Wednesday, March 30, 2011

ပဲခူးမြို့၊ ဥဿာမြို့သစ်မှာ ပြည့်တန်ဆာခန်းတွေ အရင်ကထက် ပိုဆိုး (ပေးစာ)

ပဲခူးမြို့၊ ဥဿာမြို့သစ်မှာ ပြည့်တန်ဆာခန်းတွေ သောင်းကျန်းလွန်းတဲ့အကြောင်း ၂၀၁၁ ခုနှစ်၊ မတ်လ (၄) ရက်နေ့ သတင်းတွေမှာ ပါလာခဲ့ပါတယ်။ နောက်တနေ့မှာတော့ တာဝန်သိ ပြည်သူ့ရဲကြီးတွေ ဖမ်းချင်ယောင် ဆောင်ကြပါတယ်။ သနားစရာကောင်းတာက ဘာဆိုဘာမှ မိမသွားရှာကြပါဘူး။ နောက်တရက်၊ နှစ်ရက်နေ တော့ အရင်အတိုင်းပါပဲ။ အရင်ကထက်တောင် ပိုဆိုးလာပါတယ်။ နေ့ခင်းကြောင်တောင်၊ ညဥ့်နက်သန်းခေါင် ခပ်ပြောင်ပြောင်ပါပဲ။ အမိန့်ရ ပြည့်တန်ဆာခန်းအချို့ကို နာမည်လိပ်စာနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရပ်ကွက်ကြီး (၃) မြေတိုင်း (၁၁) သမလလမ်း ရတနာမာန်အောင်ကျောင်းနဲ့ ကပ်လျက် ပြည့်တန်ဆာခန်း တခု၊ မြေကွက်ပိုင်ရှင် မသိဘဲ ရယကနဲ့ ပေါင်းပြီး ကျူးကျော်ဆောက်လုပ်ထားတာပါ။ ပြည့်တန်ဆာခန်းအ တွက် လျှပ်စစ်မီးကို ရတနာမာန်အောင်ကျောင်းက ယူပါတယ်။ ပိုင်ရှင်အမည်က ညီညီ၊ မမော်ပါ။ အမှတ် (၃) ရဲစခန်းဆိုင်းဘုတ်နဲ့ တည့်တည့်မှာ နေပါတယ်။
၂။ ရပ်ကွက်ကြီး (၃) မြေတိုင်း (၇) မြစန္ဒာရုံကျောင်းအနီးမှာ တခုရှိပါတယ်။ ပိုင်ရှင်အမည်က မမြင့်ဦးပါ။
၃။ ရပ်ကွက်ကြီး (၃) အမှတ် (၃) ရဲစခန်းအနီးမှာ တခုရှိပါတယ်။ ပိုင်ရှင်အမည်က အောင်အောင်၊ မသီတာပါ။
၎။ ရပ်ကွက်ကြီး (၃) မြေတိုင်း (၇) ထဲမှာပဲ ဟူစိန်ပိုင် ပြည့်တန်ဆာခန်းတခုနဲ့ တင်ထွန်းပိုင် အနှိပ်ခန်းတခုရှိပါ တယ်။

အဆိုးဆုံးကတော့ ဘုန်းကြီးကျောင်းတွေကို မှီပြီး လုပ်နေကြတာပါပဲ။ အမျိုး ဘာသာ သာသနာအတွက် အ တော်ရင်လေးဖို့ ကောင်းပါတယ်။ မြင်ရတွေ့ရတာ အတော်အရုပ်ဆိုးပါတယ်။ မကြားဝံ့မနာသာ အော့နှလုံးနာ စရာပါပဲဗျာ။ ဒီသတင်းကို ဖတ်ပြီး သက်ဆိုင်ရာ လူကြီးတွေအနေနဲ့ မှန်မှန်ကန်ကန် လုပ်ဆောင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

ပေးပို့သူ - Love Voice

No comments: