Wednesday, January 19, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀ပုံရိပ်လွှာ ရုပ်ရှင်ကားအကြောင်း (ရုပ်မြင်သံကြား စကားဝိုင်း)

2 comments:

Unknown said...

စစခြင်းမှာပဲ...
" မင်္ဂလာပါခင်ဗျာ " လို့ ...
အစီအစဉ် တင်ဆက်သူရဲ့ အသံနဲ့ ရုပ်ကို
ဗြုန်းကနဲ ကြားမြင် လိုက်ရတော့
စိတ်ဓာတ် မြှင့်တင်ရေးသင်တန်းက ဘုန်းကြီး
ဘယ်လိုဖြစ်လို့ လူဝတ် လဲသွားပြီး
ဒီမိုကရက်တစ်မြန်မာ့အသံရောက်သွားလဲလို့ 
ဖြန်းကနဲ ထင်ယောင်မှားမိသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်..
နအဖရဲ့ စိတ်ဓာတ် မြှင့်တင်ရေးသင်တန်း အကြောင်း
ရိုက်ရင်တော့ ဇာတ်ဆောင်တစ်ယောက်တော့
တွေ့ ထားပါ ပြီလို့ ...
လိုရမယ်ရ ခုကတည်းက ပြင်သစ်ဒါရိုက်တာကို လက်တို့ ထားအုန်းမှ ။

Unknown said...

သစ်သီးတွန်းလှည်းဈေးသည်။ ။ "သစ်သီးတွန်းလှည်း
သိမ်းခံလိုက်ရတဲ့ တူနီရှားကောလိပ်ကျောင်းသား၊ မိမိကိုယ်မိမိ မီးရှို့ ဆန္ဒပြတော့၊ လူထုအုံကြွမှု ဖြစ်တာလောက် တော့
ဒီက ပျင်းတောင်ပျင်းသေးတယ်။
ကျုပ်လည်း ဒီမှာ သည်းမခံနိုင်တော့ဘူးဗျာ။
ကျုပ်တွန်းလှည်း စည်ပင်က လာသိမ်းသိမ်း၊
မသိမ်းသိမ်း..... "

ဈေးသွားဈေးလာများ။ ။ " ဘယ်တော့လဲ "

သစ်သီးတွန်းလှည်းဈေးသည်။ ။ " တွေ့ လား၊
ဗမာ့သွေး " " ကျုပ်တောင် ကိုယ့်ကိုကိုယ်
မီးရှို့ ပြီး ဆန္ဒတောင် မပြရသေးဘူး၊
ဆန္ဒပြအုံကြွ ကြတော့မယ်ပေါ့လေ "

ဈေးသွားဈေးလာများ။ ။ " ဟုတ်ပါဘူး၊လှည်းက သစ်သီး ၀ိုင်း လုကြမလို့ ပါ "