Tuesday, March 22, 2011

ကမ္ဘာ့ကဗျာနေ့တွင် ဟံသာဝတီ ဦးဝင်းတင် ပေးပို့သည့် ကဗျာ

အာဏာငရဲ လှိုင်းငရဲ
ဟံသာဝတီ ဦးဝင်းတင်

လူ - စက် - မြို့ မျိုဝါး
ဟီရိုရှီးမား ဗုံးဝင်စား
ဆူနာမီ နဂါး။

ငတ် - မွဲ - ကန်း ပိပြား
ကင်ပေတိုင်ဆိုး ခေတ်ထွန်းကား
ဘိရုမာ ချောက်ချား။

ဘ၀တူတွေပဲ
အာဏာငရဲ လှိုင်းငရဲ
ဒို့ စာနာ ကြေကွဲ။ ။

ဟံသာဝတီ ဦးဝင်းတင်

* ကမ္ဘာ့ကဗျာနေ့မှာ ဆရာဦးဝင်းတင်က မြန်မာပြည်နဲ့ ဂျပန်ပြည်က ပြည်သူတွေအတွက် ရေးတဲ့ ဟိုက္ကူကဗျာ

* ဂျပန်ပြည် ဆူနာမီနဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်ကြရသူ ဂျပန်ပြည်သူပြည်သားများအတွက် မြန်မာကဗျာဆရာများက အမှတ်တရ ကဗျာလှုပ်ရှားမှုနှင့် ကူညီမှုအလှူပွဲအတွက် ဆရာက ရေးပေးတဲ့ ဟိုက္ကူကဗျာ
(မိုးမခ၀က်ဘ်ဆိုက်မှ ...)

3 comments:

Anonymous said...

နိုင်ငံရေးအတွက် အသုံးချစရာမရှိ လိုက်ရှာနေတာ ဂျပန်ပြည် ဆူနာမီနဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခ ရောက်ကြရသူ ဂျပန်ပြည်သူ ပြည်သားများ ကို အသုံးချနေပြန်ပြီ။ မီးမွေးနေပြန်ပြီ။ ဂျပန်ပြည်သူ ပြည်သားများ အရေးတကြီး လိုတာက မီးလှုံနိုင်ရန် အတွက် ရေနံဆီ ဖြစ်ပါသည်။

bluesky said...

Sai....
မင်းတို့အတွက်တော့ ဒီလိုကဗျာမျိုးက မနှစ်မြို့စရာပေါ့ ကွာ..။ အခြားသူတွေအတွက်တော့ သိပ်ကိုလှပတဲ့ ကဗျာတစ်ပုဒ်ပါ..။ ဘာနဲ့ဥပမာပေးရမလဲဆို..မွှေးကြိုင် တဲ့ နံသာတွေဟာ လူတွေအတွက် တန်ဘိုးရှိပေမယ့် ခွေးတွေအတွက်ကတော့ အင်မတန်မှ စက်ဆုတ်စရာ အနံ့ ဖြစ်နေသလိုပေါ့...။ မင်းတို့လို x + -ံ့ အတွက်တော့ ဒီကဗျာမျိုးက မစင်ဘင်ပုတ်လောက် ဘယ်တန်ဘိုးရှိပါ့မလဲ...။

Unknown said...

Sai ဆိုတဲ့ကောင်ကိုမေးရအုံးမယ် ကဗျာကိုနောက်ဆုံးကဗျာအနေနဲ့ကြည့် ခံစားတတ်ရင်ခံစား ကဗျာသမားမဟုတ်လဲ ကဗျာဟာ ကဗျာဘဲဆိုတာကို သိတဲ့အသိရှိမှ အဲဒီလူဟာလူအသိရှိတဲ့သူတယောက်ဖြစ်တယ်။ နိုင်ငံရေးအတွက် အဲဒီကဗျာရှင်ဟာ ဘာတွေလုပ်ပြီး ဘာတွေစတေးခဲ့တယ်ဆိုတာကို မြန်မာကော ကမ္ဘာကပါသိတယ် သူ့ကိုသာနိုင်ငံရေးသမားတွေ အထူးသဖြင့် ဒီလွတ်မြောက်နယ်မြေက အတိုက်အခံအချို့နဲ့ မီဒီယာအချိုကသာ လုပ်စားတာကွ အလုပ်စားခံရတာကသူ သူကနိုင်ငံရေးလုပ်စားတာမဟုတ်ဘူး bluesky ပြောသလိုဘဲ အမှန်တရားကိုဆုပ်ကိုင်ပြီးဒုက္ခကိုပြည်သူအတွက် ရင်မဆိုင်နိုင်ဘဲ အသက်သာလိုက် အရှက်တရာရိုက်လဲ ဂရုမစိုက်တဲ့ မင်းတို့လိုနောက်လိုက်တွေကိုတော့ ရွံ့တယ်ဟေ့ကောင်