ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အာဏာပိုင်အဖွဲ့အစည်းက အကာအကွယ်ပေးနေတဲ့ စသုံးလုံးရှေ့နေ ဦးဆောလွင် ရဲ့ ဒုက္ခပေးမှုကို ခံနေရတဲ့ ရှမ်းလူမျိုးများအား ကယ်တင်ကြပါရန် အသနားခံခြင်းဖြစ်ပါတယ်။ ကျနော်တို့ ရှမ်း ပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ရန်ကုန်က ရောက်လာတဲ့ TOP TEN ၀င် ရှေ့နေဆိုသူ စသုံးလုံးရှေ့နေ ဦးဆောလွင်က သူ့အစ်ကိုက စသုံးလုံး ရဲမှူး မင်းလွင်၊ သူ့အစ်ကိုက မူးယစ်ဗဟိုမှ ရဲမှူးကြီး ငွေစိုးထွန်း၊ သူ့ အစ်ကိုက ဗိုလ်ချုပ်ဟုပြောကာ ရိုးသားတဲ့ ရှမ်း၊ ကချင်တိုင်းရင်းသားတွေကို လိမ်ညာအနိုင်ကျင့် ငွေတောင်း နေပါတယ်။
လားရှိုးညဈေးမှ ရှမ်းတိုင်းရင်းသူလေးများကို ရမခတိုင်းမှူး ဗိုလ်ချုပ်က တောင်းခိုင်းတယ်၊ တိုင်းရဲမှူးက တောင်းခိုင်းတယ်၊ စသုံလုံးလူကြီးက တောင်းခိုင်းတယ်ဆိုပြီး ငွေကျပ် (၅) သိန်းစီ တောင်းလို့ ကြောက်ပြီး ပေးလိုက်ရပါတယ်။ သိန်း (၂၀) ကျော်ပါ။ အမှုသည်တွေကိုလည်း “လားရှိုးရှေ့နေက မတော်ဘူး၊ စာမတတ် ဘူး၊ သူက ဗိုလ်ချုပ်ညီ၊ အခမဲ့လိုက်မယ်” ဆိုပြီးပြောကာ နောက်ပိုင်းမှာ ငွေကို နည်းမျိုးစုံနဲ့ ညှစ်ပါတယ်။ က ချင်မောင်နှမ (၂) ဦးရဲ့ ဘိန်းဖြူမှုကို လွတ်စေရမယ်ဆိုပြီး သိန်း (၅၀) တောင်းပါတယ်။ ထောင်ကျတော့ နေ ပြည်တော်ကို သွားတိုင်မယ်ဆိုပြီး သိန်း (၃၀) ထပ်တောင်းပါတယ်။
သားသမီး ထောင်ကျပြီး ခိုကိုးရာမဲ့နေတဲ့ ကချင်မကြီးဆီ သွားပြီးတော့လည်း လက်ကိုဆွဲလိမ်ကာ မီးဖိုချောင် ထဲက အိုးမဲနဲ့ သုတ်၊ စာချုပ်အလွတ်မှာ လက်ဗွေနှိပ်ခိုင်းပြီး အိမ်ဂရန် စာချူပ်ကို လုယူသွားပါတယ်။ အဲဒီ နောက် စသုံးလုံးရှေ့နေ ဆောလွင်နဲ့ သူ့ရဲ့ သုံးယောက်မြောက် မယားငယ် ရှေ့နေမ သင်းသင်းဆွေဟာ အဲဒီ ကချင်မကြီးဆီကို အမျိုးမျိုးသွားပြီး ခြိမ်းခြောက်နေလို့ ကချင်မကြီးမှာ မိုင်းရှူးဘက်ကို ထွက်ပြေးနေရပါ တယ်။
စသုံးလုံးရှေ့နေ ဆောလွင်ဟာ စသုံးလုံး အကာအကွယ်နဲ့ အမှုသည်တွေ မငှားဘဲ အတင်းရှေ့နေလိုက်ပြီး နောက်ပိုင်း အမှုသည်တွေဆီက ငွေညှစ်၊ အိမ်ဂရန် သိမ်းယူ၊ သိန်းရာချီ ငွေလိမ်ယူ၊ ဆိုင်ကယ်သိမ်းယူတာ တွေ၊ မိတ္တူကူးစက် ငှား၊ ကွန်ပြူတာ ငှားသွားပြီး ရှေ့နေခနဲ့ နှိမ်တယ်ဆိုပြီး ပြန်မပေးတော့တာတွေ လုပ်ပါ တယ်။
ရှမ်းမလေးများကိုလည်း ခြေတော်တင် ဖျက်ဆီးပါတယ်။ ရှမ်းမလေးများကို အမျိုးမျိုး ငွေခြိမ်းခြောက်တောင်း ယူ၊ မရတဲ့အခါ တရားရုံးရောက်အောင် အမျိုးမျိုး ကလိန်စေ့ငြမ်းဆင်ပြီး တိုင်ကြားတာတွေ ပြုလုပ်ပါတယ်။ အပြစ်မဲ့ ရှမ်းပြည်သူတွေကို စသုံးလုံးရှေ့နေ ဆောလွင်မှ အာဏာပိုင်အဖွဲ့အစည်း အကာအကွယ်နဲ့ ဒုက္ခပေး နေပါတယ်။ ဒါကို ရဲစခန်း၊ ဥပဒေရုံး၊ တရားရုံးတို့က ရှေ့နေဆောလွင်ဘက်က ခိုင်းတာကို ဘက်လိုက်လုပ် ပေးနေပါတယ်။ ရှေ့နေဆောလွင် လိုက်ပါတဲ့ အမှုဘက်ကိုပဲ မတရားအနိုင်ပေးပါတယ်။ ထိုစသုံးလုံးရှေ့နေ ဟာ တရားရုံးရှေ့ရောက်ရင် အမျိုးမျိုးလှည့်ပတ်ကာ အမှုမစစ်ဘဲ ရုံးချိန်းကြာမြင့်အောင် ရက်ချိန်းတောင်းလေ့ ရှိပါတယ်။ ဆောလွင်ပါတဲ့ အမှုတိုင်း (၂) နှစ်နီးပါး ကြာလေ့ရှိပြီး အမှုသည်တွေ ဒုက္ခရောက်နေကြရပါတယ်။
စသုံးလုံးရှေ့နေ ဆောလွင်ကို ရှမ်းပြည်သူတွေက မခံမရပ်နိုင်ပြီး လူကြီးတိုင်တဲ့အခါမှာလည်း စသုံးလုံးက ဆောလွင်ဘက်က ပါနေလို့ ဆောလွင် ဘာမှမဖြစ်ဘဲ တိုင်ကြားတဲ့သူတွေကိုသာ ခေါ်ယူစစ်ဆေးပြီး ခြိမ်း ခြောက် ငေါက်ငမ်းလွှတ်ပါတယ်။ စသုံးလုံးက ခေါ်ယူလို့ လာဖြေရတဲ့ လူတွေဟာ အိမ်ရှေ့ကို ဆောလွင် လာ ရောက်ဆဲဆို ရန်ပြုတာ ခံနေရပါတယ်။ နောက်ပြီး ထိုသူများကိုလည်း ဆောလွင်က အမျိုးမျိုးအကွက်ဆင် လိမ်လည်တရားစွဲဆိုလေ့ရှိပါတယ်။ ရဲစခန်းနဲ့ တရားရုံးများကလည်း မဟုတ်မှန်းသိလျက်နဲ့ ဆောလွင်ရဲ့ တိုင် စာ၊ ပစ်စာများကို ကြောက်ပြီး လက်ခံအမှုဖွင့်ပေးနေကြပါတယ်။
ငွေလိမ်တောင်းတဲ့ လူယုတ်မာ စသုံးလုံးရှေ့နေ ဆောလွင်ကို တိုင်းမှူး၊ ရဲမှူး၊ ရဲစခန်း၊ ဥပဒေရုံး၊ တရားရုံး၊ ထွေ/အုပ်ရုံး၊ စသုံးလုံး စတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ဘာကြောင့် အကာအကွယ်ပေးနေတာပါလဲ။ စ သုံးလုံးရှေ့နေ ဆောလွင်နဲ့ သူ့ရဲ့သုံးယောက်မြောက် မယားငယ် ရှေ့နေမ သင်းသင်းဆွေ (မှတ်ချက် - ဆော လွင်သည် မယား ၃ ယောက်အား တအိမ်တည်း ပေါင်းသင်းနေသူဖြစ်ပါသည်) တို့ရဲ့ ရက်စက်စွာ ဒုက္ခပေးမှု ကို နေ့စဉ်ခံစားနေရလို့ နေစဉ်ကယ်တင်တဲ့အနေနဲ့ နေ့စဉ်ပြောပြပေးစေလိုပါတယ်။ နိုင်ငံတော်မှလည်း ရှမ်း ပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ လူယုတ်မာ ဆောလွင်နဲ့ ၄င်းအား ကျောထောက်နောက်ခံလုပ်ပေးထားတဲ့ စသုံးလုံးအဖွဲ့ (လားရှိုးမြို့) တို့အား အချိန်မဆိုင်းဘဲ ချက်ချင်းအရေးယူပေးစေလိုပါတယ်။
Sunday, April 17, 2011
လားရှိုးက ရှေ့နေ ဆောလွင်ရဲ့ လူမဆန်မှုတွေပါ။ ပြည်ပအသံလွှင့်ဋ္ဌာနတွေကို မျှဝေပေးကြပါ
ရှမ်းပြည်နယ်သူ/သားများ
Subscribe to:
Post Comments (Atom)
3 comments:
ဘာမှမပူနဲ့  ဒီဲပြသာနာအားလုံကို အသစ်ချက်ချွက်အဟောင်ကြီး သမတ ကဖြေရှင်းပေးမှာပါ။
ရီနေရတယ်..ဇော်မျိုးက နာမည်အသစ်နဲ့မြန်မာပြည်သည်တို့ပြည် ဆိုပြီးလုပ်လိုက်တာ မသိတဲ့လူတွေ ဝင်အာကြတော့တာပဲ...ဇော်မျိုးတို့..mgတို့..သွေးသစ္စာတို့..ဂျောက်ဂျက်တို့ဆိုတာ comment လောကရဲ့
ငပွကြီးတွေပေါ့ကွာ..
အဲဒီတိုင်စာရေးတဲ့သူကလည်းညံ့ပ..
ရှမ်းပြည်မှာအဲဒီလောက် သေနတ်ပေါတာ..ဒီကောင်သောက်ခွက်ကပ်ပစ်ထည့်လိုက်ပါလား..နောက်ဘယ်ကောင်မှမလုပ်ရဲတော့ဘူး..
ကျနော်ဟာ လူကြီးမင်းတို့ တင်ထားသော မှားယွင်းသော သတင်းတစ်ပုဒ်ကြောင့်
ဘ၀ပျက်ခဲ့ရတဲ့ဦးဆောလွင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်ခင်မျာ...။( http://www.blogger.com/comment.g?blogID=6094978334568787630&postID=5028263752816423136 )
ကျနော် အဖေဟာ ဦးတို့ တင်ခဲ့တဲ့ သတင်းထဲကလို ဆိုးသွမ်းတဲ့ ရှေ့နေတစ်ယောက်
မဟုတ်ပါဘူးဗျာ..။
မလိုသူရှေုနေတစုရဲ့ မနာလိုမှုကြောင့် လုပ်ကြံတိုင်တန်းခြင်းခံခဲ့ရသူဖြစ်ပါတယ်..။
ဖခင်ဟာ လားရှိုးမှ ငယ်သူချင်းဖြစ်သူ တွဲဖက်တရားသူကြီးရဲ့ ဖိတ်ကြားမှုနှင့်
သားအကြီးဆုံးဖြစ်တဲ့ မောင်မျိုးဇေယျာလင်း ၏ unicef
အလုပ်တာဝန်(ရှမ်းမြောက်)တို့ကြောင် နေ့ရက် 2.9.2006 မှာ့ လားရှိုးသို့
ဘုမသိဘမသိဖြင့် အလည်ရောက်ရှိရင်း နေထိုင်ဖြစ်ခဲ့တဲ့
ရှေ့နေတစ်ဦးဖြစ်ပါတယ်..။ကျနောတို့ မိခင်ဟာ ရပ်စောက်မြို့ ရတနာပုံကျေးရွာ
တောင်သူမျိုးရိုးမှ မွေးဖွားခဲ့ပြီး အလွန်းအေးဆေးတဲ့
မိခင်တစ်ယောက်ပါ..။သတင်းမှာ ပါခဲ့သလို မယား သုံးယောက်လဲ
မရှိပါဘူးခင်မျာ..။စစစ ဆိုတာလဲ ဖခင်ရဲ့ အကိုတော်သူ ဦးမင်းလွင်ဆိုသူမှာ
ကျနော်တို့နှင့် မတွေ့တာတောင် 10စုနှစ် တခု
ကျော်ခဲ့ပါတယ်..။ရဲမှုးကြီးဆိုသူမှာလဲ အမျိုးမှန်းသိရုံမျှသာ ဖြစ်ပြီး
ဘယ်လိုတော်စပ်၍ ဘယ်လို ပုံပန်း ဆိုတာတောင် ကျနော်တို့ ညီအကိုတတွေ
မသိခဲ့ရပါဘူးခင်မျာ..။ကျနော်တို့ ညီအကို
လေးယောက်ရှိပါတယ်..။အကြီးဆုံးမှာလဲ အဆိုပါ လူတစု၏ ဂုန်းတိုက်မှုကြောင့်
အလုပ်မှ ထွက်၍ ပြင်ပမှာ အလုပ်လုပ်ကိုင်နေရပါတယ်..။အလတ်တစ်ယောက်မှာ
ဓာတ်ပုံဆိုင် ဖွင့်၍ ကျနော်ကတော့ အီလက်ထရောနစ် ဆိုင် ဖွင့်ပါတယ်..(
ယခုလို ဖြေရှင်းရေးသားနိုင်ရန် ကျနော်မှာ ကွန်ပြူတာကို
လေ့လာလိုက်စားခဲ့ရပါတယ်.. ဒါကြောင့် ဖြေရှင်းချိန် နောက်ကျခဲ့ရပါတယ်
)ညီအငယ်ဆုံး မှာ တီဘီ ရောဂါသည် ဖြစ်၍ ကျနော်တို့ မိသားစုမှာ အမြဲ ညီငယ်
အတွက် ပူပန်နေရတဲ့ မိသားစုပါ ..။ကျနော်၏ ဇနီးမှာ ကျောင်းဆရာမ ဖြစ်ပြီး
သားငယ်နှစ်ယောက်ရှိပါတယ်..။အကိုကြီး ၏ ဇနီးမှာ သူနာပြုဆရာမ
တစ်ယောက်ဖြစ်ပြီး သားတစ်ယောက်နဲ့သမီးငယ်
တစ်ယောက်ရှိပါတယ်..ခင်မျာ..။ဒီလို မိသားစု နဲ့ နေထိုင်ပြီး
အရွယ်ရောက်ပြီး ဖြစ်တဲ့ မြေးလေလးယောက် သားလေးယောက် နဲ့ နေထိုင်တဲ့
ဖခင်မှာ သတင်းမှာ ပါဝင်သလို မယားများ မရှိသလို ...သူခိုင်းသမျှ
လုပ်ဆောင်ပေးမယ့် ဌာနဆိုင်ရာ များလဲ မရှိပါဘူး...။ဒါပေမယ့်
အင်တာနက်ခေတ်မှာ တိုင်တတ်သူ ဟာ မှန်ကန်တယ်ဆိုသလို ကျနော်ဖခင်ဟာ အလုပ်မှ
ရပ်နားခြင်းခံထားရပါတယ်..။နှစ်နှစ်ခန့်ရှိပြီး
ဖြစ်ပါတယ်..။ကျနော်တို့မိသားစုဆီကို ဦးကြီးတို့ရဲ့သတင်းထောက်များ စေလွတ်
စုံစမ်းနိုင်ပါတယ်.ခင်မျာ..။ဖုန်းဖြင့်လည်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်မျာ...အိမ်ဖုန်း (08226522) ဖခင်
ဖုန်း(0947300579)အကိုကြီး ဖုန်း(09403738616) အကိုလတ်ဖုန်း
(095262059)ကျနော်ဖုန်းကတော့ (09445106060) တို့ ဖြစ်ပါတယ်
ခင်မျာ..။ကျနော် ဖခင် ပြောနေကျစကား ရှိပါတယ်..ကံကြမ္မာတပတ်လည်လို့ ၀၌ဆိုတာ
ပြုသူတွေကို ပြန်ခံစားစေရမှာပါလို့ ပြောခဲ့ပါတယ်..။ကျနော်ဖခင်ဟာ
ခေတ်ပညာနဲ့ ပတ်သက်ရင် Touch Screen့  ဖုန်းတောင် မသုံးတတ်တာကြောင့်
ပြန်လည်မဖြေရှင်း တတ်ခဲ့တာကို နားလည်ပေးစေလိုပါတယ် အယ်ဒီတာ အန်ကယ်များ
ခင်မျာ...
Post a Comment