လုပ်ရမှာက မြို့မှာ ‘သပိတ်’၊ တောမှာ ‘တိုက်ပွဲ’
ဦးအေးဆောင်
ဒီအလုပ်ကို လုပ်သင့်မသင့် အချိန်ယူစဉ်းစားချင်တဲ့သူတွေ သူ့ဟာသူ လိုသလောက် အချိန်ထပ်ယူနိုင်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကြီးစိုးနေခဲ့တာ ၆၂ ခုနှစ်က စရေတွက်ရင် အနှစ် (၅၀) လောက် ရှိပြီဆိုတာကိုတော့ ထည့်တွက်ဖို့ပဲ။
အရင်ဆုံးသိထားဖို့က လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုက တိုင်းရင်းသားပေါင်းစုံအပါအ၀င် လူမျိုးစုံပြည်သူ တွေ၊ ဆင်းရဲသား၊ အလုပ်သမား၊ လယ်သမား၊ စာရေးစာချီ၊ ကုန်သည်ပွဲစား၊ ကျောင်းသား၊ ဘုန်းကြီး၊ စစ် သားပါမကျန် ဖိနှိပ်သွေးစုပ်ရင်း စစ်အာဏာရှင်စနစ်ကို ထူထောင်နေခဲ့တာဖြစ်တယ်။ ပုံသဏ္ဍာန်တွေ အမျိုး မျိုးပြောင်းခဲ့ပေမယ့် စစ်အာဏာနဲ့ ဖိနှိပ်မှုက လျော့လာတာမရှိ၊ ပိုပိုဆိုးလာတာပဲရှိတယ်။
စစ်အာဏာကို ဖယ်ရှားဖို့အတွက် တိုက်ဖျက်နည်းကလွဲလို့ ဘယ်နည်းတွေ ကျန်ပါသေးသလဲ။ ဆန္ဒပြမလား၊ ဆွေးနွေးမလား၊ ဆုတောင်းမလား၊ ကုလသမဂ္ဂကို စာတင်မလား၊ ရွေးကောက်ပွဲလုပ်မလား၊ ဖဲကြိုးတွေ လည် ပင်းမှာချည်မလား၊ ကြာပန်းတွေကို အိမ်ရှေ့ပြတင်းမှာ စိုက်မလား။ ဒါတွေဟာ စစ်အာဏာရှင်လို ရက်စက် ကြမ်းကြုတ်သူတွေအတွက် အယားတောင်မပြေဘူးလို့ ပြောလို့ရပါတယ်။ ခေတ်စကားနဲ့ ပြောရရင် “ပျင်း တောင်ပျင်းသေး” လို့ ဆိုရမယ်။
လူထုအပေါ် ကျူးလွန်ထားတဲ့ ပြစ်မှုတွေက များလွန်းလို့ စစ်အာဏာရှင်တွေဟာ သူတို့အရိပ်တောင် သူတို့ သွေးလန့်နေကြတာ။ သူတို့ကို စေ့စေ့ကြည့်ရင်တောင် ပစ်သတ်ချင်တဲ့ သူတွေ။ ဒီတော့ သူတို့ကို ချေမှုန်းတဲ့ နည်းပဲကျန်တော့တယ်။ ဒီတော့ “မြို့မှာ သပိတ်၊ တောမှာ တိုက်ပွဲ” တွေနဲ့ ပြည်သူတွေက စစ်အာဏာရှင်ကို စ စိန်ခေါ်ရတော့မယ်။ တခြားအီးယောင်ဝါး ဖြန်းသန်းလို့တော့ မရတော့ဘူးဆိုတာက ရှင်းနေပါတယ်။
“လုပ်ဖို့ကျတော့” ဆိုပြီး ခေါင်းကုတ်တွေးလိုက်တာ နောက်ဆုံး “ဘယ်သူမှ လုပ်မှာမဟုတ်ပါဘူးလေ” ဆိုပြီး ဖြေသိမ့်ရင်း ပေါ်တာအဆွဲမခံရအောင်၊ လုပ်အားပေး မထိအောင် ရှိသမျှလေး ပေး၊ မျက်နှာချိုသွေးရတာ အ ကြိမ်ဘယ်နှစ်ဆယ်လောက်ရှိပြီလဲ။ ဒီတော့ စစ်အာဏာရှင်စနစ်ဆိုးကို ရိုက်ချိုးဖို့ မဖြစ်မနေလုပ်ကို လုပ်ရ တော့မယ်ဆိုတာ သိကိုသိသင့်ပြီ။ ဒါမှမလုပ်ရင် ကျနော်တို့ ပြည်သူတွေ မြုပ်ပြီးရင်းမြုပ်ကြရတော့မှာ။ ဒီတော့ ခေတ်ရဲ့သမိုင်းပေးတာဝန်ကို စာရေးဆရာကြီး ဗန်းမော်တင်အောင် ပြောသလို တာဝန်ကျေအောင် မနွဲ့တမ်း ထမ်းဆောင်ကြရမှာပဲ။
ထမ်းဆောင်တော့မယ် ဆိုပြန်တော့ ဘယ်က စလုပ်မှာလဲ။ တရားဝင်နဲ့ တရားမ၀င်နည်း ရှိတယ်။ မြို့က သ ပိတ်တွေအတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ အလုပ်ချိန် ရှစ်နာရီသတ်မှတ်ရေး သီးနှံလွတ်လပ်စွာစိုက်ပျိုးရေး၊ မြေသြဇာရရှိရေး၊ လစာအပြည့်ရရေး၊ မတရားအခွန် ဆန့်ကျင်ရေး၊ လာဘ်စားအကျင့်ပျက်မှု ဆန့်ကျင်ရေး၊ လူ့အခွင်းအရေး ... စတာတွေ အများကြီး၊ တောမှာတော့ တရားဝင်စရာ မရှိတော့ လက်နက်ကိုင်တိုက်ပွဲကို အရှိန်မြှင့်ဆောင်ရွက်ရမှာပါပဲ။
မြို့မှာ သပိတ်တိုက်ပွဲပဲ လုပ်လုပ်၊ တောမှာ လက်နက်ကိုင်တိုက်ပွဲပဲ ဆင်ဆင် တယောက်တည်း လုပ်မရတော့ အစုအဖွဲ့နဲ့ လုပ်ရမှာပဲ။ ဒီနေရာမှာ ကျနော်တို့အဖွဲ့က “လွတ်မြောက်ရေးကော်မီတီ” ပုံစံနဲ့ လုပ်ပါတယ်။ ဒါက သင့်တော်သလို ဖွဲ့ကြပေါ့။ အရေးကြီးတာက “စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရေး” ဦးတည်ချက်ကို မျက်ခြေမပြတ်ဖို့ပါပဲ။
ဒီအလုပ်တွေဟာ ကျနော်တို့ပြည်သူတွေ လုပ်တတ်ရမယ်။ လုပ်နိုင်အောင်လည်း လေ့လာဆည်းဖူးရမယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်က အတွေ့အကြုံတွေ ရှိပြီးသား။
ဒါပေမယ့် အခုဟာက အခွင့်ထူးခံ ဖိနှိပ်သူလူတန်းစားကို အဖိနှိပ်ခံ မြန်မာပြည်သူတွေက တော်လှန်ရတာ။ အ မျိုးသားလွတ်မြောက်ရေးမဟုတ်ဘူး။ လူတန်းစားတိုက်ပွဲဖြစ်တယ်။ ဒီတော့ အရင်ကထက်သိမ်မွေ့သလို ပြတ် သားပြင်းထန်ရလိမ့်မယ်။ မြန်မာပြည်က ပြည်သူတွေဟာ ကမ္ဘာ့အလယ်မှာ စစ်အာဏာရှင်စနစ်ဆိုးကြောင့် မျက်နှာငယ် သိက္ခာကျနေတာကြာခဲ့ပြီ။
တိုက်ပွဲက နှစ်မျိုးရှိနေပြန်တယ်။ အတွေးအခေါ်တိုက်ပွဲနဲ့၊ လက်တွေ့တိုက်ပွဲ။ လက်တွေ့တိုက်ပွဲက ရှင်းပေမယ့် လက်တွေ့တိုက်ပွဲကို အနှောင့်အယှက်ပေးတဲ့ အတွေးအခေါ်တွေက ၀င်နှောင့်ယှက်တတ်တယ်။ တကိုယ် ကောင်းဝါဒ၊ အမျိုးသားအမြင်ကျဉ်းဝါဒ၊ အချောင်သမားဝါဒ၊ လူမျိုးကြီးဝါဒ၊ ရွှေပြည်အေးဝါဒ၊ တရားသေ၀ါဒ တွေဆိုတာ ရှိတတ်တယ်။ ဒါတွေကိုတော့ တွေ့ကြုံလာရတဲ့ အခြေအနေအရ ရင်ဆိုင်ဖြေရှင်းသွားရလိမ့်မယ်။
ရန်သူ့သူလျှိုဆိုတာတွေကလည်း တော်လှန်ရေးကို သွေးပျက်အောင် လုပ်တတ်တယ်။ ဒါတွေက စစ်ပွဲတခုမှာ နှစ်ဘက်အပြန်အလှန်ယှဉ်ရတဲ့ အလုပ်တွေပါ။ အခု ဒါတွေ ရှင်းပြနေရင် မူလရည်ရွယ်ရာ “မြို့မှာ သပိတ်၊ တောမှာတိုက်ပွဲ” လမ်းစဉ်ကို စူးစိုက်မှုလျော့ပါးသွားမှာ စိုးပါတယ်။
လက်တွေ့လုပ်ရာမှာ တွေ့ရတဲ့ အခက်အခဲတွေရှိရင် စာရေးသူကို ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။
လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ ဖော်ဆောင်ကြ။
စစ်အာဏာရှင်စနစ် မုချ ပြုတ်ကျရမယ်။
ဒီမိုကရေစီ မုချရရမယ်။
ဦးအေးဆောင်
plfburma@gmail.com
(ရေးသူအာဘော်သာဖြစ်သည်)
9 comments:
ဘယ်ကနေဘယ်လိုစရမလဲဗျ...ဘယ်နေ့လဲ...ဘယ်နေရာမှာလဲ....ဘယ်သူတွေပါမလဲ...ဘယ်လိုဗျူဟာတွေနဲ့လဲ ဘယ်သူတွေကဦးဆောင်ပြီး ဘယ်သူတွေကနောက်လိုက်
ကြမှာလဲ...ရွာကလူတွေ ဘယ်လိုလုပ်ရမလဲ ..မြို့နဲ့တော
မှာပဲဆိုတော့..တိုက်ပွဲအတွက် လက်နက်ဘယ်ကရမလဲ...
စိတ်ဝင်စားတယ်...ဆက်ဖတ်မယ်ဗျာ..အဲ့ဒိအဖြေလေးတွေ
ပါ ပါအောင်ရေးပေးနော်...
ပန်းတိုင်ကပိုေ၇ွ့ သွားတော့မပေါ့..ဟဟ..
ဒီမိုလေသံလို့မထင်မိဘူး..ဒီလိုစကားလေးတွေကယမ်းနံ့ပါနေတယ်
သာမန်လူတိုင်းကဒီလိုတွေးတတ်တွေးနေကြပါ..
တကိုယ်ကောင်းဆန်တဲ့တော်လှန်ေ၇းတွေက
တော်သင့်ပါပြီဗျာ...
အခုစစ်ဖြစ်၇ာနေ၇ာတွေဆိုတကယ်ငြိမ်းချမ်း၇င်
အတွင်းပိုင်းထက်တောင်တိုးတက်မှာပါ...
အဲလိုတိုးတက်မှဗမာတွေကိုကျွန်လာခံခိုင်းပါဗျာ..
လာပါမယ်..ပြည်သူကိုတကယ်ချစ်တယ်ဆို၇င်ပေါ့ဗျာ
ဒီမိုတွေဘက်ကလည်းပူးပေါင်းဆောင်၇ွက်ဖို့ လမ်းကြောင်းပဲစဉ်းစားစေချင်ပါတယ်ဗျာ..
လိုက်လေဝေးလေဖြစ်နေမယ်..
ဘာပဲပြောပြောအစိုး၇ပိုင်းနဲ့ ပြောခွင့်ဆိုခွင့်၇ှိလာပြီပဲ
အစိုး၇ကဘာပြောပြောအမြဲငြင်းနေနိင်မှာမဟုတ်ပါဘူး
ဒါကဘယ်ဘက်မှမပါပဲပြောတာပါ..မြေစာပင်တွေပွားလာမှာစိုးလို့ တခုပါပဲ..
သမိုင်းတပတ်လည်တာပဲအဖတ်တင်မှာစိုးတာလဲပါတာပေါ့
လက်နက်ကိုင် လမ်းစဉ်ဟာ ဘာမှဖြစ်မလာဘူးဆိုတာ လွတ်လပ်ရေးရက
တည်းက အခုထိပဲမဟုတ်လား။ပြောင်းလဲ ဖြစ်လာတဲ့ဆိုးကျိုးတွေကတော့ ကိုယ့်ပြည်နယ်ဒေသတွေမှာ ငြိမ်းချမ်းမှုမရှိတဲ့အတွက် ဖွံ့ဖြိုးမှုနောက်ကျရတယ် ပြည်သူတွေ နေ့စဉ်နဲ့အမျှ ဒုက္ခရောက်ရတယ်။
လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ပြည်သူတွေက ကြားထဲက ခံရတယ်။ဒီတော့ ကောင်းကျိုးထက် ဆိုးကျိုးတွေကပဲ ဆက်တိုက်ဖြစ်နေတာပဲ အဖတ်တင်ပါတယ်။စစ်ဆိုတာ ကလေးကစားစရာမဟုတ်ဘူး။တစ်ရက် နှစ်ရက်နဲ့အပြီးတိုက်မယ်ဆိုပြီးလည်း ပုံသေ ကြွေးကြော်ထားလို့မရဘူး။
လက်ရှိဖွံ့ဖြိုး ငြိမ်းချမ်းနေတဲ့ တိုင်းပြည်ရဲ့အခြေခံကောင်းလေးတွေကို ထိန်းသိမ်းပြီး ဒီ့ထက် ပိုမိုကောင်းမွန်အောင် အတူတကွပူးပေါင်းပြီး လုပ်ဆောင်ရမယ့်အချိန်ပါ။အဆင့် ၅ ကနေ အဆင့် ၁၀ ကိုပြန်မဆင်းနိုင်ဘူး။အနာဂတ်အတွက်အဆင့် ၄ ၃ ၂ ၁ ရောက်အောင် လုပ်ကြရမယ်။၅ သိန်းတန်ဖုန်းကနေ သိန်းအစိတ် သုံးဆယ်
ငါးဆယ် ပြန်ရောက်တဲ့ခေတ်ကို ပြန်မရောက်လိုတော့ဘူး။၅သိန်းအောက်ရောက်
လာမယ့် ခေတ်စနစ်ကိုအတူတကွပူးပေါင်းလုပ်ဖို့ပဲ ရည်သန်ရမယ်။တစ်နေ့ ၂၀ နာရီ မီးရနေတာကနေ ၆ နာရီ ၈ နာရီ လုံးဝမီးပျက်နေတဲ့ ပြန်ရမယ့် ခေတ်ဟောင်း စနစ်ဟောင်းတွေကို ပြန်မသွားနိုင်ဘူး။တစ်နေ့ ၁၈ ၂၀ နာရီ မီးရနေတာကနေ ၂၄ နာရီ မီးရအောင် အနာဂတ်အတွက် ကျုပ်တို့ထပ်ဆင့် ပူးပေါင်းကြိုးစားရမယ်။
အိမ်ဆောက်ဖို့ အခြေခံအုတ်မြစ်တွေချပြီးပြီ။အိမ်တစ်လုံးဖြစ်ဖို့ နီးနေပြီ။ဒါကို အုတ်မြစ်တွေ သံတိုင်တွေ ပြန်ဖြိုချရမယ့် ခေတ်နောက်ပြန်ကို ကျုပ်တို့မသွားနိုင်ဘူး။ဆူဆူပူပူ သေနတ်သံတွေလည်း မကြားချင်ဘူး။ငြိမ်းချမ်းတဲ့ဘ၀ ငြိမ်းချမ်းတည်ငြိမ်တဲ့ နိုင်ငံအဖြစ်ပဲ ပြည်သူတွေ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်တဲ့ဘ၀တွေပဲ ထာဝရထိန်းသိမ်းနေချင်တယ်။
အာဏာရှင်ဆိုတာ မြန်မာပြည်မှာ မရှိတော့ဘူး နိဂုံးချုပ်သွားပြီ။ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ပဲရှိတယ်။ဒီတော့ ကိုယ်နေရာမရမချင်း သူများကို အာဏာရှင်လုပ်နေလို့မရဘူး။စနစ်ပြောင်းရင် လူတွေရဲ့ကျင့်စဉ်လည်းပြောင်းလဲသွားမှာပဲ။
စစ်တပ်အုပ်ချုပ်မှုစနစ်နဲ့ယနေ့ကျင့်သုံးတဲ့စနစ် မတူတော့ဘူး။စစ်တပ်အုပ်ချုပ်စဉ်က စစ်တပ်အတိုင်း အမိန့်တစ်ခုတည်းနဲ့ကျင့်သုံးမှာပဲ။ယနေ့ချိန်မှာ အမိန့်ဆိုပြီး လုပ်လို့မရတော့ဘူး။တစ်ဦးတစ်ယောက်တည်း လုပ်လို့မရတော့ဘူး။ပြည်သူ့အသံကို နားမထောင်လို့မရတော့ဘူး။
ဒီလိုမတူတော့တဲ့အခြေနေနဲ့ခေတ်စနစ်ကို မျက်ကွယ်ပြုပြီး ငယ်ငယ်ကတည်းက အလွတ်ကျက်ထားတဲ့ အာဏာရှင်ကို တွန်းလှန်ကြဆိုပြီး မရှိတော့တဲ့ အာဏာရှင်ကို ဒို့အရေးသွားလုပ်နေလို့မရဘူး။
သ ပိတ် တစ်နေ ရာ တိုက် ပွဲ တစ် နေ ရာ မှ သပိတ် နှင့် တိုက် ပွဲ ဒွေး ရော ယှက်တင် ဖြစ် ပြီး မြန် မာ ပြည် အ နှံ့ တစ် နံ တစ် လျား ဖြစ် ပွါး ပေါ် ပေါက် စေ ရ မှာ ဖြစ် ပါ တယ်။ တစ် ဖြည်း ဖြည်း အ သတ် ခံ ပြီး သေ ကြေ ပျက် ဆီး ခံ ကြ မှာ လား။ နောင် အ နာ ဂါတ် မျိုး ဆက် အတွက် ရင်း နှီးပေး ဆပ် ခဲ့ ကြ မှာ လား။မသေ ရဲ မတိုက်ရဲ ပါ ဘဲ နဲ့ ကျနော် / ကျမ တို့ တစ် တွေ အား လုံး ဟာ် အနာဂါတ် မြန်မာ နိုင် ငံ တော် ရဲ့ နိုင် ငံ တော် သူ/သား ဖြစ် ကြောင်း ကို တော့ ပြော ဖို့ ရန် ရှက် ကြပါ။ အာ ဏာ ရှင် ဆို တဲ့ အပင် ကို နုတ် ပါယ် ပြီး ဒီမိုကရေ စီ တည်း ဟူသော လူ အများ ကောင်း စား ရေး ပန်းခင်း ကို မျိုးစေ့ချ နိုင် ရန် အား လုံး ပါ ၀င် နိုင် ကြ ပါစေ လို့ ဆန္ဒပြု ပါ တယ်။ တိုင်း ပြည် အပြောင်း အ လဲ အတွက် ပြော ဆို တိုက် တွန်း မှု့များ ကို “နား” ဖြင့် နာ ယူ ကြပါ။ စစ်အာ ဏာ ရှင် နှင့် လက်ဝေခံ သိန်းစိန်အုပ်စု၏ ၀ါဒဖြန့် ချီ ရေး တ ရား များ ကို “ဖ၀ါး” ဖြင့် သာ နာ ကြပါ ကုန် လော့။
ဦးအေးဆောင်ရေ- Comments ပေးတဲ့ သူတွေက တကယ်တော့ ဒီမိုကရေစီကိုလိုချင်ကြတာမဟုတ်ဘူးဗျ- စစိအာနာရှင်အောက်မှာသာ ဒူးထောက်ချင်ကြတာဗျ- ခက်တာကလည်း တော်လှန်ရေးဆိုတာ Proposal တွေရေးနိုင်မှ။ နိုင်ငံတကာက ဆုတွေ အများကြီးရမှ သူများထောက်ခံတာကိုး။
ကိုလွဏ်းဆွေကလည်တာပဲ..
ဘောလုံးပွဲကပြီးခါနီးမှခြေစမ်းပွဲပြန်ကစားနေတယ်ဗျာ..အခြေအနေကောင်းမကောင်းစမ်းတာလားဗျ..
တော်သေးတာပေါ့အိမ်မက်တွေပါမလာလို့ 
ပြောချင်တာတော့အ၇င်းများပြီးအမြတ်နည်း၇င်
မကောင်းဘူးလေ..စဉ်းစားပါဗျာ.
ကျွန်တော်အမြဲလာဖတ်ပါတယ်.
ဒီပိုစ့်ကိုသိပ်သဘောမကျလို့ ထပ်ေ၇းမိတာပါ..မှားတယ်ထင်၇င်တော့ဆော၇ီးပါ..
ဦးအေးဆောင် ကိုကြည့်ရတာ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကြီးမှာ အိပ်ပျော်နေပြီး ခုမှတရေးနိုး ထယောင်၊ ထအော်နေသလားမသိဖူး ၊ ပျင်းလွန်းလို. ဒီပို.စ် မှာ ကွန်မန်.မရေးတော့ဖူးလို. စဉ်းစားပေမဲ့ မနေနိုင်လို. ကွန်မန်.ရေးလိုက်ရပါတယ်၊
မြိမှာ သပိတ်မှောက်ရင် အဖမ်းခံနိုင်ရ သလို တောမှာတော်လှန်ရေးလုပ်တာကလဲ မဟုတ်သေးပါဖူး၊ ကျွန်တော် အထင်တော့ ကိုယ်မလုပ်နိုင်တဲ့ အလုပ်ကိုဘေးမြှောက်ပေး တာတော့မကောင်းပါဖူး၊
စစ်တပ်ရဲ့ အင်အားကိုတိုက်ဖို.ကတော့ တကယ့်ကိုမလွယ်လှပါဖူး၊ ဖြစ်သင့်တာက စစ်တပ်ကိုစည်းရုံးဖို.ပဲဖြစ်ပါတယ်၊
အောက်ခြေစစ်သားတွေနှင့်မိသားစုတွေ လည်းတော်တော်လေးဒုက္ခရောက်နေကြ ပါတယ်၊ အဓိကပြည်သူလူထုကို ဒုက္ခပေးနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း ကို ပြည်သူလူထု၊ ကျောင်းသား၊ စစ်သားတို. က ၀ိုင်းဝန်းပြီး ဖယ်ရှားလိုက် ရင် မြန်မာနိုင်ငံကြီးအေးချမ်း သာယာ ၀ပြောသွားပါလိမ့်မယ်၊
အဲ့ဒီလိုမဟုတ်ပဲ စစ်တပ်ကိုတိုက်လို. စစ်တပ်ကထွက်ပေါက်မရှိပဲ ကဒါဖီတပ်တွေ လိုပြန်တိုက်နေရင် မြန်မာနိုင်ငံက စစ်မြေပြင် ဖြစ်သွားပါလိမ့်မယ်၊ ခုကဒါဖီတပ် တွေကို နေတိုးတပ်တွေ ၀င်တိုက်လို. လစ်ဗျားလည်းတော်တော် ဒုက္ခရောက်နေပါတယ်၊ ကြားထဲက ပြည်သူတွေတော်တော်သေပါ တယ်၊ လစ်ဗျားနှင့် မြန်မာပြည်က ထပ်တူမတူနိုင်ပေမဲ့ ပြည်တွင်းစစ်ဖြစ် ရင်ပြည်သူလူထုတွေကတော်တော် ဒုက္ခရောက်နိုင်တယ်ဆိုတာကို ဆိုလိုချင်တာပါ၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်လဲနေတိုး (NATO) လည်း လာမည်မဟုတ်ပါ၊ နဂိုကတည်းက ဆင်းရဲတဲ့တိုင်းပြည်ကိုပြည်တွင်း
စစ်ဖြစ်အောင်တော့ မလုပ်ကြပါနဲ.
ပြည်တွင်းစစ်မဖြစ်ပဲ စစ်တပ်ကို စည်းရုံးပြီး သွေးထွက်သံယိုအနည်းဆုံးနဲ. ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ စဉ်းစားကြရင် ကောင်းပါလိမ့်မယ်၊
ယခုလက်ရှိအချိန်မှာ စစ်သားတွေလည်း မပျော်၊ ပြည်သူတွေလည်း ဒုက္ခရောက်၊ ကျောင်းသားတွေလဲမကျေနပ် တဲ့အချိန်မှာ မပူးပေါင်းနိုင်၊ မဆောင်ရွက်နိုင်ဖူးဆို ရင်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရ ဖို.နာက်ထပ်နှစ်ပေါင်းများစွာစောင့်ရ လိမ့်မယ်လို. ထင်မိပါတယ်၊
ဟား ဟား ဦးအေးဆောင်ကတော့ လုပ်ပြန်ပြီ ကျနော်မယ်နယ်ပလောမှာနေကတည်းက တယောက်တည်းအလံတလက်နဲ့ နောက်ပိုင်း လူစုမိသေးတယ် ဒါပေမဲ့ နည်းလမ်းမမှန်တော့ သူ့လူတွေပျောက်ကုန်တယ် ဟိန်ဇော်တို့အဖွဲလေ သူကိုယ်တိုင်က အုပ်ချုပ်ရေးညံ့တယ် လူ 30 ဆယ်တောင် အစည်းရုံးနိုင်ပဲ လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ လုပ်မနေပါနဲ့တော့ ဖွဲလိုက်ရတဲ့တပ်ပေါင်းစု ကွဲလိုက်တဲ့တပ်ကွဲစုတွေကလဲ အလုပ်မဖြစ် သွားလေသူ ဗိုလ်ချုပ်မြစကားနဲ့ စကားကိုဦးအေးဆောင်မှတ်မိသေးလား အေးဆောင်တော်လှန်ရေးလုပ်တာ ချင်းမိုင်က သူ့မိန်းမပေပါ ဗိုက်ပေါ်ကနေလုပ်နေတာဆိုတာလေ ဟား ဟား
စစ်အာဏာရှင်လက်အောက်မှာ ကိုယ်ကျင့်တရားပျက်စီးနေတာတွေ၊
တကိုယ်ကောင်းဆန်နေတာတွေ၊ ခေါတ်ပျက်သူဌေးလုပ်ချင်သူတွေ၊ ဘာမှမလေ့လာဘဲ ပြောသမျှလူတွေကို ဆဲနေတာတွေဟာ ဒုနဲ.ဒေးပါ။
တော်လှန်ရေးဆိုတာ မလွယ်ပါဘူး။ မလွယ်မှန်းသိရက်နဲ့ နည်းပေါင်းစုံ တီထွင်ပြီး ဋ္ဌကိုးစားဋ္ဌကည့်ဘို.ဆိုတာ တိုင်းပြည်ချစ်စိတ်ရှိသူတွေ၊ စွန်.လွှတ် စွန်.စားရဲသူတွေ အတွက်သာဖြစ်ပါတယ်။
ကိုယ်.သရုပ်နဲ့ ကိုယ်.အဆင့်ကိုဖေါ်ပြနေတဲ့ Comment ရေးသူအချို.ကို စိတ်ပျက်မိပါတယ်။ ဘာမဆို အဆိုးမြင်ပြီး ကိုယ်ကိုတိုင်ကလည်း ဘာမှ idea မရှိသူးများကို ignore လုပ်သင့်ပါတယ်။
Post a Comment