ဒါဟာလည်း ရှူးသွပ်မှုတွေ အစွန်းရောက်မှုတွေထဲက တစ်ခုပါပဲ။
နှစ်ပေါင်း ၂၀ ကျော်ပြီ။ဘာမှ ဖြစ်ဖြစ်မြောက်မြောက် အပြောင်းအလဲကို မလုပ်နိုင်ခဲ့။သူနာမည်ကြီးတာပဲရှိသည်။ကုန်ဈေးနှုန်းကျဆင်းရေး မလုပ်နိုင်ခဲ့။လူ့အခွင့်အရေး မလုပ်နိုင်ခဲ့။ဒီမိုကရေစီရေး မလုပ်နိုင်ခဲ့။သူလုပ်နိုင်ခဲ့သည်မှာကမ္ဘာ့မီဒီယာများ၊ သူ့ကို ချစ်သူ ခင်သူများကြောင့် နာမည်ကောင်းကောင်းကြီးပြီး ကမ္ဘာကျော်ကြီး ဖြစ်လာသည်။နိုဗယ်ဆုရသည့် အတွက် ဒေါ်လာငွေ အတော်များများရသည်။သူ့သားနှစ်ယောက် ဘေးကင်းသည့် နိုင်ငံတွင် ရှိသည့်အတွက် သူမထင်ရာ လုပ်နိုင်သည်။ အဖမ်းခံရလည်း အရေးမကြီး။ တစ်ယောက်တည်း ခံရသည်။ သူ့သား ၂ ယောက်မငတ်။ ပေါ်တာ ထမ်းရတာ သူသားမပါ။ စစ်သားတွေ ထောင်ထဲ ထည့်ပြီး ရိုက်တာ သူ့သားမပါ။ သူ့ကိုလည်း ရိုက်မည် မဟုတ်သည်ကို သိသည့်အတွက် တော်အော် မြောက်အော်လောက်တော့ အော်သည်။လူစုစု လုပ်ပြီး စကားပြောရတာကို ပျော်သည်။ လူတွေ အချစ်ခံနေရတာကို ပျော်သည်။သို့သော် ဘာမှ အပြောင်းအလဲ မလုပ်နိုင်။ကုန်ကုန်ပြောရလျှင် ရန်ကုန်း မီးလင်းလာအောင်မျှ သူမှ မတောင်းဆိုနိုင်။ အကျယ်ချုပ်ချုပ်ထားလျှင် အေးဆေးနေလိုက်သည်။ မတရားတဲ့ အမိန့်ကို ဖီဆန်ဟု ပြောသော်လည်း သူမကိုယ်တိုင်ကတော့ နာခံသည်။မတရာဖမ်းတာကို ခံသည်။ မတရာဖမ်းထားလည်း ရန်ငြိုးမထားဟု သူတော်ကောင်းလေသံနှင့် ပြောတတ်သည်။ သူမ မသိသည်မှာ သူမကို ထိုသို့ လက်ဖျားနှင့်မျှ မထိသော်လည်း သူမ အတွက် အသက်သေကြေခဲ့ ရသော ရဟန်ရှင်လူ ပြည်သူအပေါင်း၏ မျက်နှာကိုမျှ မထောက်ဘဲ သူမဖာသာ သူမ သဘောအတိုင်း ကျေအေးလိုက်သည်။ ကမ္ဘာသိ ဘာမှ မတောင်းဆိုခဲ့။တိုင်ရင်းသားဒေသများတွင် ထိုးစစ်ဆင်နွဲနေသော မြန်မာ့ တပ်မတော်သားများအား ထိုးစစ်မဆင်ရန် ဘာမျှ မပြော။ တောင်းပန် နားချခြင်းမရှိ။ ကမ္ဘာသိလည်း မတောင်းဆို။ တိုင်းရင်းသားများကိုသာ စည်လုံးရေး အရေးကြီးသည် ဘာညာပြောသည်။ တိုင်းရင်းသားများက မြန်မာတပ်မတော်သားတွေ သတ်သမျှ လည်စင်ခံ လူမျိုးပျောက်ခံကာ ငြိမ်းချမ်းစွာ နေရမလို ဖြစ်နေသည်။သူမ လုပ်နိုင်တာ မလုပ်။ ရှေ့တန်းထွက်နေသော စစ်သားများကို မတိုင်ခိုက် ကြရန် အများကြီးပြောနိုင်သည်။ ပြောနိုင်သော အခွင့်လည်းရှိသည်။ ကမ္ဘာကိုလည်း ထိုထိုးစစ်ကို ရပ်ဖို့ တောင်းဆိုနိုင်သည်။ ကမ္ကာ့ ခေါင်းဆောင်များကို လည်းတောင်းဆိုနိုင်သည်။အမှန်ကတော့ မီးခဲ သူမလက်ပေါ် မရှိသေး၍ နားလည်ဟန်မတူ။ရှေ့တန်းမှာ စစ်သားတွေ ပေါ်တာထမ်းခိုင်းတာ သူ့သား ၂ ယောက် မပါ၍ အရေးမကြီးပါ။ရှေ့တန်းမှ မိုင်းနင်း၍ ခြေထောက်ပြတ်တာ သူ့သား ၂ ယောက် မဟုတ်၍ ဂရုစိုက်စရာ မလိုပါ။ရှေ့တန်းမှ အုပ်စုလိုက် မုဒိမ်းကျင့် ခံရသော မိန်းမ သည် သူမကိုယ်တိုင် မဟုတ်သောကြောင့် ပြောပေးနေရန် မလိုပါ။ရှေ့တန်းမှာ ရွာလုံးကျွတ် မီးရှို့ခံရခြင်းသည် သူ့အိမ် မိုးယိုတာလောက် အရေးမကြီးပါ။တိုင်းပြည်ငြိမ်းချမ်းရေးကို တောင်းဆို ပေးမည် ဆိုသော ဒေါ်အောင်ဆန်း စုကြည်သည် တကယ်တော့ မစွမ်းပါ။
Post a Comment
2 comments:
ဒါဟာလည်း ရှူးသွပ်မှုတွေ အစွန်းရောက်မှုတွေထဲက တစ်ခုပါပဲ။
နှစ်ပေါင်း ၂၀ ကျော်ပြီ။
ဘာမှ ဖြစ်ဖြစ်မြောက်မြောက် အပြောင်းအလဲကို မလုပ်နိုင်ခဲ့။
သူနာမည်ကြီးတာပဲရှိသည်။
ကုန်ဈေးနှုန်းကျဆင်းရေး မလုပ်နိုင်ခဲ့။
လူ့အခွင့်အရေး မလုပ်နိုင်ခဲ့။
ဒီမိုကရေစီရေး မလုပ်နိုင်ခဲ့။
သူလုပ်နိုင်ခဲ့သည်မှာ
ကမ္ဘာ့မီဒီယာများ၊ သူ့ကို ချစ်သူ ခင်သူများကြောင့် နာမည်ကောင်းကောင်းကြီးပြီး ကမ္ဘာကျော်ကြီး ဖြစ်လာသည်။
နိုဗယ်ဆုရသည့် အတွက် ဒေါ်လာငွေ အတော်များများရသည်။
သူ့သားနှစ်ယောက် ဘေးကင်းသည့် နိုင်ငံတွင် ရှိသည့်အတွက် သူမထင်ရာ လုပ်နိုင်သည်။ အဖမ်းခံရလည်း အရေးမကြီး။ တစ်ယောက်တည်း ခံရသည်။ သူ့သား ၂ ယောက်မငတ်။ ပေါ်တာ ထမ်းရတာ သူသားမပါ။ စစ်သားတွေ ထောင်ထဲ ထည့်ပြီး ရိုက်တာ သူ့သားမပါ။ သူ့ကိုလည်း ရိုက်မည် မဟုတ်သည်ကို သိသည့်အတွက် တော်အော် မြောက်အော်လောက်တော့ အော်သည်။
လူစုစု လုပ်ပြီး စကားပြောရတာကို ပျော်သည်။ လူတွေ အချစ်ခံနေရတာကို ပျော်သည်။
သို့သော် ဘာမှ အပြောင်းအလဲ မလုပ်နိုင်။
ကုန်ကုန်ပြောရလျှင် ရန်ကုန်း မီးလင်းလာအောင်မျှ သူမှ မတောင်းဆိုနိုင်။ အကျယ်ချုပ်ချုပ်ထားလျှင် အေးဆေးနေလိုက်သည်။ မတရားတဲ့ အမိန့်ကို ဖီဆန်ဟု ပြောသော်လည်း သူမကိုယ်တိုင်ကတော့ နာခံသည်။
မတရာဖမ်းတာကို ခံသည်။ မတရာဖမ်းထားလည်း ရန်ငြိုးမထားဟု သူတော်ကောင်းလေသံနှင့် ပြောတတ်သည်။ သူမ မသိသည်မှာ သူမကို ထိုသို့ လက်ဖျားနှင့်မျှ မထိသော်လည်း သူမ အတွက် အသက်သေကြေခဲ့ ရသော ရဟန်ရှင်လူ ပြည်သူအပေါင်း၏ မျက်နှာကိုမျှ မထောက်ဘဲ သူမဖာသာ သူမ သဘောအတိုင်း ကျေအေးလိုက်သည်။ ကမ္ဘာသိ ဘာမှ မတောင်းဆိုခဲ့။
တိုင်ရင်းသားဒေသများတွင် ထိုးစစ်ဆင်နွဲနေသော မြန်မာ့ တပ်မတော်သားများအား ထိုးစစ်မဆင်ရန် ဘာမျှ မပြော။ တောင်းပန် နားချခြင်းမရှိ။ ကမ္ဘာသိလည်း မတောင်းဆို။ တိုင်းရင်းသားများကိုသာ စည်လုံးရေး အရေးကြီးသည် ဘာညာပြောသည်။ တိုင်းရင်းသားများက မြန်မာတပ်မတော်သားတွေ သတ်သမျှ လည်စင်ခံ လူမျိုးပျောက်ခံကာ ငြိမ်းချမ်းစွာ နေရမလို ဖြစ်နေသည်။
သူမ လုပ်နိုင်တာ မလုပ်။ ရှေ့တန်းထွက်နေသော စစ်သားများကို မတိုင်ခိုက် ကြရန် အများကြီးပြောနိုင်သည်။ ပြောနိုင်သော အခွင့်လည်းရှိသည်။ ကမ္ဘာကိုလည်း ထိုထိုးစစ်ကို ရပ်ဖို့ တောင်းဆိုနိုင်သည်။ ကမ္ကာ့ ခေါင်းဆောင်များကို လည်းတောင်းဆိုနိုင်သည်။
အမှန်ကတော့ မီးခဲ သူမလက်ပေါ် မရှိသေး၍ နားလည်ဟန်မတူ။
ရှေ့တန်းမှာ စစ်သားတွေ ပေါ်တာထမ်းခိုင်းတာ သူ့သား ၂ ယောက် မပါ၍ အရေးမကြီးပါ။
ရှေ့တန်းမှ မိုင်းနင်း၍ ခြေထောက်ပြတ်တာ သူ့သား ၂ ယောက် မဟုတ်၍ ဂရုစိုက်စရာ မလိုပါ။
ရှေ့တန်းမှ အုပ်စုလိုက် မုဒိမ်းကျင့် ခံရသော မိန်းမ သည် သူမကိုယ်တိုင် မဟုတ်သောကြောင့် ပြောပေးနေရန် မလိုပါ။
ရှေ့တန်းမှာ ရွာလုံးကျွတ် မီးရှို့ခံရခြင်းသည် သူ့အိမ် မိုးယိုတာလောက် အရေးမကြီးပါ။
တိုင်းပြည်ငြိမ်းချမ်းရေးကို တောင်းဆို ပေးမည် ဆိုသော ဒေါ်အောင်ဆန်း စုကြည်သည် တကယ်တော့ မစွမ်းပါ။
Post a Comment