Thursday, January 6, 2011

တကယ့်လွတ်လပ်ရေး ရအောင်လုပ်ကြစို့

နိုင်ငံရေးလေ့လာသူတဦး

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ လွန်ခဲ့တဲ့ (၆၃) နှစ်က ဗမာပြည် လွတ်လပ်ရေးရခဲ့တာ လူတိုင်းအသိ။ လွတ်လပ်ရေးနေ့လို့ အမည်တပ်ကာ နေ့ထူးနေ့မြတ်အဖြစ် အစဉ်အဆက် ကျင်းပခဲ့ပါတယ်။ အမှန်မှာ အဲဒီနေ့ ဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက်က စတင်လွတ်မြောက်တဲ့နေ့ပါ။ လွတ်လပ်ရေးနေ့လို့ အမည်ပေးခဲ့တာ မှားနေသလို။

တကယ့်လွတ်လပ်ရေးဆိုတာ တိုင်းတပါးလက်အောက်မှ လွတ်မြောက်ခြင်းတခုတည်းကို ဆိုလိုတာမဟုတ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးနိုင်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေမှသာ လွတ် လပ်တယ်လို့ ဆိုသင့်ပါတယ်။

ကျနော်တို့ နယ်ချဲ့လက်အောက်က လွတ်မြောက်စေဖို့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်း သားပြည်သူများစွာ အသက်၊ သွေး၊ ချွေးတွေ ပေးခဲ့ရတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ ‘တိုင်း ပြည်က နုနု၊ မုန်တိုင်းက ထန်ထန်’ ဖြစ်ခဲ့ရတယ်။ ယခုအချိန်ထိလည်း မုန်တိုင်းထန်နေဆဲ။ လွတ်လပ်ရေးအ တွက် အသက်စွန့်ခဲ့ကြတဲ့ ဖခင်ဗိုလ်ချုပ်နဲ့ တော်လှန်ရေးသမား အားလုံးကို စော်ကားနေကြသလို။

ယခုအချိန်ဟာ ဗမာပြည်မှာ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်တဲ့ တကယ့်လွတ်လပ်ရေးကို စတင်ဖော်ဆောင်ပေးနိုင်တဲ့ လွတ်လပ်ရေးတိုက်ပွဲကြီးတခု ပေါ်လာနိုင်တဲ့ အနေအထားတခုပေါ်နေပါပြီ။ ဒီ တိုက်ပွဲကြီးကို ဘယ်သူတွေ ဦးဆောင်မှာလဲ။

လက်ရှိဗမာပြည်နိုင်ငံရေးမှာ ဦးဆောင်အုပ်စု (၃) ခုကို တွေ့နေရပါတယ်။ 
(၁) ဗိုလ်ချုပ်မှူးကြီး ဦးဆောင်တဲ့ တပ်မတော်သားအုပ်စု
(၂) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုအုပ်စု
(၃) တိုင်းရင်းသားများအုပ်စု

ဆိုခဲ့တဲ့ အုပ်စုတွေဟာ လွတ်လပ်ရေးအတွက် အရေးပါတဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဒီအုပ်စုတွေရဲ့ စွန့် လွှတ်စွန့်စားမှုတွေအပေါ်မူတည်ပြီး ဗမာပြည်မှာ လွတ်လပ်ရေးအစစ်အမှန် ထွန်းကားလာမှာကို မြင်တွေ့ရမှာ ပါ။

လက်ရှိနိုင်ငံရေးအခြေအနေကို လေ့လာကြပါစို့။
၁။ ၂၀၀၈ ခုနှစ်မှာ စစ်တပ်က ဦးစီးပြီး အခြေခံဥပဒေတခုကို ရေးဆွဲခဲ့ပါတယ်။
၂။ ၂၀၁၀ ခုနှစ်မှာ စစ်တပ်ကျောထောက်နောက်ခံ ပါတီက မဲအပြတ်အသတ်ရသွားတဲ့ ရွေးကောက်ပွဲကြီးတခု ကျင်းပခဲ့တယ်။
၃။ နအဖစစ်အစိုးရကို ဆက်ခံမယ့် ပါလီမန်အစိုးရတရပ်ကို ၂၀၁၁ မှာ ဖွဲ့စည်းပြီး ဒီမိုကရေစီဖော်ဆောင်ပေး မယ်လို့ နအဖက ပြောထားပါတယ်။

ကဲ ... သမိုင်းကို နည်းနည်းပြန်လှန်မယ်။ ဆက်စပ်ကြည့်ကြမယ်။
၁။ ၁၉၉၀ ပြည့်နှစ်မှာ NLD ပါတီဟာ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲအပြတ်အသတ်ရခဲ့တယ်။
၂။ န၀တက အစိုးရဖွဲ့ခွင့်မပြု ။ အမျိုးသားညီလာခံကိုသာ ပြုလုပ်ခဲ့တယ်။
၃။ အမျိုးသားညီလာခံမှ NLD ကျောခိုင်းထွက်လာတယ် (တရားမျှတမှုမရှိတဲ့ ညီလာခံလို့ ဆိုပါတယ်)။
၎။ NLD နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး … ယခု ဒုတိယပင်လုံညီလာခံခေါ်ယူရေးဆိုပြီး ဆက်လက်တောင်းဆိုနေကြပါတယ်။
၅။ နအဖရဲ့လမ်းပြမြေပုံ (၇) ချက်ကလည်း ဆက်သွားနေပါတယ်။ ဘယ်သူမှ မတားနိုင်။

လက်ရှိ ပကတိအခင်းအကျင်းများကို ပေါင်းရုံးဆင်ခြင်ပြီး နိုင်ငံရေးပြဿနာတွေလည်း ပြေလည်၊ ဒီမိုကရေစီ လည်းဆန်နိုင်၊ ပြည်သူလူထုရဲ့လွတ်လပ်ရေးကိုလည်း စတင်ဖော်ဆောင်ပေးနိုင်တဲ့ နိုင်ငံရေးစွန့်စားမှု၊ စွန့် လွှတ်မှု လုပ်ငန်းစဉ်တခုကို အကြောင်းပြချက်များနဲ့ ဆက်လက်ရေးသားလိုက်ပါတယ် (စာရေးသူတဦးတည်း ရဲ့ အမြင်သာဖြစ်ပါတယ်)။

လက်တွေ့မဆန်ဆိုလည်း မတတ်နိုင်။ ဒီလိုလုပ်၊ ဟိုလိုလုပ်ဆိုပြီး ဆရာကြီးဝင်လုပ်ခြင်းလည်းမဟုတ်။ နိုင်ငံ ရေးကို စိတ်ဝင်စားတဲ့ ပြည်သူတဦးအနေနဲ့ မိမိအမြင်ကို တင်ပြလိုရင်းသာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး ဦးဆောင်တဲ့ တပ်မတော်သားအုပ်စုကို တင်ပြလိုသည်မှာ …

ဖွဲ့စည်းပုံပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ရွေးချယ်ခန့်ထားနိုင်တဲ့ တပ်မတော်သားကိုယ်စား လှယ်များကို ပယ်ဖျက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာမဟုတ် တဲ့အတွက်။

နိုင်ငံအတွက် အသက်ကိုပင် စွန့်လွှတ်နိုင်တဲ့ တပ်မတော်သားတွေအတွက် ဒီလိုစွန့်လွှတ်မှုဟာ အသေးအဖွဲ လောက်ပဲဖြစ်မှာပါ။ ဒီလိုစွန့်လွှတ်မှုဟာ တပ်မတော်သမိုင်းကို ထွန်းပြောင်စေမှာအမှန် (ပြည်သူက ရွေးမထား ဘဲ လွှတ်တော်တက်ရမှာ ကျနော်ဆိုရင် ရှက်တယ်)။

ပယ်ဖျက်လိုက်တဲ့ စစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေအစား ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD နဲ့ တိုင်း ရင်းသားပါတီတွေရဲ့ ရွေးချယ်ခံကိုယ်စားလှယ်တွေနဲ့ အစားထိုးသင့်ပါတယ်။

ဆိုခဲ့တဲ့ အကြံပြုချက်တွေဟာ တပ်မတော်ရဲ့ စွန့်လွှတ်စွန့်စားမှုနဲ့ တရားမျှတမှုကို ကမ္ဘာတည်သရွေ့ ပြည်သူ တွေက မေ့မှာမဟုတ်။ ၂၀၁၀ ပွဲနဲ့ ၁၉၉၀ ပွဲတို့ ပေါင်းစုမင်္ဂလာပွဲ ဖြစ်သွားမှာပါ။

တပ်မတော်မှ ဒီလိုဖြေရှင်းပေးပါက ရလာမယ့် ကောင်းကျိုးတွေကတော့ …

(၁) ကိုယ်စားလှယ်အဟောင်းတွေနဲ့ အသစ်တွေပေါင်းပြီး တိုင်းပြည်အကျိုးကို အတူတူ ဆောင်ရွက်နိုင်ကြ မယ်။
(၂) အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပင်လုံညီလာခံဆိုတာတွေလည်း မလိုတော့တဲ့ အနေအထား ဖြစ်သွား မယ်။
(၃) အမြင်မတူတာတွေကို လွှတ်တော်အတွင်း အားလုံးဝင်ရောက်ဆွေးနွေးနိုင်မယ့် အခွင့်အရေးတွေ ရလာ မယ်။

တပ်မတော်အပေါ်မှာသာ မူတည်တဲ့အချက် ဖြစ်နေပါတယ်။ သမိုင်းအရေးမှန်ပါစေလို့ ဆုတောင်းပါတယ်။ ဆို ခဲ့တဲ့အတိုင်း လုပ်ပါဆိုလိုခြင်းမဟုတ်။ သဘောထားကွဲလွဲခွင့် လူတိုင်းမှာရှိတယ် (တပ်မတော်ရဲ့ထွက်ပေါက် ကို ဘယ်သူဖောက်ပေးမှာလဲ)။ နောက်ဆုံးတင်ပြချင်တာက စစ်ဘုရင်ကြီး နပိုလီယံ ပြောခဲ့ဖူးတဲ့ စကားတ ခွန်းပါ။

“လက်နက်နဲ့ စိတ်ဓာတ်မှာ နောက်ဆုံး စိတ်ဓာတ်ကသာ အနိုင်ရကြောင်း”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်များကို အကြံပြုလိုသည်မှာ …

ကာလကြာနေတဲ့ နိုင်ငံရေးဇာက်မျောကြီးကို ဘယ်လိုဆက်ကကြမလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြည်သူကို ချပြပေးပါ။ (မဖြစ်နိုင်မှန်းသိပေမယ့်) တကယ်လို့ တိုင်းပြည်တခုကို တကယ်လွတ်လပ်စေချင်တဲ့ စိတ်ပေါ်လာ ပြီး (တပ်မတော်မှ) စွန့်လွှတ်စွန့်စား နေရာဖယ်ပေးပါက ဘယ်လိုဆက်ဆောင်ရွက်ကြမလဲ။

အန်တီစုမှ ဒုတိယပင်လုံညီလာခံ၊ နောက် လူမှုရေးကွန်ရက်ဖြစ်အောင် လုပ်မယ်ဆိုပြီး ပြောထားပါတယ်။ ကျ နော်တို့ မျှော်လင့်ရမှာလား။ လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲတွေ လုပ်နေတာတော့တွေ့ရပါတယ်။ ဘယ် လိုဆက်စပ်ရမလဲမသိ။ လူထုခေါင်းဆောင် ပြတ်သားမှ အောင်ပွဲရနိုင်ပါတယ်။ ရောဂါဇစ်မြစ်ကို မကုဘဲ ရော ဂါလက္ခဏာလောက်ပဲ ကုသနေတဲ့ ဆေးဆရာလို ဖြစ်နေတယ်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းက စိတ်မရှည်ချင်စရာ ကောင်းလှပါတယ်။ ဗမာပြည်မှာ တကယ့်လွတ်လပ် ရေးနဲ့ ဒီမိုကရေစီထွန်းကားရေးဟာ ဆိုခဲ့တဲ့ အဖွဲ့တွေလောက်ပဲ ဦးဆောင် ဆောင်ရွက်နိုင်တယ်လို့ စာရေးသူ မယုံကြည်။

ဗမာပြည် နယ်ချဲ့လက်အောက်က လွတ်မြောက်ရေးတိုက်ပွဲတွေမှာ ဘယ်သူတွေ ပါဝင်ခဲ့သလဲ၊ ဘယ်သူတွေ က စတင်ခဲ့သလဲဆိုတာ သမိုင်းကို အမှန်သိထားသူတွေ ပြောပြတတ်ပါတယ်။ (အခုချိန်ထိသာ) ကျောင်း သားခေါင်းဆောင် ကိုအောင်ဆန်းဘ၀မှ လွတ်လပ်ရေးဗိသုကာကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိ နေသေးရင်တော့ ယခုစစ်ခေါင်းဆောင်တွေရဲ့ လွတ်လပ်ရေး ညစာစားပွဲကြီးတွေကို ဘယ်လိုပြောလိမ့်မလဲ ဆိုတာ စိတ်ကူးနဲ့ ကြားယောင်နေမိသလို။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တပ်မတော်သားအုပ်စုမှ အသိအမှတ်ပြုမှု တစုံတရာ မပြု။ ဒီမိုအုပ်စုတွေက လည်း မညီညွတ် မပြတ်သား။ နောက်ဆုံး လူထုရဲ့မျှော်လင့်ချက်တွေ ပျက်စီးပြီး … အင်း ... ဗိုလ်ချုပ်မိန့်ခွန်း တခုထဲကလို ‘… သည်တိုင်းပြည်’ ဖြစ်သွားမှာကို ပြည်သူလူထုက လုံးဝလိုလားမှာမဟုတ်။

တင်ပြခဲ့တဲ့ အချက်အလက်တွေကို စိတ်ကူးယဉ်ဆန်လိုက်တာဆိုတဲ့ လူတွေရှိမယ်။ နအဖကို စော်ကားတယ်။ အန်တီစုကို ဆရာလုပ်တယ်။ … ဆိုချင်ရာဆိုကြ။ လွတ်လပ်ရေးနေ့မှာ မွေးဖွားခဲ့သူ ဒေါက်တာလွဏ်းဆွေရဲ့ “စင်းခံမလား၊ တွန်းလှန်မလား” ဆိုတဲ့ စာသားများကို မြင်ယောင်မိရင်း တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးရှိတဲ့ တ ကယ့်လွတ်လပ်ရေးကို မျှော်လင့်မိရင်း လွတ်လပ်ရေးနေ့မှာ လွတ်လွတ်လပ်လပ် တွေးကာ လွတ်လွတ်လပ် လပ် ရေးသားခြင်းအပေါ် လွတ်လွတ်လပ်လပ် ဝေဖန်ကြပါရန်။    ။

(တကယ့်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူအားလုံးသို့ ...)

နိုင်ငံရေးလေ့လာသူတဦး
၎-၁-၂၀၁၁

3 comments:

Unknown said...

နိုင်ငံရေးလေ့လာသူတဦး တော့.. "လွတ်လပ်ရေးနေ့လို့ အမည်ပေးခဲ့တာ မှားနေသလို"
ဆိုပြီး လုပ်နေပြန်ပါပြီ။

မူလတန်းကျောင်းကကလေးတွေ နဲ့ သူတို့ ရဲ့  သမိုင်းဖတ်စာသင် ဆရာ၊ဆရာမ၊ဂိုက် တွေ အကြား ပွဲဆူအောင် လုပ်နေတာများလား။

လူမင်း said...

တစ်ကယ်တော့ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာ တွေ ဟာ အဓိပါယ်ရှိတယ်။ စစ်အစိုးရ ရဲ့ ဥပဒေ ဟာကွက်တွေကို သိနေတယ်။ ပညာရှိ အင်အားစုနည်း ဖြစ်တယ်။ ဈေးရောင်းပွဲတွေက ငွေတွေကို နိုင်ငံရေး အကျဉ်းသားတွေ အတွက် ပြုလုပ်စီစဉ်ပေးခြင်းဟာ အမျှော်အမြင် ဘယ်လောက် ကြီး သလဲဆိုတာ ကို ပြနေတာဘဲ။ ငြိမ်းချမ်း သောနည်းနဲ့ ဘယ်လိုလုပ် ရသလဲ ဆိုတာ လက်တွေ့ ပြတာဘဲ။ ဒီနည်းတွေကို ဒီမိုဘက်တော်သားတွေ ရသွားပြီဆိုရင် နောက် တစ်ဆင့်တက်လိမ့်မယ်။ နိုင်ငံရေးဇာတ်ရှိန် က တဖြေးဖြေးတက်လာရင် အားလုံးတွေ့ကြရမှာပါ။ နိုဘယ်ငြိမ်းချမ်းရေး ဆုပိုင်ရှင်တစ်ယောက် ဖြစ်ထိုက် ပါပေတယ်၊ သူ့ရဲ့အတွေးဟာ လေးနက်တယ်၊ သူ့ခရီး ဘယ်လောက် ဝေးသလဲ ဆိုတာ သူသိတယ်။ အဝေးကြီး ကိုလှမ်းမြင်တယ်။ သူလုပ်နေတာတွေ ကို နားမလည်တာက သူလိုစိတ် အရင်းခံ မရှိသေးလို့ပါ။

လူမင်း said...

အန်တီစုမှ ဒုတိယပင်လုံညီလာခံ၊ နောက် လူမှုရေးကွန်ရက်ဖြစ်အောင် လုပ်မယ်ဆိုပြီး ပြောထားပါတယ်။ ကျ နော်တို့ မျှော်လင့်ရမှာလား။ လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲတွေ လုပ်နေတာတော့တွေ့ရပါတယ်။ ဘယ် လိုဆက်စပ်ရမလဲမသိ။.........
.
.
စစ်မှန်တဲ့ ငြိမ်းချမ်းသော တော်လှန်ရေး တစ်ခု လုပ်တယ်ဆိုတာ အစိုးရတစ်ခု ပြောင်းသွားယုံမျှနဲ့ မလုံလောက်ပါဘူး။ ပြည်သူတစ်ရပ်လုံးကိုပါ တွဲခေါ်သွားမှသာ အရည်အချင်း ပြည့်ဝသော တော်လှန်ရေး ဖြစ်နိုင်ပါသည်။ ထိုတော်လှန်ရေးကို မိမိစချင်တဲ့ နေရာက စလို့ မရပါဘူး။ ရောက်နေတဲ့
နေရာက စရပါတယ်။ မိမိတို့ ဘယ်နေရာကို ရောက်နေသလဲ ဆိုတာ သိနိုင်ရပါမယ်။ ဒီလိုသိဖို့ ပြည်သူတွေကြားမှာ ၀င်ပြီး လေ့လာရပါတယ်။
တော်လှန်ရေး အတွက် ပြည်သူတွေမှာ ဘာတွေရှိပြီးပြီ
လဲ ဘာတွေလိုအပ်နေသလဲ ဆိုတာသိရမှာပါ။ ရှိပြီးသား
နေရာနဲ့ လိုအပ်တဲ့နေရာ နှစ်ခုကြားက စရမှာပါ။
အန်တီစု စနေတာ အဲဒီနေရာက စနေတာလို့ မြင်ပါ
တယ်။ အဲဒီနေရာက စရမယ်ဆိုတာ ကျနော်လဲ သူမစခင်က မမြင်ပါဘူး။ ဘယ်သူမှလဲ မြင်တယ် မထင်ပါဘူး၊ မြင်တဲ့သူရှိရင် စပြီးတာကြာလောက်ပြီ။ ဘယ်လို စသလဲ ဆိုတာကလဲ ပထ၀ီ အနေ
အထား၊ လူမျိုး အနေအထား၊ နိုင်ငံရေး အနေအထား တွေပေါ်မူတည်ပြီး လုပ်ဆောင်သွားရတာမျိုး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းလာခဲ့တဲ့ ဘ၀၊ သူ့ရဲ့
လုပ်ဆောင်ခဲ့ရတဲ့ ရာထူး၊ သူလေ့လာခဲ့ရတဲ့ အချိန် တွေကို ဒို့လိုလူတွေ လိုက်မမှီနိုင်တာဟာ တကယ်တော့
မဆန်းပါဘူး။