ကျနော် ဘာမှ မပြောလိုတော့ပါ
မားဆိုး
ချစ်သုဝေက ပြောတယ်
နေရူးက ပြောတယ်
ကောလိပ်ဂျင်နေဝင်းက ပြောတယ်၊ ဂန္ဒီ ပြောတယ်
တော်ဖလာ၊ ကက်ဖ်ကာနဲ့ ယန်းပေါလ်ဆတ်က ပြောတယ်။
စိုင်းဆိုင်မောဝ်က ပြောတယ်
ချာချီက ပြောတယ်
ဒါလီက ပြောတယ်၊ ဦးဥတ္တမက ပြောတယ်
ကင်းဝန်မင်းကြီး၊ လှေသင်းဝန်၊ ဒိုင်းခင်ခင်က ပြောတယ်။
အဲလ်ဘတ်ကမူးက ပြောတယ်
ဖရက်ဒီမာကျူရီက ပြောတယ်
ငြိမ်းအေးအိမ်က ပြောတယ်၊ သုဓနုမင်းသားက ပြောတယ်
စောဘွဲ့မှူး၊ အော်ပရာဝင်းဖရေး၊ ပဋိက္ခရားက ပြောတယ်။
အရစ္စတိုတယ်က ပြောတယ်
ယာဆာအာရာဖတ်က ပြောတယ်
ဇုစ်နတ်မင်းကြီး ပြောတယ်၊ ထူးအိမ်သင်က ပြောတယ်
ဂိုဒါမေယာ၊ နာဆာ၊ ဒိုင်ယာနာက ပြောတယ်။
မင်ဒဲလားက ပြောတယ်
ယစ်ဇက်ရာဘင်က ပြောတယ်
တိုလီမိုလီ ကိုထွန်းတင်က ပြောတယ်၊ ရော်ဘီဝီလျံက ပြောတယ်
ဂေါ်ဘာချော့၊ ရေဂင်၊ ကိုမင်းနောင်က ပြောတယ်။
ချေဂွေဗားရားက ပြောတယ်
ဖာဒီနန်မားကို့စ်က ပြောတယ်
မြသန်းတင့်က ပြောတယ်၊ အေးချမ်းမေက ပြောတယ်
သိန်းဖေ၊ သန်းထွန်း၊ မောင်နုက ပြောတယ်။
ဖလောရင့်နိုက်တင်ဂေးက ပြောတယ်
ဟူဂိုချာဗက်စ်က ပြောတယ်
ရုစဗဲ့က ပြောတယ်၊ လောရင့် အော့ဖ် အာရေးဗျက ပြောတယ်
ရွှေဘုန်းလူ၊ တင်မိုး၊ ဘဘကြီးတွေ ပြောတယ်။
အဲဖရက်နိုဘယ်လ်က ပြောတယ်
သောမတ်စ်အယ်လ်ဗာအက်ဒီဆင်က ပြောတယ်
ဝင်းမင်းထွေးက ပြောတယ်၊ လူထုဒေါ်အမာက ပြောတယ်
အောင်ဆန်း၊ ဆူဘတ်စ်ချန်ဒရာဘို့စ်၊ ကောလိပ်ကျောင်းသား မောင်သောင်းဖေက ပြောတယ်။
လွင်မိုးက ပြောတယ်
လီနင်က ပြောတယ်
ပင့်ဖလွိုက်က ပြောတယ်၊ ရွှေဥဒေါင်းက ပြောတယ်
ရှယ်ရွန်စတုန်း၊ မော်စီတုန်း၊ သခင်စိုးက ပြောတယ်။
ပိုက်သာဂိုရက ပြောတယ်
မာရီလန်မွန်ရိုးက ပြောတယ်
သိဒ္ဓိတ္ထလှိုင်က ပြောတယ်၊ ဒတ်စမွန်တူးတူးက ပြောတယ်
ဘင်ဂူရီယံ၊ မိုရှေဒါယန်း၊ မာမွတ်အဘတ်စ်က ပြောတယ်။
အိုမာခရမ်က ပြောတယ်
မာဂရက်သက်ချာက ပြောတယ်
ဗင်းဆင့်ဗန်ဂိုးက ပြောတယ်၊ မောင်မောက်(ဥက္ကလာ)က ပြောတယ်
ဟာမူရာဘီ၊ တိုက်တက်စ်၊ ရစ်ချက်ဘုရင်ကြီးက ပြောတယ်။
အောင်ခြိမ့်က ပြောတယ်
စကားလက်အိုဟာရာက ပြောတယ်
အယာတိုလာခိုမေနီက ပြောတယ်၊ ဘာရက်အိုဘားမားက ပြောတယ်
မောင်ချောနွယ်၊ ဖော်ဝေး၊ ဒဂုန်တာရာက ပြောတယ်။
အဒေါ့ဖ့် ဟစ်တလာက ပြောတယ်
သီရိဂျေမောင်မောင်က ပြောတယ်
ဂီတနက်သန် ကိုစောညိန်းက ပြောတယ်၊ မွန်မာကဒါဖီက ပြောတယ်
ကိုတာ၊ ချစ်စံဝင်း၊ ဆူဒိုနင်က ပြောတယ်။
မာတင်လူသာကင်း ဂျူနီယာက ပြောတယ်
ဒေါက်တာဘမော်က ပြောတယ်
ဂဠုန်ဦးစောက ပြောတယ်၊ မေရှင်က ပြောတယ်
နန်းတော်ရေ့ဆရာတင်၊ လီယိုတော်စတွိုင်း၊ ဂျော့ကလူနေးက ပြောတယ်။
ပလေးဘွိုင်းသန်းနိုင်က ပြောတယ်
မိုဟမ္မဒ်က ပြောတယ်
အိုင်းစတိုင်းက ပြောတယ်၊ မော်ဂန်ဖရီးမန်းက ပြောတယ်
ဂရေဟမ်ဘဲလ်၊ ဗီဗီယန်လေး၊ ခင်ဝမ်းကြီးက ပြောတယ်။
ဇော်(ပျဉ်းမနား)က ပြောတယ်
ခရစ်တော်က ပြောတယ်
ဗိုလ်ချုပ်မှုးကြီးစောမောင်က ပြောတယ်၊ ဝတ်မှုန်ရွှေရည်က ပြောတယ်
ဟိုချီမင်း၊ သီရိဒုံ၊ ငဘက ပြောတယ်။
သခင်ကိုယ်တော်မှိုင်းက ပြောတယ်
ဗုဒ္ဓက ပြောတယ်
ဗန်းမော်တင်အောင်က ပြောတယ်၊ ချက်ကော့ဖ်က ပြောတယ်
ရီရီသန့် ၊ ဝီလ်စမစ်၊ ထုံချိုင်းက ပြောတယ်။
ဆိုက်အက်ဒမင်က ပြောတယ်
မော့ဒရေတာက ပြောတယ်
ဗကပက ပြောတယ်၊ ပိုင်စိုးသူက ပြောတယ်
ဂျစ်ပစီဟက်တ်၊ ဝမ်းနား၊ ဆြာသန်းက ပြောတယ်။
စတီဖင်ဟော့ပကင်းက ပြောတယ်
ဆမ္မားဆက်မွန်က ပြောတယ်
လင်းထင်က ပြောတယ်၊ နော်လွီဇာဘင်ဆင်က ပြောတယ်
ဦးသုခ၊ ကိုနေဝင်း၊ မက်တယ်မန်းက ပြောတယ်။
ရတီပွင့်ဦးက ပြောတယ်
ဂျူးက ပြောတယ်
ကောလ်ထန်မောရိယယ်က ပြောတယ်၊ စတီဗင်တိုင်လာက ပြောတယ်
ရေးနွား၊ ဇော်မောင်၊ အော်ပီကျယ်က ပြောတယ်။
မောင်ဂိုမာရီက ပြောတယ်
ရွန်းမဲက ပြောတယ်
ဗိုလ်မှူးဗထူးက ပြောတယ်၊ မီးပုံးပျံ ဦးကျော်ရင်က ပြောတယ်
ကြက်ဖ၊ ဂျေမီ၊ ဟင်နရီဒူးနန့်က ပြောတယ်။
စတက်ဖီဂရပ်က ပြောတယ်
ဆာအာသာကိုနင်ဒွိုင်းက ပြောတယ်
ဇော်ဇော်အောင်က ပြောတယ်၊ ဖြိုးထိန်က ပြောတယ်
ဒရူးဘယ်ရီမိုး၊ သခင်တင်မြ၊ မြတ်ခိုင်က ပြောတယ်။
လီယိုနာဒိုဒါဗန်ချီက ပြောတယ်
လှိုင်ဦးမော်က ပြောတယ်
ဖာဂူဆန်က ပြောတယ်၊ အောင်သိန်းလင်းက ပြောတယ်
ဦးဂိုအင်ကာ၊ လီယိုနာဒ့်မောင်မောင်လွင်၊ မင်းခိုက်စိုးစံက ပြောတယ်။
ဟီလာရီကလင်တန်က ပြောတယ်
ဟင်္သာတထွန်းရင်က ပြောတယ်
နေဝင်းမြင့်က ပြောတယ်၊ ပုသိမ်သား ကိုယင်ကောင်က ပြောတယ်
မော်ရင်ဟို၊ ဟာရိုးရော်ဘင်၊ ဂျက်မြသောင်းက ပြောတယ်။
ပြောတယ်
ပြောတယ်
ပြောတယ် ...
ပြောတယ် ... ... ။
ပြောတယ်
ပြောတယ်
ပြောတယ် ...
ပြောတယ် ... ... ။
ပြောတယ်
ပြောတယ်
ခင်ဗျာ ... !
ဟုတ်ကဲ့ သူရို့အားလုံး ပြောသွားကြပြီ
ကျနော် ပြောဖို့ လိုသေးလို့လားခင်ဗျာ ။ ။
မားဆိုး
၁၄.၁၀.၂၀၁၀
7 comments:
bar pyaw dar le hin?
bel lo ma nar ma le woo.
sorry bar!
လှိုင်ထိပ်ခေါင်တင် ကဗျာရေးတယ်
Percy Bysshe Shelley ကဗျာရေးတယ်
အောင်ခြိမ့် ရေးတယ်၊ မောင်ချောနွယ် ရေးတယ်
Robert Frost, Omar Khayyam နဲ့  William Blake ရေးတယ်၊၊
နေမျိုး ရေးတယ်
Lord Byron ရေးတယ်
စိုးဝင်းမြင့် ရေးတယ်၊ Eliot ရေးတယ်
ရေးတယ် ရေးတယ် ရေးတယ်
ကဗျာ ဘာမှန်းမသိတဲ့ ကောင်တွေလည်း မော်ဒန် တို့ ခြေလွန်လက်လွန် မော်ဒန်တို့ ရေးကြတယ်
တောပြီပေါ့ ကိုမာဆိုး…
ခင်ဗျားဆက်ရေးဖို့ မလိုတော့ပါဘူး
ဘာကိုပြောတာလဲ ............ မော်ဒန် လား ဘာလား
ဘာကဗျာမှန်းလဲမသိဘူး စောက်ရူးတွေဘဲ ပြောတယ်ပြောတယ် ပြောတယ်နဲ့  ဒါမျိုးကဗျာကိုမတင်ပါနဲ့ လား ဖတ်ရတဲ့သူတွေအတွက်စိတ်အနှောင့်အယှက် ဖြစ်တယ် ရေးချင်တယ်ဆိုလည်း ရေးပြီး ကိုယ့်အိမ်မှာကိုယ်သိမ်းထားပါလား ဘာလို့ လျောက်ပြလဲ အလကား
မပြောတာပဲ သူများမျက်စိရှုပ်ခံပြီးပြောနေရသေးတယ်။ အိပ်နေပါလား။ အနုပညာဖျက်ဆိးမှု တစ်ခုလို့ ပြတ်ပြတ်သားသား မြင်ပါတယ်။
အော...ကဗျာရဲ့ သတင်းစကား message ကိုက ခုလို တစ်ယောက်တစ်ပေါက် တုန့် ပြန်လာကြတာကို ပြောတာပဲ။ လူအမျိုးမျိုး၊ စိတ်အဖုံဖုံ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ထင်ရာပြောကြတဲ့ သဘာဝကို နာမည်ပေါင်း သောင်းခြောက်ထောင်ချရေးပြီး တင်ပြသွားတာ။ အခု ကွန်မင့်ပေးတဲ့သူတွေက ကဗျာကိုတုန့် ပြန်ကြသလို ပြဿနာတစ်ရပ်ရပ်ကို လူတွေထင်မြင်ချက်ပေါင်းစုံပေး၊ မဆုံးတမ်းကြားနေရတာကို ငြီးငွေ့ သွားပြီး...
သူ့ အလှည့်ကျတော့.တော်ပြီ..ဘာမှမပြောချင်တော့ဘူးလို့ ...
လှလှပပတင်ပြသွားတာ။ အခု ခင်ဗျားတို့ ကွန်မင့်ရှင်တွေကို သူဘာမှမပြောပဲ ငြိမ်နားထောင်နေသလိုပေါ့။ ကျန်တာကို ကိုယ့်ဟာကိုယ်ဆက်တွေးလေ...။
။
// ခုလို ဖွင့်ဆိုလိုက်တဲ့အတွက် ကဗျာအလှကို ဖျက်ဆီးသွားမိတာ စိတ်မကောင်းပါကြောင်း..ကဗျာဆရာခင်ဗျား //
Post a Comment