် ကူညီမယ့်သူတွေလည်း အများကြီးပါ။
ကိုယ့်အိမ်မှာ လယ်တကွက်ရှိရင်တောင်မှ ထမင်းမငတ်ပါဘူး။သဘောပြောတာပါ။
ဘာအတွက်နဲ့ သူများနိုင်ငံမှာ အနှိမ်ခံ
စိတ်ဆင်းရဲခံ ဘယ်နေ့ ကိုယ့်ကိုလာသတ်မလဲ စတဲ့စိုးရိမ်စိတ်တွေနဲ့ နေနေရတာဟာ ကျားမြီးသွားဆွဲတာကမှ ပိုကောင်းသလို ငရဲကျနေတာနဲ့အတူတူပါပဲ။
ကိုယ့်ပြည်နယ်ဒေသက တိုက်ပွဲတွေဖြစ်လို့ မငြိမ်သက်လို့ ထွက်ပြေးရပါတယ်ဆိုတဲ့အကြောင်း
ပြချက်ဆိုရင်လည်း ကိုယ့်လူမျိုးစု ကိုယ့်ဒေသမှာ တိုက်ပွဲတွေမဖြစ်အောင်အတွက် အစိုးရကိုတော်လှန်ပုန်ကန်နေတဲ့ အကြမ်းဖက်သမားတွေကို တားဆီးပိတ်ပင်သင့်ပြီး ကိုယ့်ပြည်နယ်ဒေသ အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် လက်တွဲဆောင်ရွက်သင့်တယ်။
နောက်ဆုံး ဘယ်လိုမှပြောမရလို
တိုက်ပွဲတွေဖြစ်လို့ မနေနိုင်ဘူးဆိုရင်လည်း အေးချမ်းတဲ့ မြန်မာပြည်ဒေသနေရာတွေ အများကြီးရှိပါတယ်။ကြိုက်တဲ့နေရာသွားပြီး နေထိုင်လုပ်ကိုင်စားသောက်လို့ရပါတယ်။
မြန်မာပြည်အကျယ်ကြီးပါ။အေးချမ်းနေတဲ့ဒေသ
နေရာတွေ အများကြီးပါ။မြန်မာနိုင်ငံသားတိုင်းရင်းသား မည်သူမဆို လွတ်လပ်စွာသွားလာ နေထိုင်လုပ်ကိုင်လို့ရတယ်။
အခုတော့ တစ်ခုခုဖြစ်တာနဲ့ အေးချမ်းမှုမရှိတဲ့ ထိုင်းနိုင်ငံလိုမျိုးနေရာတွေကိုသွားပြီး အနှိမ်ခံတွေနဲ့ စိုးရိမ်စိတ်တွေနဲ့ လုပ်နေ ထမင်းစားနေရတာဟာ သဘာဝမကျလှပါဘူးဗျာ။ခင်ဗျားတို့ မြန်မာပြည်ကိုပြန်သင့်ပြီ။မိခင်ရင်ခွင်ကလွဲလို့ ဘယ်ရင်ခွင်မှ မအေးချမ်းနိုင်ပါဘူး။အခြားရင်ခွင်တွေဆိုတာ ခေတ္တခဏ ယာရီခိုလှုံလို့သာ ကောင်းတဲ့နေရာတွေပါ။
ထာဝရ
ခိုလှုံလို့မကောင်းပါဘူး။
ထာဝရ ခိုလှုံစရာကောင်းတဲ့ ငြိမ်းချမ်းအေးမြတဲ့ အမေ့ရင်ခွင်ဖြစ်တဲ့ အမိမြန်မာနိုင်ငံကိုသာ လှမ်းလင့်လို့သာလာစေချင်ပါတယ်။
အမိနိုင်ငံတော်ကြီးက အစဉ်မြဲ ၀ဲလ်ကမ်း လုပ်နေပါတယ်။
Post a Comment