Saturday, April 9, 2011

ဂါမဏိ - မြေအောင်းပွေး

Gamanii-mole

11 comments:

mg said...

နောက်ဆုံးတော့လည်း ကိုယ့်အဖွဲ့စည်းထဲမှာ မကြိုက်တဲ့သူတွေ့လာရင် တစ်နည်းအားဖြင့် ဒီလူကို ဖြုတ်ထုတ်သတ် လုပ်ချင်ပြီဆိုရင် နအဖ ဘက်တော်သား တံဆိပ်ကပ်လိုက်တော့တာပါပဲဗျာ။ကောင်းပါပေတယ် ဒီမိုများရယ်။

---- said...

ဒေးဗစ်မြမောင်လို ပြေးသွားအုံးမယ်။ အခုကတည်းက ကြိုတင်ဖမ်းထားရင် ကောင်းမယ်။

thudanu said...

တကယ်တော့ ပွေးမွေးစရာ မလိုပါ။ ဒို့ဗမာ က အချင်းချင်း မတဲ့ရင် ရန်သူကို သတင်းပေးဖို့ ဝန်မလေးဘူး။ ၁၉၈၈-၁၉၈၉ တုံးက NLD CEC အစည်းဝေး ပြီးတိုင်း အသံသွင်းပြီး ကက်ဆက် ကို ထောက်လှမ်းရေးဆီ ပို့သူရှိပါတယ်။ ပိုမပြောပါ။

Warazein said...

ဆောင်းပါက ဟုတ်မလိုလိုနဲ့ ကိုယ့်ဘာသာ ကိုယ် အသုံးမကျလို့ညံ့လို့ ခံရတာ ကို နောက်ဆုံးကျတော့ သူများကိုလက်ညှိုးထိုး စွတ်စွဲ ပြီးအဖြေထုတ်သွားတယ်...ညံ့လိုက်တာ။
ဒါကြောင့်လည်း ထာဝရတော်လှန်ရေး ဖြစ်နေတာကို....ဆက်တိုက်ကြဗျာ..ဆက်တော်လှန်ကျ...တိုက်ပွဲတွေဆင်နွဲကျ..

နအဖကတော့သူလုပ်ချင်ရာလုပ်ပြီး ဖုတ်ဖက် ခါပြီး ထွက်သွားပြီ။ ဒီမိုကရေစီဖက်တော်သား များ ကတော့ အချင်းချင်းရန်ဖြစ်၊ အပုတ်ချ၊ စွတ်စွဲ၊ ....ကောင်းပါတယ်။

hiri said...

ဒီဆောင်းပါးက ဘာမှ ခြေခြေမြစ်မြစ်လည်းမရှိဘူး။ စိတ်ကူးတည့်ရာ... သူထင်ထားတာ ... သူဟာသူ ဖြစ်စဉ်တူသလို ရှိတဲ့ ... သူဖတ်ဖူးရာ reference တွေထုတ်ပြီး ဒီ... ဦးမောင်မောင်ဆိုတဲ့ လူရဲ့ဖြစ်စဉ်နဲ့ အတင်းနွှယ်ရေးထားတယ်လို့ပဲ မြင်တယ်။ အမှုစစ်မဲ့ခုံရုံးဖွဲ့ထားတာပဲ... အဲဒီကထွက်လာမဲ့ ရလာဒ်မထွက်ခင် ဒီလို မဟုတ်က၊ ဟုတ်ကထင်ရာ စွတ်ပြီး ကောက်ချက်ဆွဲထားတဲ့ ဆောင်းပါးမျိုးတွေဟာ ဒီမိုအတိုက်အခံအဖွဲ့တွေ ဖြုတ်၊ ထုတ်၊ သတ် ကိုယ့်ဟာကို လုပ်သလိုဖြစ်စေပြီး အတိုက်အခံအင်အားလျှော့နည်းစေခြင်း၊ အချင်းချင်း စည်းလုံးမှုပျက်ပြားစေခြင်း၊ အချင်းချင်း ယုံထင်ကြောင်ထင် ဖြစ်စေခြင်းတွေကို ပဲဖြစ်စေမှာပါ။ စစ်ဆေးမဲ့ ခုံရုံးအဖွဲ့ဝင်တွေကို အများမကြိုက်ရင် အများတဘောတူ ပြန်ရွေးကြပေါ့။ လွတ်လပ်တဲ့နေရာမှာ ရှိနေတာပဲ။ အဲဒီထပ်ဖွဲ့ထားတဲ့ အဖွဲ့နဲ့ ထပ်စစ်ကြပေါ့...။ သေချာတာကတော့ အတိုက်အခံအဖွဲ့ဝင်တွေ (အားလုံး) သူတို့အတွက်သာ အတ္တရှိကြတာပါ။ ဒီလို လူတွေနဲ့ ဖြစ်တည်နေတဲ့... ပြောင်းလဲမှု တော်လှန်ရေးကြီးဟာလည်း သူတို့သာ သေသွားမယ် ဘယ်တော့မှ အောင်မြင်လိမ့်မယ် မဟုတ်ပါ။

Unknown said...

ခွေးကောင်ငမောင် - မင်းက ဘာအဆင့်ရှိလို့ သူများတွေကို ၀င်ဝေဖန်နေရတာတုန်း။ မင်းပထွေးနအဖများ အချင်းချင်းဖြုတ်ထုတ်သတ် လုပ်ချင်ပီဆိုရင်တော့ လာဘ်စားတယ်လို့ အကြောင်းပြရင်ပြ (တကယ်တော့ အကုန်စားနေကြတာ)၊ command line ကို ပျက်စေတယ်လို့ ပြောလိုပြော (အားလုံးက အထက်ဖား အောက်ဖိပြီး ထင်ရာစိုင်းနေကြတာကိုများ)နဲ့ ပေါက်ကရစွပ်စွဲချက်တွေ တင်ပြီး ရှင်းပစ်ခဲ့တာ (ဥပမာ နေ၀င်းလက်ထက် မျက်မှန်တင်ဦးတို့၊ သန်းရွှေလက်ထက် ခင်ညွန့်) ကို မင်းအရင် မြင်တတ်အောင် ကြည့်ဦး။ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ သူများကို လက်ညှိုးထိုးချင်နေသေးတော့ကွာ

Unity To Fight Dictatorship said...

ကိုဂါမဏိရေ။ ကျွန်တော်လဲ ဒီကျူးဘားကိစ္စ၊ နအဖက နေဒီဘက်ကလူတွေနဲ့အတွင်းကျကျခေါင်းကနေဖျက်ဆီး နေတဲ့ကိစ္စတွေကို အချိန်တော်တော်စောစောကထဲကရေး ပြီးသတိပေးခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက် ကလူတွေဦးနှောက်တွေကိုက ညံ့ဖျင်းနေလွန်းတာလား၊ ဒါမှမဟုတ် အရိုးအရင်းကြွေးထားရင် တကယ့်ထမင်းရှင် ဖြစ်တဲ့ပြည်သူကို သစ္စာဖေါက်ပြီးတော့ အခုလောလော ဆယ်ကျွေးတဲ့သူကို သစ္စာရှိမယ်စိတ်ဝင်နေကြလို့လား၊ ဒီတော်လှန်ရေးခေါင်းဆောင်ဆိုပြီး တစက်မှစဉ်းစား ဆင်ခြင်ဥာဏ်နဲ့လုပ်ရည်ကိုင်ရည်ကင်းမဲ့တဲ့သူတွေ ထုံးစံအတိုင်းမျက်စိပေကလပ်ပေကလပ်နဲ့ အရိုးပဲ မြင်တတ်ကြလို့လားတော့မသိဘူး။ ကြိုပြီးမမြင် တတ်ကြဘူး။ ဒီလိုသုံးမရတဲ့အရည်အချင်းတွေနဲ့ ကိုယ့်ကိုကိုယ်ခေါင်းဆောင်ခေါ်နေတာအရှက်ရှိရင် တော့လဲသေပြီး နောက်လူငယ်တွေကို မြေတောင် မြှောက်ပေးကြဘို့ကောင်းပြီ။

Unity To Fight Dictatorship said...

နိုင်အောင်၊ ခင်ဥမ္မာတို့ အထဲကနေဝင်းမောင်ကို ခြေသလုံးဖက်ပြီး သူတို့ကိုပါ နအဖ အရိုးကိုက်အဖြစ် လုပ်ပေးဘို့ ကြိုးစားနေကြတာတွေ လူတွေက မသိ သေးလို့။ ဒီဘက်ကအပုပ်အပွနဲ့လုပ်စားတွေ၊ အေအေပီပီတို့လို ဟာတွေကြောင့်အထဲကပြည်သူတွေ၊ တကယ်စိတ်ဓါတ်ရှိသူတွေအားလုံးစိတ်ဓါတ်ပျက်ပြား စိတ်ဓါတ်ကျစေခဲ့ရတယ်။ ဒီမဟုတ်တာလုပ်တာတွေကို မဖယ်ရှား၊ မတားဆီးနိုင်သရွှေ့တော့ အိတ်ပေါက်နဲ့ ဖါး ကောက်နေရမှာပါပဲ။ ဒီဘက်ကအဖွဲ့အစည်းတွေက သူတို့တာဝန်ခံတွေဟာ ပြည်သူ့တာဝန်ရှိတဲ့နေရာယူ တော့မယ်ဆိုရင် ကိုယ့်ပိုင်ဆိုင်မှုတွေလူသိရှင်ကြားတင် ပြပြီး မဟုတ် တာမလုပ်နိုင်အောင်ထိမ်းသိမ်းရတဲ့ နည်းဥပဒေသ လေးတွေတောင်မှမသိသေးကြတာတော့ ရွှေချထား သင့်တဲ့ဦးနှောက်တွေပဲပြောရမှာပဲ။ တော်လှန်ရေးကို မြက်စားနေတဲ့နွားကြီးများက ဦးမဆောင်နေကြပါစေနဲ့ လို့ပဲဆုတောင်းရမလိုပဲ။
ငြိမ်းချမ်း

Anonymous said...

ကိုငြိမ်းချမ်းရေ ခင်ဗျားကိုယ်တိုင် "ကျွန်တော်တို့ဘက်က လူတွေကိုက သိပ်ညံ့ဖျင်းလွန်းနေသလားလို့" ကိုယ့်ဘာသာ ပြောထားပုံအရတော့ ကိုငြိမ်းချမ်းက ဒီမိုကရေစီရေး။ တော်လှန်ရေးဘက်တော်သားလို့ ယူဆမိပါတယ် ခင်ဗျာ၊ စဉ်းစား ဆင်ခြင်ဥာဏ်နဲ့ လုပ်ရည်ကိုင်ရည် ကင်းမဲ့တဲ့ သူတွေ ဒီမိုကရေစီရေး။ တော်လှန်ရေးမှာ ခေါင်းဆောင် ဖြစ်နေကြတာဟာ ခင်ဗျားတို့က ဒီစဉ်းစားဥာဏ်။ လုပ်ကိုင်ကိုင်ရည်မရှိတဲ့သူတွေထက် ပိုညံ့နေလို့လားဗျာ၊ တကယ်ဆို ကိုငြိမ်းချမ်းတို့။ ကိုဂါမဏိတို့က ခေါင်းဆောင်တွေ ဖြစ်သင့်မှာပါ၊ ခင်ဗျားတို့က အဲဒီလောက်မှ မတော်ကြတော့ ကျွန်တော်တို့ တော်လှန်ရေး ဘယ်လိုလုပ်မလဲဗျာ၊

Unknown said...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၂) က ထုတ်ထားတာလေး ဖတ်ကြည့်ပါအုံး။ သဘောပေါက်သွားပါလိမ့်မယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ကျနော်တို့က လွတ်လပ်ရေးရလာခဲ့တာက၊ ဗြိတိသျှ အုပ်ချုပ်ရေး အောက်က ရလာခဲ့တာဆိုတော့၊ ကတိက၀တ် သဘော မျိုးနဲ့ ဆက်လက်ပြီးတော့ ဗြိတိသျှ စစ်မစ်ရှင် (British Military Mission) ကို ဆက်ရှိပြီးတော့ ထားမယ် ဆိုတာကြောင့်၊ အစစ အရာရာ စစ်သင် တန်းတွေနဲ့ ပတ်သက်ပြီး တော့၊ စောစောပိုင်းကတော့ ဗြိတိသျှတွေရဲ့နိုင်ငံမှာ သွားတက်ကြပါတယ်။ များသောအားဖြင့် တဖြည်း ဖြည်း နဲ့ အမေရိ ကန်နဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှု တွေ က များလာတာပေါ့။ ပထမဆုံး Psychological Warfare (စိတ်ဓါတ် စစ်ဆင်ရေး) ဆိုတဲ့ စစ်မဏ္ဍိုင် တခု ပေါ်လာ တာပေါ့။ ကျနော်တို့က ကွန်မြူနစ်တွေကို တိုက်နေတဲ့ အခါကျတော့၊ သူတို့ဆီမှာလည်း Psychological Warfare နဲ့ပတ်သက်ပြီး ကွန် မြူနစ်ဝါဒကို တိုက်တဲ့ သင်တန်းမျိုးတွေ၊ လက်တွေ့လုပ်တဲ့ သင်တန်းတွေ အတွေ့အကြုံတွေ ရှိနေကြတော့၊ စာတွေပေတွေနဲ့ သုတေသနလုပ် ထားတာတွေ ရှိနေတော့၊ အဲဒီ အပေါ်မှာ မူတည်ပြီး မြန်မာနိုင်ငံကလည်း ကွန်မြူနစ်တွေကို တိုက်နေ ဆိုတော့၊ သူတို့က (သတင်း အချက်အ လက်) ဖလှယ်ချင်တာကို အကြောင်းပြုပြီးတော့၊ သင်တန်း တွေ အဲဒီ (အမေရိကန် ပြည်ထောင်စု) မှာ သွားတက်ကြတာ၊ ဗိုလ်ကျော်ဆန်း (၁၉၈၈ စစ်အာဏာသိမ်းပြီးချိန် စစ်အစိုးရ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်) တို့၊ ဗိုလ်တင်အေးတို့၊ NLD မှာ လုပ်သွားတဲ့ ဗိုလ်တင်အေး (အငြိမ်းစားဗိုလ်မှူးကြီးတင်အေး) တို့၊ တော်တော်များများ officer တွေ Captain တွေ Major တွေ၊ Psychological Warfare သင်တန်းတွေ အမေရိကန်မှာ သွားပြီး တက်ကြတယ်။ အဓိပ္ပါယ်ကတော့ (ကွန်မြူနစ် ၀ါဒကို) စာနဲ့ပေနဲ့ သဘောတရားနဲ့ ဘယ်လို ပြန်ပြီးတော့တုန့်ပြန်မလဲ ဆို တာတွေ အများဆုံး သင်တယ်။ အဲဒီဟာနဲ့ နည်းနည်း စလိုက်တယ်။ နောက်ပိုင်းကျတော့ စစ်ရေးစစ်ရာနဲ့ဟာတွေ တော်တော် ပါလာခဲ့ကြတယ်။ သို့သော် အမေရိကန်မှာ တက်တဲ့ (စစ်ရေးစစ်ရာ) ဟာတွေက၊ သင်တန်းငယ်တွေ မဟုတ်ဘူး။ သင်တန်းကြီးတွေ များတယ်။ ဥပမာဆိုရင်၊ Command & General Staff College (စစ်ရေးကွပ်ကဲမှုနှင့်စစ်ဦးစီးတက္ကသိုလ်) တို့လို၊ နောက်ပြီးတော့ Fort (အမေရိကန်ပြည် ထောင်စုမှ တပ်မြို့များ) တွေမှာ ရှိနေတယ့် Advanced Senior Officers Training (စစ်အရာရှိကြီးများအတွက် အဆင့်မြင့်သင်တန်း) တွေလို၊ အဲဒီလို ဟာမျိုးတွေကို သွားတက်ကြတာ များတယ်။

Unknown said...

ဦးရော်နီညိမ်း။ ။ အန်ကယ် ခုနပြောတဲ့ Psychological Warfare သင်တန်းတွေ ဆိုတော့၊ အဲ့ဒီအချိန်တုန်းက ကာကွယ်ရေး ၀န်ကြီးဌာန အောက်မှာ တပ်မတော် စိတ်ဓါတ် စစ်ဆင်ရေးဌာန မဖွဲ့ရသေးလို့လား။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဖွဲ့ပြီးပြီ။ ကွန်မြူနစ်တွေနဲ့ စတိုက်တဲ့ အချိန်မှာ စိတ်ဓါတ်စစ်ဆင်ရေး သဘောမျိုး ခေါ်ပြီးတော့ကာ၊ တပ်မှူးငယ်လေးတွေ ကို သင်တန်းတွေ ပေးတဲ့ဟာတွေ၊ စ နေပြီ ခင်ဗျ။ လက်တွေ့ ကွန်မြူနစ်ကို တိုက်တဲ့အပေါ်မှာ၊ (ကွန်မြူနစ်ဘက်က) ၀ါဒဖြန့်တဲ့ဟာတွေမှာ ကျနော်တို့က ပြန်ပြီးတော့ ၀ါဒဖြန့်ရတာတွေ များတယ် ခင်ဗျ။

ဥပမာ၊ လယ်ယာကိစ္စနဲ့ပတ်သက်ရင် ဘယ်လို၊ အလုပ်သမားကိစ္စနဲ့ပတ်သက်ရင် ဘယ်လို၊ ပြည်သူလူထုနဲ့ ဆက်ဆံရေးမှာ ဘယ်လို၊ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီလို တိုတိုထွာထွာလေးတွေ၊ သဘောတရားရေးတွေလို မဟုတ်သေး ဘူး။ သူတို့ကွန်မြူနစ်တွေက ထုတ်တဲ့ စာတွေပေတွေပေါ်မှာ မှီငြမ်းပြုပြီးတော့၊ အထူးသဖြင့် သူတို့ကလည်း ပြည်သူလူထုဆီကို ထုတ်တာကိုး။ ပြည်သူ့အာဏာဂျာနယ်တို့ ဘာတို့ ထုတ်တယ်။ ကျနော်တို့ တပ်မတော် သားတွေကတော့၊ စစ်ရေးစစ်ရာပဲ ပြောတတ်တော့၊ ကျနော်တို့က ဘာ ကို အများဆုံး ကိုင်ပြောသလဲဆိုတော့၊ ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၇ နှစ်ဆန်းတွင် ဗြိတိန်သို့ သွာပြီး၊ ဗြိတိသျှ ခေါင်းဆောင်တွေနှင့် မြန်မာ့လွတ် လပ်ရေးအတွက် အပေးအယူလုပ် စေ့စပ်ညှိနှိုင်းခဲ့သော ခရီးစဉ်) သွားရောက်ပြီးတော့၊ လွတ်လပ်ရေးကို ယူခဲ့တဲ့ အပိုင်းမှာ၊ ဒီလွတ်လပ်ရေးဟာ အစစ်အမှန် ဖြစ်တယ် ဆိုတာပေါ့။ သူတို့ (ကွန်မြူနစ်) ကတော့ ဒီလွတ်လပ်ရေးဟာ အစစ်အမှန် မဟုတ်ဘူး။ လွတ်လပ်ရေးဆိုတာ ပေးလို့၊ ရ လိုက်တယ် ဆိုတာမျိုး မဟုတ်ဘူး။ လွတ်လပ်ရေးဆိုတာ တော်လှန်ပြီး တိုက်ခိုက်ယူရမယ် ဆိုတာအပြင်၊ သူတို့က လူတန်းစားတိုက်ပွဲ အောင် မြင်မှ လွတ်လပ်ရေးဟာ ရရှိတယ် ဆိုတဲ့ဟာမျိုးနဲ့၊ ပြောကြဆိုကြပြီး၊ ကျနော်တို့ကတော့ မပြောတတ်မဆိုတတ်နဲ့ ဆိုတော့၊ အဲဒါကို ပြောတတ် ဆိုတတ်အောင် ဆိုပြီး၊ သင်တာပဲ ဗျ။ အဲဒီကနေ စပြီးတော့ အထူးသဖြင့်ကတော့၊ တပ်ရင်းမှူးလုပ်မယ့် ပုဂ္ဂိုလ်တွေကို ဒီသင်တန်း တွေမှာ များ သောအားဖြင့်ခေါ်ပြီးတော့၊ စိတ်ဓါတ် စစ်ဆင်ရေးပေါ့။ စတုတ္ထမဏ္ဍိုင် ပေါ့ဗျာ။ အဲဒီသင်တန်းတွေအတွက် အမေရိကန်ကို သွားရင်းနဲ့၊ နောက်က စီနီယာသင်တန်းတွေ လိုက်လိုက်လာတယ် ခင်ဗျ။