Monday, January 3, 2011

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဦးစီးကျင်းပသည့် တတိယအကြိမ်မြောက် စာပေဟောပြောပွဲ လွတ်မြောက်နယ်မြေတနေရာ၌ ကျင်းပပြုလုပ်

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဦးစီးသည့် ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲကို ၂၀၁၁ ခု နှစ် ဇန် န၀ါရီလ (၂) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ (၄) နာရီအထိ လွတ်မြောက်နယ်မြေတနေရာ၌ ကျင်းပပြု လုပ်ခဲ့သည်။ အခမ်းအနားတွင် ဦးဆောင်ကျင်းပသူများက “လူထုကြား စာပေအသိပညာ တိုးပွားရေး၊ မြန်မာ့ သမိုင်းကြောင်းအမှန် မပျောက်ကွယ်ရေး၊ ညီညွတ်ရေးကို ရှေးရှု၍ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရေး၊ မြန်မာစာပေအမွေအနှစ် ထိန်းသိမ်းရေး” စသည့် ရည်ရွယ်ချက်များဖြင့် စာပေဟောပြောပွဲကို ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း ရှင်းပြောကြားသည်။

ထို့နောက် ဒေါက်တာလွဏ်းဆွေက အဖွင့်မိတ်ဆက်စကား ပြောကြားပြီး စာရေးဆရာ စိုးနေလင်းနှင့် စာရေး ဆရာ ရဲခေါင်မဲမောင် (ကာတွန်းဆရာ နေမျိုးအေး) တို့က ဟောပြောခဲ့ကြသည်။ ဟောပြောပွဲသို့ မြန်မာရွှေ့ ပြောင်းအလုပ်သမား (၁၀၀) ကျော် တက်ရောက်နားထောင်ခဲ့ကြသည်။

သတင်းနှင့် ဓာတ်ပုံ - ကိုလတ်

2 comments:

seinnmyanaddy said...

စာရေးဆရာများဆိုရင်ဖြင့်လူရိုသေရှင်ရိုသေဖြစ်အောင်
လည်ကတုံးမရှိရင်တောင်ရှပ်အင်္ကျီအဖြူလေးတော့ဝတ်
သင့်တာပေါ့။စာပေဟောပြောပွဲအပြင်အဆင်ကလည်း
ဖြစ်ကတတ်ဆန်းနိုင်လွန်းအားကြီးတယ်။ စားပွဲခင်းကိုစောင်ခင်းမယ့်အစားပလတ်စတစ်ပန်းပွင့်ပါတာလေးတွေခင်းရင်ပိုကြည့်ကောင်းတာပေါ့။ ကိုလွမ်းဆွေတို့ ကိုဂါမဏိတို့ရေ ပညာတတ်တွေ
ဖြစ်ပြီးလုပ်လို့ရရဲ့သားနဲ့ဖြစ်ကတတ်ဆန်းလုပ်ရသလား။
အပြစ်တွေရှာပြောတယ်လို့ထင်ချင်ထင်ပါ။ တို့လူမျိုးတွေပြောပြောနေတဲ့စမတ်(smart)ကျတယ်
ဆိုတဲ့စကားလုံးကိုနားလည်စေချင်တယ်။

Unknown said...

အခုလို လိုအပ်ချက်ကို ထောက်ပြ အကြံပြုပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဇော်တိုးအောင်