Sunday, January 16, 2011

မဲဆောက်မြို့တော် မြူနီစပယ်အဖွဲ့က ကြီးမှူးကျင်းပသည့် ထိုင်းစစ်သူကြီး နရေ စွမ် အထိမ်းအမှတ်ပွဲတော်သို့ စိုင်းစိုင်းခမ်းလှိုင်နှင့် R ဇာနည်တို့ လာရောက်သီ ဆိုဖျော်ဖြေ (ဓာတ်ပုံသတင်း)

ဓာတ်ပုံသတင်း - အင်းစိန်သား (၁၅-၁-၂၀၁၁)
မဲဆောက်မြို့တော် မြူနီစပယ်အဖွဲ့က ကြီးမှူးကျင်းပသည့် ထိုင်းစစ်သူကြီး နရေစွမ် အထိမ်းအမှတ်ပွဲတော်သို့ မြန်မာအဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် R ဇာနည်တို့ လာရောက်သီဆိုဖျော်ဖြေတင်ဆက်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမား (၃,၀၀၀) ခန့် လာရောက်အားပေးခဲ့ကြသည်။

4 comments:

8888999988 said...

ှအမှန်က အာဇာနည်လဲ အာရုံဦးမှာဖူးသည့်ကြာဇတ်ကားနဲ့
ပါတ်သက်တာပဲ ၊ သူ့လဲ ဆန္ဒမပြသည့်တိုင်အောင်တောင်
လုံးဝအားမပေ;သင့်ဘူး ၊ ခုတော့ နိုင်ငံရေးမြို့တော်ဆိုတဲ့
မဲဆောက်က အပျော်အပါးဟေးလားဝါးလားတွေထဲမှာ
နေသားတကျဖြစ်လို့ ။

mg said...

စိတ်ဓာတ်မပြည့်ဝသော စိတ်ဓာတ်ယုတ်ညံ့ဖျင်းသော သူတွေကတော့ အနုပညာကို အနုပညာစိတ်နဲ့မကြည့်ရှုပဲ အရာရာတိုင်းကို နိုင်ငံရေးမျက်စိနဲ့ကြည့်ပြီး ကိုယ့်အကြိုက်မဟုတ်ရင် အကုန်ဆန့်ကျင်မယ်ဆိုတဲ့ ပဲ့ရွဲ့နေတဲ့ စိတ်ဓာတ်တွေကြောင့် ဘယ်သောအခါမှ အဲဒီလူတွေဟာ လူတောမတိုးဘူး။လူမွှေးလူယောင်မပြောင်ဘူး။ပိုက်ဆံရှိအုံးတော့ ဘယ်သူမှအရေးမလုပ် အထင်မကြီးကြ။

အနုပညာကို အနုပညာစိတ်နဲ့ပဲကြည့်ကြသလို ကိုယ့်ရဲ့ပင်ပန်းလှတဲ့ဘ၀အမောပြေတွေကို ဖြေဖျောက်ဖို့အတွက် အနုပညာကို မည်သူမည်ဝါမခွဲခြားပဲ အားပေးနှစ်ခြိုက်ကြသော စိတ်ဓာတ်ကောင်းမွန် ပြည့်ဝသော ရွှေပွဲလာချစ်ပရိတ်သတ်ကြီးကတော့ ခြိမ့်ခြိမ်သဲ ပန်းကုန်းတွေစွပ် လက်ဆောင်တွေပေးလို့ အာဇာနည်နဲ့အတူ ဘ၀ရဲ့အမောတွေကို ပျော်ရွှင်စွာနဲ့ဖြေဖျောက်နေကြတာဟာ ကြည်နူးစရာပါပဲဗျာ။

အနုပညာကို အနုပညာစိတ်နဲ့ပဲကြည့်ရှူနိုင်ကြပါစေ။

Unknown said...

(မြန်မာရွှေ့ပြောင်း အလုပ်သမား (၃,၀၀၀) ခန့် လာရောက်အားပေးခဲ့ကြသည်) လို့ ဆိုထားလေတော့
ကိုယ့်ဝမ်းစာ ပင်ပင်ပန်းပန်းသွားရောက်လုပ်ကိုင်ရှာဖွေ
နေကြသူတွေပဲ။
ဒီ ၂ နာရီ၊ ၃ နာရီစာသာကြာမဲ့ ပွဲလေးမှာ ပျော်ကြရရှာတာပါ။

ဟို အယ်အေ ကွန်မြူနတီတို ၊့ ဆန်ဖရန်စစ္စကို ဘေး ဆိုလား၊တံတားဘေးချောက်ထဲ ဆိုလား၊၊
တခါ အနောက်က ကန်ပိန်း၊ရှန်ပိန်း၊ဂျွန်ဝိန်း တို့ 
ဆိုလားပဲ။ သူတို့ နဲ့ က တူဘူးလေ။
သူတို့ တွေထဲ ၈၈ အရေးအခင်းတုန်းက သေနတ်သံကြားရင်
ကုတင် အောက် ၀င်ပုန်းနေတဲ့သူတွေတောင်
ပါလေရဲ့ ။

Unknown said...

စိုင်းစိုင်းခမ်းလှိုင် နဲ့  R ဇာနည်တို့ကို မခေါ်ခင်
မဲဆောက်မြို့တော် မြူနီစပယ်အဖွဲ့က
စီးရီး တခွေကြီးများတောင် ထုတ်ဖူးတဲ့
တို့ ကိုလွဏ်းဆွေ ကြီးကို လာရောက်သီဆို
ဖျော်ဖြေဖို့ အရင် စဉ်းစားကြမှာပါ။

ဒါပေမဲ့ ပျော်ဖို့ လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၃,၀၀၀)လုးံ၊
အိမ်ကဇနီး သားမယား ကိုလွမ်း၊ ချစ်သူ၊ရည်းစားကိုလွမ်း၊ မျက်ရည်တောက်တောက်
ကျပြီး ဗမာပြည် ပြန်သွားကြရင် စက်ရုံ၊အလုပ်ရုံတွေ
ပိတ်သွားရမဲ့ အခြေအနေတွေကလဲ ရှိသေးတယ်လေ။
ဒါမှမဟုတ်..
ပွဲ ပျက်သွားမှာ ကြောက်လို့ နေမှာပေါ့။
လူကျပ်ညှက် နေလို့ ဟုတ်ပါဘူး။
ကိုလွဏ်းဆွေ ကြီး စစဆိုခြင်းမှာပဲ..
(တနေကုန် ပင်ပန်းထားတာ၊ ဒီတော့ အိမ်ပြန် အိပ်တာကမှ ကောင်းအုန်းမယ်ကွာ ဆိုပြီး) အလုပ်သမား (၃,၀၀၀)လုးံ ပြန်သွားနိုင်တဲ့
အခြေအနေ ကြိုမြင်ပြီး
ပွဲ ပျက်သွားမှာ ကြောက်လို့ နေမှာပေါ့။