ရမည်းသင်းခေတ်ပေါ်ရတု
စောဝေ
သိုးကလေ ...
မြင့်ခေါင်ဖျားရှူး
တင့်တယ်စွကွယ်
မြိုင်ခြေလယ်၌
မြူဆွတ်ဝဝ
ဆွတ်တိုင်းရလည်း
မိန့်လိုက်တိုင်းမှုန်
ထွက်ခွာသုန်၍
ရောင်ခြည်အဦး
တောင်ထွဋ်ဖူးလျှင်
ခိုဝင်သိမ့်ဝမ်း
တူပုန်းလျှမ်း၏
အာဏာစက်၏ ရှောင်ရာတည်း။
မယ့်ကိုအတွေး
ပြည့်အရေး၌
မနေခိုက်သာ
ဝင်ပါရာဝယ်
စာဆိုသည်သာ
ထိုမဲဇာသို့ ရောက်လေ၏။
ခေတ်ရတုစေ
မဲဇာမြေကား
ရမည်းသင်းဟု မည်လေ၏။
လွမ်း၍ချစ်သူ
စုံမြိုင်သူကို
တန်ခူးလေနှင့်တွေ့တော့၏။
ပန်း၏ထိပ်ခေါင်
အဝါရောင်သည်
သင်္ကြန်မိုးကို ယူဆောင်၏။
တိုင်းများပြည်သူ
ကြည်ဖြူမွေ့မွေ့
ပျော်လေပွေ့သည်
လွမ်းရက်လွမ်းရောင်
အာဏာမှောင်၏
စက်ခွင်တွင်းမှ လွတ်လမ်းသည်ကား
နေအဆင်း လအဆင်း
အမှန်တရားမင်းပင် ဖြစ်လေ၏။
ထိုမင်းသိဒ္ဓတ္ထက
အတို့အားစောင့်ရှောက်ထား၏
အိမ်ပြန်ရာသို့ သုခလမ်းတည်း။
စောဝေ
၁၇-၃-၂၀၀၉
1 comment:
it is the best poem one by ko saw wai. very good rhyme.
Post a Comment