ပြည်တွင်းမှာရော ပြည်ပမှာပါ ဖာထေး ဖြတ်ဆက်နည်းတွေနဲ့ ယောင်ဝါးဝါးလုပ်နေခဲ့တာ (၂၃) နှစ်ကျော်လာခဲ့ ပါပြီ။ အဲဒီအတွက် စစ်အုပ်စုက ထင်ရာစိုင်း ရပ်တည်နိုင်ခဲ့ပြီး ကျနော်တို့ ဒီမိုကရေစီရေးတိုက်ပွဲဝင် အင်အားစု တွေရဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ဆိုတဲ့ အကြီးမားဆုံးခံတပ်ကြီး ပြိုလဲပျက်စီးခဲ့ပါတယ်။ စစ်အုပ်စုရဲ့၂၀၁၀ ရွေး ကောက်ပွဲဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ခံတပ်ကြီးကို ဖျက်ဆီးတိုက်ခိုက်လာ တဲ့ ထိုးစစ်ကြီးတခုဖြစ်ပြီး ခံတပ်ပေါ်ကနေ မဆုတ်တမ်း ဦးဆောင်ရပ်ခံနေရမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကြီးက စစ်အုပ်စု ဖန်တီးမွေးထုတ်လိုက်တဲ့ သိန်းစိန်အုပ်စုကို အသိမှတ်ပြုကြောင်း ကြေညာပြီး ခံ တပ်ပေါ်က ဆင်းပြေးလိုက်တာဟာ လူထုနဲ့ တိုက်ပွဲဝင်အင်အားစုတွေ တောင့်ခံပေးထားတဲ့ ခံတပ်ကြီး ပြိုလဲ ကျသွားစေတာပဲ ဖြစ်ပါတယ်။
(၂၃) နှစ်တာကာလအတွင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ထိန်းသိမ်းကြ၊ NLD ကို ဝန်းရံကြဆိုပြီး ဒီခံတပ် ကြီး မယိုင်မလဲရအောင်ကြိုးပမ်းရင်း အသက်စွန့်သွားကြရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းသာ တမလွန်ကနေ ဒီအခြေအနေတွေကို သိမြင်ခွင့်ရရင် တက်တခေါက်ခေါက်နဲ့ ခံပြင်းဝမ်းနည်း ကြေကွဲနေကြ မှာပါ။
“ရွှေဂုံတိုင်ကြေညာစာတမ်းကို ကိုယ့်ဘာသာ ပြန်ကျောခိုင်းခဲ့တဲ့အတွက်၊ အာဏာရှင်တွေကို တိုက်ပွဲဝင်ရေးနည်း မသုံးတော့ဘဲ မျက်နှာချိုသွေး အောက်ကလိုက်ပေါင်းချင်နေတဲ့အတွက် NLD အပေါ် ပြည်သူတွေရဲ့အမြင်ကို အရှိတရားအတိုင်း ပြောရရင် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းလောက်တောင် ပြည်သူတွေက တန်ဘိုးမထား စိတ်မဝင်စားကြတော့ပါဘူး။”
သေတဲ့သူတွေသေ၊ ဘဝပျက်သူတွေပျက်၊ ခြေလက်ခန္ဓာ စွန့်သူတွေစွန့်ရ၊ ထောင်ကျသူတွေလည်းကျ ဆိုတဲ့ အခြေအနေမှာ ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းကြီးကတော့ နီးစပ်ရာလူတွေနဲ့ တလှည့်စီ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေလုပ်ပြီး လုပ်နည်းလုပ်ဟန်အဟောင်းတွေနဲ့ပဲ နှစ်ပါးသွားနေခဲ့တာ ရိုးအီအသားကျနေပါပြီ။ လူမပြောင်းမူမပြောင်း ဟောင်းနွမ်းဆွေးမြေ့မှုတွေကို တခါက ရှိခဲ့ဖူးတဲ့ ဂုဏ်တွေနဲ့ ဖုံးကွယ်ပြီး ခပ်တည်တည် ရပ်တည်နေကြတာလည်း ပြည်တွင်းပြည်ပအားလုံး ကူးစက်ရောဂါရနေကြပါပြီ။ ပြည်သူတွေနဲ့ မျိုးဆက်သစ် တွေက ဘယ်သူ၊ ဘယ်အဖွဲ့၊ ဘယ်လမ်းစဉ်ကို ယုံကြည်မျှော်လင့်လိုက်ပါရမလဲ၊ ဝေဝါးလမ်းပျောက်နေကြရတဲ့ အခြေအနေဖြစ်နေတာကို စစ်အုပ်စုက ကောင်းကောင်းအသုံးချပြီး စစ်အရေခွံချွတ် အာဏာရှင်လက်သစ် ဂိုဏ်းကို အောင်အောင်မြင်မြင် မွေးထုတ်ခဲ့တာပါပဲ။
လှိမ့်နေအောင် ခံနေရတာက စစ်အုပ်စုရဲ့ ညှင်းပန်းနှိပ်စက်မှုမျိုးစုံအောက်ရောက်နေတဲ့ ထောင်ထဲက ရဲဘော် ရဲဘက်တွေနဲ့ ပြည်သူတွေပဲဖြစ်ပါတယ်။ ကျဆုံးခဲ့ပြီးသူတွေ၊ စွန့်လွှတ်ပေးဆပ်နေကြရသူတွေနဲ့ ဖိနှိပ်ခံ ပြည် သူတွေအတွက် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ပြောရပါတော့မယ်။ ပွဲဆူဖို့မဟုတ်ပါဘူး။ အရှိတရားကို လက် ခံပိုင်းခြားပြီး နည်းလမ်းရှာနိုင်ဖို့သာဖြစ်ပါတယ်။
ဖာထေးဖြတ်ဆက်နည်းကလည်းမစွံ၊ လုပ်နည်းလုပ်ဟန်အဟောင်းတွေကိုပဲ ပုံသဏ္ဍာန်အမျိုးမျိုးပြောင်း လည် ပတ်တာလည်း အလုပ်မဖြစ်ဆိုတော့ရာ ဒီအဖွဲ့အစည်း ဒီခေါင်းဆောင်တွေကိုပဲ တိုက်ပွဲဝင်နည်းနာပြောင်းဖို့ အ ကြံပြုပြီး ခရီးဆက်မလား စဉ်းစားကြည့်ပါသေးတယ်။ ဘယ်လိုမှ အကြံပြုလို့ရမှာမဟုတ် လုံးဝမဖြစ်နိုင်ဘူးလို့ တွေးမိတဲ့အချိန်မှာ အရာအားလုံး အသစ်ကပြန်စဖို့ စဉ်းစားတာ အကောင်းဆုံးလို့ တွေးမိပါတယ်။
ဘာကြောင့် ဒီအဖွဲ့အစည်း ဒီခေါင်းဆောင်တွေနဲ့ မဖြစ်နိုင်ဘူးလဲဆိုတာက စပြောပါမယ်။ ဒီအဖွဲ့အစည်းဆိုတာ က NLD ပါ။ ဒီခေါင်းဆောင်တွေဆိုတာက ပြည်တွင်းမှာဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ခေါင်းဆောင် တွေ၊ ပြည်ပမှာဆို လက်ရှိ ခေါင်းဆောင်နေရာယူထားသူတွေပါ၊ ဒီနေရာမှာ ကျနော် နောက်တကြိမ် ထပ်ပြော ချင်ပါတယ်။ အစွဲတွေနဲ့ ခံငြင်းတာမျိုးမလုပ်ကြဘဲ ကျဆုံးခဲ့ပြီးသူတွေ၊ စွန့်လွှတ်ပေးဆပ်နေကြရသူတွေနဲ့ ဖိ နှိပ်ခံပြည်သူတွေအတွက်ပဲ ခံစားပြီး လက်တွေ့ကျကျ ရှုမြင်ပေးကြဖို့ပါ။
ကျနော်တို့အင်အားစုတွေအနေနဲ့ NLD ကို ဝန်းရံကြဆိုတဲ့မူကို ပြည်တွင်းပြည်ပ ကိုင်စွဲခဲ့ကြတယ်။ ဒါကလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ လူထုက သတ်မှတ်ပေးခဲ့တာပါပဲ။ နှစ် (၂၀) ကျော်အချိန်ကာလမှာ တပ်ဦးပါတီဖြစ် တဲ့ NLD ရဲ့ စွမ်းဆောင်နိုင်မှုက ဘယ်လောက်ပဲရှိခဲ့လဲ။ ပြည်သူတွေရဲ့ ယုံကြည်မှုကရော ၁၉၉၀ ကာလကလို ရှိသေးရဲ့လား။ မျိုးဆက်သစ်တွေရဲ့ အမြင်ကရော NLD အပေါ် ဘယ်လိုရှိလဲ။ ရွှေဂုံတိုင်ကြေညာစာတမ်းကို ကိုယ့်ဘာသာ ပြန်ကျောခိုင်းခဲ့တဲ့အတွက်၊ အာဏာရှင်တွေကို တိုက်ပွဲဝင်ရေးနည်းမသုံးတော့ဘဲ မျက်နှာချို သွေး အောက်ကလိုက်ပေါင်းချင်နေတဲ့အတွက် NLD အပေါ် ပြည်သူတွေရဲ့အမြင်ကို အရှိတရားအတိုင်း ပြော ရရင် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းလောက်တောင် ပြည်သူတွေက တန်ဘိုးမထား စိတ်မဝင်စားကြ တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်မြတ်နိုးမှု ပြည်သူတွေရင်ထဲ အထိုက်အလျောက်ရှိနေသေးလို့ သာ ယိုင်နွဲ့နွဲ့ ရပ်တည်နိုင်နေတာဖြစ်ပါတယ်။ လူထုအပေါ် ဆွဲဆောင်နိုင်မှုမရှိဘဲ၊ လူထုရဲ့သိမ်ငယ်နေမှုကို ဖေး မအားပေးမလုပ်နိုင်ဘဲ NLD ကို တပ်ဦးနေရာမှာ ဆက်ထားရေး မထားရေး ဆုံးဖြတ်ကြသင့်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးပြောရင် မိတ်ဆွေရင်းချင်း၊ ရဲဘော်ရဲဘက်ချင်း စိတ်အခန့်မသင့်စရာ တွေ ဖြစ်လာနိုင်တာ သိပေမယ့် ဒီမိုကရေစီကို တန်ဖိုးထားပြီး ကိုယ့်အမြင်ကိုယ် ရဲရဲပြောရပါလိမ့်မယ်။ ဒေါ်စု ဟာ ကိုမင်းကိုနိုင် အပါအဝင် ဗကသကျောင်းသားတွေ၊ သုံးရောင်ခြယ်ကျောင်းသားတွေ၊ NLD လူငယ်တွေနဲ့ တသားတည်းရှိနေတဲ့ ၈၈/၈၉ ကာလတွေမှာသာ ရဲရင့်တက်ကြွခဲ့ပြီး နောက်ပိုင်းမှာ နိုဘယ်ဆုကြောင့်လား၊ ၉၀ ရွေးကောက်ပွဲကြောင့်လား၊ တိုက်ပွဲအရှိန်ကို လျှော့ချခဲ့တာတွေ့ရပါတယ်။
ခင်ညွန့်နဲ့အတူ စစ်တပ်လုပ်နေတဲ့ နိုင်ငံတော်တည်ဆောက်ရေးဆိုတာတွေ လျှောက်လိုက်ကြည့်တာမျိုး လုပ် တာတွေရှိခဲ့တဲ့အပြင် တပ်မတော်သားတွေကို ရှေ့တန်းလိုက်အားပေးတာမျိုးတောင် လုပ်ချင်တာပါလို့ ပြောခဲ့ တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒေါ်စုက ခင်ညွှန့်နဲ့ ရယ်ရယ်ပြုံးပြုံး သွားလာနေချိန်မှာ ကျနော်တို့ရဲဘော်တွေက စစ် ကြောရေးခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ခင်ညွန့်တပည့်တွေရဲ့ နှိပ်စက်မှုမျိုးစုံခံနေခဲ့ရပါတယ်။ တပ်မတော် သားတွေကို ရှေ့တန်းတောင် လိုက်အားပေးချင်ပါတယ်လို့ ပြောချိန်မှာ ရှေ့တန်းမှာ တိုက်နေတာက ကျနော် တို့အင်အားစုတွေနဲ့ ဖြစ်ပါတယ်။ ထားတော့ ...။
လူထုခေါင်းဆောင်လို့ ဖြစ်နေသူတယောက်မှာ အကြောင်းပြချက်တခုခုနဲ့ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်တွေ ရှိနေ လို့ လို့ နားလည်ပေးပြီး ခံစားချက်ကို မြိုသိပ်ပေးလို့ရတယ်ထားပါတော့။ ကိုယ့်ဆုံးဖြတ်ချက်က လွဲရင် တခြား သူဆုံးဖြတ်ချက်ကို တန်ဘိုးမထားတဲ့ ထင်ရာတဇွတ်ထိုးလုပ်တတ်တဲ့ ဉာဉ် ဒေါ်စုမှာ ရှိနေတာ NLD ထဲက လူ တွေလည်း အများစုအသိပါပဲ။ ပြည်သူတွေရဲ့ ဘဝပေါင်းများစွာအရေးကို ငါတကောလုပ် တတ်သူတွေလက် ထဲကို ဘယ်လိုစိတ်ချယုံကြည်မှုတွေနဲ့ အပ်နိုင်ပါတော့မလဲ။ ဒီပဲယင်းမှာ လုံခြုံရေးစိတ်မချရလို့ ဆက်မသွား သင့်ဘူးလို့ တားနေကြတဲ့ကြားက ဒေါ်စု ဆုံးဖြတ်ချက်တခုတည်းနဲ့ အချိန်မတော် ခရီးဆက်ကြလို့ စစ်ခွေး ကိုက်ခံခဲ့ကြတယ်။ တိုက်ပွဲထဲမှာ မဟုတ်ဘဲ အသတ်ခံခဲ့ကြရတယ်။
အဲဒီ မတရားအနိုင်ကျင့် စော်ကားသတ်ဖြတ်ခံရတဲ့ လူသတ်ပွဲကနေ ထိန်းသိမ်းခံရပြီး ပြန်လွတ်လာလာချင်း ဒေါ်စု လုပ်သင့်တာဘာလဲ။ ဒီပဲယင်းဖြစ်စဉ်ရဲ့မတရားမှုကို ကမ္ဘာသိ ပြန်ပြော၊ ကျဆုံးခဲ့ရသူတွေရဲ့ မိသားစု တွေကို အားပေးစကားပြော မလုပ်သင့်ဘူးလား။ အခု ဒေါ်စု ပြန်လွတ်တာ ငါးလရှိပြီ။ ဒီပဲယင်းကိစ္စ ဘာမှမ ဟတာ ဘာကြောင့်လဲ။ ဒီပဲယင်းကိစ္စကို ပြန်ဟတာနဲ့ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ရတော့မှာမို့ ပြန်ထိန်း သိမ်းခံရမှာ စိုးရိမ်ပြီး တိုက်ပွဲရှောင်တဲ့အနေနဲ့ ကျဆုံးခဲ့သူတွေကို မသိကျိုးကျွံပြုထားတာများလား၊ ဒါက ကျ နော့်ရင်ထဲ မကြေလည်တဲ့ ပုဂ္ဂလိကအမြင်တွေပါ။
အဓိကကျတာက အဲဒါတွေ မဟုတ်ပါဘူး၊ နိုင်ငံရေးကိုအခြေခံတဲ့ အမြင်ပါ။ ဒေါ်စုနဲ့ NLD ခေါင်းဆောင်တွေရဲ့ စစ်အုပ်စုအပေါ် မြင်တဲ့အမြင်ပါ။ ကျောင်းသားတွေ ပြည်သူတွေနဲ့ ရဟန်းသံဃာပါမချန် သတ်ဖြတ်ပြီး အာ ဏာဆုပ်ကိုင်ထားသူတွေအပေါ် ရန်ငါစည်းမပြတ်တဲ့ကိစ္စက အဆိုးဆုံးပါ။ စစ်အုပ်စုက ကျနော်တို့ရဲ့ရန်သူသာ ဖြစ်ပါတယ်။ အတိုက်အခံမဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ ရက်စက်မှု၊ ယုတ်မာမှု၊ အနိုင်ကျင့်မှုတွေက မျက်ဝါးထင် ထင်ပါ။ သူတို့ဘက်က အာဏာနဲ့ပတ်သက်ရင် အရမ်းပြတ်သားပါတယ်။ ကလေးသူငယ်၊ မိန်းမ၊ ကိုယ်ဝန် ဆောင်၊ ရောဂါသည် ဘာမှမချန်ပါဘူး။ ဆိုးဆိုးရွားရွားကိုနှိပ်ကွပ်ခဲ့တာပါ။ ရန်သူလို့ သတ်မှတ်ခြင်း မသတ်မှတ် ခြင်းအပေါ်ကနေ တိုက်ပွဲဝင်ဖို့ နည်းနာပုံစံတွေ ကွဲပြားသွားပါတယ်။
စစ်အုပ်စုက တွေ့ဆုံဆွေးနွေးလာလေမလားလို့ ဘာတိုက်ပွဲဖော်ဆောင်မှုမှမရှိဘဲ ရပ်စောင့်နေတာမျိုးကြောင့် နှစ်တွေလည်း တစစကြာခဲ့ပါပြီ။ ဒေါ်စုက သူ့ကိုယ်သူ သဘောထားနေတာက NLD ခေါင်းဆောင်အဆင့်မှာပဲ ဖြစ်နေပြီး လူထုခေါင်းဆောင်အနေနဲ့ လုပ်သင့်တာ မလုပ်တာ၊ ပြောသင့်တာ မပြောတာတွေက ပြဿနာပါ။ လူထုခေါင်းဆောင်က စစ်အုပ်စုအပေါ် ကိုယ့်သဘောထားကိုယ်ပြောတာထက် အများပြည်သူကိုယ်စားပြုပြီး အများက ဆုံးဖြတ်တဲ့အတိုင်း ပြောရမှာပါ။ ဒီမိုကရေစီရေးတိုက်ပွဲဝင်အင်အားစုတွေက သန်းရွှေက မွေးထုတ် တဲ့ သိန်းစိန်နဲ့ ယူနီဖောင်းချွတ်တစုကို အစိုးရလို့ အသိမှတ်မပြုပါဘူးဆိုရင် သူကလည်း မပြုဘူးပဲ ပြောပေးရ မှာပါ။ ခုတော့ ပြည်တွင်းပြည်ပတိုက်ပွဲဝင်အင်အားစုတွေနဲ့ ညှိနှိုင်းမှုမလုပ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်အ ဖွဲ့အစည်းဆုံးဖြတ်ချက်သက်သက်နဲ့ သိန်းစိန်အုပ်စုကို အရှိအတိုင်း လက်ခံကြောင်းပြောတာဟာ စစ်အုပ်စုကို ကန့်ကွက်နေတဲ့ နိုင်ငံတကာအစိုးရတွေကိုတောင် ဝေဝါးသွားစေနိုင်ပါတယ်။
အဲဒီတော့ ဖောက်ထွက်ရမယ်ဆိုတဲ့ ဦးဝင်းတင်စကားနဲ့ ပြောရရင် ဒေါ်စုမှ ဒေါ်စုလို့ သမားရိုးကျသွားနေလို့ မ ရတော့ပါဘူး။ လစ်ဗျားတို့ တူနီးရှားတို့လို လူထုအုံကြွမှုတွေဖြစ်လာဖို့က စေ့စပ်ဆွေးနွေးမယ်ဆိုတဲ့ လူရှိနေလို့ မရပါဘူး။ လူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြီး အသေခံတိုက်ပွဲဝင်နိုင်မှ လူထုဆုံးဖြတ်ချက်ကို လေး စားလိုက်နာမှ လူထုခေါင်းဆောင်ဖြစ်သင့်ပြီး လူထုကလည်း ယုံယုံကြည်ကြည် လိုက်ပါလာမှ ကျနော်တို့ နိုင် မှာပါ။
ပြည်ပခေါင်းဆောင်တွေလည်း ဒီလိုပါပဲ။ စင်ပြိုင်အစိုးရအဖွဲ့ဝင်တွေလို နာမည်အကြီးကြီးခံထားပြီး တနေ့တ ကြိမ်တောင် နိုင်ငံရေးစကားမပြောဖြစ်တဲ့သူတွေ၊ ကိုယ့်အဖွဲ့အစည်းရှိရာ တလနေလို့ တခေါက်ရောက်မလာ တဲ့ ခေါင်းဆောင်ဆိုသူတွေ အများကြီးပါပဲ။ တိုက်ပွဲဝင်ရေးနည်းနာသစ် စဉ်းစားဖို့ နေနေသာသာ တိုက်ပွဲနဲ့ ကင်းကွာပြီး စားဝတ်နေရေးအဓိကလုပ်နေသူ အများစုဆိုတာ သိကြမှာပါ။ အဲဒီလိုခေါင်းဆောင်တွေနဲ့ပဲ ဒီ တိုင်းဆက်သွားနေလို့ကတော့ ကျနော်တို့ခေတ်မဟုတ်ဘူး၊ ကျနော်တို့ မြေးမြစ်တွေခေတ် ရောက်တာတောင် စစ်ကျွန်ဘဝက လွတ်မှာမဟုတ်ပါဘူး။
ပြည်တွင်းမှာ ကိုမင်းကိုနိုင်တို့လို ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင်တွေ၊ ကိုဇာဂနာတို့လို ရဲဝံ့ပြတ်သားသူ တွေ၊ ကိုကျော်သူလို လူထုကို လက်တွေ့ကျကျ ဦးဆောင်အကူအညီပေးနေသူတွေထဲက ခေါင်းဆောင်ရွေးပြီး ပြည်ပမှာလည်း တကယ်နိုင်ငံရေးအလုပ်ကို ထဲထဲဝင်ဝင် ကိုယ်ကျိုးစွန့်လုပ်မယ့်သူတွေကိုပဲ ခေါင်းဆောင်ဖြစ် စေသင့်ပါတယ်။ အရေးကြီးတာက တိုက်ပွဲဝင်ရေးနည်းနာတွေနဲ့ ဘာကို ခံတပ်လုပ်ရပ်ခံမလဲ ညှိနှိုင်းအဖြေရှာ ကြဖို့ပါပဲ။
နည်းဟောင်းတွေကို လေ့လာကြည့်ရင် လက်နက်ကိုင်တော်လှန်ရေးသက်သက် နည်းနာကလည်း ကျော ထောက်နောက်ခံပြု ရပ်တည်နေရတဲ့ နိုင်ငံတွေက (ဥပမာ - ထိုင်း/တရုတ်) တီးတဲ့ တီးလုံးအတိုင်းပဲ လိုက်က နေကြရပါတယ်။ လက်နက်၊ ရိက္ခာ၊ ဆေးဝါးအထောက်အပံ့တွေ ချို့တဲ့လာတဲ့အချိန်မှာ ထိုးစစ်ဆင်နိုင်ဖို့ထက် နယ်မြေလက်မလွှတ်ရရေးဘဲ ရည်မှန်းချက်ထားပြီး ရေရှည်အတွက် ခံစစ်ပြင် ရပ်တည်နေခဲ့ကြရတာဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေးကနေ အောင်ပွဲခံနိုင်တဲ့အခြေအနေ ရောက်မလာခဲ့ပါဘူး။
အကြမ်းမဖက်ရေးနည်းနာကျတော့ ပိုလို့တောင် ဆိုးပါသေးတယ်။ ၂၀၀၇ စက်တင်ဘာလို မေတ္တာပို့ လမ်း လျှောက်တဲ့နည်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သံဃာတော်တွေကိုတောင် ရိုက်နှက်ပစ်ခတ်သတ်ဖြတ်ခံရပါတယ်။ စစ်တပ်က ထင်သလို ခြယ်လှယ်သွားတာပဲခံရပြီး ၈၈၈၈ လို တတိုင်းပြည်လုံး အုံကြွမှုကြီးတောင် အာဏာ သိမ်းခံရပါတယ်။ အဲဒီတော့ နည်းလမ်းသစ်က ဘာလဲ။ ရှင်းပါတယ်။ ဘယ်နည်းလမ်းမဆို တိုက်ပွဲဝင်မှုတိုင်း လုပ်သင့်တယ်၊ လုပ်ရမယ်ဆိုတဲ့ နည်းလမ်းစုံသုံးရေးနည်းပါပဲ။ လူထုအုံကြွဖို့၊ လူထုက ရရာလက်နက်နဲ့ ပြန်ခံ ချတတ်ဖို့၊ ရန်သူ့တပ်တွင်းပုန်ကန်မှုတွေ ဖြစ်လာဖို့၊ နိုင်ငံတကာက အကူအညီတွေရဖို့ ... စသဖြင့် ပုံသေမ ဟုတ်ဘဲ တိုက်ပွဲဝင်ကြဖို့ပါ။ ၈၈၈၈ ကာလကလို အသက်ကအစ ပဓာနမထားတဲ့ စိတ်ဓာတ်မျိုးနဲ့ တက်ညီ လက်ညီ တိုက်ပွဲဝင်ကြဖို့ပါ။
လက်တွေ့အခြေအနေရဲ့ အရှိတရားကိုလည်း ရဲရဲလက်ခံဖို့လိုပါတယ်။ ခုထိတော့ ကျနော်တို့ တဆုတ်ထဲ ဆုတ်နေရပါတယ်။ ၉၀ ရွေးကောက်ပွဲဆိုတဲ့ ခံတပ်ကြီး လဲပြိုသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လည်း ခံတပ်ပေါ်က ခုန်ချထွက်ပြေးသွားပါပြီ။ ဒေါသထွက် ပေါက်ကွဲနေဖို့မလိုသလို နာကျင်ကြေကွဲနေဖို့လည်း မလို ပါဘူး။ ဘယ်လိုအသစ်ပြန်တည်ဆောက်ကြမလဲဆိုတာပဲ အရေးကြီးတာဖြစ်တဲ့အတွက် စိတ်ဓာတ်ခိုင်ခိုင်မာ မာနဲ့ အားတင်းတောင့်ခံကြရပါမယ်။ ပြည်သူ့သဘောထားကို အဓမ္မကျင့် လုပ်ယူထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်း ပုံတိုက်ဖျက်ရေးနဲ့ တဘက်စောင်းနင်းလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ် အသိမှတ်မပြုရေး ခံတပ်သစ်ကို ဆောက်ကြပြီး တိုက်ပွဲဝင်ရဲမယ့် ခေါင်းဆောင်သစ်တွေနဲ့ လက်တွဲကြရအောင်ပါ။ ။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
တော်လှန်ရေးသစ္စာ ခိုင်မာမှုဖြင့်...
မောင်ချင့်ချိန်
37 comments:
ကိုလွဏ်းဆွေ ..အဲ..မောင်ချင့်ချိန်ကလဲ လုပ်ချလိုက်ပြန်
ပြီ .. အန်အယ်ဒီ နဲ့ ဒေါ် စုကို ဘယ်လောက်တောင် မြင်
ပြင်းကပ်နေသလဲ မသိနိုင်ဘူး .. ဒါနဲ့ .. မောင်ချင့်ချိန် နှယ်
ေ ဒါ် စု ပြောတဲ့ အခု အစိုး ရ ကို အရှိကို အရှိ အတိုင်း
လက်ခံ ပါတယ် ဆိုတဲ့ စကား ကို သေသေချာချာ ရော နား လည် ရဲ့ လား မသိ ... အင်္ဂ လိပ်လိုပြောတော့လဲ အဓိပါယ်
ကောက်လွဲ တယ် .. ဗမာလို ပြော ပြန်တော့ လဲ ဆိုလိုရင်း ကို နားမလည် ဘူး .. နောက် ဆို ဒေါ် စု နဲ့ အန်အယ် ဒီ လဲ မောင်ချင့် ချိန်တို့ လို လူတွေ နားလည် ဖို့ လေပဲ ချွန်ပြ ရမယ်နဲ့ တူ တယ်
အန်တီစုက အရမ်းကို မှန်ပါတယ်။ အန်တီက သိန်းစိန်မှာ ရှိတာ တခုခုကို တွေ့သွားလို့ အရှိကို အရှိတိုင်း လက်ခံလိုက်တာ ဖြစ်မှာပါ။ အန်တီ့ကို ထောက်ခံပါတယ်။ ဒီထက်ပိုပီး ဆက်လက် လက်ခံနိုင်ပါစေ။
ဒေါ်စုက ခေါင်းဆောင်ဆိုတော့ သိန်းစိန်ဖုံးထားတဲ့ အရာကို သူများမမြင်ခင် သူအရင် မြင်ပီး သိန်းစိန်မှာ ရှိတဲ့ပာာကို အရှိကိုအရှိအတိုင်း နိုင်ငံတကာသိအောင် ကြေငြာလိုက်တာနေမှာပါ။ ခေါင်းဆောင်ဆိုတော့လဲ သူများထက်ပို အမြင်သန်တာပေါ့။ အမြင်သန်သူ ဒေါ်စုအား လေးစားလျက်.....
အေးဗျာ...ကျနော်ဒီလိုဆောင်းပါးမျိုး ရေးရင်လည်းဒေါက်တာလွမ်းဆွေရေးတယ်ပြောမှာပဲ။ ဒေါ်စုကိုးကွယ်ရေးသမားတွေကတော့ ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်းမသိ ကြတော့ဘူး။ နှစ်နှစ်ဆယ်ကျော်လုံးလုံး ဘာတိုက်ပွဲလမ်းစဉ်မှ မချမှတ်နိုင်တဲ့ ပါတီနဲ့ခေါင်းဆောင်မှုကို ဝေဖန်တာနည်းလမ်းကျပါတယ်။ ဒေါ်စုနဲ့NLDပေးလို့ ပြည်သူတွေဘာရခဲ့သလဲ။ ဒါမျိုးနောင် နှစ်၁၀၀ကြာရင်တောင် မြန်မာပြည် ဒီမိုကရေစီရမှာမဟုတ်ဘူး။ သန်းရွှေကတော့ အမှီးနှမ့်နေ ဦးမှာပဲ
မင်းတို့ဒေါ်စုကိုဆက်လက်ထောက်ခံသေထက်အထိဒီမီုကေ၇စီးမ၇ဘူး
အေးဗျာ... ကျနော်ဒီလိုဆောင်းပါးမျိုး ရေးရင်လည်း ဒေါက်တာလွမ်းဆွေရေးတယ်ပြောမှာပဲ။ ဒေါ်စုကိုးကွယ်ရေးသမားတွေကတော့ ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်းမသိ ကြတော့ဘူး။ နှစ်နှစ်ဆယ်ကျော်လုံးလုံး ဘာတိုက်ပွဲလမ်းစဉ်မှ မချမှတ်နိုင်တဲ့ ပါတီနဲ့ခေါင်းဆောင်မှုကို ဝေဖန်တာနည်းလမ်းကျပါတယ်။ ဒေါ်စုနဲ့NLDပေးလို့ ပြည်သူတွေဘာရခဲ့သလဲ။ ဒါမျိုးနောင် နှစ်၁၀၀ကြာရင်တောင် မြန်မာပြည် ဒီမိုကရေစီရမှာမဟုတ်ဘူး။ သန်းရွှေကတော့ အမှီးနှမ့်နေ ဦးမှာပဲ
mu ပြောတယ်
ို့ဒေါ်စုကိုဆက်လက်ထောက်ခံသေထက်အထိဒီမီုကေ၇စီးမ၇ဘူးတဲ့ဟာဟာဟာ......
mu ဒင်ကိုထောက်ရင်ကော ဒီမိုကရေစီရမှာလာ ငနွား
စစ်တပ်ကိုထောက်ခံလို့ရမရ တော့မသိဘူး အိမ်ကနှစ်မကတော့ ရသွားရှားပြီး
ဗိုက်၆လတဲ့
တိုင်းပြည်က သေးသေး မုန်တိုင်းက ထန်ထန် ဖြစ်နေလို့ ဒီတိုင်းပြည်က မတိုးတတ်နိုင်တာကို သတိပြုသင့်တယ်။လက်နက်ကိုင်တိုက်လို့ အောင်မြင်ရင် ရန်ကုန်အစိုးရလို့ခေါ်ရလောက်တဲ့ ခေတ်ကတည်းက အောင်မြင်မှုရနေမှာပေါ့။ဒီ မအောင်မြင်တဲ့လမ်းစဉ်တွေကို ဘာကြောင့်များတွေးနေရသလဲ။
ဒေါ်စုကြည်လုပ်ရပ်တွေဟာ ညင်သာစွာနဲ့ အာဃတအမုန်းတရားတွေမပါပဲ မျက်နှာချင်းဆိုင်ပြီး အစိုးရနဲ့ဆွေးနွေးနိုင်အောင်လုပ်နေတာပါ။ဒီလောကမှာ အမြဲတမ်း၇န်သူဆိုတာ မရှိသလို အမြဲတမ်းမိတ်ဆွေလည်းမရှိပါဘူး။ဒါကြောင့် အမြဲတမ်းအစိုးရကို ရန်သူလို့သတ်မှတ်နေတာကိုက မှားယွင်းတဲ့အယူဆပဲ။ကိုယ်သတ်မှတ်ထားတဲ့ ရန်သူဟာ ကောင်းတဲ့လက္ခဏာတွေရှိလာတိုးတတ်လာနေရင် မိမိအနေနဲ့ကလည်း ရန်သူကနေ မိတ်ဆွေအဖြစ်သတ်မှတ်နိုင်ရမှာပါ။ဒါမှ လိုချင်တဲရည်မှန်းချက်ကိုရောက်နိုင်မှာပါ။အမြဲတမ်း ရန်သူလိုသဘောထားနေရင်တော့ ဘယ်တော့မှ ရည်မှန်းချက်ကိုမရောက်ပါဘူး။
ဒီချိန်မှာ အသက်ကြီးနေတဲ့ ဒေါ်စုကြည် ကို တိုက်ပွဲဝင်ခိုင်းနေတာတွေ့ရတော့ တော်တော်သေးသိမ်တဲ့လူတွေပဲလို့ တွေးမိတယ်။အစိုးရသစ်က ဒေါ်စုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုလုပ်တဲ့အခါ
ကျရင်တော့ ခင်ဗျားတို့တစ်တွေ ဘာတွေပြောကြအုံးမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
အကယ်လို့ ဒေါ်စုသာ အရင်လိုလမ်းစဉ်ဟောင်းတိုင်း ဘဲ့ကန်ုလုပ်နေရင် ဘယ်တော့မှ ဆွေးနွေးမှုဆိုတာ ပေါ်ပေါက်လာမှာမဟုတ်ဘူး။ကျုပ်အမြင်တော့ တစ်နေ့မှာ အစိုးရအနေနဲ့ အပြုသဘောဆောင်နေတဲ့ ဒေါ်စုကြည်နဲ့ တွေ့ဆုံဆွေးနွေးလိမ့်မယ်လို့ ယုံကြည်တယ်။
ခေါင်းဆောင်ဆိုတာ လူထုကို အချက်အလက် (message) ပေးချင်ရင် ရှင်းလင်းပြတ်သား၊နားလည်နှိုင်တာ ထိထိမိမိ ပေးရ၊ပြောရမယ် လို့သဘောပေါက်တယ်။ ခုလိုဘာပြောချင်မှန်းမသိတဲ့ အရှိအတိုင်းတို့၊ဓမ္မဓိဌာန်ကျကျ တို့ တွေနဲ့ ရှုပ်ထွေးအောင်မပြောကောင်းပါဘူး၊ အဲ့ဒီလို ပြောလိုက်တော့ နောက်ဆုံး စာလုံးမဲကြီးနဲ့ ရေးလာတာကတော့ "ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်ကို အသိအမှတ်ပြု" ဆိုတာဘဲ အားလုံးက သိလိုက်ရတော့တယ်။
Pls try to get yourself & try to understand u!
ကျွန်တော်ထင်ပါတယ်တကယ်လိုဒေါ်အောင်ဆန်းစုကြည်ဟာလူထုတိုက်ပွဲတွေ.ဆူပူအောင်လုပ်ရင်လည်းဒေါ်အောင်ဆန်းဆုကြည်ကိုနိင်ငံရေးကိုညင်သာစွာမပြောင်တက်သူအဖြစ်ဝေဖန်ပြစ်တင်ကြအုံးမယ်..
ရေးထားတာကတော့ ကောင်းပါတယ်။ လက်တွေ့ နဲ့  ပေါင်းစပ်မတတ်တဲ့ မဟာ ပညာရှိကြီးဆိုတော့လဲ ဆောင်းပါးလေးပဲ တတ်နိုင်ရှာမပေါ့။ နအဖကို အပေါ်စီးကနေ တက်ခွဖို့ မောင်ချင့်ချိန်ပဲ လမ်းညွန်ပေးပါတော့ မဟော်သဓာကြီးရေ၊ သိပ်မကြာခင် ပြောင်းလဲအောင် လုပ်ဆောင်တော့မယ် ဒေါ်စုရဲ့ ဗျူဟာကို နိုင်ငံေ၇းသုခမိန်လုပ်ပီး မမြင်နိုင်တာ သြချပါရဲ့ ။ ဒေါ်စုကို ကိုးကွယ်တဲ့ သူထက် သူ့ ရဲ့ အရည်အချင်းကို ယုံကြည်ပီး မကြာခင်ရောက်လာတော့မယ့် အောင်ပွဲအထိ ဆက်လက်တိုက်ပွဲဝင်နေတဲ့ သူတွေအပေါ် လေးစားမှုလေးပြပါအုံးလား။
အင်း .... ဒေါ်စုကိုတော့ အပြစ်ပြောလိုက်ရမှ၊ နာမည်ကြီးတဲ့သူတစ်ယောက်ကိုဝေဖန် လိုက်မှ ဝေဖန်တဲ့သူက နာမည်ကြီး လာမှာမို. ဝေဖန်တာတော့ မဟုတ်လောက်ပါ ဖူးနော် ၊
ဘာပဲဖြစ်ဖြစ်ဒေါ်စုရှိနေတာက လုံးလုံး မရှိတာထက်စာရင်မကောင်းဖူးလား၊
ဒ်ါစုနဲ.အဖွဲ.သာမရှိရင်မြန်မာနိုင်ငံ ကမြောက်ကိုရီး ယားနိုင်ငံလိုဖြစ် သွားနိုင်ပါတယ်၊ ပြည်သူတွေက စားစရာမရှိငတ်နေမယ် ၊ လွတ်လပ်ရေးနေ. လို နေ.မျိုးမှာ အစိုးရကို အတင်းထောက်ခံ မူတွေပြ ၊ နိုင်ငံပိုင် အသံလွင့်ဌာနက သတင်းကြေငြာတဲ့ အမျိုးသမီးဆို မိသားစုကစားဝတ်နေရေး အဆင်ပြေ ချင်မှပြေမယ် ၊ သူကတော့ မျက်နှာထား တင်းတင်းနဲ. နိုင်ငံရဲ့ ရန်သူတွေကို တုန်.ပြန်နေမယ် ၊
တကယ်တော့ မြန်မာနိင်ငံရဲ့ ဒီိမိုကရေစီအရေးကို အီဂျစ် ၊ တူနီးရှား ၊ လစ်ဗျားတို. နဲ. သွားယှဉ်လို.မရပါဖူး ၊ အမေရိကန် ၊ နေတိုးတို.ပါဝင်မူကလည်း အမေရိကန်ရဲ့ အကျိုးစီးပွားတွေ ပါဝင်နေပါတယ် ၊ ကျွန်တော်တို.မြန်မာနိုင်ငံ မှာတော့ အိမ်နီးချင်း တရုတ်ကြီးကလည်း ရှိနေတယ်လေ ၊ တရုတ်ကြီးက ဂတ်စ်တွေဝယ်နေ၊ ရုရှားကလည်း စစ်လေယာဉ်တွေရောင်းရလို. ဗီတိုအာဏာနဲ. မြန်မာနိုင်ငံက ကုလသမဂ္ဂမှာ အကျပ်အတည်း ရင်ဆိုင်ရတိုင်း မြန်မာနိုင်ငံကို အစွမ်းကုန်ကာကွယ်နေကြတယ် မဟုတ်ပါလား ၊
နောက်ပြီး ဒေါ်စုရင်ဆိုင်နေရတဲ့ ယခင် နအဖ (စစ်တပ်ကိုခါးပိုက်ဆောင်ထဲ့ထားတဲ့အဖွဲ. ) ၊ ယခုအသွင်ပြောင်းလိုက်တဲ့ အရပ်သားအစိုးရ ဆိုတာလည်း သူတို.အာဏာ နဲ.ထိပါးလာ ရင်နှိပ်ကွပ်တတ် တဲ့အစိုးရ ၊ အလွန်ညစ်ပတ် တဲ့အဖွဲ. ၊ ယုတ်မာပြီး လူမဆန်တဲ့အဖွဲ.ကြီးပါ၊ အဲ့ဒီလိုအဖွဲ.ကြီးနဲ. ရင်ဆိုင်နေရာတာ သိပ်တော့ မလွယ်လှပါဖူး ၊
ဒီမှာကြုံတုန်းပြောချင်တာ လက်ရှိအစိုးရကို တစ်ဖက်သတ်ထောက်ခံတဲ့အဖွဲ.ရှိသလို ဒေါ်စုကိုထောက်ခံတဲ့ အဖွဲ. (အတိုက်ခံ) တို.ဖြစ်ပါတယ် ၊ အတိုက်ခံအဖွဲ.မှာ လည်း ဒေါ်စုကိုနည်းနည်း ဝေဖန်လိုက်တာနဲ. စပ်စပ်နာ အထိမခံတဲ့ အဖွဲ.ဆိုတာလည်း ရှိပါတယ် ၊ ဒီကြားထဲမှာ တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်သူ အဖွဲ.ဆို တာလည်းရှိသေးတယ်၊ အဲ့ဒီအဖွဲ.ထဲမှာဆိုလည်း လူမျိုးရေးအခြေခံတဲ့ ကရင်လက်နက်ကိုင်အဖွဲ.လည်းရှိသလို ဘိန်းကုန်ကူး ကျောက်မျက်တွေပြည်ပ ကိုရာင်းပြီးရပ်တည်နေတဲ့ ရှမ်းအစရှိတဲ့ သောင်းကျန်သူတွေလည်း ရှိနေသေးတယ်၊ ဒီကြားထဲ မှာ ထောက်လှမ်းရေးက ပြေးသွားတဲ့ ဗိုလ်မူး၊ အင်ဂျင်နီယာဗိုလ်မူးတွလည်း ရှိသေးတယ်၊ နိုင်ငံရေးဗန်းပြပြီး လုပ်စားနေတဲ့ မိုးသီးဇွန် တို.လို လုပ်စားတွေလည်းရှိနေသေးတယ်၊ အဲ့ဒီလိုအကွဲကွဲ အပြားပြားဖြစ်နေတဲ့ အဖွဲ.တွေ ကို ပြန်လည်စုစည်းဖို.ဆိုတာ သိပ်တော့မလွယ်လှဖူး ၊ ဘာပဲဖြစ်ဖြစ် အတိုက်ခံများက စစ်တပ်လို စုစုစည်းစည်း
ဖြစ်မနေတာတော့အမှန်ပါပဲ ၊ ကျွန်တော့်အထင်တော့ စစ်တပ် မပါနဲ.တော့ တော်လှန်ရေးကြီး ကအောင်မြင်လိမ့်မယ်လို.တော့ မထင်မိပါဖူး၊
နောက်ပြီး ဆောင်းပါးရှင်ရေးသလို အသေခံပြီး တိုက်ဖို.ကလည်း သိပ်တော့ မလွယ်လှပါဖူး ၊ ထိုင်းက ဆန္ဒပြသူတွေဆိုရင် အမျိုးသမီးတွေကအစ စစ်တပ် ကိုပြန်ရိုက်၊ ပြန်ခုခံနိုင်တဲ့သတ္တိက ကျွန်တော် တို. မြန်မာတွေမှာ မရှိပါ၊ အရပ်သား အစိုးရက သမ္မတလုပ်တဲ့သူ ဆိုတာကလည်း အရင်က နအဖအဖွဲ.ရဲ့ ၀န်ကြီးချုပ် ၊ အတွင်းရေးမူး(၁) နေနဲ. လုပ်ခဲ့တဲ့ နှစ်ပေါင်း များစွာမှာ ပြည်သူလူထုရဲ့ အကျိုးကိုမကြည့်ခဲ့ပဲ ဘာမှမလုပ်ခဲ့ ပဲ ခုသမ္မတဖြစ်မှ အားသွန်ခွန်စိုက် စီးပွားရေး ဖွံ.ဖြိုးတိုးတက်အောင်လုပ်ဖို.ဆိုတာလည်း သိပ်တော့မလွယ်လှပါဖူး ၊
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီက သူငယ်တန်း အဆင့်မှာပဲရှိသေးတဲ့ ၊ အိမ်နီးချင်းနိုင်ငံတွေ ရဲ့ ဒီမိုကရေစီတောင်မှာ အိုးနင်း ခွက်နင်း ဖြစ်နေတာကိုတွေ.ရပါတယ် ၊ ဘာပဲဖြစ်ဖြစ်လက်ရှိအရပ်သားအစိုးရက နိုင်ငံရေးအကျဉ်းသားတွေလွှတ်၊ စေ.စပ်ဆွးနွေးရေးတွေကို စတင်လုပ်ဆောင် သင့်နေပါပြီ၊ ရေ ၊ မီး မှန်မှန်လာအောင်၊ အခြေခံ စားသောက် ကုန်တွေကို ပြည်သူလူထုက သက်တောင့်သက်သာနဲ.၀ယ်ယူ နိုင်အောင် ဆောင်ရွက်သင့်နေ ပါပြီ ၊ ခုခေတ်ကြီးမှာ အာဏာရှင်စနစ်နဲ. အုပ်ချုပ် လို.မရဖူးဆိုတာ သဘောပေါက်သင့်ပါပြီ ၊ နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်မရှိလို.မရပါဖူး ၊ စစ်တပ်ဆိုတဲ့ အဖွဲ.အစည်းကလည်း ပြည်သူ. ချဉ်ဖတ်မဖြစ်လေအောင် မူလစစ်တပ်ရဲ့ တာဝန်တွေကို ပြန်လည်ထမ်းဆာင်ပြီး သမာသမတ်ကျဖို.လိုအပ်နေပါပြီ ၊
နောက်ဆုံးတော့ မြန်မာပြည်ကို အစိုးရ၊ တိုင်းရင်းသာင်းကျန်းသူအဖွဲ.နဲ. အတိုက်ခံ အဖွဲ.တို. အချက်ညီညီဖျက်စီးကြနေတယ် လို.ပဲမြင်မိပါတယ် ၊
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေက စစ်တပ်မပါပဲ ဒီမိုကရေစီ ပန်းတိုင် မရောက်နိုင်သလို ဒေါ်စု နှင့် အတိုက်ခံတွေမပါတဲ့ ဒီမိုကရေစီဆိုတာ လည်း ဒီမိုကရေစီအစစ် မဖြစ်နိုင်ပါဖူး ၊ အဖက်ဖက်က ယိုယွင်းနေတဲ့ တိုင်းပြည် အရေးကို အလေးပေး စာနာပြီ ပူးပေါင်းဆောင်ရွက်သင့်ပါပြီ
အားလုံးကျန်းမာရွှင်လန်းကြပါစေ ....
စာရေးသူရဲ့ ခံစားချက်တွေက လက်ရှိဖြစ်တည်နေတာတွေနဲ့ လုံးဝကွာနေတယ်။ သူဟာ ပြည်ပမှာနေပြီး သွေးထိုးပေးနိုင်လောက်တဲ့ အဆင့်ပဲရှိပါတယ်။ အဲလိုပြောပြန်ရင်လဲ နာဦးမယ်။ ဒါပေမယ့်ပြောရမှာအသေအချာပါပဲ။ ဘာလို့လဲဆိုတော့ ပြည်တွင်းက သူတွေဟာ သွားတာလာတာနေတာထိုင်တာ တောက်လျှောက် နောက်ယောင်ခံလိုက်အကြည့်ခံနေရတဲ့သူတွေပါ။ ပြည်ပမှာ နေတဲ့သူတွေလဲ လုပ်ပေးပါတယ်။ ဒါပေမယ့် ပြည်တွင်းကသူတွေလောက်တော့ အထောက်အကူမဖြစ်တာတော့ အမှန်ပါပဲ။ အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုပေမယ့် လုပ်ဆောင်နေတဲ့သူတွေကိုတော့ ဒီလိုပြောပုံကတော့ တော်တော်အောက်တန်းကျတဲ့ စိတ်ဓာတ်ပါပဲ။ စာရေးသူနဲ့ ဘလော့ဂါပိုင်ရှင်က ဒေါ်စုကို ရှေ့ထွက်အသေခံခိုင်းပြီး လူထုအုံကြွမှုကို ဖြစ်စေချင်နေတာပါပဲ။ ဒါဟာ စိတ်ကူးယဉ်သတ်သတ်ပါပဲ။ ဗျူဟာမရှိ လက်နက်မရှိဘဲနဲ့ မည်သို့ရင်ဆိုင်မည်နည်း။ ၂၀၀၇ အေ၇းအခင်းက သက်သေပြသွားပါပြီ။ နောက်တစ်ခုက အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ အဖွားကြီးတစ်ယောက်ကို အခုလို ရှေ့ကနေရပ်တည်ခိုင်းတာကတော့ တော်တော်စိတ်ပျက်စရာပါပဲ။ ပြောချင်တာက အကြမ်းမဖက်တော်လှန်ရေးနဲ့ ဆွေးနွေးခွင့်တောင်းတာက အချိန်ပေးရမှာပဲ။ ယုံကြည်မှုတည်ဆောက်ရမယ်။ တစ်ဖက်အစိုးရဟာ တွက်ကြည့်ရင် ရန်သူဆိုပေမယ့် တိုင်းပြည်အတွက်ကြည့်ရင် ရန်သူမဟုတ်ပါဘူး။ အတတ်နိုင်ဆုံး သွေးထွက်မှုအနည်းဆုံးနဲ့ တိုင်းပြည်ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လမ်းခင်းထားတာပါ။ ဖောက်ထွက်ဖို့ ဆိုရင် မည်သူကများ လာပြီးဝန်းရံမှာလဲ။ လက်ရှိဖြစ်တည်မှုတွေကို အရှိကိုအရှိအတိုင်းလက်ခံပါတယ်ဆိုတဲ့ ပြောစကားက အရှင်းကြီးပါ။ တိုင်းပြည်ပြဿနာတွေကို အရင်အစိုးရမဟုတ်တော့တဲ့အတွက် လက်ရှိအစိုးရဆိုတဲ့သူတွေနဲ့ပဲ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါကိုအရှိအတိုင်းအသိအမှတ်ပြုပါတယ်ဆိုတဲ့ စကားက သင့်လျော်ပါတယ်။ ဖြစ်လဲဖြစ်သင့်ပါတယ်။ ရန်သူတစ်ယောက်လို ရှေ့တန်းစစ်မြေပြင်တစ်ခုမှာလို တိုက်ခိုက်နေရစရာအကြောင်းမရှိပါ။ တိုင်းပြည်ကို ချစ်လို့ ဒီလောက်ထိသည်းခံလုပ်ဆောင်နေတယ်လို့ မြင်မိတယ်။ အရင်တုန်းက လမ်းစဉ်အတိုင်း ထိပ်တိုက်ရင်ဆိုင်နေမယ်ဆိုရင် ပိုပြီးဆိုးသွားရုံပဲဖြစ်တယ်။ အချင်းချင်း ခွင့်လွှတ်သင့်တာခွင့်လွှတ်ပြီး အခြေအနေ အချိန်အခါကို အသုံးချနိုင်ဖို့သာ အဓိကပါ။ ထိပ်တိုက်ရင်ဆိုင်ပြီး လူတွေလမ်းပေါ်ထွက်အောင် လုပ်မယ်ပြောဆိုနေမယ်ဆိုရင် လပိုင်းအတွင်း ဒေါ်စု အကျယ်ချုပ်ပြန်ဖြစ်သွားမယ်။
အဲတော့ပြောချင်တာက စကားတစ်ခုကို နားလည်တတ်အောင် ကြိုးစားပါ။ မယုံကြည်တော့ရင် စွန်လွှတ်လိုက်ပါ။ မြန်မာပြည်ဒီမိုကရေစီ တိုက်ပွဲအတွက် ရဲရဲကြီးရှေ့ထွက်ပြီး စာရေးသူအပါအ၀င် လုပ်ဆောင်ပါ။ ငါဘယ်သူလဲ သူဘယ်သူလဲဆိုတာတောင်မပြနိုင်ဘဲ ပြောဆိုနေတာတွေက ရှက်ဖို့ကောင်းပါတယ်။
နောက်ဆုံးတစ်ခုပဲပြောချင်တာက ညီညွတ်မှု ယုံကြည်မှု နဲ့ နားလည်မှု လေးစားမှု မရှိဘဲနဲ့ မည်သို့မျှမအောင်မြင်နိုင်ပါ။ အဓိကဖြစ်တဲ့ စည်းလုံးညီညွတ်မှု မရှိတော့တဲ့အတွက်ကြောင့် မြန်မာ့ဒီမိုကရေစီအရေးဟာ ဘယ်တော့မှ မအောင်မြင်တော့ဘူးလို့ ရဲရဲကြီး ပြောချင်ပါတယ်။
ကို ABC ရေ ကျေးဇူး ... ကျနော်ပြောချင်တာတွေ အကုန်ပါလို့ပါ။ အားလုံးနားလည်တတ်ကြပါစေ။
ဒေါ်စု ကယ်ထားလို့ တိုင်းပြည်ကြီး ဒီလောက်ကောင်းစားနေတာ ကိုး....ဘာမှ မတတ်နိုင်တဲ့သူကို ဘာမှ မလုပ်တတ်တဲ့သူတွေက အားကိုးတာမဆန်းပါဘူး....ကိုယ်နဲ့ထိုက်တန်တာ ကိုယ်ရထားကြတာပဲ..ဒီလောက်နဲ့ပဲကျေနပ်
လိုက်ကြပါ ကိုယ့်လူတို့ရယ်..အွန်လိုင်းက နေ ဒီလောက်လဲ လေကျယ်မနေကြပါနဲ့.....ကြားရတာ မသက်သာလွန်းလို့ပါ..
မောင်ချင့်ချိန်ပဲဖြစ်ဖြစ်။အက်ဆစ်ပဲဖြစ်ဖြစ်။
ဒါမျိုးဆောင်းပါးတွေ ခေတ်မစားတော့ဘူး
ထင်တာပဲ။ ခေါင်းစဉ်နဲ့  နိဒါန်းလေး နည်းနည်း
ဖတ်လိုက်တာနဲ့  ဘာတွေပြောတော့မယ်
ဆိုတာသိပြီ။ အပြစ်တွေတင်တော့မယ်ဆိုတာ။
ရှိတဲ့လက်ညိုး တချောင်းညောင်းအောင်
အရပ် ရှစ်မျက်နှာထိုးတော့မယ်ဆိုတာ။
မြန်မာ့ရုပ်ရှင်တွေလို မဲပြာပုဆိုး
ဖြစ်နေပြီ။
နည်းနည်းလူစိတ်ဝင်စားအောင် ထွင်ပါဦးလား။
နည်းလမ်းသစ်လေး ဘာလေးရှာပါဦးလား။ ဒါမှမဟုတ်လည်း ရေးမနေပါနဲ့ ကွာ။
လက်ညောင်း ပါတယ်။ မှင်အိုးကြီးတခုလုံးသာမှောက်ချလိုက်။
မောင်ချင့်ချိန်အရဲ.ယူအဆအချို.ကိုလက်မခံနိုင်ပေမဲ. အန်တီစုအစိုးရသစ်ကိုအသိအမှတ်ပြုတာစောလွန်းနေသလားလို. ...အမှန်တစ်ကယ်သူဒီအဓိပ္ပါယ်နဲ.ပြောခဲ.တယ်ဆိုရင်ပေါ.လေ၊(တစ်ကယ်တမ်းအန်တီစုပြောတာက အရှိကိုအရှိတိုင်းလက်ခံပါတယ် လို. ပြောခဲ.တာပါ )
မီဒီယာဆိုတာကလည်းခက်သားဗျ :D
အခုဆောင်းပါးမှာ ပြည်ပက ချစား လောက်ကိုက် ယိုယွင်းပျက်ဆီးနေတဲ့
ခေါင်းဆောင်ကြီးတွေ အကြောင်းတော့ပါးပါးပဲရေးထားပြီး အန္တရာယ်အမျိုးမျိုးကြားမှာ ဖြောင့်မှန်စွာ ရဲရဲရင့်ရင့် လုပ်ကိုင်ဆောင်ရွက် နေတဲ့ ဒေါ်စုကို ဖိရေးထားတာတွေ့ရတယ်။
ပြည်ပက ယိုယွင်း ပျက်စီးနေတဲ့ ခေါင်းဆောင်ကြီးတွေနဲ့
အုပ်စုဖွဲ့ လှော်ကြ ကြော်ကြ လုပ်နေတဲ့ ပြည်ပမီဒီယာကြီးတွေကိုလည်း ထောက်ပြဝေဖန်ပါအုန်း။
ဒီဆောင်းပါးကို စစ်အာဏာရှင်တွေထက် ပြည်ပ လုပ်စားခေါင်းဆောင်တွေနဲ့ အန်ဂျီအိုတွေကတော့ သူတို့လုပ်ကွက်လေးတွေအတွက် အားဖြည့်ပေးလို့ ကျေးဇူးတင်နေမှာပဲ။
မောင်ချင့်ချိန်က ထိုင်းမှာ နေတာကြာတော့ ဆီစွတ်ပေးတဲ့ အကျင့်လေးပါနေပြီထင်တယ်။
့ပြည်ပ ဆရာကြီးများ ကိုယ့်အပေါက်ကို လုံအောင်ပိတ်နိုင်ပါစေ။
ပြောချင်လွန်းလို့တော့မဟုတ်ပါဖူးဗျာ၊ဒေါ်စုထိလို့
နာတယ်ဆိုလဲပြောပေါ့ဗျာ၊ကျုပ်တို့ဘဝမှာဆိုင်းဘုတ်
အတပ်ခံနေခဲ့ရတာစုံနေပြီဆိုတော့ထုသားလဲကျနေပါပြီ။
ပုဂ္ဂိုလ်ရေးတွေကတော့မပြောချင်ပါဖူး၊လူတချို့ကသံ
ယောင်လိုက်ကြတာတော်တယ်ဗျ၊အမျိုးသားပြန်လည်
ရင်ကြားစေ့ရေးတို့၊အမျိုးသားပြန်လည်သင့်မြတ်ရေး
တို့၊သူတပါးရဲ့ဘဝတလျှောက်လုံးလေ့လာ၊သုတေသန
ပြုပြီးရေးသား၊ထုတ်ပြန်တဲ့အချက်အလက်တွေကို
အလကားရရင်ရသလိုယူပြီးဆီသည်မလက်သုတ်လို
သုံးကြ၊သုံးဝရင်အမှိုက်ထဲပြစ်လိုက်ကြလုပ်နေကြပေ့
မယ့်တကယ်အနှစ်သာရတွေကိုသိပုံမပေါ်ကြပါဖူး၊ဂရု
မစိုက်တာလဲပါမှာပေါ့ဗျာ။
ပြန်လည်ရင်ကြားစေ့ရေးဆိုတာဘာလို့ပြောလဲဆိုတော့
ခလေးတွေးတွေးမယ်ဆိုရင်၊ကွဲနေလို့ပေါ့ဗျာဘယ်မှာကွဲ
နေတာလဲဆိုတော့ခုနကမောင်စူးစမ်းရဲ့တပည့်ပြောတဲ့
လူထုဆိုတဲ့အထဲမှာပေါ့ဗျာ၊သို့အတွက်ပြန်လည်သင့်
မြတ်ရေးကိုအကောင်အထည်ဖေါ်မယ်ဆိုရင်အမျိုးသားအားလုံးကိုဆက်ဆံရမယ်ဆိုတာဒါအဓိကကျတဲ့အချက်
ပဲဗျ၊လွယ်တယ်တော့မထင်နဲ့၊ဟဲဟဲ၊ဒါကိုမှမဟုတ်ပဲ
ဟိုလူကိုတော့ဖယ်ထားမယ်၊ဒီလူကိုလဲခေါက်ထားလိုက်
သူပြောနေတဲ့လူ့အခွင့်အရေးပြည်ဝတဲ့ပြည်ထောင်
စုဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ဖူး။
နောက်တခုကလူထုတွေဆိုပြီးဘာမှမသိတဲ့တဲ့
လူတချို့ကိုတံဆာခံဆွဲပြီးသုံးနှုံးတာမျိုးမသင့်တော်
ပါဖူး၊လူထုဘယ်နှစ်ထုရှိလဲတော့မသိဖူးပေါ့ဗျာ၊ဒါပေ
မယ့်ကျုပ်တို့လူထုကတော့အရင်းအမြစ်မခိုင်လုံပဲ
ထမီခြုံထဲကလက်သီးပုန်းဆုပ်ပြတာကိုတော့မထောက်
ခံနိုင်ပါဖူး၊ဦးဝင်းတင်ပြောတာဖတ်ရမှာပါ၊လူထုအုံကြွ
မှုဆိုတာNLDအုံကြွမှုမဟုတ်ဖူး၊ဦးဝင်းတင်အုံကြွမှု
လူထုကဖိနှိပ်မှုတွေကိုမခံနိုင်လို့အုံကြွပေါက်ကွဲတာ
ပဲ၊အဲဒီအုံကြွမှုတွေကနေအတိုက်အခံခေါင်းဆောင်တွေ
ကိုမွေးထုပ်ပေးခဲ့တာပဲ၊ဆင်ပေမယ့်ဗြောင်းပြန်ပဲ၊
အတိုက်အခံတွေကအုံကြွမှုတွေကိုဖန်တီးတယ်ဆိုတာ
လူ့ဂုဏ်သိက္ခာမြင့်မားပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေ
မှာသာဖြစ်နိုင်တာပါ၊အခြေအနေတွေတိုက်ဆိုင်ကြုံ
ကြိုက်လို့ဖြစ်ခဲ့ရင်တောင်အပြောင်းအလည်းတခု
ဖြစ်ဖို့အတွက်လိုရာပန်းတိုင်ရောက်အောင်မကွဲမပြဲ
ပဲ၊စုစုစည်စည်းနဲ့သွားကြမှအောင်မြင်မှာဖြစ်ပါတယ်။
မြန်မာပြည်မှာလဲစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
ကျောင်းသားများတိုက်ပွဲဝင်နေသည်မှာကြာခဲ့ပါပြီ၊
သို့သော်လည်း၈၈ရောက်မှသမနှင့်ငွေသိမ်းရော
သမမွှေလိုက်ပါမှလူထုအုံကြွပြီးအရေးတော်ပုံကြီး
ပေါ်ပေါက်ခဲ့သော်လည်း၊ပန်းတိုင်မရောက်ခင်၊လူထု
အကွဲအပြဲတွေကြောင့်ကြန့်ကြာသွားခဲ့ခြင်းပင်ဖြစ်တော့
သည်ဟုပြောလျှင်နောက်ထပ်ဆိုင်းဘုတ်တခုရနိုင်သော်
လည်း၊ချစ်မိမှမထူးတော့ပါဖူးဟုပင်ဆိုရတော့မည်။
ခေါင်းဆောင်ဆိုသည်မှာလူထုကိုပဲ့ကိုင်ပေးရုံသာတတ်နို
ပြီးလှေထိုးရမည်ကလူထု၏တာဝန်ဖြစ်ပေသည်ညီညီ၊
်
ညွတ်၊တက်ညီလက်ညီလှော်နိုင်ပါမှပန်းတိုင်ကိုအမြန်
ရောက်နိုင်ပေမည်။
ပြသနာကလူထုအချို့ကအကွဲအပြဲတွေကိုစိတ်ကုန်
နေကြပြီးခတ်ဝေးဝေးနေလိုကြခြင်းပင်ဖြစ်လေရာ၊
ခေါင်းဆောင်များမှာအင်အားရှိသလောက်နှင့်ပင်တိုက်ပွဲ
ဝင်နေရခြင်းဖြစ်ပေရာ၊ထိရောက်သင့်သလောက်မ
ရောက်ပဲဖြစ်ပြီး၊အထိခိုက်အကျဆုံးများနေရခြင်းပင်
ဖြစ်ပေသည်၊သို့သော်ထို့သို့သောတိုက်ပွဲများရှိနေခြင်း
ကြောင့်ပင်သည်ဘလော့ကဲသို့သော
ပြည်ပရောက်တော်လှန်ရေးအဖွဲ့များအလုပ်ရှိနေခြင်းပင်
ဖြစ်သည်မှာREALITY ပင်ဖြစ်တော့သည်(NO OFFENSE)သူတို့သာမရှိတော့ရင်အလုပ်လက်မဲ့တွေ
တော်တော်တိုးလာမှာတော့သေချာပါတယ်။
နောက်ဆုံးမေတ္တာဖြင့်တိုက်တွန်းလိုပါကဝေဖန်ရေး
ကိုလက္ခံပါတယ်ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေဟာ
ပြန်လည်ရင်ကြားစေ့ရေးဆိုတာကိုအစွန်းတဖက်ကို
ရောက်အောင်အတင်းတွန်းပို့နေခြင်းဖြစ်ကြောင်းကို
မည်ကဲ့သို့သောလုပ်ရပ်မျိုးဆိုသည်ကိုပြည်သူတွေ
တနေ့တခြားတိုးပြီးသိလာမည်သာဖြစ်ပေသဖြင့်၊
တိုင်းပြည်ကိုချစ်မြတ်နိုးပြီးတိုးတက်ဖွံ့ဖြိုးသည်ကို
အလိုရှိသည်ဆိုပါက၊တိုင်းပြည်အရေးကိုသာဦးတည်
ပြီးဝေဖန်၊ဆွေးနွေး၊ထောက်ပြ၊ဖေးမခြင်းတို့ဖြင့်သာ
ပြန်လည်သင့်မြတ်ပြီးသာယာဝပြောသောပြည်ထောင်
စုကြီးကိုအောင်မြင်အောင်ဝိုင်းဝန်းတည်ဆောက်နိုင်
မည်ဖြစ်ကြောင်း၊နိုင်ငံရေးပြသနာကိုနိုင်ငံရေးစားပွဲဝိုင်
မှသာငြမ်းချမ်းစွာအဖြေရှာနိုင်ဖို့အတွက်လူထုလူတန်း
ခွဲခြားဆက်ဆံမှုတွေကိုခဝါချပြီးအားလုံးကိုဆက်ဆံ
ပြောဆိုနိုင်အောင်အားလုံးကကြိုးစားကြရမည်ဖြစ်
ကြောင်းမောင်စူးစမ်းတို့ဆရာတပည့်အားမေတ္တာရှေ့
ထားပြန်ကြားလိုက်ရပါသည်။
ချာလီ
အ၇င်တုန်းကလည်းပြောဘူးတယ်၊လွဏ်းဆွေဆိုတာ
နအဖလွတ်ထားတဲ.ဒလန်ပါလို.၊အခုထက်ထိလည်း
ယုံကြည်သေးတယ်။မေးလ်ထဲကိုေ၇ာက်လာတာပါလို.
လုပ်တာလည်းအကြိမ်ကြိမ်။စီဘောက်မှာလည်းNCGUB
ကိုဆဲတာလည်းသူဘဲ။မဲဆောက်က၇ှိ၇ှိသမျှအတိုက်အခံ
ကိုဆဲတာလည်းသူဘဲ။အခုသူ.ဘလော.ထဲမှာတိုက်ခိုက်
တဲ.ဆောင်းပါးတွေလည်းအချိန်တခုခုနဲ.တိုက်ဆိုင်ပြီး
တင်ပေးနေတာဘဲ။
မူဆလင်မကောင်းကြောင်းသူ.စီဘောက်မှာေ၇းကြည်.ပါ
လားချက်ချင်းဘင်မှာဘဲ။ဒေါ်စုအကြောင်းညစ်ညစ်ပတ်
ပတ်ေ၇းကြည်.ဘယ်တော.မှဘင်မှာမဟုတ်ဘူး။
ခုရေးတာမှားရင်ပြော......
(၁)၈၈၈၈အရေးတော်ပုံကြီးက ဒေါ်စုမပါပဲ
ကျောင်းသားတွေရဲ့စွန့်လွှတ်မှုကနေ
ပေါ်ပေါက်လာခဲ့တာပါ ။
(၂)၈၈၈၈အရေးတော်ပုံကြီးက ဒေါ်စုအပါအဝင်
မပြတ်သားတဲ့ခေါင်းဆောင်ကြီးတွေကြောင့်
ကြားဖြတ်အစိုးရတရပ်မဖွဲ့နိုင်ပဲ အာဏာသိမ်း
ခံခဲ့ရတာပါ ။
(၃)၈၈၈၈အရေးတော်ပုံကြီးရဲ့အရှိန်အဟုန်
ဟာ စစ်အာဏာရှင်တွေလုပ်ပေးမယ်ဆိုတဲ့
၁၉၉၀ရွေးကောက်ပွဲမှာပါဝင်ဘို့ ဒေါ်စုနဲ့
၉၀ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့သူ
တွေရဲ့ဆုံးဖြတ်ချက်ကြောင့် လျော့ကျခဲ့ရတာ
ပါ။
(၄)၈၈၈၈လိုလူထုအရေးတော်ပုံကြီးပေါ်
ပေါက်ခဲ့ပါလျက် ၂၃နှစ်တာကာလမှာ ပြည်သူ
တွေနိုင်ငံရေးကိုစိတ်ကုန်သလိုဖြစ်သွားကြ
တာဟာ သူတို့အရမ်းမျှော်လင့်ထောက်ခံခဲ့တဲ့
ဒေါ်စုနဲ့NLDပါတီရဲ့ ထိထိရောက်ရောက်
ဦးဆောင်တိုက်ပွဲမဝင်ပဲမျှောလိုက်နေတာမျိုး
တွေအပေါ် စိတ်ပျက်ရင်းနိုင်ငံရေးစိတ်ကျရော
ဂါတွေဖြစ်ကုန်ကြတာပါ။
လျှောက်ပြောမနေနဲ့ 
ကာက်ရိုးမီးလိုဟုန်းကနဲထ တောက်ဖို့ 
လွယ်တယ်။ ရေရှည်ခံနိုင်ရည် ရှိဖို့ 
ကမလွယ်ဘူး။ ခုဆိုပိုတောင်ခက်ခဲလာသေးတယ်။
ကျုပ်တို့ မှာ ရှားရှားပါးပါး ဒီခေါင်းဆောင်
တယောက်ရှိတာ ၀ိုင်းပြီးအာနေကြတယ်။
VERY GOOD BRAVO, VERY STRAIGHT AND TRUE.
NLD SHOULD NEVER RECOGNIZED THEIN SEIN GOVERNMENT.
NOW EVEN DAW SU BOW DOWN.
HAS SHE FORGOTTEN HER FAMOUS SLOGAN"MY HEAD IS BLODDY BUT UNBOW"?
I RESPECT HER FOR MY LIFE BECAUSE OF THIS BRAVE SLOGAN. NOW WHAT...?
ကိုကျော်သူတို့ အခြေနေနဲ့ ဒေါ်စု အခြေနေက အကွာကြီးပါ။အူပွ၊မူးရမ်း၊လက်ကမျင်းတာ သက်သက်ပဲ။
ဒေါ်စုကို ခေါင်းမာတယ်ပြောလိုက်၊ပျော့ညံ့တဲ့အယူအဆတင်ပြလိုက်နဲ့ ချာလည်လည်နေတယ်။
အဆိုးဆုံးကတော့ မီဒီယာကြီးတွေလမ်းကြောင်းထားတဲ့
စစ်အုပ်စုကို အသိမှတ်ပြုကြောင်း လှိုင်းလုံးကို မကျော်လွှားနိုင်တာပဲ။ပြည်ပရောက်ဆရာကြီးတွေမှာတွေ့ရလေ့ရှိတဲ့ လက္ခဏာပါ။
အလုပ်မဲ့ တင်ပြချက်၊ငသိုင်းများတော့ ဟင်းဟုန်။
ဒီအချိန်မှာ ဒီစကားကြားရလို့ လူတွေက အထူးအဆန်းလုပ်ပြီး အချင်းချင်း အချင်းများ ဖို့လုပ်နေကြတယ် - ဒီစကားကို ကျုပ်တို့ အားလုံး မပြောပဲ လက်ရှိ အုပ်ချုပ်သူ ကိုလက်ခံနေရတာ အနှစ် ၂၀ ကျော်နေပြီ။လက်ရှိအုပ်ချုပ်သူကို ဒေါ်စုမပြောနဲ့ တကမ္ဘာလုံးက အသိအမှတ်ပြုရတယ်။ နိုင်ငံ တနိုင်ငံပဲဖြစ်ဖြစ် ၊လေယဉ်တစီး၊ ပင်လယ်ကူး သင်္ဘော တစီးပဲ ဖြစ်ဖြစ် လောလောဆယ် ထိန်းချုပ် ထားသူက ကပ္ပတိန်ပဲ၊မာလိန်မှုးပဲ၊အစိုးရပဲ ဒါကို ကမ္ဘာ့ ကုလသမဂ္ဂ ကလည်းအသိအမှတ်ပြုရတယ်။ အတိုက်အခံကလည်း အသိအမှတ်ပြုရတယ် ။နောက်မှ အရေးယူတာ၊အပေးအယူလုပ်တာ၊ ဆန့်ကျင်တာ၊ တိုက်ခိုက်တာ၊ သိမ်းပိုက်တာ၊ကြိုးပေးတာ အဆင့်ဆင့် လုပ်နေကြရတာ သဘာဝပဲ။
ကျနော် တို့ အပါအ၀င် ပြည်သူလူထု ဟာ လူတွေပါ
လူ့စိတ်သဘောအရ ဗိုက်ထဲမှာ အစာမရှိပဲ ဖွံ့ဖြိုးရေးလုပ်ဖို့ အများအကြိုးဆောင်ဖို့ ခက်ခဲပါတယ်။ ဒါကိုသိတဲ့ စစ်အာအာရှင်က ပြည်သူ့ စီးပွားရေး ကို အုပ်ချုပ်ရလွယ်ကူတဲ့ အဆင့်လောက်ပဲ ဖွံ့ဖြိုးစေတာပါ။ စီးပွားရေးသက်သက် လုပ်တဲ့ သူတွေကလည်း စီးပွားရေး ခက်ခဲ ကြပ်တည်းတော့ အများစုက ဗဟုသုတ ထိန်းကွပ်မှုပါ ခံကြရတယ်။ ဒါကြောင့် defacto ဆိုတဲ့ သဘောမျိုး လက်ရှိ အုပ်ချုပ်သူလို့ အသိအမှတ်ပြုစကားလုံးအပေါ်မှာ ချဲ့၊ ကား၊တွေး၊ရေး နေကြတာပါ။ ကျနော် အနေနဲ့ ထူးထူးထွေထွေ အခြား ရေးစရာမရှိပါ အနှစ် ၂၀ ကျော် လောက်ကတည်းက လက်ခံပြီး ကျနော်တို့ သူတို့ ကိုဝေဖန်ခဲ့၊တောင်းဆိုခဲ့၊တိုက်ခိုက်ခဲ့၊ဖယ်ရှားဖို့ ကြိုးစားနေခဲ့ပြီးပြီ ခုမှ သိလာ ရတဲ့ သူတွေကို ရှင်းလင်းစေချင်တဲ့ စေတနာဖြင့်..။
ဘာလို.မန်.မရတာလဲကိုလွဏ်းဆွေ
မောင်ချင်.ချိန်ဆောင်းပါးကိုဘာမှမပြောလိုပေမယ်.ပြည်သူတစ်ယောက်အနေနှင်.တော.နည်းနည်းပြော
ချင်ပါတယ်။ NLD နဲ.ဒေါ်စုတို.ဘာကြောင်.ဒီလိုကြေငြာလည်းမသိပေမယ်.မှားတယ်မှန်တယ်ဆိုတာ
ကိုမဝေဖန်ချင်ပါဘူး။ စောသေးလို.ပါ။ နေရာတစ်ကာမှာတော.အကြောင်းမရှိပဲလုပ်ကြမှာမဟုတ်ဘူး
လို.ယုံကြည်တာရယ်၊ဒီလိုကြေငြာရင်ခလေးရောခွေးရောလက်ညှိုးထိုးမယ်ဆိုတာကိုသူတို.ကောင်း
ကောင်းသိကြမှာပါ။ နိုင်ငံရေးသမားတွေကသာမာန်လူတွေထက်ပိုမျက်စိကြီးနားကြီးသင်.ပါတယ်။
မြန်မာပြည်အရေးဘာလို.ကြန်.ကြာနေလဲဆိုတာကိုနိုင်ငံရေးလုပ်နေတဲ.သူတွေ၊လုပ်စားနေတဲ.သူတွေက
ပိုသိသင်.ပါတယ်။ မြန်မာပြည်အရေးလို.ခေါင်းစဉ်တပ်လုပ်နေကြတဲ.သူတွေရဲ.လုပ်ရပ်တွေဟာပြည်သူ
တွေကိုနိုင်ငံရေးအရဘာတစ်ခုမှရေရေရာရာအကျိုးမပြုသေးသလိုသာမာန်ပြည်သူတွေလုပ်နေနိုင်တဲ.သာမာန်ထက်အနည်းငယ်မျှသာသာလွန်တဲ.လူမှုအကျိုးပြုလုပ်ငန်းအဆင်.လောက်မှာပဲရှိပါတယ်။ ပြည်ပ
ကအတိုက်အခံတွေလည်းရတဲ.ထောက်ပံ.ကြေးတွေနဲ.တန်တဲ.ညီမျှတဲ.ကြိုးစားအားထုတ်မှုတွေရှိခဲ.ကြ
ပါရဲ.လား။ပြည်တွင်းနိုင်ငံရေးလောကကတော.သိတဲ.အတိုင်းအပြောလွယ်အလုပ်ခက်၊အငိုလွယ်အရှိုက်
ခက်အခြေအနေတွေအများကြီးပါ။ သေချာတာကတော.ဝေဖန်ရေးလေကန်ရေးတွေနဲ.အချိန်ကုန်နေ
ကြလို.ဘယ်ပြည်သူကမှဘယ်ပြည်ပအခြေစိုက်အတိုက်အခံတွေကိုအရေးလည်းမထားကြသလိုဘာမှ
လည်းသိပ်မမျှော်လင်.နေတော.ပါဘူး။အချိန်တွေကြာခဲ.ပြီလေ။ ပြည်သူတွေကနလပိန်းတုံးတွေမဟုတ်
တာတော.သေချာပါတယ်။အဓိကကတော.အခြေအနေပါ။အဲ.ဒီအခြေအနေကိုဘယ်သူတွေကပြောင်းပေး
နိုင်မလဲမျှော်လင်.နေကြတာပါ။ ပြည်တွင်းကလုပ်နေသူတွေမှာအကန်.အသတ်တွေရှိပါတယ်။စကား
ပြောမှားတာကအစပြသနာရှိပါတယ်။တစ်စုံတစ်ယောက်၊တစ်စုတစ်ဖွဲ.ကိုဝိုင်းအချွန်တွေနဲ.မပင်.နေကြ
ကြလို.လည်းအလုပ်မဖြစ်ပါဘူး။အပိုတွေပါပဲ။ကိုယ်.လမ်း၊ကိုယ်.နည်းနဲ.ကိုယ်လုပ်နိုင်တာကိုကိုယ်.အနေ
အထားနဲ.ကိုယ်စီကိုယ်စီလုပ်ကြဘို.လိုတာပါ။ နိုင်ငံခြားကားတွေထဲကဟီးရိုးတွေလိုအံ.မခန်းစွမ်းဆောင်
မှုတွေသိပ်မမျှော်လင်.ပဲလုပ်လို.ရတဲ.အခြေအနေနဲ.လုပ်နိုင်တဲ.အနေအထားကလုပ်ဖို.ပဲအားထုတ်သင်.
ပါတယ်။ ဒေါ်စုကိုးကွယ်သူတွေလို.၀ါးလုံးချီးသုတ်ရမ်းတာကတော.ဥာဏ်နုံနည်းပြီးအပြုသဘောဆောင်
မမြင်တတ်တဲ.တစ်ဖက်ကန်းနိုင်ငံရေးသမား(သို.)ခပ်ညံ.ညံ.အမြင်လောက်သာရှိတဲ.အပူအအေးပေးရင်
ပေးသလိုပြောင်းလဲလွယ်တဲ.ဆင်ခြင်ဥာဏ်နည်းပါးသူတွေရဲ.စရိုက်ပါ။ ပြည်သူကဒေါ်စုရယ်မှလို.မဟုတ်
တော.ပါဘူး။ ဒီနေ.ပြည်သူတွေရဲ.ဘ၀တွေကိုကယ်တင်မယ်.မည်သူ.ကိုမဆိုကြိုဆိုတင်မြှောက်ကြမှာပါ။
ဒေါ်စုနဲ့ NLD ကိုပဲပြောနေသူတွေကို
ဒေါ်စုဘက်က
ခံစားပြီးတွေးမိတာ လေးကိုပြောချင်တယ်...
ဒေါ်စုရဲရဲတောက်လုပ်လို့ ဒီပဲယင်းမှာ အကြမ်းဖက်ခံရတော့ ဒေါ်စုကိုအကြောင်းပြု တတိယနိုင်ငံကိုထွက်ပြေးဖို့ကြိုးစားတဲ့ ရဲရဲတောက်နောက်လိုက်တွေ
အပေါ်ဘယ်လိုယုံကြည်ကိုးစားပြီး နောက်တစ်ခါ
ရဲရဲတောက်လုပ်ရမယ့် နိုင်ငံရေးကိုယုံကြည်ပါတော့မလဲ...
အဲဒီတော့ သူလဲဗျူဟာပြောင်းတော့
မပေါ့ဗျာ
ရဲရဲတောက် တော်လှန်ရေးသ
မားတွေပြန်သုံးသပ်ကြည့်နိုင်အောင်ပါ..
.မောင်ချင့်ချိန်တောင် အဲဒီအသုတ်မှာ ပါခဲ့မလားလို့တောင်စဉ်းစားမိသား..
"အရေးအခင်းမှာ လူထု ခေါင်းဆောင်တွေ ညံ့ဖျင်းလို့။ ဒေါက်တာမောင်မောင် ကမ်းလှမ်းတာကို လက်ခံလိုက်ရင် ပြီးပြီ။ လူထုလက်ထဲ အာဏာရောက်သွားပြီ။ လူထု ခေါင်းဆောင်ကလည်း အစိုးရကို မကျေနပ်တာ။ လမ်းစဉ်ကို မကျေနပ်တာ။ ဦးနေဝင်းကို မကျေနပ်တာပဲ ရှိတယ်။ ဒေါသဖြစ်တာပဲ ရှိတယ်။ နိုင်ငံရေးမလုပ်တတ်ဘူး။"- ဦးချစ်လှိုင်
http://www.hittai.net/?show=rm&fileid=58&t=home7&id=7
@ABC (ဒီကြားထဲမှာ တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်သူ အဖွဲ.ဆို တာလည်းရှိသေးတယ်၊ အဲ့ဒီအဖွဲ.ထဲမှာဆိုလည်း လူမျိုးရေးအခြေခံတဲ့ ကရင်လက်နက်ကိုင်အဖွဲ.လည်းရှိသလို ဘိန်းကုန်ကူး ကျောက်မျက်တွေပြည်ပ ကိုရာင်းပြီးရပ်တည်နေတဲ့ ရှမ်းအစရှိတဲ့ သောင်းကျန်သူတွေလည်း ရှိနေသေးတယ်)
မင်းတို့မှာ အာဏာရူးနေကြတိုင် ဘာမဆိုတဲ့တိုင်းရင်းသား တွေလာမပုတ်ခတ်နဲ့။ တိုင်းရင်းသားတွေ လက်နက်ကိုင်သောင်းကျန်းနေတာမဟုတ်ဘူး။ လက်နက်ကိုင်သောင်းကျန်းနေတာက မင်းတို့ မြန်မာတွေ။ မင်းတို့စစ်ခွေးတွေကြောင့် တိုင်းပြည်ကြီးဒီလို့ဖြစ်နေတာ။ မင်းတို့ရဲ့ အောက်တန်းကျတဲ့ မဟာမြန်မာစိတ်ဓာတ်တွေကြောင့် တိုင်းပြည်ကြီးလေ့ အောက်တန်းကျနေတာ။ နိုင်ငံခြားတိုင်ပြည်တွေမှာ မြန်မာဆိုရင် သိပ်အထင်သည်းတာမင်းတို့မသိသေးဘူးလား။ ငါတို့ကတော မြန်မာပြောဖို့အစား ထိုင်းဘဲပြောလိုက်တယ်။
အခုချိန်ရောက်မှ အတိတ်ကအခြေအနေကို ဘယ်သူမှားလို့ ဘယ်သူညံ့လို့…စသည်ဖြင့် ထောက်ပြကြ အပြစ်တင်နိုင်ကြတာပါ၊ ဒီပုံစံနဲ့သွားနေရင် နောက်ထပ်အနှစ် ၂၀ ကျော် မျောသွားလိမ့်မယ်လို့ ဟိုအချိန်က ဒေါ်စုအပါအဝင် ဘယ်သူမှလည်း မြင်ခဲ့မှာ မဟုတ်ပါ၊ ဟိုအချိန်ကသာ အခုအလျော့ပေးလိုက်လျှောသလောက် NLD ဖက်က စစ်အစိုးအရကို အလျော့ပေးလိုက်လျှောပြီး ဆွေးနွေးမှုကမ်းလှမ်းခဲ့မယ်ဆိုရင် အဖြေတစ်ခုခုတော့ထွက်ခဲ့နိုင်ပါတယ်၊ ဒါပေမယ့် NLD ကလျှော့ပေးလိုက်လျှောမှုတွေလုပ်ခဲ့ရင်လည်း လောလောလတ်လတ် ရွေးကောက်ပွဲနိုင်ထားတဲ့ ပါတီကြီးတစ်ခုအနေနဲ့ ပျော့လွန်းတယ်လို့ ဆန့်ကျင်ခံရ
ဝေဖန်ခံရမှာအမှန်ပါပဲ၊ ရှေ့ကိုကြိုမြင်နိုင်စွမ်းကတော့ အတော်မလွယ်တဲ့ကိစ္စပါ၊ အဲဒီတော့ အခုလက်ရှိ ခန့်မှန်းနိုင်တာတစ်ခုက အစိုးရဟာ အကြောင်းရှာပြီး ဒေါ်စုကိုအချိန်မရွေး နေအိမ်အကျယ်ချုပ်ပြန်ချထားနိုင်တယ်ဆိုတာပါပဲ၊ ဒေါ်စုနေအိမ်အကျယ်ချုပ်ဘဝကို
ပြန်ရောက်သွားရင် နိုင်ငံရေးအခြေအနေက ပိုပြီးတောင် မျှော်လင့်စရာနဲသွားနိုင်ပါတယ်၊ ဒါကိုလည်း အားလုံး ထည့်စဉ်းစားနိုင်ကြမယ် ထင်ပါတယ်၊ NLD လူကြီးတွေအနေနဲ့ balance မျှအောင်အတော်သတိထားနေရမှာကတော့ အသေအချာပါ။
>Mon
မဆီမဆိုင်တာကို ဘာလို့ ၀င်ဟောင်တာလဲ။
"ရိုးသားတဲ့တိုင်းရင်းသားတွေ" ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်မှာလဲ။
တိုင်းရင်းသားတွေအကုန်လုံး ရိုးသားကြသလား။
မဟုတ်တာဘာမှ မလုပ်တဲ့ ယုန်ဖြူလေးတွေ၊သိုးငယ်လေးတွေလား။
ဗမာမှန်သမျှ လူယုတ်မာချည်းပဲလား။
မင်းအမြင်က ဒီလောက်ပဲကျယ်သလား။
အေးပါကွာ မင်းကိုမင်း ဗမာပြည်သားလို့မပြောချင်တာ
ငါ ၀မ်းသာပါတယ်။
ထိုင်း လို့ဘာကြောင့်ပြောတာလဲ။
ရိုဟင်ဂျာလို့ပြောရင် ပိုပြီးယုတ္တိမရှိဘူးလား။
Mon သို. ...
ကျွန်တော်က မှန်တယ်ထင်လို.ပြောတာပါ ၊ နအဖလည်း မကောင်းပါဖူး ၊ လက်နက်ကို တိုင်းရင်းသားတွေရဲ့ ပြည်တွင်းစစ်က လွတ်လပ်ရေး မတိုင်ခင် ၊ လွတ်လပ်နေရေးနှင့်အတူ ပေါ်ပေါက်လာခဲ့တာပါ ၊ ဒီမှာတော့ အကျယ်ချဲ.မရေးတော့ပါဖူး ၊ တိုင်းရင်းသား လက်နက်ကိုင်တွေလဲ ပုတီးစိတ် ၊ တရားမှတ်နေတဲ့ ပုဂ္ဂိုလ်တွေမဟုတ်ပါဖူး ၊ သူတို.လဲ လူသတ် ၊ မုဒိန်းကျင့်ကြတာပဲ၊ တိုင်းပြည်သံယံဇာတတွေကို တေဇက အစိုးရနဲ.ပေါင်းပြီး တရားဝင်လိုလို တရားမ၀င်လိုလို ထုတ်နေသလို တိုင်းရင်းသားလက်နက်ကိုင် တွေကလဲ သစ်ခိုး ၊ ကျောက်စိမ်းတွေခိုးထုတ်နေကြ ပါတယ် ၊ အဲဒီ့ပိုက်ဆံနဲ.ပဲ လက်နက်တွေဝယ်နေပြီး နအဖ တပ်တွေကိုတိုက်နေတာမဟုတ်ပါလား ၊ ကျွန်တော်ပြောခဲ့သလို ကရင်တစ်ဖွဲ.သာ လူမျိုးရေး အခြေခံပြီး တိုက်နေတဲ့အဖွဲ.ပါ ၊ ကျန်တဲ့အဖွဲ.တွေက ဘိန်းလေးရူလိုက် ၊ သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်နဲ. နအဖလိုပဲ ဆန်ကုန်၊ မြေလေး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အဖွဲ.သာဖြစ်ပါတယ် ၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.များမှ အပ အလွန်ရိုးသားပြီး တင့်တိန်းရောင့်ရယ်တတ်တဲ့ တိုင်းရင်းသားများအားလုံး ပြည်တွင်းစစ်ရဲ့ ဆိုးရွားလှ တဲ့ ဒဏ်ကိုခံနေရတာတော့ စိတ်မကောင်းပါ ၊
နအဖ နဲ. တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.တို. သဘောထားကြီးပြီး ရေရှည်တည်တံ့မဲ့ ငြိမ်းချမ်းရေး တည်ဆောက်ပြီး တိုင်းပြည်တိုးတက်ရေး ဆောင်ရွက်ဖို.ဆောင်ရွက်သင့်ပါတယ်၊
ခင်ဗျားကနေ ခင်ဗျားအထင်သေးမှာကြောက်လို. ထိုင်းပဲ ပြောပြော အမေရိကန်ပဲ ပြောပြော ခင်ဗျားရဲ့ ခံယူချက်သာဖြစ်တယ် ၊ ခင်ဗျားက တိုင်းတစ်ပါးသား အဖြစ်ခံယူခဲ့ရင်လည်း ခင်ဗျားရဲ့ ပတ်စ်ပို.မှာ ခင်ဗျားမွေးတဲ့နေရာက မြန်မာဆိုတာပါနေလိမ့်မယ် ၊ ကျွန်တော့်ကတော့ တိုင်းပြည်ချစ်တာ လူမျိုးချစ်တာတွေကို ပြောမနေချင်ပေမဲ့ ကိုယ်ကိုကိုယ် မြန်မာဟာ မြန်မာလို.ပဲခံယူမိပါတယ်၊ အဲ့ဒီလို မပြောပဲ တကယ်မဟုတ်ပဲ အယောင်ဆောင်ရတဲ့ ဘ၀မျိုးကိုတော့ ရှက်မိပါတယ်၊ ဆင်းရဲချင်ဆင်းရဲမယ် ၊ ချမ်းသာချင် ချမ်းသာချင်ချမ်းသာမယ် ၊ မြန်မာဟာ မြန်မာပါပဲ ၊ ကိုယ့်လူမျိုးကို ကိုယ်က စပြီးအထင်သေးတဲ့လူတွေ များလာလေ မြန်မာပြည်ရဲ့အရေးက ပိုပြီး ရင်လေးစရာပါပဲ၊
အားလုံးကျန်းမာရွှင်လန်းကြပါစေ ....
ဟေးဘာမှမလုပ်ရဲကြပဲလေပေါနေကြတဲ့ကောင်တွေ။တော်ကြတော့။ကာတွန်းဟန်လေးရဲ့ကာတွန်းထဲကလိုဘဲတေးသွားလေးအတိုင်းကကြတော့။ကိုယ်တိုင်လဲမလုပ်နိုင်လုပ်နေတဲ့သူတွေကိုလဲမှားသလေးမှန်သလေးနဲ့။ခံနီုင်၇င်ခံ။မခံနိုင်၇င်ပြန်ချ။အာမချောင်ကြနဲ့။
It's true that "don't let Myanmar (those who have narrow mind) see before it is done.. I stand by DASSK..
မြန်မာပြည်ရဲ့ ပြသနာဟာ မြန်မာလူမျိုးတွေ တိုင်းရင်းသားတွေ အပေါ် ကလိမ်ကကျစ် လုပ်ရာ က စခဲ့တာပါ။ အခုလည်း တိုင်းရင်းသားတွေကို သူပုန်ဆိုပြီး တိုင်းရင်းသားတွေရဲ့ အရေးကို အလေးမထား တဲ့ စိတ်ဓါတ်မျိုး ဆက်ရှိနေရင် ထာဝရ မ ငြိမ်းချမ်းနိုင်ဘူး ဆိုတာ လူတိုင်းသိထားစေချင်တယ်။
Post a Comment