နောင်ကျမှ အောင်ဗလကို သိမယ်
မောင်လွမ်းဏီ
စစ်နိုင်ချင်ရင်
ခေတ်ပြိုင်ဖတ်တဲ့
ပြောစမှတ်နဲ့ ရန်သူကို ကျောသပ်ခဲ့တယ်။
သတင်းစာသမားလေ
ဗိုလ်နေ၀င်းနဲ့
လက်မရွံ့တပ်သားတွေအကြောင်း
စစ်ဓားပြလမ်းစဉ်အကြောင်း
ကလောင်တချောင်းနဲ့ ရင်ဆိုင်ခဲ့
မောင်သောင်းဆိုတဲ့ ကြေးမုံ။
အတွေးစုံတယ်
အရေးစုံကြွယ်၊ ဘေးကြုံတယ်
သတင်းသမားနဲ့ အာဏာပိုင်
အချင်းများနိုင်တာ
ဆရာညိုမြ ညွှန်းဆိုလမ်းပြခဲ့သတဲ့
အဘစကား စောသွားလေသလား။
ကိုတွတ်
သတင်းစာလွတ်လပ်ခွင့်ဟာ
သမိုင်းစာမျက်နှာ
ဒီအဘိဓမ္မာ ဖက်တွယ်ထားကွာ
မောင်လွမ်းတို့ကို သင်ကြား
ရန်သူဆိုတာ ရင်ကြားစေ့ရတာ ခက်တယ်။
ကျနော်
အဘနဲ့ ခဏ ခဏ အငြင်းပွားခဲ့ပေမယ့်
သတင်းသမားဆိုတာ
လမ်းကြားက နပမ်းသမားတွေမှန်း
လွမ်းရမှ သိတယ်။ ။
(အဘသောင်းကို မှန်းဆကန်တော့၍ ...)
မောင်လွမ်းဏီ
၃၀-၃-၂၀၁၁
1 comment:
မောက္ခ နိုင်ငံတကာသတင်း Saturday, 02 April 2011 02:58 မှ တရုတ် ရထားစီးရင် ပြုတ်ကျသွားမယ် သတိထား! မဖတ်ခင် ဘာသာပြန် အလွန် လွှဲမှားနေပါသဖြင့် The Economist မှ မူရင်း ဆောင်းပါး အရင်ဆုံးကြည့်ပါ။
http://www.economist.com/node/18488554
In 2008 China had only 649km of high-speed railway. It now has nearly 8,400km, four times as much as the next-largest network (Japan’s). The total will approach 19,000km by 2014, according to analysts at UBS, a Swiss bank (see map).
(၂၀၀၈ ခုနှစ်တွင် တရုတ် ရထားလမ်းများ အမြန်ဆုံး မောင်းနိုင်တဲ့ စပိမှာ တစ်နာရီ ၆၄၉ ကီလိုမီတာ သာရှိသည်။ ၂၀၁၁ တွင်တော့ မြန်နှုန်း လေးဆ ခုန်တက်သွားပြီး တစ်နာရီ ၈၄၀၀ ကီလိုမီတာ နှုန်း ဖြစ်လာသည်။ ဂျပန် ကျည်ဆန်ရထားများရဲ့ နှုန်းကို အမီလိုက်နေခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်မှာ တစ်နာရီ ၁၉,၀၀၀ ကီလိုမိတာ နှုန်းအထိ တင်မောင်းနိုင်ဖို့ တရုတ် မီးရထားဌာနက ရည်မှန်းထားသည်ဟု ဆွစ်ဘဏ် (UBS) က သုံးသပ် ပြောဆိုသည်။)
About the Japan’s bullet train Speed in Wikipedia
The Shinkansen (新幹線?, new main line), also known as the bullet train, is a network of high-speed railway lines in Japan operated by four Japan Railways Group companies. Starting with the 210 km/h (130 mph) Tōkaidō Shinkansen in 1964, the now 2,459 km (1,528 mi) long network has expanded to link most major cities on the islands of Honshu and Kyushu at speeds up to 300 km/h (186 mph). Test runs have reached 443 km/h (275 mph) for conventional rail in 1996, and up to a world record 581 km/h (361 mph) for maglev trainsets in 2003.
Post a Comment