ဆရာဒေါက်တာလွဏ်းဆွေခင်ဗျာ …
ကျနော်ကတော့ အိန္ဒိယနိုင်ငံ၊ နယူဒေလီမြို့တော်ကပါ။ ဆလိုင်းလို့ ခေါ်ပါတယ်။ ဆရာ့ဘလော့ကနေတဆင့် ကျနော်ရဲ့ တိုက်တွန်းနှိုးဆော်ချက် စာလေးကို လိုသလို တည်းဖြတ်ပြီး ဖော်ပြပေးစေလိုပါတယ်။
အခု အိန္ဒိယစံတော်ချိန် မနက် (၄) နာရီထိုးနေပြီ၊ ကျနော် ကြိုးစားပြီး အိပ်ပေမယ့် အိပ်လို့မပျော်ဘူး။ အဲဒါနဲ့ ချမ်းချမ်းရဲ့သီချင်းလေးကို တိုးတိုးလေး ဖွင့်ထားတဲ့ ကွန်ပျူတာလေးဆီ အလိုလိုရောက်သွားတယ်။ အင်တာ နက်ဖွင့်ပြီး Facebook က သူငယ်ချင်းတွေ ဓာတ်ပုံလေးတွေကြည့်၊ ဟိုဟိုဒီဒီ ကွန့်မန်းလေးတွေ ပေးလိုက် နောက်လိုက်နဲ့၊ နောက်ဆုံး Facebook မှာ ကြည့်စရာ ကုန်သွားတော့ ဒေါက်တာလွဏ်းဆွေဘလော့ဘက်ကို စိတ်ရောက်သွားတာနဲ့ သတင်းခေါင်းစဉ်လေးတွေ လိုက်ဖတ်ရင်း၊ စိတ်ဝင်စားတဲ့ သတင်းလေးတွေ လိုက် ဖတ်ရင်း သူ့ဘလော့မှာ DVB က ကလေးစစ်သားအကြောင်း Video ဖိုင်လေး တင်ထားတာတွေ့တော့ ကိုယ် လည်း အရင်က စစ်တပ်ထဲ ဝင်ချင်တဲ့ စိတ်ရှိခဲ့ဖူးသူဆိုတော့ အိပ်မပျော်တာနဲ့ အပျင်းပြေ ကြည့်လိုက်မိတယ်။
အသက်မပြည့်သေးဘဲ တပ်မတော်ထဲကို ရောက်လာတဲ့ စစ်သားလူငယ်လေးတယောက်ရဲ့ အတွေးလေးတွေ နဲ့ သူ့ကိုယ်ပိုင်အနာဂတ်လေးကို ဖန်တီးချင်တဲ့အကြောင်းကို သူပြောပြနေတယ်။ ပြီးတော့ သူတွေ့ကြုံခဲ့ရတဲ့ တိုက်ပွဲအကြောင်းလေးနဲ့ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေအကြောင်း သူပြောပြနေတယ်။
ကျနော့်အဖေကလည်း ဦးနေဝင်းလက်ထက်မှာ တပ်မတော်ထဲ ဝင်ခဲ့ဖူးတဲ့ စစ်မှုထမ်းဟောင်းတယောက်ဆို တော့ တခါတလေ သူတို့ခေတ်က စစ်တပ်ထဲကို ဝင်ဖို့အတွက် ဘယ်လိုလျှောက်ခဲ့ရတယ် ဆိုတာကို အဖေ ပြောပြဖူးတာ ကြားဖူးထားတော့ အတွေးလေးတခု ဝင်လာတယ်။ ကျနော့်အဖေတို့ခေတ်တုန်းက တပ်ထဲကို ဝင်ဖို့အတွက် ရှိသင့်တဲ့ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစား၊ ကျန်းမာရေး ဆေးစစ်ချက်တွေနဲ့ ပြည်စုံမှ ဝင် ခွင့်ရတယ်။ ဝင်ရတာ မလွယ်ဘူးဆိုတဲ့ သူ့ကိုယ်တွေ့ အဖြစ်အပျက်လေးတွေကို စိတ်လိုလက်ရရှိရင် အဖေ ပြောဖူးတာ ကျနော် ပြန်တွေးကြည့်မိတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဦးနေဝင်းဟာ တကယ်ဆိုးတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး စစ်အာဏာရှင်တ ယောက်ဆိုတာ ကျနော် လက်လှမ်းမိသလောက် ဖတ်မိသမျှလေးတွေနဲ့ ကြားဖူးနားဝတော့ ရှိခဲ့ဖူးပါတယ်။ ဒါ ပေမယ့် ကျနော့်အဖေပြောတာ သူတို့ခေတ်တုန်းက တပ်မတော်သားတယောက်ရဲ့လစာက မိသားစု စားဝတ် နေရေးအတွက် မပိုလျှံရင်တောင်မှ လောက်ငှတယ်၊ ဖူလှုံတယ်လို့ အဖေ ပြောဖူးတယ်။ အခုလက်ရှိအာဏာ ရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ဦးနေဝင်းထက် အစပေါင်းများစွား ဆိုးရွားနေတာကို ကျနော် စဉ်း စားမိတယ်။ ထားပါလေ၊ ဒါကတော့ စစ်တပ်နဲ့ပတ်သတ်တဲ့ ကျနော့်အတွေးလေးကို စဉ်းစားမိရုံပါ။ ဒီလောက် ထိ ကျနော် သိပ်မခံစားရပါဘူး။
အဲဒါနဲ့ DVB က တင်ဆက်တဲ့ နောက်ဗွီဒီယိုတခုကိုပါ ကြည့်မိတယ်။ ရွှေမှော်အတွင်းက အသက်အန္တရာယ်နဲ့ ရင်းပြီး အလုပ်လုပ်နေရတဲ့ မိသားစုတွေနဲ့ ၁၅/၁၆ နှစ် ပတ်ဝန်းကျင် လူငယ်လေးတွေရဲ့အတွေ့အကြုံ အခက် အခဲလေးတွေကို ထပ်ကြည့်မိတယ်။ မြေအောက်တွင်းထဲက တင်ပေးလိုက်တဲ့ မြေကြီးအိပ်တွေကို ထမ်းပြီး သယ်လာတဲ့ လူငယ်လေးတွေကို တွေ့ပြန်တော့လည်း ကျနော့်စိတ်ထဲမှာ သိပ်မကောင်းဘူးဗျာ။ အနည်းဆုံး အထက်တန်းကျောင်းသားအရွယ်လောက် လူငယ်လေးတွေ ချွေးသံရွှဲရွှဲနဲ့ မြေအိတ်တွေကို မြန်မြန်သွက်သွက် တအိတ်ပြီးတအိတ် ခေါက်တုန့်ခေါက်ပြန် သယ်ပိုးလုပ်ကိုင်နေတာကို တွေ့လိုက်ရတာ ရင်ထဲတော်တော်မချိ ဘူးဗျာ။
အခုလက်ရှိ ကျနော်နေနေတဲ့ အိန္ဒိယအစိုးရကို စိတ်ထဲကနေ အလိုလို လေးစားချင်လာတယ်။ အကြောင်းမဲ့ တော့ မဟုတ်ပါဘူး။ လူဦးရေ သန်းတထောင်ကျော်ရှိနေတဲ့ တိုင်းပြည်မှာတောင် အခြေခံလူတန်းစားအတွက် ရေ၊ မီး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးကအစ ကျနော်တို့မြန်မာပြည်ထက်တော့ သာနေတာကို တွေ့ရ လို့ပါ။ ကျနော်တို့တိုင်းပြည်မှာ သယံဇာတတွေ ဒီလောက်ထွက်ရှိပြီး အိန္ဒိယထက်စာရင် မဖြစ်စလောက် လူဦး ရေ သန်း (၆၀) လောက်ကို အခုလိုအခြေအနေဖြစ်အောင် စီမံခန့်ခွဲထားတဲ့ လက်ရှိ နအဖစစ်အစိုးရ (အသစ် မဟုတ်ပါ) ကို ကျနော် ဘယ်လို စကားလုံးတွေနဲ့ ချီးမွမ်းထောမနာပြုရမလဲတောင် မသိတော့ပါဘူးဗျာ။ စင်္ကာ ပူက လီကွမ်ယု ချီးမွမ်းချင်လည်း ချီးမွမ်းချင်စရာပဲ။
အဲဒီအတွေးတွေထဲမှာ လည်နေရင်းနဲ့ပဲ ‘ရွာကလေးရဲ့ရင်ခုန်သံများ’ ဆိုတဲ့ အစီအစဉ်လေးကိုပါ ဆက်ကြည့် လိုက်မိတယ်ဗျာ။ အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ ကျနော်တို့မြန်မာလူမျိုးတွေရဲ့ ချစ်ခင်လေးစားဖို့ကောင်းတဲ့ ကျေးရွာဓလေ့လေးတွေ၊ အဲဒီရွာက လူတွေရဲ့ စိတ်နေစိတ်ထားလေးတွေနဲ့ အသက်ရှင်ရပ်တည်ဖို့အတွက် ဘယ်လိုရုန်းကန်နေရတယ် ဆိုတာကို ကြည့်ရင်းနဲ့ သူ့အလိုလို မျက်ရည်တွေ တသွင်သွင် စီးကျလာတယ် (မြန်မာပြည်ကို လွမ်းလို့ ကျတာတော့ မဟုတ်ပါဘူး)။ အဲဒီကျေးရွာလူတန်းစားတွေရဲ့ စိတ်နေစိတ်ထားလေး နဲ့ DVB က နောက်ခံစကားပြောပေးနေတဲ့ အမျိုးသမီးရဲ့အသံကလည်း အဲဒီမြင်ကွင်းလေးတွေကို ပိုမိုခံစားရ အောင် ကရုဏာသံလေးနဲ့ တင်ဆက်ပေးထားတော့ ကျနော့်မျက်ရည်တွေ ကျနော် ထိန်းထားဖို့ မကြိုးစား တော့ပါဘူး။ အိမ်က မိသားစုအားလုံးကလည်း အိပ်မောကျကုန်ပြီဆိုတော့ ခံစားချက်တွေကို လွတ်လွတ်လပ် လပ် ဖွင့်ထုတ်ပေးလိုက်တယ်။
ပညာရေးအတွက် ဒါနပြုတဲ့အနေနဲ့ အခမဲ့ စက်လှေမောင်းပို့ပေးတဲ့ ကိုမြသာရဲ့စိတ်ဓာတ်မျိုးလေး ကျနော့်မှာ ရှိချင်လိုက်တာဗျာ။ နေပူပူ ကျောပြောင်ပြောင်နဲ့ တရွာလုံးက ဆံပင်ညှပ်ချင်တဲ့ လူတွေကို ငွေကြေးမယူဘဲ ဘီးအစုတ်ကလေးနဲ့ စေတနာပါပါ ဆံပင်ညှပ်ပေးနေတဲ့ ဆံသသမားကြီးကလည်း လေးစားထိုက်ပါပေ့ဗျာ။ ကြွက်ထောင်၊ ဓနိခုတ်၊ ကွမ်းပင်၊ အုန်းပင်တက်၊ ကဏန်းထောင်၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေအပြင် တ ရွာလုံးက လူတွေဟာ ကိုယ်အလုပ်ကလွဲလို့ တခြားဘာကိုမှ စိတ်ဝင်စားပုံမပေါ်ဘူးဗျာ။
သူတို့ဘဝလေးတွေကို ကြည့်ပြီး ကျနော် တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ကျနော် စိတ်မကောင်း ဖြစ်မိတာ တခြားမဟုတ်ပါဘူး၊ အခုမြန်မာပြည်အပြင်ဘက်ကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို သူတို့ လို စိတ်ဓာတ်လေးတွေ ရှိစေချင်တာကြောင့်ပါ။ အမှန်အတိုင်း ပြောရရင် သူတို့လုပ်နေတဲ့ အလုပ်တွေက တော်တော်ပင်ပန်းကြပါတယ်။ ဒါပေမယ့် သူတို့ကိုကြည့်ရတာ အရမ်းရိုးသားတယ်၊ ချစ်ဖို့ကောင်းတယ်၊ လေး စားထိုက်တဲ့ မြန်မာတို့ရဲ့ စိတ်ဓာတ်လေးတွေကို အားကျမိတယ်ဗျာ။
မနေ့က မနက်တုန်းက စင်္ကာပူက သူငယ်ချင်းတယောက် စင်္ကာပူမှာ ရှိနေတဲ့ ရွှေလို့ခေါ်တဲ့ မြန်မာတွေ (အား လုံးတော့မဟုတ်ပါ) ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပျက်စီးနေပုံ၊ နိုင်ငံခြားသားထက် မြန်မာအချင်းချင်းဆို ပို လို့ မယုံကြည်ရတဲ့အကြောင်း ရေးထားတဲ့ စာလေးကိုလည်း ဖတ်ထားမိတဲ့ စိတ်အခံလေးကလည်းရှိနေတော့ ပိုခံစားရတာပေါ့ဗျာ။ ပြောချင်တာက စင်္ကာပူမှာတင်မဟုတ်ပါဘူး၊ မြန်မာပြည်အပြင်ကို ရောက်နေတဲ့ တခြား နိုင်ငံတွေက မြန်မာလူမျိုးတွေ တော်တော်များများကို ကျနော် မြင်နေ တွေ့နေ ကြားနေရပါတယ်။ အထူးသ ဖြင့် နယူးဒေလီ မြန်မာအသိုင်းအဝိုင်းလေးထဲမှာလည်း ဒါမျိုးကိစ္စလေးတွေ ရှိနေပါတယ်။
အင်မတန်တိုးတက်ဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေမှာ ရောက်နေပြီး တကယ့်နာမည်ကြီးတဲ့ တက္ကသိုလ်ကြီးတွေ ကုမ္ပ ဏီကြီးတွေနဲ့ လူကုံထံအသိုင်းအဝိုင်းထဲမှာ ကျင်လည်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ စိတ်ထဲမှာ အဲဒီကျေးရွာက ရိုးသားဖြူစင်တဲ့ ကျေးရွာသူကျေးရွာသားတွေလို အချင်းချင်း ရိုင်းပင်းကူညီချင်တဲ့ စိတ်ဓာတ် လေးတွေမရှိတာ တော်တော်ဝမ်းနည်းဖို့ကောင်းတယ်။ ကျနော်ကိုယ်တိုင်မှာလည်း အဲလိုမျိုးစိတ်ဓာတ်ရှိလို့ ကျနော်က ပြောနေတာမဟုတ်ပါဘူး။ အဲလိုမျိုး စိတ်ဓာတ်လေးတွေ မွေးလာချင်လို့ အခုလိုရေးတာပါ။
အခုလက်ရှိ ကျနော်တို့တိုင်းပြည်ရဲ့အခြေအနေက အားလုံးသိတဲ့အတိုင်းပဲ ဒီထက်ပိုဆိုးဖို့ပဲရှိတော့တယ်။ ကောင်းလာမယ့်အခြေအနေ အင်မတန်နည်းပါးနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်၊ တိုင်း ရင်းသားခေါင်းဆောင်တွေနဲ့ ပြည်သူတရပ်လုံးက စည်းလုံးခြင်းနဲ့ အာဏာရှင်ကို တော်လှန်ရင် အောင်မြင် မယ်ဆိုတာ ပြောလည်းပြောနေကြတယ်၊ သိလည်းသိကြတယ်။ တခြားတိုင်းပြည်တွေက အာဏာရှင်အသီး သီးကို ဖြုတ်ချလိုက်ပြီဆိုတဲ့ သီချင်းကြားတိုင်း ငါတို့အလှည့် ဘယ်တော့လဲ၊ ဘယ်အချိန်စမလဲ၊ ဘာတွေလုပ် ကြမလဲ … စတဲ့ (?) တွေပဲ ထွက်လာတယ်။ DKBA က နအဖနဲ့ အသည်းအသန် တိုက်နေတဲ့အချိန်မှာ ABSDF၊ KNU တို့ကပဲ ကူတိုက်ပေးတယ်ဗျာ။ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ကိုလာတိုက်မှ ပြန်တိုက် မယ်ဆိုပြီး ထိုင်စောင့်နေကြတယ်။
နေရူး ပြောတဲ့ စကားတခုကို ကျနော်သဘောကျတယ်ဗျာ။ လူတွေက တခါတလေ တိရိစ္ဆာန်တွေလောက်မှ အသိဉာဏ်မရှိကြဘူးတဲ့။ ပုရွက်ဆိတ်တို့၊ ချတို့၊ ပျားတို့ဆိုရင် တဦးတယောက်တည်း လုပ်လို့မရဘူးဆိုရင် အားလုံးစုစုစည်းစည်းနဲ့ ဝိုင်းဝန်းလုပ်ကိုင်တယ်။ ကျနော်တို့လူတွေမှာ အဲလိုမျိုးစိတ်ဓါတ်လေးတွေတောင် မရှိ ကြတော့ဘူးလားလို့ စဉ်းစားမိတယ်။ ပြီးရင် ကျနော်တို့က ခေါင်းဆောင်ကိုပဲ ကြည့်နေတယ်။ အမေစု ဘာ လုပ်မလဲ၊ ဘာပြောမလဲ ပြောလာတဲ့ စကားတွေဆိုရင်လည်း သွေးထွက်အောင်မှန်လိုက်တာဆိုပြီး လက်ခုပ် လက်ဝါးတီး အားပေးတယ်။ ကျနော်တို့ကိုယ်တိုင် လုပ်နိုင်တာကိုတော့ မလုပ်ဖြစ်ကြဘူး။ အမေစုကိုယ်တိုင် လည်း ပြောနေတာပဲ။ တိုင်းပြည်ပြောင်းလဲဖို့ဆိုတာ အားလုံးပါဝင်လှုပ်ရှားမှ အောင်မြင်မှုရမယ်လို့၊ ဘယ်သူက ဘာစလုပ်မလဲ စောင့်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်နည်းကိုယ့်ဟန်နဲ့ လုပ်နိုင်တာကို စလုပ်ဖို့ အ ချိန်တန်နေပါပြီ။
အခု ကျနော် ရေးသားတာဟာ ကျနော်တို့တိုင်းပြည် အနာဂတ်ကောင်းစားရေးတခုတည်းအတွက်ပဲ ကျနော့် စိတ်ခံစားချက်လေးကို ရေးသားဖော်ပြတာပါ။ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တဦးတယောက်ကိုမှ ထိခိုက် နစ်နာစေလိုတဲ့ သဘောမျိုးနဲ့ ရေးတာမဟုတ်ပါဘူး။ စာဖတ်သူများအနေနဲ့ ကျနော် ပြောမှားဆိုးမှားရှိခဲ့ရင် ခွင့် လွှတ်နားလည်ပေးဖို့ အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ ...။
လေးစားစွာဖြင့် ...
ဆလိုင်း (နယူးဒေလီ)
(၂၆၊ ဖေဖော်ဝါရီ၊ ၂၀၁၁)
2 comments:
မတရားမှုကို မတွန်းလှန်ရဲဘဲငုံ့ခံနေတဲ့စိတ်ဓါတ် ပိုင်ဆိုင်တဲ့လူအများစုရှိနေတဲ့နေရာက အခြေနေ၊ အသာစီးရောက်ရင်လက်စွမ်းအမျိုးမျိုးပြလေ့ရှိတာတွေကို ကြည့်ရင်ရော၊ သမိုင်းမှာလဲအင်္ဂလိပ်ခေတ်ကလွဲရင်ဘာမှသိပ်မထူးလှတာတွေကိုကြည့်ပြီးရော၊ ဗမာတွေကို စာရေးသူလေးစားနေမယ်ဆိုရင်တော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး၊ရောဘတ်ဂိတ်စ် (US Defense Secretary Robert Gates) လောလောလတ်လတ်ပြောတဲ့ မိန့်ခွန်းထဲမှာ စာရေးသူကိုဆလိုင်းလဲအကျုံးဝင်သွားပြီ။ (You need to have your head examined) နာမည်ကျော်အမေရိကန် ကြယ်ငါးပွင့်ဗိုလ်ချုပ်ကြီး General Douglas McAurthur ပြောခဲ့တာကို ရောဘတ်ဂိတ်စ်ကကိုးကားပြီးပြောသွားတာပါ။ (အဲဒီလူသူ့ဦးနှောက်ကိုအစစ်ဆေးခံသင့်တယ်တဲ့) မှတ်ချက်။ ဆေးရုံတစ်ခုခုက Neurosurgeon တယောက်ယောက်ကိုတခေါက်လောက်သွားပြချင်သွားပြပေါ့။
We have to make the great revolution for our generation. In fact, we are united. But, we are waiting for something. That is not right. We must do something for "Our dream come true".
Post a Comment