Tuesday, February 1, 2011
ကေအန်ယူ ဆက်လက် တိုက်ပွဲဝင်မည် (ရုပ်သံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:51 AM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:51 AM
Labels: ဗွီဒီယိုမှတ်တမ်း
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
4 comments:
အကြမ်းဖက်သမားပုံတွေ ဗီဒီယိုပုံတွေကို အင်တာနက်ပေါ်တင်ပြီး သူတော်ကောင်းပုံစံလုပ်ပြီး တင်ရတာ တော်တော်သဘောကျပုံပေါက်တယ်။လူမိုက်အားပေး အဆိပ်ပင်ရေလောင်း ဆိုတာ ဒီလိုလူတွေပေါ့။
အင်း အကြမ်းဖက်သမားဆိုတာ ဘယ်သူတွေတုန်း။ ပေတစ်ရာလမ်းမပေါ်မှာ ကျောင်းသားတွေ သံဃာတော်တွေကို စိတ်ကြိုက်ပစ်ခတ်သတ်ဖြတ်ဖို့ တိုင်းရင်းသားဒေသတွေမှာ လူသတ် မုဒိမ်းကျင့်ခွင့် လိုင်စင်ကြီးကို မြန်မာ့တပ်မတော်လက်ထဲ ထည့်ထားပြီး ကိုယ်တိုင်ကျတော့ ဘုရားလိုလို တရားလိုလိုနဲ့ ဗုဒ္ဒဂါယာလို နေရာမျိုးမှာ ဟန်ဆောင်ကောင်းတဲ့ သူတော်ယုတ်ကြီး ကို ပြောတာလား။
နိုင်ငံနဲ့ ဘာသာကို ဖျက်နေတဲ့ လူမိုက်ကြီးဖက်က အမြဲရှေ့နေလိုက်နေတဲ့ မင်းလုပ်ရပ်ကို ရပ်သင့်ပြီ ငမောင်ရေ
လူသတ် မုဒိန်းကျင့်ခွင့် လိုင်စင်ရတယ်ဆိုတော့ ဘယ်လိုသက်သောအထောက်ထားနဲ့ပြောတာလဲ?
တပ်မတော်မှာ စစ်စည်းကမ်းအပြင် အရပ်ဘက်စည်းကမ်းဥပဒေပါ လိုက်နာရလို့ ဥပဒေ နှစ်ရပ်ပေါင်းလိုက်နာရတဲ့အတွက် တပ်မတော်သားတွေဟာ အထူးနေထိုင်တတ်ဖို့လိုပြီး မနေတတ်ရင် အရပ်သားနဲ့စစ်သား ပြစ်မှုကျူးလွန်းတာခြင်းအတူတူ အရပ်သားက အရပ်ဘက်ဥပဒေပဲခံရပြီး စစ်သားက စစ်ဥပဒေ ရော အရပ်ဥပဒေပါ နှစ်ခု ခံစားရတယ်ဆိုတာ နားလည်ရင် အခုလို လူသတ် မုဒိန်းကျင့်ဆိုတဲ့ ဖြစ်ကတတ်ဆန်း မှိုင်းလုံးစကားတွေ မပြောမိဖို့လိုတယ်။
တပ်မတော်သားတွေ ဘုရား တရား ယုံကြည်ကိုးကွယ်တာဟာ ပိုမိုမြင့်မားတဲ့အတွက် တပ်မတော်သားတွေ ဘုရား တရား ကိုးကွယ်တာဟာ ဟန်ပြသတ်သတ်မဟုတ်ကြောင်းပါ။
ဟတ် ဟား နယ်စပ်ဒေသတိုင်းရင်းသားဒေသတွေမှာ အခုလက်ရှိ ထိုးစစ်တွေ ဆင်နေပါတယ်။ လေ့လာကြည်လိုက်ပါဦးကွာ။ ဘယ်လိုသက်သေအထောက်အထားနဲ့လည်း ဆိုတာသိချင်ရင် ရှမ်းအမျိုးသမီးအဖွဲ့မှ ထုတ်တဲ့License to Rape ကို ဖတ်ကြည့်လိုက်ဦး။ အဲဒီစာအုပ်ထဲက အထောက်အထားတွေခိုင်လုံလို့ ၁၉၉၅- ၂၀၀၀ ခုနှစ်အတွင်းရှမ်းပြည်နယ်အတွင်း ပြစ်မှုကျူးလွန်တဲ့ အရာရှိအရာခံ အကြပ်တပ်သား ၁၀၀ လောက် မဖြစ်မနေ အရေးယူလိုက်ရတယ်ဆိုတဲ့ တပ်မတော်မှတ်တမ်းတွေ တရားဝင်ရှိတယ်နော်။ လေ့လာလိုက်အုန်း
အရပ်သားနဲ့ စစ်သားပြစ်မှုကျူးလွန်တာချင်း တူရင် စစ်သားက နှစ်ဆခံရတာဆိုတာ ဟုတ်ကဲ့လား ငမောင်ရဲ့။ ပဲခူးမှာ အရပ်သားလူငယ်နှစ်ယောက်ကို သေနတ်နဲ့ ရက်ရက်စက်စက် သွေးအေးအေး ပစ်သတ်ခိုင်းခဲတဲ့ မင်းတို့ တပ်မတော်အရာရှိ ဘာဖြစ်သွားတယ်ဆိုတဲ့ သတင်းလေးရော သိရဲ့လား။ စုံစမ်းကြည့်လိုက်ဦး။ ဟိုအရေးယူသလို ဒီအရေးယူသလိုနဲ့ နောက်ပိုင်းတော့ အဖျားရှူးတာချည်းပဲ။ မင်းပြောတဲ့ ဥပဒေက အရင်မဆလ လက်ထက်မှာ တကယ်ကျင့်သုံးခဲ့ပါသေးတယ်။ ခုတော့ ဥပဒေက စာအုပ်ထဲမှာပဲ ကျန်ပီးတော့ လက်သင့်ရာ ခေါ်နေကြတာ မဟုတ်လား။
တပ်မတော်သားတွေ ဘုရားတရားတော့ မသိဘူးဟေ့။ သံဃာတော်တွေကိုဆော်ပလော်တီးလိုက်တော့ မျက်မြင်သက်သေပဲ။ ဘုန်းကြီးကျောင်းကို ၀င်စီးတာ သူပုန်စခန်းစိးထာတက်တောင် ဆိုးသေးတယ်။ ဘုရားဆင်းတုတော်ဆို ဦးခေါင်းတော်တွေတောင် ပြတ်လို့။ အင်းပေါ့ကွာ သက်ရှိ သံဃာတော်တွေကိုတောင် ဒီလို ကြည်ညိုတာဆိုတော့ သက်မဲ့ ဆင်းတုတော်ဆိုတော့------ ကောင်းပါတယ်။ ဆက်လုပ်ပါ။ မင်းတို့ခေတ်ပဲ။ အဲ သံသရာမှာတော့ ၀ဋ်မှာအမြဲ ငရဲမှာအပ ပဲဟေ့။
Post a Comment