Friday, January 14, 2011

ထိုင်းအာဏာပိုင်များက လက်မခံသည့်အတွက် မြ၀တီခရိုင် ချောင့်ခက်ကျေး နယ်မှ ရွာသား (၂၀၀) ခန့် မြန်မာဘက်ခြမ်းသို့ ပြန်သွားခဲ့ရ (ဓာတ်ပုံသတင်း)

ပေးပို့ - အင်းစိန်သား (၁၄-၁-၂၀၁၁)

ဒီကေဘီအေနှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယမန်နေ့က မြ၀တီခရိုင် ချောင့်ခက်ကျေး နယ်မှ ရွာသား (၂၀၀) ခန့် ထိုင်းဘက်ခြမ်းတွင် ခိုလှုံရန် တာ့ခ်ခရိုင် ဖို့ဖတ်မြို့နယ်၏နယ်စပ်သို့ ရောက်ရှိလာကြ သော်လည်း ထိုင်းအာဏာပိုင်များက လက်မခံသည့်အတွက် မြန်မာဘက်ခြမ်းသို့ ပြန်သွားခဲ့ရသည်။

2 comments:

Unknown said...

သြော်..ဆရာသမား ကိုအင်းစိန်သားရယ်...
တိုက်ပွဲအစ ပိုင်းတွေမှာ မြ၀တီနယ်လူထု
ထွက်သွားလိုက်ကြ၊ပြန်ဝင်လာလိုက်ကြ သတင်းတွေကို
ဒီ့အရင် သတင်းသမားတွေ ရေးကြပါသေးတယ်။
ဒါပေမဲ့ ဆော်ချင်တဲ့အချိန် ထထ ဆော်နေတိုင်း
လူထုက ထထပြေးနေရတာတွေကို ထထ သတင်းယူ
နေရတော့ မကိုက်တော့ဘူးလေ။
ရေရှည် ဆိုတော့ လူပါထိလာပြီး လက်လျှော့ကုန်ကြပြီ နဲ့ တူပါရဲ့ ။
ခုထိ ဆော်နေကြတဲ့ အကြိမ် နဲတာမှ မဟုတ်တာ။
တိုက်ပွဲပေါင်း ဘယ်နှစ်ကြိမ်ရှိပါပြီလဲဗျာ လို့ 
ဗိုလ်စောလားပွေး ဆီ သွားသတင်းယူရင်တောင်
သူလဲ သိတော့ဘူး။
သူ့ နုတ်ခမ်းမွှေးက ဘယ်နှစ်ပင် ရှိပါတယ်ဆိုတာကမှသိအုန်းမယ်။

ဒီတော့ ဆရာသမားလဲ
အဲဒီ ချောင်းစပ်မှာ ထိုင်တရား မှတ်တာကမှ
ကိုယ့်အတွက် ပါသွားအုန်းမယ်။

"ထွက်သွားကြတယ်" "ပြန်ဝင်လာကြတယ်"
အသက်ရှု သွင်း ထုတ်တာတော့ သိပါတယ်နော်။

aye said...

လူထူကတော့သေမှာကြောက်လို့ပြေးနေရတာပါပဲ
တိုက်ခိုက်နေရသူတွေ စာရေးသူ စာဖတ်သူ သတင်းတင်သူအားလုံး
ခင်ဗျားတိုလည်း လူတွေဖြစ်ရင်တော့ သိလိမ့်မယ်
ကိုယ့်တိုင်းပြည်က အစိုးရအမည်ခံထားတဲ့
ခွေးလောက်မှာအသိမ၇ှိသူတွေကြောင့်
သူများတိုင်းပြည်က နှင်ထုတ်ခံနေရတာ
နာစရာရင်တောင်ပြည်သူတွေမှာ ရှိတော့မယ်
မထင်ဘူး သူတို့ဒုက္ခတွေကို ခင်ဗျားတို့နားလည်ရင်
ဘယ်လိုကူညိပေးနိုင်မလဲ ကြိုးစားပါ ဓါတ်ပုံသတင်းပေးပိုလာသူကိုကျေုးဇူးတင်ပါတယ်
သူသိသလောက်ကို ဝေမျှပေးတဲ့အတွက် ကော
သူလူထုတွေ ခံစားနေရတာတွေ
ထိုင်းဘက်ကလူသားမဆန်တာတွေ
ကို သူမက်ဆေ့ ပေးတာ လည်း တာဝန်သိသူတယောက်လို့ပဲ ချီးကျူးမိပါတယ်