အောင်မျိုးထွန်း
သာသနာ့နုဂ္ဂဟအသင်းနဲ့ ပက်သက်လို့ ၂၀၁၀ အစောပိုင်းလတွေထဲက သတိပြုမိ နေပါတယ်။ ဒီနေ့ ဘီဘီစီ ဘန်ကောက်ရုံးခွဲက ဦးဝင်းမြင့်နဲ့ ဇေကမ္ဘာဦးခင်ရွှေ အင် တာဗျူးကို နားထောင်ရပါတယ်။ နှစ်ဘက်စလုံးက မရအရယူကြ၊ ကျားကုတ်ကျားခဲ ခုခံကြနဲ့ ကြားရတာ အင်မတန် စိတ်ဝင်စားစရာပါ။ တခါတလေ ရန်ဖြစ်နေသလား လို့တောင် ထင်ရပါတယ်။ကျနော် (၃) လ နီးပါးလောက် ရန်ကုန်နဲ့ ဝေးခဲ့စဉ်က သံဃာတော်တွေရှိတဲ့နေရာနဲ့ နီးခဲ့ပါတယ်။ သံဃာတပါးက သာသနာ့နုဂ္ဂဟအသင်းနဲ့ ပက်သက်ပြီး မှတ်ချက်ပေး ခဲ့ပုံက ...
“ဦးခင်ရွှေ မကလို့ ဘယ်သူပဲလုပ်လုပ် နိုင်ငံရေးအရောင်အသွေး ကင်းစင်မယ်ဆိုရင် ကြိုက်တယ်။ ကြံ့ဖွံ့ပါတီ ရဲ့ အနာဂတ် သြဇာထူထောင်ရေးအတွက် ခြေလှမ်းအစဆိုရင်တော့ သံဃာထုက ကန့်ကွက်သွားရမှာပဲ” လို့ မိန့်ကြားခဲ့ပါတယ်။
တစတစနဲ့ မြို့နယ်တွေကတဆင့် ရပ်ကွက်တွေထဲအထိ ဒီအသင်းဖွဲ့စည်းရေးကိစ္စတွေ မကြာခင် ရောက်လာ တော့မှာပါ။ အခုတောင် ကျနော့်ရပ်ကွက်မှာ သိုးသိုးသန့်သန့် ကြားနေရသလောက်က ကြံ့ဖွံ့ပါတီက သိမ်း ကျုံးဝါးမြိုတော့မယ့် လက္ခဏာတွေ့ရပါတယ်။
“နိုင်ငံရေးနဲ့ ပက်သက်ခဲ့တယ်ဆိုရင် ကျနော် ဒီအသင်းကို ဖျက်ပစ်လိုက်မယ်” ဆိုတဲ့ ဦးခင်ရွှေရဲ့ စိန်ခေါ်သံ ကိုလည်း စောင့်ကြည့်နေပါတယ်။ ဘီဘီစီ ဦးဝင်းမြင့်ကိုလည်း ဒီလိုပြောလာအောင် လှလှပပ မေးတတ်ခဲ့တာ အတွက်လည်း အသိအမှတ်ပြုပါတယ်။
ကျနော်တို့နိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ဒီအသင်းရဲ့ ရှေ့ရေးနောက်ရေးဟာ ဗုဒ္ဓဘာသာဝင် နိုင် ငံသားအားလုံးအတွက် သိပ်အရေးကြီးပါတယ်။ ‘ခုရှုပ်မှ နောင်ရှင်း’ ဆိုတဲ့ မြန်မာစကားပုံရှိတယ် မဟုတ်လား။ ကြံ့ဖွံ့အသင်းကနေ ကြံ့ဖွံ့ပါတီ ဖြစ်လာခဲ့သေးတာပဲ။ လူထုနဲ့ သံဃာတော်တွေ စိုးရိမ်မယ်ဆိုလည်း အပြစ်မ ပြောနိုင်ပါဘူး။
“(၈၀) % ကျော်က ကြံ့ဖွံ့ပါတီဝင်တွေ လုံးဝမဟုတ်ပါဘူး” လို့ ဦးခင်ရွှေက ရဲရဲကြီး အာမခံသွားပါတယ်။ ဒါဆို ရင် ဒီအသင်းရဲ့ ခေါင်းဆောင်ပိုင်းမှာ ဦးဆောင်နေတဲ့သူတွေရဲ့ နာမည်ကို ထုတ်ပြန်ပေးဖို့လိုပါတယ်။
ကမ္ဘာမှာ ဗုဒ္ဒဘာသာဝင်တွေ လုံးပါးပါးလာပြီး တခြားဘာသာဝင်တွေ ကြီးထွားလာတာကို ကျနော်တို့ သတိမ မူဘဲ မနေနိုင်ပါဘူး။ ထေရ၀ါဒစစ်စစ်ဆိုရင် ပိုခက်ခဲလှပါတယ်။ တဘက်က ဒါကိုလည်း တွေးမိပါသေးတယ်။ သာသနာတော် ထွန်းကားပြန့်ပွားအောင် စေတနာသန့်သန့်နဲ့ လုပ်ဆောင်နေတဲ့ တခြားသော ဘာသာရေးအ ဖွဲ့အစည်းတွေ ရှိပြီးသားဆိုတာ အားလုံးသိကြပါတယ်။
သာဓုခေါ်စရာဆို ကျနော်တို့အားလုံး ရှေ့ထွက်ပြီး သာဓုခေါ်ဖို့အသင့်ပါ။ ဒါပေမယ့် ဇေကမ္ဘာဦးခင်ရွှေ ဆိုတာ နေပြည်တော်က ကြံ့ဖွံ့ပါတီရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်သဖွယ်ဖြစ်နေတော့ ဒီအသင်းနဲ့ ပက်သက်လို့ ယုံရ ခက်ကြီးလို့ အားလုံးက ရှုမြင်နေကြကြောင်းပါခင်ဗျာ ...။
အောင်မျိုးထွန်း
၂၃-၂-၂၀၁၁
7 comments:
ကြံ့ဖွတ်တွေ ဘယ်တုံးက သစ္စာရှိခဲ့လို့လဲ--ဇေကမ္ဘာလည်းကြံ့ဖွတ်ဘဲ--ကြံ့ခိုင်ဖွံ့ဖြိုးေ၇း ဆိုတဲ့ NGO အဖွဲ့လိုဲ့ အတိအလင်းကြော်ငြာထားတဲ့ အဖွဲ့တောင် ကြံ့ဖွတ် ပါတီ ဖြစ်လာသေးတာဘဲ --ဦးခင်ရွှေဆိုတာ စစ်ခေါင်းဆောင်တွေနဲ့ အမြီးစားဖက် ခေါင်းစားဖက်တွေဘဲ--အရှက်မရှိ လိမ်မနေပါနဲ့ မောင်ခင်ရွှေလို့ဘဲ ပြောလိုက်ပါရစေ
ဒီပုပ် ထဲ က ဒီပဲ ပဲ ရမှာပေါ့ ကွာ။ ယုံ ရင် ယုံ တဲ့သူ အမှားပေါ.။ န.အ.ဖ က ဇာတ်တူသား စားတဲ့ ကောင်တွေပဲ။ ခင်ရွှေ က ဘာ သားနဲ့  ထု ထားတာမို့ လဲ? လုပ်ဖို့  အချိန် ရောက် ရင် ခင်ရွှေ တောင် အရှင်း ခံရ အုံးမယ်။ ခင်ညွှန့်  ကို သင်ခန်းစာ ယူ တတ် စမ်းပါ။
ပုတ်တော့ပေါ်ဟုတ်တော့ကျော်ပေါ့ဗျာ၊ဟိုတလောက
ဒီသီတင်းစထွက်တဲ့အချိန်ကတည်းကရေးလိုက်ပါသေး
တယ်၊ရွှေးကောက်ပွဲစကတဲကကြံ့ဖွတ်ကမြို့နယ်အဆင့်
တွေကိုတောင်အမတ်အဖြစ်မရွှေးချယ်ပဲမောင်ခင်ရွှေတို့
လိုဘနှဖူးသိုက်တူးတတ်တဲ့၊ပုတ်သင်ညိုလိုပုဂ္ဂိုလ်တွေ
ကိုရွှေးချယ်ခဲ့တာကိုမကျေနပ်တဲ့အသံတွေကြံ့ဖွတ်အဖွဲ့
တွင်းမှာညံခဲ့တာမှတ်မိကြအုံးမှာပါ။
မိမိတို့ကတော့စစ်အစိုးရဟာဒီထက်ပိုပြီးထက်မြက်
တဲ့လက်နက်မရှိသေးတော့ဒီချီးစော်နံနေတဲ့လက်ကိုင်
ဒုတ်ကိုပဲဆေးသုတ်ပြီးပြန်သုံးနေအုန်းမယ်ဆိုတာတွက်
ထားပြီးတဲ့အတွက်သိပ်တော့မဆန်းသလိုပါပဲ၊ ချီးစော်လေးပျောက်အောင်နံ့သာရည်လေးဖျန်း
ပေးတဲ့သဘောပါပဲ၊ဝတ်စုံလေးပြောင်းပေးလိုက်တာပါ
ဗိုလ်ချုပ်တွေယူနီဖေါင်းချွှတ်သလိုပါပဲ၊ဒီရွှေးကောက်
ပွဲကြီးကတော့နိုက်ကလပ်တခုကချွှတ်ပွဲလိုပါပဲ၊ချွှတ်
ရင်းနဲ့ဘာမှကျန်တော့မှာမဟုတ်ပါဖူး၊သတိတော့
ထားပေါ့ဗျာ။
တကယ်တော့မောင်ခင်ရွှေလဲဘာမှသေသေချာချာသိ
တာတော့မဟုတ်ပါဖူး၊သေချာတာတခုကတော့သူ
လဲကြံ့ဖွတ်အမတ်နေရာကိုခွက်စောင်းခုတ်ထားတော့
အခွင့်ကြုံရင်ကြံ့ဖွတ်ကသူ့ကိုတွယ်မှာစိုးလိုပါပဲ၊
ဒါကြောင့်ဒီသာသနနုဂ္ဂဖွတ်အဖွဲ့ဆိုတာကိုဖွဲ့ပေး
ပြီးကြံ့ဖွတ်ဟောင်းတွေကိုချွှေးသိပ်တာပါ၊သူတို့အပြော
ဆိုရင်းတော့ယူနီဖေါင်းလဲတာပေါ့ဗျာ၊ဘုရားထက်ကြီး
တဲ့ဘုရားလူကြီးတွေလာပြီဗျို့။
မေးလို့လည်း အမှန်တိုင်းဖြေရသေးတယ်။အတင်းကို ဇွတ်ဆန့်ကျင်ပြီးမေးနေတယ်။ဟိုက အသက်နဲ့ထပ်တူ အာမခံပါတယ်လို့ပြောတာတောင် ထပ်ပြီး သူကပဲဒေါသသံနဲ့ထပ်မေးနေတယ်။ဦးခင်ရွှေမိုလို စိတ်၇ှည်ရှည်နဲ့ ပြန်ဖြေနေတယ်။ကျုပ်သာဆို ဆဲလွှတ်လိုက်မယ်။အနီးမှာရှိရင် ဆွဲထိုးပစ်လိုက်မယ်။
မကျေနပ်ရင် မမေးနဲ့။ဘယ်သူကမှ မီဒီယာကိုစောက်လုပ်ရှုပ်ခံပြီး အဆက်သွယ်လုပ် ဖြေနေမှာမဟုတ်ဘူး။သူတို့မေးလို့လည်း မကောင်းတတ်လို့ဖြေရသေးတယ်။စကားကို ကပ်သီးကပ်သပ်နဲ့ ဘယ်လိုလူတွေလည်းမသိဘူး။
ဒါကြောင့်လည်း ထက်ထက်မိုးဦးဖြစ်စဉ်တုန်းကလည်း ပါးဆွဲရိုက်တာ နည်းတောင်နည်းသေးတယ်။
မေးတဲ့ သတင်ထောက်ကို ချီးကျူးသင့် ပါတယ်-ဘာကြောင့်လဲဆို သူက သတင်းထောက်ဖြစ်လို့ပါဘဲ -အမှန်က သတင်းထောက်ဆိုတာ သက်ဆိုင်သူ တွေက ပြောချင်တဲ့ စကားတွေကို ဖေါ်ထုတ်ပေးရ တာထက် သူတို့ ဖုံးကွယ်ထားတဲ့ အချက်တွေကို ပရိသတ်မြင်သာအောင် ပြတတ်ဖို့က ပို အရေးကြီး ပါတယ်--သူကအဖြူဆိုရင် ကိုယ်ကအမဲ--သူကအမဲဆိုရင် ကိုယ်ကအဖြူ ဆိုသလို နှိုက်နှိုက် ချွတ်ချွတ်- ချက်ကျကျ မေးတတ်တာကိုယ်က သတင်းထောက် ပညာပါဘဲ--အကယ်၍ ဒီလို အမေး မခံချင်ရင်တာ့ ဦးခင်ရွှေ ခုကထဲက သာသနာ့နုဂ္ဂဟ ဆိုတဲ့ အသင်းက နှုတ်ထွက် သင့်ပါတယ်-ခေါင်းဆောင်မလုပ်သင့်ပါဘူး--
ဦးခင်ရွှေ ဦးလေးရဲ့လုပ်ရပ်ကိုကျွန်တော်ယုံတယ် အားလဲအားပေတယ် ဒီလို မျက်လုံးတဖက်ထဲပါတဲ့ကောင်တွေရဲ့စကားကို အလေးမထားဘဲ မှန်တဲ့လမ်းကိုရဲရဲဝံ့ဝံ့လျှောက်လိုက်စမ်းပါ
ဗုဒ္ဒမြတ်စွာဘုရားတောင်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတဲ့ လောကဓံတရား ကိုခံခဲ့ရသေးတာပဲ ဦးလေးလဲ ခံရမှာဘဲ ဒါသဘာဝဘဲ အဓိက စေတနာမှန်နေဖို.ပါဘဲ ပညာမဲ့လူမိုက်တွေ ချီးကျူးသြဘာပေးမှာထက် ပညာရှိသူတော်ကောင်းတွေ ကဲ့ရဲ့မှာကိုကြောက်စမ်းပါ ဦးလေးတာစေတနာတကယ်မှန်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ လုပ်စမ်းပါ ကျွန်တော်လဲဦးလေးလိုတနေ.ဖြစ်လာရင်အဲ့လိုဘဲ ကိုယ့်ဘာသာအတွက် ကိုယ့်လူမျိုး အတွက် ကိုယ့်နိုင်ငံအတွက် အလုပ်တွေအများကြီးလုပ်ပစ်မယ် ....
ကို mg,chanmin86 ရေ ကျွန်တော်လည်းဒိံအတိုင်းပါဘဲ။
ဘာလို့လဲဆိုရင် ကျွန်တော်ကိုယ်တိုင် အဲဒိံအသင်း ရဲ့အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ကိုသွားရောက် လေ့လာခဲ့ပြိံးပါပြိံ။ မောင်ပန်းမွှေးနှင့် ဥိံးခင်ရွှေ တို့ ပြောသွားတဲ့စကားထဲမှ ၂ နာကြာပေါ့ အဲဒိ ၂ နာရိံထဲမှာ နိုင်ငံရေးရော ကြံ့ဖွတ် ရောတစ်မှမပါ ခဲ့ပါဘူး။ တစ်ကယ့် သာသနာ အကြောင်းတွေ ပဲပြောသွားကြတာပါ။ ဒိံအသင်းမျိုးတစ်ကယ် လည်းရှိနေသင့်ပါတယ်။ နားထောင်နေတဲ့လူတွေထဲက ကျွန်မကတော့ ဘယ်မြို့နယ်ကပါ ဘယ်ဝတ်ရွတ်အဖွဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ကျွန်မတို့အဖွဲ့ မှာ တော့ဘယ်နေ မှာဘာလိုအပ်နေပါတယ်။ အကူတောင်းရင် ဟုတ်ပြိံအဖွဲ့ ဒါရိုက်တာနဲ့ ညှိုပြိံးစိံစဉ်ပါ။ လိုအပ်သလောက်လှူပါ့မယ်။ တခြားဘယ်မြို့ဘယ်တိုင်း မဆို လာပြောလို့ရတယ်။ ကျွန်တော့ရှေ့မှာ ကိုယ်တွေ့ပါ။ ဒါကြောင့် ဒိံအဖွဲ့စဉ်းမျိုး ဆက်လက်ရှိနေ ပါစေလို့ အားပေးပါတယ်။
Post a Comment