Wednesday, March 16, 2011

ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက်

ဆရာ …

အောက်က စာလေး ဖတ်ကြည့်ပါ။

ကျွန်မအထင် ‘ဦးတေဇ’ ဆိုပြီး တင်ထားတဲ့ပုံ မှားနေတယ်ထင်ပါတယ်ရှင်။ ကျေးဇူးပြုပြီး သေချာ confirm လုပ်ပေးပါလို့ ပြောချင်ပါတယ်။ ပုံထဲက လူကို ‘စစ်သွေးအောင်’ ပုံလို့ ကျွန်မထင်ပါတယ်။ ‘share’ လုပ်တာကို ကျေးဇူးတင်ပါတယ်။

နောက်တယောက် ပို့လာတာကတော့ …

ကြံ့ဖွတ်လွင်မိုးနဲ့ အတွဲများနေတဲ့ စစ်သွေးအောင်အကြောင်း တစေ့တစောင်း

ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းထောင့်က Palm Court Villa အိမ်ရာမှာ နေပါတယ်။ Palm Court Villa အိမ်ရာမှ မျက်နှာချင်းဆိုင် လုံးချင်းအိမ် (၂) လုံးကို သစ်တောဝန်ကြီးဟောင်း ဗိုလ်မှူးကြီးအောင်ဖုန်း ပိုင်ဆိုင် ပြီး ၎င်းတို့ပိုင် ကုမ္ပဏီနာမည်က SUNTECH လို့ ဆိုပါတယ်။ သစ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းအပြင် ကလပ်ပါ ထောင်ထားတယ်ပါတယ်။ ငွေဆောင်က Bay Of Bemgal Resort Hotel ဟာလည်း သစ်တောဝန် ကြီး ဦးအောင်ဖုန်းတို့ ပိုင်ဆိုင်တာပါတဲ့။ စစ်သွေးအောင်နဲ့ ကြံဖွတ်လွင်မိုးဟာ BME 2 မှာ ဆေးအမြဲသွားရှူနေ တာဖြစ်ပါကြောင်း ရေးသားပေးပို့လာပါတယ်။

‘စစ်သွေးအောင်’ ပါတဲ့ …

လေးစားစွာဖြင့် ...
ဒီမိုဝေယံ

- ယှဉ်တွဲကြည့်ရှုရမည့် ဓာတ်ပုံသတင်း (လွင်မိုး၊ တေဇ၊ ကောင်မလေးနဲ့ ထိုးဖော်ထိုးဖက်၊ ဆိုးဖော်ဆိုးဖက်၊ ခိုးဖော်ခိုးဖက်များ) click

1 comment:

Unknown said...

ဒါဆို အဆိုတော်လေးဖြူက B.O.B ဆိုပြီး အခွေနာမည်တပ်ပြီး၊ အဲဒီ အောင်ဖုန်းသား ဟိုတယ်ကို ကြော်ငြာပေးတာပေါ့။ လေးဖြူ ကိုလဲ မုန်းသွားပြီဗျာ။