ဒေါက်တာလွဏ်းဆွေခင်ဗျား ...
ဒေါက်တာလွဏ်းရဲ့ဘလော့ဂ်မှာ တင်ထားတဲ့ ‘အက်ဆစ်’ ဆိုတဲ့ ကလောင်ရှင်တဦး ရေးသားထားတဲ့ ဝေဖန် ရေး ဆောင်းပါးတပုဒ်ကို ကျနော် ဖတ်ရပါတယ်။ တပြိုင်နက်တည်းဆိုသလို ရဲဘော်ကျော်သန်းရဲ့ အိတ်ဖွင့် ပေးစာနဲ့ ကိုလွဏ်းဆွေရဲ့ အိပ်မက်အကြောင်း ရေးသားထားတာကိုပါ ဖတ်လိုက်ရပြန်တယ်။ ဒေါက်တာ လွဏ်းတို့ တော်လိုက်ပုံကတော့ အိပ်မက် မက်တာတောင် အသံဖမ်းစက်ထည့်ထားသလိုပါလားဆိုပြီး အံ့သြ မိပါတယ်။ တော်လိုက်တာ ...။
ကျနော် ပြောချင်တာက လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ခွင့်ကိစ္စပါ။ ဒါအရေးကြီးတယ်လို့ ထင်ပါ တယ်။ ကျနော်တို့လည်း အလွန်လိုလားတောင့်တတဲ့ ကိစ္စပါ။ တာဝန်ယူမှုတော့ လိုပါတယ်။ ရေးချင်တိုင်းရေး နာမည်အတုတွေ သုံးချင်သလိုသုံးပြီး ရေးသားနေတာဟာ စစ်အစိုးရအဆက်ဆက်ရဲ့ အစိုးရပိုင် သတင်းစာ တို့၊ မြက်ခင်းသစ်လို စစ်အစိုးရ အလိုကျ စာစောင်တွေမှာ ရေးကြတဲ့ လုပ်လေ့လုပ်ထရှိတဲ့ ဓလေ့တွေပါ။
“ငရဲခွေးကြီး လွတ်နေပြီ” ဆိုတဲ့ အိုးဝေမဂ္ဂဇင်းဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့သူ အယ်ဒီတာ ကိုအောင် ဆန်းရဲ့ တာဝန်ယူမှုမျိုးနဲ့ ယခုအနေအထားဟာ တူညီတယ်လို့ ကျနော် မယူဆမိပါဘူး။ ဘာကြောင့်လဲဆို တော့ အိုးဝေမဂ္ဂဇင်းက ဖော်ပြတဲ့နေရာမှာ ရေးသူရဲ့အာဘော်သာ ဖြစ်ပါသည်ဆိုတာ မပါသလို ဖော်ပြခဲ့တဲ့ အယ်ဒီတာဟာ ဆောင်းပါးပါ အချက်လက်တွေဟာ မဂ္ဂဇင်းရဲ့ ရှုမြင်ပုံနဲ့ တသားထဲ ဖြစ်ပါတယ်ဆိုတာကို ရဲရဲ ကြီး တာဝန်ယူသွားခဲ့လို့ ဖြစ်ပါတယ်။
ရေးသူလို့ ဆိုလိုက်တာနဲ့ ရေးသူဟာ လူအများသိတဲ့ တာဝန်ယူသူတဦးတယောက် ဖြစ်ဖို့လိုပါတယ်။ သတင်း စာတွေကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်၊ သိက္ခာရှိတဲ့ သတင်းစာမှန်သမျှဟာ သူတို့အရေးတယူ တလေးတစား ဖော်ပြသူဟာ ဘယ်သူဘယ်ဝါ ဖြစ်ပါတယ်၊ သူ ရေးသားတဲ့ အကြောင်းအရာအပေါ် ဘယ်လောက်အကျွမ်း တ၀င် ရှိတဲ့အတွက် ဒီလိုလူမျိုးက ရေးသားထားတာ ဖြစ်တာကြောင့် ကျွန်ုပ်တို့ သတင်းစာကနေ ဒါကြောင့် နေရာပေးတင်ပြပေးနေတာ ဖြစ်တယ်ဆိုတာကို ဖွင့်ဟဖော်ထုတ်ပေးထားတာတွေကို ဆောင်းပါးတွေရဲ့ အ ဆုံးမှာ တွေ့ရလေ့ရှိပါတယ်။ သတိပြုကြည့်ရင် တွေ့နိုင်ပါတယ်။ (မှတ်ချက် - မြန်မာ့အလင်းတို့၊ ကြေးမုံသတင်း စာတို့ကို ရည်ညွှန်းခြင်းမဟုတ်ပါ။)
အဲဒီလို မဟုတ်ခဲ့ရင်တော့ အစိုးရပိုင် သတင်းစာတွေမှာ နာမည်ဝှက်တွေနဲ့ ရေးသားထားတာ မှန်သမျှဟာ စစ် အစိုးရအာဘော်တွေ ဖြစ်သလို ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှာ အဲဒီလို အလားတူ ရေးသားထားတာတွေ ဟာ ဒေါက်တာလွဏ်းဆွေရဲ့ အာဘော်တွေလို့ သတ်မှတ်တာကို ခံရပါလိမ့်မယ်။ ကျနော် စိုးရိမ်စိတ်ပူနေမိ တယ်။
စီးပွားရေးအကြောင်း၊ လူမှုရေးအကြောင်း၊ နိုင်ငံရေးအကြောင်း၊ ဘာအကြောင်းပဲဖြစ်ဖြစ် ဝေဖန်သုံးသပ်မယ်၊ ရေးသားမယ်၊ ပြောမယ်ဆိုရင် ရေးသူပြောသူရဲ့ ရေချိန်လိုပါတယ်၊ တန်းဆိုတာရှိပါတယ်။ (အက်ဆစ်ဟာ အ များသူငါ လေးစားသူ နိုင်ငံရေးသမား (သို့) နိုင်ငံရေးလေ့လာသူ၊ ကျွမ်းကျင်သူတဦးဖြစ်ကောင်းဖြစ်မှာပါ။ ကျ နော်မသိပါ။ အငြင်းလည်း မပွားလိုပါ) အဲဒီတန်းကိုတော့ နားထောင်တဲ့သူ၊ စာဖတ်တဲ့သူတွေကို အသိပေးရ မှာ မိတ်ဆက်ပေးရမှာ အယ်ဒီတာမှာ တာဝန်ရှိပါတယ်။ ပုတ်ခတ်တယ်၊ ဝေဖန်တယ်၊ ဆဲတယ်ဆိုတာ လွယ်ပါ တယ် လူတိုင်းလုပ်တတ်ပါတယ်။ ဘယ်လိုလူစား ပါးစပ်က ဒီစကား ထွက်လာတာလဲ ဒီစာ ဖြစ်လာတာလဲဆို တဲ့ အပေါ်မှာတည်ပြီး အလေးဂရုပြုကြရမှာပါ။ ပေါက်ပန်းဈေး လျှောက်ပြောနေတာမျိုးကတော့ အချိန်ဖြုန်း ခြင်း သက်သက်သာဖြစ်ပါလိမ့်မယ်။
ရေးသူ မည်သူမည်ဝါဆိုတာ မသိရဘဲ ရေးသူအာဘော်သာ ဖြစ်ပါသည်ဆိုခြင်းဟာ အားနည်းချက်တခု ဖြစ် နေပါတယ်လို့ ကျနော် ပြောချင်ပါတယ်။ သတိပြုဆင်ခြင်စရာဖြစ်မယ် ယူဆပြီး ရေးလိုက်ရတာပါ။ မည်သည့် လှုံ့ဆော်မှုမှမပါတဲ့ အရင်းခံ စေတနာနဲ့ ရေးသားလိုက်ခြင်းသာဖြစ်ပါတယ်။
စနစ်တကျ လွတ်လပ်စွာ ထုတ်ဖော် ရေးသား ပြောဆိုနိုင်ကြပါစေ။
ကျနော် စံမိုးဝေ ပါ။
ချစ်ခင်ရသော ရဲဘော်ကြီး စံမိုးဝေ ခင်ဗျား ...
အချက် (၂) ချက် ပြန်ကြားလိုပါတယ်။
(၁) ပထမဦးစွာ ‘အက်ဆစ်’ ရဲ့ ဆောင်းပါးကို အချိန်ကုန်ခံ၊ စိတ်ဝင်တစား ဖတ်ရှု၊ တလေးတစား လေ့လာ သုံးသပ်ပြီး တကူးတက ပေးစာ ရေးသားပေးပို့တဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။
(၂) ရဲဘော်ကြီး စံမိုးဝေရဲ့ ပေးစာထဲမှာ “အစိုးရပိုင် သတင်းစာတွေမှာ နာမည်ဝှက်တွေနဲ့ ရေးသားထားတာ မှန်သမျှဟာ စစ်အစိုးရအာဘော်တွေ ဖြစ်သလို ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှာ အဲဒီလို အလားတူ ရေး သားထားတာတွေဟာ ဒေါက်တာလွဏ်းဆွေရဲ့ အာဘော်တွေလို့ သတ်မှတ်တာကို ခံရပါလိမ့်မယ်။ ကျနော် စိုးရိမ်စိတ်ပူနေမိတယ်” လို့ ဖတ်ရပါတယ်။
စိတ်လည်း မပူပါနဲ့၊ စိုးလည်း မစိုးရိမ်ပါနဲ့လို့ ပြောကြားလိုပါတယ် ရဲဘော်ကြီး စံမိုးဝေခင်ဗျား။ ကျနော့်ရဲ့ဘ လော့ဂ်မှာ “ရေးသူ၏ အာဘော်သာဖြစ်သည်” ဆိုတဲ့ စာတန်းထိုးမပါတဲ့ ဆောင်းပါးတိုင်း (ဥပမာ-တာဝတိံ သာ တုတ်ကြီး၊ ဇော်မင်း၊ မောင်ဂဒိုး၊ ရွှေဆည်းဆာ၊ စိုးနေလင်း၊ ဂါမဏိ ... စသဖြင့်) ကို ကျနော် ရာနှုန်းပြည့် သဘောတူလက်ခံတဲ့ ဆောင်းပါးတွေလို့ ယူဆနိုင်ပါတယ်။ ဆောင်းပါးရှင်ရဲ့ အာဘော်နဲ့ ဒေါက်တာလွဏ်း ဆွေရဲ့အာဘော် ထပ်တူထပ်မျှပဲလို့ ယူဆနိုင်ပါတယ်။ ကျနော့်အနေနဲ့ ငြင်းစရာလုံးဝမရှိပါ။ အက်ဆစ်ရဲ့ အ ရင်ဆောင်းပါးတချို့မှာလည်း “ရေးသူ၏ အာဘော်သာဖြစ်သည်” ဆိုတဲ့ စာတန်းထိုးမပါတာကို ပြန်ရှာကြည့် ရင် တွေ့နိုင်မှာပါ။
အခု အက်ဆစ်ရဲ့ဆောင်းပါး အပါအ၀င် “ရေးသူ၏ အာဘော်သာဖြစ်သည်” ဆိုတဲ့ စာတန်းထိုးပါတဲ့ ဆောင်း ပါးတွေကတော့ (အချက်အလက်၊ အယူအဆ၊ တင်ပြပုံမှာ ...) ကျနော် ရာနှုန်းပြည့် သဘောတူလက်ခံမှုမရှိတဲ့ (ရာခိုင်နှုန်း အနည်းငယ်ကွဲလွဲတဲ့)၊ ဒီမိုကရေစီဘက်တော်သားစစ်စစ်လို့ ကျနော် စိတ်ချယုံကြည်ထားသူတွေ ရေးတဲ့ ဆောင်းပါးတွေလို့ ပြောလို့ရပါတယ်။ အက်ဆစ်မတိုင်ခင်မှာလည်း ဆရာစိုးနေလင်း၊ မောင်ဂဒိုးတို့ရဲ့ ဆောင်းပါးတပုဒ်စီနဲ့ အခြားဆောင်းပါးတချို့မှာ အလားတူ “ရေးသူ၏ အာဘော်သာဖြစ်သည်” လို့ စာတန်း ထိုးပြီး တင်ဆက်ခဲ့တာရှိပါတယ်။
ဘာဖြစ်လို့ အဲသလို တင်ဆက်ရသလဲဆိုတော့ ကျနော် ရာနှုန်းပြည့် သဘောတူလက်ခံမှုမရှိသော်ငြား ဒီမိုက ရေစီဘက်တော်သားစစ်စစ်တွေ ရေးသားတင်ဆက်တဲ့ အတွေးအခေါ်အယူအဆတွေ၊ အချက်အလက်တွေ ဖြစ်တဲ့အတွက် (ချောင်ထိုးမထားဘဲ) တခြား ကျနော့်ကဲ့သို့သော ဒီမိုကရေစီဘက်တော်သားတွေ ဖတ်စေချင်၊ တွေးစေချင်၊ အကြံပြုစေချင်တဲ့ ရည်ရွယ်ချက်နဲ့ တင်ဆက်ပေးခြင်းဖြစ်ပါတယ်။ ကျနော်က ကမ္ဘာကျော်စာ နယ်ဇင်းကြီးတွေရဲ့ စံနှုန်းအတိုင်း တင်ဆက်နေသူမဟုတ်ဘဲ ရှုပ်ထွေးပွေလီလွန်းလှတဲ့ အခြေအနေတွေကြား မှာ ကိုယ့်စံ၊ ကိုယ့်ပေတံနဲ့ ချီတက်နေတဲ့သူဖြစ်လို့ ဒီလောက်ဆို ရဲဘော်ကြီး စံမိုးဝေ သဘောပေါက် နားလည် ပေးနိုင်မယ်လို့ ယူဆပါတယ်။
ချစ်ကြည်စွာ ...
ဒေါက်တာလွဏ်းဆွေ
မှတ်ချက် ။ ။ ‘တော်လိုက်တာ’ ဆိုတဲ့ စကားအတွက်တော့ မဲဆောက်ကို ပြန်လာလည်ရင် အနည်းဆုံး ဘ လက်ခ်လေဘယ်လ်လောက်မှ လက်ခံတွေ့ဆုံနိုင်ပါမယ်။ အခုတော့ ရဲဘော်စံကို လွမ်းတာနဲ့ ခင်ညွန့်ရည်ရဲ့ ‘ဆောင်းအမီ’ သီချင်းကို ဖွင့်ပြီး နားထောင်နေပါတယ်။
16 comments:
ဒီမိုကရေစီကို ပါးစပ်ကအကျယ်ကြီးဘယ်လောက်ပဲ အော်အော် လက်တွေ့မှာတော့ နအဖ နဲ့အတူတူပဲဆိုတာသိခွင့်ရ လိုက်တဲ့အတွက် ဒေါက်တာလွဏ်းဆွေကု ကိုအထူးကျေးဇေူးတင်ပါတယ်။
စံမိုးဝေဘယ်သူလည်း ဆိုတာ မသိပါ
သိစရာလည်း မလိုပါ။
စာရေးဆရာတိုင်း လိုလိုမှာ ကလောင်နာမည် ရှိတတ်ကြပါတယ်။
နာမည်ဝှက်လို့ပြောရင်ရမလား။
စံမိုးဝေ အလိုရဆိုရင် စာရေးတိုင်း ကျနော် ဘယ်သူပါဆိုပြီး ထထ အော်နေရ မလို ဖြစ်နေပြီ။
် ဒီလို တဘက်မြင် စိတ်ဓာတ်တွေကို မရေးပါနဲ့။
ခင်ဗျား ထောက်လှမ်းရေးတွေ အစစ်ခံထိဘူးတာမရှိဘူးဆိုတာပေါ်လွင်တယ်။
အယူအဆ မတူတာတွေ ဥာဏ်နိမ့်တဲ့ လူတွေက တလွဲ ကောက်ပြီး ......
မောင်လွဏ်းကြီးကို တော်တော်ချစ်ပုံရတယ်။သူတို့နိုင်ငံရေးသမားကြီး
တွေပဲပြောကြတာပါပဲ ဘာတဲ့ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာကွဲလွဲပိုင်ခွင့်ရှိတယ်လို့ပြောကြတယ်။
အခုတော့များဖြင့် နည်းနည်းလေးများ ပြန်ပြီးထောက်ပြလိုက်ရင် ဖင်ကိုပုရွက်ဆိတ် ၀င်တွယ်လိုက်သလို ကလိကလိဖြစ်နေပါရောလား။
တစ်ဖက်မြင် တစ်ဖက်ကမ်း တစ်ဖက်သက်အယူဝါဒစွဲတွေကြည့်ပါပဲ။ငါ့တို့လုပ်တာပဲအကောင်း ငါတို့လုပ်တာ ငါတို့ပြောတာပဲအမှန်ဆိုပြီး ဇွတ်ကိုလုပ်နေတော့တာပဲ။နအဖ ကိုတော့ ဝေဖန်ပြစ်တင်တဲ့နေရာမှာတော့ ငရုပ်သီးလှော်လိုက်လို့ထွက်လာတဲ့ အနံ့တွေလို မိုးလုံးပြည့် မွှန်နေတာပါပဲဗျာ။
အဲ သူတို့နိုင်ငံရေးသမားကြီးတွေကိုများ ပြန်ဝေဖန်လိုက်ရရင် ဒေါသူပုန်ထပြီး ရှူးတူးတူး ရှဲတဲတဲ ဖြစ်ကြပါလေရောဗျာ။ရွစိကိုထိုးလို့။
သူများကိုဝေဖန်ရဲရင် ကိုယ့်ကိုလည်းဝေဖန်ခံနိုင်ရမယ်မဟုတ်လားဗျာ။အခုတော့များဖြင့် ကပ်ကပ်လန်ရန်တွေ့နေကြတာ တွေ့ရတော့ ရင့်ကျက်မှုလုံးဝမရှိပဲ တစ်ဖက်မြင်ဝါဒီတွေပဲ စွဲကပ်နေတာတွေဟာ အထင်ရှားပါပဲ။မထူးပါဘူးလေ သူတို့လည်း
အတူတူနဲ့အနူနူတွေပါပဲ။
ဒေါ်စုအတွက်ထက် ဖိနှိပ်ခံပြည်သူတွေအတွက် ခံစားပေးတတ်ဘို့ ပိုအရေးကြီးတယ် ။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေလွတ်တာသုံးလရှိပါပြီ ၊ ဗမာပြည်နိုင်ငံရေး အပြောင်းအလဲ အတွက် အရေးကြီးတဲ့အချိန်မှာလွတ်လာခဲ့တာဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက သူမဘာလုပ်မလဲ မျှော်တလင့်လင့်ဖြစ်နေခဲ့ကြပါတယ် ၊ သူမရဲ့လွတ်မြောက်မှုကို ၀မ်းပမ်းတသာ ဆီးကြိုကြတဲ့ ၊ သူမ ဘာညွှန်ကြား လေမလဲလို့ လွတ်ပြီးနောက်နေ့သူမမိန့်ခွန်းအပြောကို လာစောင့်နားထောင်ကြတဲ့ ပြည်သူတွေက သူမကို မျှော်လင့်နေ ကြတယ်ဆိုတာသက်သေပါပဲ ။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုမျှော်လင့်သလိုဖြစ်မလာသေးဘူး ၊ ပြည်သူလူထုမျှော်လင့်သလောက် လုပ်မပြနိုင် သေးဘူး ၊ ပြည်သူတွေရဲ့အခြေအနေက လုပ်ခဲ့တာတွေ လုပ်နေပါတယ်ဆိုတာတွေ လိုချင်တာမဟုတ်ဘူး ၊ ပြည်သူတွေက လုပ်နိုင် တယ်ဆိုတာပဲလိုချင်တာ၊ လက်တွေ့ဘ၀နဲ့နှိုင်းယှဉ်တဲ့ အဖြေကိုပဲလိုချင်ကြတာ ၊ သူတကာထက် ပိုလုပ်နိုင်စွမ်းရှိမလားလို့ လူထု ခေါင်းဆောင်ဆိုပြီး မျှော်လင့်အားထားကြတာ၊ ထူးမခြားနားပဲဆိုရင် သူတကာထက်ထူးထူးခြားခြားလုပ်ပြဦးဆောင်ပြသူတွေ (ဥပမာ ကိုမင်းကိုနိုင်တို့လို၈၈မျိုးဆက်ကျောင်းသားတွေ ၊ ကိုဇာဂနာတို့လိုလူတွေ)ကိုပဲမျှော်လင့်ကြတော့မှာပေါ့ ၊ ပါတီဝင်သန်းချီရှိခဲ့ပြီး ပါတီဝင်မဟုတ်သူတွေကရောပါ လေးစားမျှော်လင့်ခဲ့ကြတဲ့အခြေအနေကနေ ယိုယွင်းလျော့ကျခဲ့တာ ပြည်သူတွေက စစ်ခွေးကိုက် မှာကြောက်နေလို့ ဆိုတာတခုတည်းကြောင့်မဟုတ်ဘူးဆိုတာ သိကြဘို့လိုပါတယ် ၊ ပြည်သူတွေကိုယ်တိုင်က ယုံကြည်မှုလျော့ကျ လာလို့ပါ ။
ပြည်သူတွေအတွက်လုပ်နေပါတယ်ဆိုသူတွေက ပြည်သူတွေရဲ့အမြင်နဲ့ခံစားမှုကိုတော့ အရှိအတိုင်းသိသင့်လက်ခံသင့်ပါတယ် ၊ ပြည်သူတွေက သူမကိုစတင်လက်ခံခဲ့တာဟာ ဖခင်ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတာကြောင့်ကနေဖြစ်ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်း လိုအားကိုးရတော့မလားလို့မျှော်လင့်ကြတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းလို ရဲရဲတောက်ပြခဲ့တာတွေကြောင့် လူထုခေါင်းဆောင်လို့ (ရှိနေတဲ့ရဲရဲတောက်ကျောင်းသားခေါင်းဆောင်တွေကနေ )သတ်မှတ်တင်မြှောက်ပေးခဲ့ကြတာသာဖြစ်ပါတယ် ။ တကယ်တမ်းမှာ ဒေါ်စုဟာ ဖခင်ဗိုလ်ချုပ်အောင်ဆန်းလောက် ဇမရှိဘူးဆိုတာ တဖြည်းဖြည်းထင်ရှားလာနေပြီဖြစ်ပါတယ် ။
ဒီလိုပြောတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့နာမည်အောက်ကနေ ပုဂ္ဂိုလ်ရေးကိုးကွယ်ပြီးရပ်တည်နေတဲ့သူတွေက နာကြပါလိမ့် မယ် ၊ ဘာကြောင့်ဒေါ်စုကို ဖခင်ဗိုလ်ချုပ်အောင်ဆန်းလောက် ဇမရှိဘူးလို့ပြောရလဲဆိုတာ ရှင်းပြပါ့မယ် ။
(၁) ဖခင်ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားဘ၀ကနေကျောင်းထုတ်ခံပြီး အသက်၂၀ ၀န်းကျင်လောက်ကထဲက နိုင်ငံရေး ကိုလုပ်ခဲ့တယ် ၊ ဒေါ်စုက သူ့ဘ၀ခရီးသူလျှောက်ပြီး နိုင်ငံခြားမှာဘွဲ့တွေရ ၊ အိမ်ထောင်ကျသားမွေးလုပ်ပြီး အသက်၄၃နှစ်အရွယ် မှ နိုင်ငံရေးစလုပ်ခဲ့တယ် ၊ တကယ်ဆိုဗမာပြည်နိုင်ငံရေးအခြေအနေက ဒေါ်စုသိတတ်ပြီးဖြစ်တဲ့ ၁ရနှစ်သမီးအရွယ် ၁၉၆၂ခုနှစ် ကထဲက သိသိသာသာဆိုးရွားခဲ့တာပါ ၊ ၂၆နှစ်တာကာလမှာ မဆလအမည်ခံစစ်အာဏာရှင်တွေကို ဆန့်ကျင်အုံကြွမှုတွေ အကြိမ် ကြိမ်ပေါ်ပေါက်ခဲ့သလို စဉ်ဆက်မပြတ်တွန်းလှန်တိုက်ပွဲဝင်နေခဲ့တဲ့ အဖွဲ့အစည်းတွေလဲရှိနေခဲ့တာပါပဲ၊အဲဒီကာလတွေမှာ ဒေါ်စုဆီက ဗမာပြည်နိုင်ငံရေးအကြောင်း တခွန်းတလေပြောတာတောင်မကြားခဲ့ရပဲ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ကျောင်းသားတွေသွေးနဲ့ ရင်းပြီးလို့ ပိုင်လောက်ပြီထင်တဲ့အချိန်မှ နိုင်ငံရေးကိုအရာရာသိနားလည်နေပြီးတဲ့ပုံစံနဲ့ ထွက်ပေါ်လာခဲ့တာပါ ၊ ရန်ကုန်မှာကျောင်း သားတွေအသေခံဆန္ဒပြတာ ၈/၈/၈၈မတိုင်ခင်ကထဲကပါ ၊ အဲဒီအချိန်ဒေါ်စုရန်ကုန်မှာရှိနေပါတယ် ၊ သေနတ်တွေတဒိုင်းဒိုင်းပစ်နေ တဲ့ကြားက ကျောင်းသား တွေအသေခံတိုက်ပွဲဝင်နေချိန်မှာ ရှိနေလျက်နဲ့ ဒေါ်စုဘာကြောင့်ဆန္ဒထွက်မပြခဲ့တာပါလဲ ။
(၂) ဖခင်ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူတွေအတွက်ဆိုလုပ်သင့်တယ်ထင်တာအကုန်လုပ်တယ် ၊ ဖက်စစ်နဲ့တောင် ပေါင်းပြီးတိုက် ရဲတယ် ၊ ဒေါ်စုက ဦးနု/ဗိုလ်မှုးအောင်တို့နဲ့ပေါင်းပြီး ကြားဖတ်အစိုးရဖွဲ့ရေးတောင်မလုပ်နိုင်ခဲ့ဘူး ၊ အဲ့ဒီအချိန် ဗကသဖြစ်မြောက်ရေး ဦးဆောင်ခဲ့တဲ့ ၊ ရှစ်လေးလုံးမတိုင်ခင်ထဲကအသေခံတိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတွေက ကြားဖြတ်အစိုးရဖွဲ့စည်းရေးဝိုင်းဝန်းတိုက် တွန်းနေကြတာကို ပုဂ္ဂိုလ်ရေးအားပြိုင်မှုတွေကြောင့်မဖြစ်ခဲ့ပဲ ၊ စစ်တပ်ရဲ့ အာဏာပြန်သိမ်းမှုကိုပဲ ခံခဲ့ရပြန်တယ် ။ စစ်တပ်ကအာ ဏာသိမ်းချိန်မှာ ထိထိရောက်ရောက်တိုက်ပွဲဝင်ကြရမဲ့အစား စစ်တပ်ခင်းပေးတဲ့လမ်းပေါ်မှာလျှောက်ပြီး ပါတီတွေထောင် ၊ ရွေး ကောက်ပွဲဝင်ပြီး နေရာ/အာဏာရရေးလမ်းပေါ်မှာ လျှောက်ခဲ့တယ် ။
(၃) ဖခင်ဗိုလ်ချုပ်အောင်ဆန်းက ပြတ်သားတဲ့ဦးဆောင်မှုရှိတယ် ၊ ပြတ်သားတဲ့လမ်းညွှန်ချက်ပေးတယ် ၊ သူ့ခေတ်မှာလုပ်သင့်လုပ် ထိုက်တာမှန်သမျှကို ပြတ်ပြတ်သားသားလုပ်ခဲ့တတယ် ၊ ဒေါ်စုကပြတ်သားတဲ့ဦးဆောင်မှုမရှိဘူး ၊ လုပ်သင့်တာတွေမလုပ်တာတွေ အများကြီးရှိခဲ့တယ် ၊ ၁၉၉၀ရွေးကောက်ပွဲအနိုင်ရမှုအပေါ်စစ်တပ်ကဂတိမတည်ခဲ့ချိန်ကတည်းက ၉၀ရွေးကောက်ပွဲရလာဒ်ကို အသိ မှတ်မပြုရင် ဆွေးနွေးစရာအကြာင်းမရှိတော့ဘူး ၊ တိုက်ပွဲဝင်စရာပဲရှိတော့တယ်လို့ဖြစ်ရမှာ ၊ အသိမှတ်ပြုမခံရတဲ့ကြားက အသိမှတ် ပြုခံရရေး စစ်တပ်ကိုအောက်ကလိုက်ပေါင်းပြီး ခင်ညွှန့်နဲ့လျှောက်လိုက် ၊ စစ်တပ်အုပ်ချုပ်မှုအောက်ကတည်ဆောက်ရေးလုပ်နေ တယဆိုတာတွေ ဆည်/ရေကာတာတွေလိုက်ကြည့်လုပ်ခဲ့တယ် ၊ သူမရဲ့NLDပါတီကလဲ စစ်တပ်အလိုကျ အမျိုးသားညီလာခံထဲ ၀င်တက်ခဲ့တယ် ၊ ဒါတွေကသူမရဲ့မပြတ်သားမှုတွေကြောင့်ဖြစ်ခဲ့ရတာတွေပဲ ၊ အဆိုးဆုံးက ဒီပဲယင်းမှာ စစ်ခွေးအလိုတော်ရိတွေက လုပ်ကြံခဲ့တဲ့ကိစ္စကို ခုချိန်ထိငြိမ်ခံနေတာပဲ ၊ ဒီပဲယင်းမှာသေခဲ့ရတဲ့ကျောင်းသားတွေအတွက်ခံစားပေးမယ်ဆိုရင် ဒီပဲယင်းဖြစ်စဉ်က နေထိမ်းသိမ်းခံလိုက်ရပြီး ခုပြန်လွတ်လာလာခြင်းပြောရမဲ့စကားဟာ ဒီပဲယင်းကိစ္စဖေါ်ထုတ်ပေးဘို့ ၊ ဒီပဲယင်းမှာသေခဲ့တဲ့ ကျောင်းသားတွေအတွက်ဖြေရှင်းပေးဘို့ကနေ ပြန်အစဖေါ်တိုက်ပွဲဝင်ရမှာ ၊ ပြီးတော့ ၉၀ရွေးကောက်ပွဲကိုဖီလာဆန့်ကျင်ပြီးလုပ်ခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲကိုလုံးဝလက်မခံဘူးဆိုပြီး ၉၀ရွေးကောက်ပွဲလိုလားသူတွေပြန်စုတိုက်ပွဲဝင်ရမှာ ၊ခုတော့သူမက သူမကိုပြန်ဖမ်း နိုင်တဲ့ နအဖမခံနိုင်ဖြစ်မဲ့ ကိစ္စတွေကိုဥပေက္ခာပြုထားပြီး အစိုးရသစ်နဲ့ဆွေးနွေးမယ်တို့ ၊ ဥပဒေတွင်းကနေပဲဆက်သွားမယ်တို့ ၊ ကြံ့ ဖွတ်နဲ့လဲပေါင်းဘို့အသင့်ပဲတို့ဆိုတာတွေက သူမ မပြတ်သားတော့ဘူးဆိုတာပြနေပါတယ် ။ ဒီတော့…
အားလုံးစဉ်းစားကြရမဲ့အကြောင်းက ဒေါ်စုဘက်ကနေဘာလို့ရပ်ခဲ့ကြသလဲဆိုတာပဲ ၊ ပြည်သူတွေအတွက်မျှော်လင့်အားထားခဲ့လို့ မဟုတ်ဘူးလား ၊ သူ့ကို ဗိုလ်ချုပ်အောင်ဆန်းသမီးကြောင့်ဆိုတာသက်သက်ချစ်တာမျိုးမှမဟုတ်တာ ၊ အောင်ဆန်းဦးလို ဖွတ်ကြီး ဆို ဖင်ကြားတောင်မညှပ်ချင်ကြပဲ ၊ ဒီတော့ ဖိနှိပ်ခံပြည်သူတွေအတွက်လုပ်ပေးနိုင်မဲ့သူလားလို့ သူမဘက်ကရပ်ခဲ့ကြတာ ၊ ရှင်းတယ် ၊ ဒါဆိုရင် သူမကိုဝေဘန်တာပြစ်တင်လုပ်ကြတာတွေကရော သူမကိုမုန်းလို့လား ၊ စစ်အုပ်စုဘက်ကဆိုရင်တော့ တမျိုးပေါ့ ၊ မနာလို လို့ ၊ မုန်းလို့ ၊ အမြင်ကတ်လို့ အပြစ်ရှာတာတွေဖြစ်နိုင်ပေမဲ့ စစ်တပ်ကိုတိုက်ရမှာမတိုက်လို့ အားမလိုအားမရဖြစ်ရာကနေ ဝေဘန်အ ပြစ်တင်မှုတွေထောက်ပြမှုတွေရှိလာတဲ့အခါ ငါတို့ကတော့ ဒေါ်စုမှဒေါ်စုပဲလို့ ပေကတ်ပြီးအမှန်တရားကိုဥပေက္ခာပြုမလား ၊ ငတ်မွတ်ဆင်းရဲတွင်းကျ စစ်ကျွန်ဖြစ်နေတဲ့ ပြည်သူတွေအတွက် ဒါမှန်တယ်လို့ ခံစားပေးမလား ။
အရေးကြီးတာက စစ်အာဏာရှင်ကိုတိုက်ပွဲဝင်ကြဘို့သာဖြစ်တယ်။
တော်ပြီ တော်ပြီ .. အထက်က ဆောင်းပါးတွေကို ဖတ်နေတုံးတော့ သြော် ဟုတ်သားဘဲ .. အားတက်စရာဘဲ ဆိုပြီး မှတ်သားသင့် မှတ်သားထိုက်တဲ့ အရာတွေကို ပြန်ပြီးမျှဝေဖို့ စိတ်ကူးထားပါရဲ့ ... ဟော .. အောက်က comments တွေကို ဆက်ဖတ်ကြည့်တော့ ဟိုလူ့ကို ဒီလူက အပုတ်ချ ဒီလူက ဟိုလူ့ကိုဆော် .. ဒါတွေနဲ့ ချာလပတ်ရမ်းနေတဲ့ မြန်မာပြည် နိုင်ငံရေးအကြောင်းကို လုံးဝ မစဉ်းစားတော့ဘူး .. သူများကိုလည်း မတိုက်တွန်းတော့ဘူး .. စာတွေက နိုင်ငံရေးအကြောင်း နားမလည်သေးတဲ့ ကလေးတွေကို နားလည်လာအောင် ရေးကြ သင်ပြကြတာမှ မဟုတ်ဘဲ ... New generations လေးတွေ အားတက်လာအောင် ပြောကြဆိုကြ ဝေဘန်ကြ အကြံဥာဏ်ပေးကြဆိုရင် ဘယ်လောက်ကောင်းမလဲ .. စိတ်ထဲရှိတဲ့ အကြံဥာဏ်လေးတွေကို ပြောပြချင်တာတောင် ခင်များက ဘယ်အချိန်မှာ ဘာလုပ်ခဲ့လို့လဲ ဆိုတဲ့ အသံက ကြားရဦးမယ် .. တော်ပြီ ..ခင်များတို့ နိုင်ငံရေးသမားတွေရော စစ်အုပ်စုကိုရော မုန်းတယ် .. ရွံတယ် ..
ပြည့်သူ့ တွေကဘာမျှော်လင့်တယ်။ညာမျှော်လင့် လျှောက်ပြောမနေနဲ့ ။ ကိုယ်လိုချင်တာကိုယ်လုပ်မှ ရကြမှာ။ ၈၈ တို့ ရွှေဝါရောင်တို့ ပြောပြီး ပြည်သူတာဝန်ကျေပွန်ပြီလို့ ပြောမနေနဲ့ ။ လိုအပ်တဲ့ အား စိုက်မှုရှိမှရွှေ့ လို့ ရမှာ။ လိုအပ်တဲ့ အပူချိန်ရှိ မှ မီးထတောက်မှာ။ တယောက်စတေးလို့ မရရင်၂ယောက် စတေးရမယ်။ ၂ ယောက်မရရင် ၃ယောက်။ ဒါပဲအဖြေက။ အားလုံး ၀ိုင်းရွှေ့ မှရမယ့် ကိစ္စ လူတယောက်အပေါ်မှာ၊ပါတီတခုအပေါ်မှာ ပြည်သူတာဝန်ကျေပွန်ပြီဆိုပြီး ပုံချနေတာမျိုး က အချောင် သမားအတွေးအခေါ်။အချောင်သမား စိတ်ဓာတ်။ ခုဆောင်းပါးရေးသူ အက်ဆစ်ကိုယ်တိုင် ပြန်သုံးသပ်ဖို့ သင့်တယ်။ ခင်ဗျားကိုယ်တိုင် ၀င်
ရွှေ့ ပါ။ သန်း နဲ့ ချီတဲ့ ပြည်သူတွေ အကုန် ၀င်ရွှေ့ ဖို့ တိုက်တွန်းပါ။ အလုပ်လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်မဖြစ်အောင်ခြေထိုး မခံမိပါစေနဲ့ ။ အလုပ်လုပ်နေတဲ့ သူတွေကို အပြုသဘောနဲ့ အားပေးဝေဖန်ပါ။
Naing & Moe
ရပ်ကွက်ထဲ ဘာမှပညာမတတ်ပဲ အရံမီးသတ် ၂ ပွင့်တတ်ပြီး
အာဘောင်အာရင်း သန်သန်ပြောနေတဲ့ ကလေးကွက်တွေ လုပ်နေပြန်ပြီ
ဒေါ်စုကမြန်မာမြန်မာခြင်းသင့်မြတ်တိုးတက်အောင် တိုက်ပွဲနေတာမဟုတ်လား ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင် နေရတဲ့ အခြေအနေလုံးဝမတူဘူးဗျာ။
ဗိုလ်ချုပ်ရင်ဆိုင်ရတဲ့ အခြေအနေကရှင်းတယ်။ အသာားဖြူစပ်စပ်။မျက်လုံးအရောင်ကြောင်တောင် တောင်နဲ့ ကောင်တွေ အကုန်ငါ
တို့ မြေကမောင်းထုတ် ကွ။ ရရင်ရမရရင်ချကွ။ ရန်သူဘယ်သူဆိုတာရှင်းတယ်။
အခုက ကိုယ့်အချင်းချင်းချနေရတာ။ ပိုရှုပ်ထွေးတယ်။ ပိုသိမ်မွေ့ တယ်။
ရ ရင်ရမရရင်ချဆိုပြီး ဒေါ်စုကတိုက်ပွဲခေါ်
ဖို့ မလွယ်ဘူး။ အပေါ်က ကွန်မင့် ပေးသလိုဒေါ်စုက အဖမ်းခံရမှာစိုးလို့ အဖမ်းခံရမယ့် ကိစ္စတွေရှောင်နေတယ်လို့ ထင်ရင် ဒေါ်အောင်စုကြည် အဖမ်းခံရမှာကြောက်သလား ဆိုတဲ့ မေးခွန်း ကွန်မင့်ပေးသူကိုယ်တိုင် ကိုယ့်ကိုယ်ကိုအရင်မေးကြည့်ပါ။
ဒေါ်စုအဖမ်းခံရမှာမကြောက်ဘူးဆိုတဲ့ အဖြေထွက်ပါလိမ့်မယ်။
အခုအချိန်မှာဖြစ်သင့်တာ ဒေါ်စုဘာတွေမလုပ်ခဲ့လို့ ဒါတွေဒီလိုဖြစ်ရတယ်လို့ ဝေဖန်နေတာထက်
အခုအချိန်မှာဘာတွေလုပ်သင့်တယ် ဆိုတဲ့ အကြံကောင်းဥာဏ်ကောင်းတွေပေးသင့်ပါတယ်။
ကျနော်ကိုယ်တိုင်ကတော့အဲဒီလို
အကြံကောင်းဥာဏ် ကောင်းတွေမပေးနိုင်
တဲ့အတွက်တိတ်တိတ်နေပါတယ်။ ဒါပေမယ့် တကယ်ကိုယ်ကျိုးစွန့် အနစ်နာခံနေကြတဲ့သူတွေ ရင်ဆို့ စေမယ့် စကားလုံးတွေကို ဝေဖန်ရေး၊လွတ်လပ်တဲ့အမြင်စတဲ့မျက်နှာဖုံးစွပ်ပြီး ရေးသားတာတွေတွေ့ ရင်တော့မနေနိုင်မထိုင်နိုင် ကွန်မင့်တွေဝင်ဝင်ပေးမိပါတယ်။ စကားလုံးတွေ ထဲမှာ စာရေးသူရဲ့ စေတနာကိုအထင်းသားမြင်နိုင် ပါတယ်။ ကောင်းစေချင်တဲ့စေတနာလား။ အပြစ်တင် အပုတ်ချချင်တဲ့စေတနာလားဆိုတာရှင်းပါတယ်။
အပြုသဘောဆောင်ဝေဖန်အကြံပြုနိုင်ကြပါစေ။
" ပြည့်သူ့ တွေကဘာမျှော်လင့်တယ်။ညာမျှော်လင့် လျှောက်ပြောမနေနဲ့ ။ ကိုယ်လိုချင်တာကိုယ်လုပ်မှ ရကြမှာ။ "
ဒီလိုကြေးလား၊ ရတယ်လေ။ ငါတို့ပြည်သူတွေ ကိုယ့်ဟာကိုယ်လုပ်မယ်။ အေး ပွဲပြီးမှဟိုလိုလို ဒီလိုလို၊ ရူးသလိုလို နှမ်းသလိုလို မိုက်လာကိုင်ပြီး နိုင်ငံရေးဟာလူတိုင်းနဲ့ ဆိုင်ပါတယ်၊ ထမင်းချက်တာလည်းနိုင်ငံရေးဘဲ ၊ လင်မယားလုပ်တာလည်းနိုင်ငံရေးဘဲဆိုပြီး ထင်ရာမြင်ရာတွေအော်၊စင်ပေါ်လာနေရာယူလို့ကတော့
ဖနောင့်ချင်းကျွေးပစ်မှာ။ အရင်တခါကလို ခယနေမယ်တော့ မထင်နဲ့။ အံခွနေတဲ့ဗေဒါမ ဒီလောက်တော့ သိမှာပ။
အမေရိကန်တောင်မှ အမြင်မှန်ရနေပြီ။အီဂျစ်နိုင်ငံကို စနစ်တကျ ပြောင်းလဲမှုပဲဖြစ်စေချင်ပြီး ဗရုတ်သုက္ခတွေကနေ ပိုဆိုးလာမယ့်အခြေနေတွေကို မဖြစ်စေချင်ဘူးလို့ စိုးရိမ်တကြီးပြောနေပါတယ်။ဒါဟာ Institution မခိုင်မာတဲ့ နိုင်ငံတစ်ခုမှာ ရုတ်ချည်း ပြောင်းလဲမှုများဟာ အန္တရာယ်ကြီး တယ်ဆိုတာကို အမေရိကန်ကလည်း အသိအမှတ်ပြုတဲ့ သဘောဖြစ်ပါတယ်။
(m-alin said
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ တပ်မတော်က အဆင့်ဆင့် အသွင်ကူးပြောင်းရေး ကို လုပ်ပေးတာပေါ့ဗျာ၊ အခု သူမပါတော့ဘူး၊ နောက်ငါးနှစ် အခြေခိုင်သွားရင် မျိုးဆက်သစ်တွေလာတော့မယ်။ စစ်တပ် ကိုယ်စားလှယ်ထဲမှာ လူငယ်တွေထည့်ထားတာ ဒီ့အတွက် ပေါ့။)
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်က အင်စတီကျူးရှင်းမခိုင်မာခဲ့လို့ အကွဲပြဲဇာတ်လမ်းများနဲ့သာ ဆုံခဲ့ရတယ်ဆိုတာကို တပ်မတော်က သိရှိနားလည်လို့ သင်ခန်းစာယူပြီး လက်ရှိကာလနဲ့ အနာဂတ်အတွက် ရေရှည်မျှော်ကိုးကြည့်ပြီး စနစ်တကျနဲ့ အင်စတီကျူးရှင်းခိုင်ခိုင်မာမာတည်ဆောက်ဖွဲ့စည်းပြီး စတတ်ဘိုင်စတတ် တစ်ခုချင်းတတ်လှမ်းပြောင်းလဲနေခြင်းသာဖြစ်ပါတယ်။
တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံဟာ တပ်မတော်ဦးဆောင်ပြီး စနစ်တကျနဲ့ပြောင်းလဲမှသာ လိုချင်တဲ့ပန်းတိုင်ကို အေးချမ်းတည်ငြိမ်စွာနဲ့ရောက်ရှိမှာပါ။
ဒေါ်စုကြည်ကိုလည်း သိပ်ပြီးအပြစ်တင်မနေပါနဲ့။ဗိုလ်ချုပ်ခေတ်ကနဲ့လည်း နှိုင်းယှဉ်လို့လည်း အခြေနေနဲ့အချိန်ခါလည်းမတူဘူး။
ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားအချင်းချင်း ရန်သူမိတ်ဆွေမခွဲခြားပဲ အတူတကွပူးပေါင်း
လုပ်ဆောင်နိုင်တဲ့စိတ်ဓာတ်ဟာ အင်မတန်ကောင်းမွန်ပါတယ်။
မြန်မာနိုင်ငံအတွက် စေတနာတွေဗလဗွနဲ့ တပ်မတော် ကတဆင့်ချင်းစတက်ဘိုင်စတက်သွားနေတယ်ဆိုတဲ့ အပြောကတော့ တော်တော်ရီစရာကောင်းပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေမှာကိုယ်ကျိုးစီးပွားပဲရှိပါတယ်။ ပြည်သူတွေအတွက်ဆိုတာမျိုးလုံးလုံးမရှိပါဘူး။
ပြည်သူတွေအတွက်နိုင်ငံအတွက်စေတနာရှိတဲ့ အစိုးရဟာ ဒီလိုပုံစံမျိုးတော့မဖြစ်နိုင်ဘူး။
လွဏ်းဆွေဆိုတာ၊ နအဖ ဒလန်လို.သိထားတာ၊ခုတော.
ဂျီးပုန်းဒလန်ကြီးဖြစ်နေတာဘဲ။ပြောသမျှမိန်းမလိုကက်
ကက်လန်၇န်တွေ.နေတာဘဲ။
Lun Swe got what he deserves.
Listen this @ http://www.yeyintnge.com/2011/02/blog-post_08.html
ပထမအချက်ကတော့ပဂ္ဂိုလ်ရေးကိုးကွယ်မှုတွေဟာမှား
ယွင်းနေတာပါ၊နောက်မြန်မာ့နိုင်ငံရေးဂိုဏ်းအကွဲအပြဲ
တွေကိုစတင်တဲ့အကြောင်းရင်းလဲဖြစ်ပါတယ်။ထို့အတွက်ကြောင့်လဲခေါင်းဆောင်အားရွှေးချယ်သည့်နေရာတွင်မည်သူ၏သားသမီးဖြစ်၍ဟူသောအချက်ကိုကစ၍
မှားယွင်းနေပေ
ပထမအချက်အနေဖြင့်ပဂ္ဂိုလ်ရေးကိုးကွယ်မှုများသည်
မြန်မာ့နိုင်ငံရေးဂိုဏ်းအကွဲအပြဲများ၏ရင်းမြစ်ဖြစ်၍ခေါင်းဆောင်ဟူ၍ရွှေးချယ်ရာတွင်မည်သူ၏သား၊သမီးဖြစ်သည်
ဟူသောအချက်အားခေါင်းဆောင်တယောက်၏လိုအပ်
သောစံချိန်စံညွှန်းများထက်ပို၍ဦးစားပေး၍ရွှေးချယ်ချင်း
ကပင်မှားယွင်း၍နေပေသည်။
ခေါင်းဆောင်တယောက်၏အရည်အချင်းဆိုရာတွင်
ရိုးသားမှု၊စေတနာ၊အနစ်နာခံနိုင်မှုတို့သည်အရေးကြီး
ှပေသည်၊ထို့အတူသူရသတ္တိရှိမှုရဲရင့်မှုတို့သည်လည်း
အရေးပါသော်လည်းအချိန်၊နေရာနှင့်ကိုက်ညီစွာ
အသုံးချနိုင်ပါမှအောင်မြင်ထိရောက်နိုင်ပေသည်။
နောက်တခုမှာခေါင်းဆောင်ဆိုသည်မှာလည်းလူ
သားတယောက်သာဖြစ်၍လူသားတယောက်စွမ်းဆောင်
နိုင်သလောက်သာမျှော်လင့်နိုင်ပေမည်၊လူသားတယောက်
ဖြစ်သည့်အားလျှော်စွာအားနည်းချက်အားသာချက်တို့
ဒွန်တွဲနေမည်မှာဓမ္မတာပင်ဖြစ်ပေသော်လည်းတိုင်းတာရန်
ပေတံမှာပြည်သူများအပေါ်တွင်ရိုးသားမှုစေတနာရှိမှု၊ကိုယ်ကျိုးစွန့်အနစ်နာခံမှုတို့ပင်ဖြစ်ပေသည်၊
ကျွှန်နော်ဒေါ်စုကိုပုဂ္ဂိုလ်းရေးအရမကိုးကွယ်ပါသို့သော်
ခေါင်းဆောင်တဦး၏စံများဖြစ်သောရိုးသားမှု၊စေတနာ၊
ကိုယ်ကျိုးစွန့်အနစ်နာခံရဲသည့်သတ္တိ(သတ္တိဟုဆိုရာတွင်
ဒေါ်စုနှင့်သတ္တိအကြောင်းကာကွယ်ရေးဦးစီးချုပ်ဟောင်း
သူရဦးတင်ဦးပြောသွားတာခင်ဗျားတို့ဖတ်ရမှာပါ)တို့အား
အကြွင်းမဲ့ယုံကြည်သည်။်
မိမိတို့ယခုတိုက်နေသောတိုက်ပွဲကိုလူ့အခွင့်အရေးနှင့်
ဂုဏ်သိက္ခာအတွက်တိုက်ပွဲဟုယုံကြည်သည့်အတိုင်း
လွပ်လပ်စွာပြောဆို၊ထုတ်ဖေါ်ရေးသားခွင့်တို့ကိုထောက်
ခံသော်လည်းအကြောင်းအရာခိုင်လုံသော၊ပဂ္ဂိုလ်ရေးရာ
ကိုရှေ့တန်းမတင်သောစာ၊စကားတို့သည်သာလူ့ဝန်းကျင်
ကိုတိုးတက်၊အကျိုးပြုစေပေမည်။
ယခုမိမိဆွေးနွေးလိုသည်မှာသည်ဘလော့(ဂ်)တွင်းမှ
ပုဂ္ဂိုလ်တချို့၏ဒေါ်စုအပေါ်ဝေဖန်၊ထောက်ပြချက်များ
မှာကြိုးကြောင်းမခိုင်လုံသောဝါဒဖြန့်သည့်သဘော
သက်ရောက်နေ၍လုပ်ရိုးလုပ်စဉ်အတိုင်းကြီးတော်နွား
ကျောင်းခြင်းပင်ဖြစ်ပါသည်။
နံပတ်တစ်အနေဖြင့်ရှစ်လေးလုံးအရေးတော်ပုံအတွင်း
ကြားဖြတ်အစိုးရဖွဲ့ရန်တွေဝေခဲ့၍ဒီမိုကရေစီးရေးနှောင့်နှေး
သွားရကြောင်းဆိုတဲ့အချက်ပါ၊ထောက်ပြချင်တာက
မြန်မာပြည်တွင်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္နပြပွဲတွေ
ဖြစ်ပွားလာတိုင်းစစ်အစိုးရကကွန်မြူနစ်တွေလှုံဆော်
သည်ဟုဝါဒဖြန့်ကာအကြမ်းဖက်နှိမ်နှင်းခဲ့သည်ချည်း
ဖြစ်ပါသည်ထို့ကြောင့်ထိုအချိန်ကကွန်မြူနစ်လှုံ့ဆော်မှု
ကြောင့်ပေါ်ပေါက်ခဲ့သည်ဟုစစ်တပ်မှစွပ်စွဲခဲ့သောအရေး
တော်ပုံမှခေါင်းဆောင်များစုစည်း၍ဖွဲ့စည်းသောကြားဖြတ်
အစိုးရဆိုသည်ကိုစစ်အုပ်စုမှအဘယ်ကဲ့သို့နှိမ်နှင်းခဲ့မည်
ကိုလူဗျိန်းတွေးပင်တွေးကြည့်နိုင်ပေသည်၊တိုက်ပွဲတခုကို
တိုက်မည်ဆိုလျှင်ကိုယ်ဖက်ကအခွင့်အရေး၊အင်အား၊ဖြစ်
နိုင်ချေများကိုချည်းသုံးသပ်၍ဆုံးဖြတ်ခြင်းသည်အင်မ
တန်အန္နရယ်ကြီးပေသည်၊တဖက်ရန်သူ၏အင်အား၊အခွင့်
အလမ်း၊ထောက်ပံ့ရေးနှင့်ဖြစ်နိုင်ခြေအားလုံးပေါ်တွင်ပါ
ခြုံငုံသုံးသပ်၍ဆုံးဖြတ်နိုင်ပါမှအနီးစပ်ဆုံးမှန်ကန်နိုင်ပေမည်
ဒုတိယအချက်ကတော့ဒီပဲယင်းအရေးတော်ပုံအားဖေါ်
ထုတ်ပေးရန်ဆိုသည့်အချက်ပင်ဖြစ်သည်ဒီအချက်က
ခင်ဗျားတို့တော့ဘယ်လိုခံစားမိသလဲတော့မသိပါကျွှန်
နော်အတွက်ကတော့မရီရတဲ့ဟာသကြီးပင်ဖြစ်တော့
သည်၊စဉ်းစားကြည့်ကြပါဗျာ၊၆၂ကထဲကသတ်လာ
လိုက်တာကျောင်းသားသမဂ္ဂကိုဗုံးခွဲ၊၇၄၊၈၈အရေး
တော်ပုံမှသည်၂၀၀၇တွင်ဘုရား၏သားတော်သံ
ဃာတွေကိုပင်လက်ရဲဇက်ရဲသတ်ရဲသောအစိုးရကို
အထက်ပါကိစ္စများကိုဖေါ်ထုတ်ပေးရန်တောင်းဆို
ခြင်းမှာကျားကိုအသားမစားရန်ချော့မော့နေခြင်း
ဖြစ်ပြီး၊လုံခြုံရေးကောင်စီတွင်ဆွေးနွေးခြင်းဆိုသည်မှာ
လဲတရုတ်ကြီး၏ပယ်ချမှုအပေါ်တွင်အရေပျော်ရုံမက
အငွေ့ပင်ပျံသွားသည်ဆိုသည်ကိုဒေါ်စုကကောင်းစွာ
သိပြီးဖြစ်တဲ့အတိုင်းမြန်မာပြည်သူများမိမိကိုယ်ကို
ပို၍အားကိုးကြရန်၊တဦးတယေက်ထဲလုပ်ကိုင်၍မရ
နိုင်၍အားလုံးဝိုင်းလုပ်ကြရန်နှိုးဆော်နေခြင်းဖြစ်သည်၊
ပြည်သူများကိုတာဝန်မကျေဟုဒေါ်စုမှပြောသည့်
အသွင်ပြောနေခြင်းသည်လဲမတရားဝါဒဖြန့်ခြင်းသာ
ဖြစ်ပြီးတာဝန်၊တိုက်ပွဲမပြီးဆုံးသေးသဖြင့်စိတ်ရှည်သည်း
ညီးခံကြရန်၊နောက်ဆုံးတိုက်ပွဲထိအနာခံရမယ်ဆိုရင်
တိုင်းပြည်အတွက်ဆိုတဲ့စိတ်ထားပြီးအနာခံပေးကြရန်
သူကိုယ်တိုင်လဲရှေ့တန်းမှအနာခံသွားမည့်အကြောင်း
ပင်ဖြစ်တော့သည်။်
Post a Comment