Saturday, January 1, 2011

မဲဆောက်မြို့တွင် ‘ဗဟုရသ ဒဿန ပန်းခင်း’ စာအုပ်ပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မဲဆောက်မြို့ စာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်ရေးကွန်ရက်မှ ဦးစီးသည့် ‘ဗဟုရသ ဒဿန ပန်းခင်း’ စာအုပ်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ (၁-၁-၂၀၁၁) နံနက် (၉) နာရီတွင် NHEC စာကြည့်တိုက်နေရာသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ပညာဗဟုသုတတိုးပွားရေးနှင့် စာဖတ်အားမြှင့် တင်ရေး အစီအစဉ်အရ ခင်ကျင်းပြသခြင်းဖြစ်ပြီး စာအုပ်ပြပွဲတွင် သမိုင်း၊ နိုင်ငံရေး၊ ရသစာပေ၊ ဘာသာပြန် စာပေ၊ ဂန္ထ၀င်စာပေ၊ ဘာသာရေး၊ ဆေးပညာ၊ ကာလပေါ်ဝတ္ထု ရုပ်ပြ ကာတွန်း၊ ကဗျာဆိုင်ရာ စာအုပ်များ၊ ပြည်တွင်းပြည်ပ လူမျိုးစုအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများမှ ထုတ်ဝေသည့် စာအုပ်များ စုစုပေါင်း အုပ်ရေ (၄,၀၀၀) ကျော်ကို ခင်ကျင်းပြသထားသည်။

စာအုပ်ပြပွဲကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၆) နာရီအတွင်း NHEC စာကြည့်တိုက်နေရာသစ်၌ (၇) ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည် (ပြပွဲနေရာကို ကာစာမီယာစားသောက်ဆိုင်လမ်း ဂေါက်သီးရိုက်လေ့ကျင့်ကွင်းဘေး လမ်းတိုအတွင်း လမ်း ထောင့်အိမ်ခြံစည်းရိုးတွင် LIBRARY ဆိုပြီး မြားပြထားပါတယ်)။

သတင်းနှင့် ဓာတ်ပုံ - ကိုလတ်

No comments: