Thursday, March 10, 2011

တဆင့်စကားများ

တဆင့်စကားများ
မောင်လွမ်းဏီ

ညဆို
နွေရနံ့နဲ့
ချော့သိပ်လို့ မအိပ်တဲ့ အတိတ်တွေ
ကမ်းဆိပ်မှာ သောင်တင်နေတာမျိုး။

နေ့ဆို
တံလှပ်တောကြောင်တွေ
ရွှေသမင်လုပ်တတ်တဲ့ ခပ်ရိုးရိုးဇာတ်
စတစ်ကာ ကပ်ခွာ ဆိုပေမယ့် တခါသုံးမျိုး။

မနေ့က
ဘ၀တွေ ကျိုးကြေခဲ့တဲ့အကြောင်း
ဒီနေ့လောက် အပူကဲပေမယ့်
ရေသောက်ချင်စိတ် ကုန်ခမ်းနေသလိုမျိုး။

လေဟုန်စီးတတ်တဲ့
လက်ပံပွင့်တွေကို သုတေသနလုပ်ကြမယ်
လက်ပံပွင့်ကို ရှာမတွေ့ဘူး ဆိုပါလား
မဆီမဆိုင် လက်ပံသား ဓားနဲ့ ချိုင်နေကြသလိုမျိုး။

ရေဘူးနဲ့ ထီးမပါလည်း
နွေအကြော နောကျေသူတွေပါပဲ
ကြည့်လေ ကန်ရေခြောက်မှ
အိုင်ပျက် ငါးကောက်နေကြသလိုမျိုး။

တနှစ်မှာ တခေါက်လောက်
ရောက် ရောက် လာတတ်တဲ့
ဥသြငှက်ကလည်း ထစ် ထစ် အ အ
ချိုးကူသံကလည်း အစ် အစ် ဖွ ဖွ
နွားကျောင်းသားရဲ့ လောက်စလုံးကတော့
တစ်တစ်ခွခွပေါ့လို့ ပြောနေကြသလိုမျိုး။

အညာမြေလတ်မှာပါ
ဒီရာသီဖွားတွေ
မြွေပွေး မြွေဟောက်ဆို
အရေခွံခြောက်တောင် မီးတင်ပစ်ဖို့ ကြိမ်းမောင်းလိုက်
တယောက်ပြီးတယောက် ပိုးထိလိုက် ဆိုသလိုမျိုး ...။ ။

မောင်လွမ်းဏီ
၉-၃-၂၀၁၁

6 comments:

mg said...

နအဖတပ် မဟုတ်ပါဘူး။တပ်မတော်ပါ။
နအဖတပ်နဲ့တိုက်ပွဲ
ဖြစ်ပွားဆိုတဲ့စကားလုံးအစား တပ်မတော်
စစ်ကြောင်းများ တပ်မတော်တပ်ရင်းများနဲ့တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ အသုံးနှုံးပဲ သုံးပါ။

နအဖတပ်ဆိုတာမရှိဘူး။မြန်မာ့တပ်မတော်ပဲရှိတယ်။

လင်္ကာ said...

အင်း
တော်တော် မခံမရပ်နိုင်ဖြစ်နေပုံပဲ
နအဖတပ် ပါကွာ
သန်းရွှေရဲ့ နအဖတပ် စစ်စစ်ပါ။
ဘုန်းကြီးတွေကျောင်းသား တွေ လက်နက်မရှိတဲ့ လက်နက်မဲ့ တွေကိုမှ အနိုင်ကျင့်ရဲ့ တဲ့ မိန်းမရှာတွေ စုထားတဲ့ နအဖ တပ်စစ်စစ် ကြီးပါကွာ။
လူသတ်မုဒိန်းကျင့် ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်နေတဲ့  အခြောက်ကြီးသန်းရွှေနဲ့ အပေါင်းအပါတို့ ရဲ့ မိန်းမရှာ နအဖစစ်တပ်ကြီးပါကွာ။
ကိုယ်ပေးတဲ့ ကတိမှ ကိုယ်မတည်တဲ့ ကိုယ့်စကား ကိုယ်တန်ဖိုးမထားတဲ့ နအဖ အခြောက်တပ်ကြီးထိလို့ နာမနေနဲ့ ကိုယ့်လူရေ။

mg said...

မခံမရပ်နိုင်ဖြစ်လို့ရေးတာ တစ်ခုမှမရှိဘူး။အမှန်တရားတစ်ခုတွက်ဖြစ်သင့်
တာတွေကို ချပြတာပဲရှိတယ်။မြန်မာ့မျိုးချစ်တပ်မတော်နာမည်
ကိုဖျက်ပြီး မီဒီယာမှိုင်းမိအောင် မီဒီယာ brain wash ပေးပြီး ယုံမှားလွယ်အောင်လုပ်နေတဲ့ စကားလုံးတွေကို ယောင်မှားပြီး လိုက်သုံးနေလို့ အမှားလမ်းကိုရောက်မသွားအောင် အမှန်ကိုထောက်ပြပေးနေတာ။

မြန်မာနိုင်ငံမှာ နအဖတပ်ဆိုတာမရှိဘူး။အခုလည်းမရှိဘူး နောင်လည်းမရှိဘူး။တစ်ခုတည်းသော မျိုးချစ်မြန်မာ့တပ်မတော်ပဲရှိတယ်။

မကြာခင်အစိုးရသစ်ဖွဲ့တော့မှာဖြစ်တဲ့အတွက် နအဖ=နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုး
ရေးကောင်စီ ဆိုတဲ့နာမည်လည်းမရှိတော့ဘူး။ဒီ့အတွက်
နအဖ နအဖ ဆိုပြီးလည်း သုံးနှုံးစရာမလိုဘူး။သဘောပေါက်လားမသိဘူး။

admin said...

နာမည်ကောင်းဆိုတာနေရင်းထိုင်ရင်းရတာမဟုတ်ဘူး လေဗျာ။ ပြည်သူ ချစ်တဲ့ မျိုးချစ်တပ်မတော်ဆို ဟိုးရှေးရှေးတုန်းက လို့ အစချီပြောရမလို ကျန်ခဲ့ ပါပြီဗျာ။
လူထုကလေးစားတဲ့ တန်ဖိုးထားတဲ့ တပ်မတော်ဆိုတာ လူထုကိုမနှိပ်စက်ရဘူး။
ခင်ဗျားလည်း အလှည့်မရောက်သေးလို့ မျိုးချစ်တပ်မတော်ကြီးတို့ 
ဘာတို့ လျှောက်ပြောနေနိုင်တာပါ။
ခင်ညွန့် လို လူမျိုးတောင် ဆံပင်တွေဖွေးလို့ ။
လွယ်အိတ်လေးလွယ်ပြီး။ဒေါ်ခင်ဝင်းရွှေလည်းနောက်မှာကုတ်ကုတ်ကလေး။ လောကဓံကဆုံးမလိုက်တာ အစွယ်ကိုကျိုးလို့ ။
မလုပ်သင့်တာကို မလုပ်ရဘူးဗျို့ ။ မဖြစ်သင့်တာတွေ ဖြစ်တတ်တယ်။ ဘုန်းကြီးတောင်သတ်ရဲ တဲ့ သူတွေကို မျိုးချစ်တပ်မတော်ကြီးလို့ သွားပြီး
အရောင်တင်ပေးမနေနဲ့ ဗျို့ ။

Unknown said...

မောင်မောင်ပြောသလို မျိုးချစ်တပ်မတော်ကြီးဆိုတာ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမဲ့ မျိုးချစ်ဆိုတဲ့နေရာမှာ မြန်မာတမျိုးသားလုံး (တိုင်းရင်းသားတွေ အပါအ၀င်)ကို ဆိုလိုတာမဟုတ်ပဲနဲ့ သူတို့ သားမယား ဆွေမျိုးသားချင်းတွေကိုပဲ ချစ်လို့ ဆွေမျိုးအကျိုးပဲ ဦးထိပ်ထားလို့ မျိုးချစ်တပ်မတော်လို့ ခေါ်တာပဲ။ တပ်မတော်တစ်ခုလုံးဆိုတာထက် တပ်မတော်ရဲ့ လက်ရှိ ခေါင်းဆောင်ပိုင်းတွေကို ဆိုလိုပါတယ်။ လက်အောက်ငယ်သား ရဲဘော်များကတော့ အရပ်သားနဲ့ သိပ်မခြားပါဘူး။ ငတ်မြဲငတ်လျှက်ပါပဲ။ ငမောင်တို့လို့ စစ်တပ်ရေပေါ်စီတွေသာ အမျိုးတွေချစ်နေကြရတာ
ပြီးတော့ နအဖဆိုတာ မရျိတော့ဘူးတဲ့ နအဖမှာလည်း သန်းရွှေ မောင်အေးပဲ။ ခုဥသျှောင်မှာလည်း သန်းရွှေ မောင်အေးပဲဆိုတော့ ဘာထူးခြားလို့တုန်း ငမောင်ရေ

Socretes said...

နိုင်ငံရေးခံစားချက်နဲ့ ဖွဲ့ တယ်ဆိုပေမယ့် တခြား အဓိပ္ပါယ်တွေပါ ထွက်တဲ့ အင်မတန် လှပတဲ့ မှန်ကူကွက် ကဗျာတစ်ပုဒ်ပဲ...။
ပြည်တွင်းပြည်ပမှာ...
တခါသုံးစတစ်ကာ ကပ်ခွာတွေ....
လက်ပံသားဒါးနဲ့ ချိုင်သူတွေ...
အိုင်ပျက်ငါးကောက်သူတွေ....
မလိုအပ်ပါပဲ...ပိုးထိနေကြသူတွေ...
...တွေ....တွေ...

ဟူး....ရင်မောရပါလား..လောကဓံတရားကြားက
ကျနော်တို့ တိုင်းပြည်...
//ဝေငှချင်လို့ ကူးယူသွားတာခွင့်ပြုပါ။ //