Thursday, October 7, 2010
Cartoon Han Lay - Dirty Deal
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:10 PM
2
comments
Labels: ဗွီဒီယိုမှတ်တမ်း
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၁၀-၂၀၁၀)
- ရခိုင်၊ ချင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း မုန်တိုင်းဝင်နိုင် click
- နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကုလအတွင်းရေးမှူးချုပ် ထပ်မံပြောဆို click
- မြန်မာလွှတ်တော်အမတ် (၁၂) ဦး ပြန်လွှတ်ပေးဖို့ ကမ္ဘာ့ ပါလီမန်သမဂ္ဂ တောင်းဆို click
- နိုင်ငံတကာလွှတ်တော်များသမဂ္ဂက ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်ပေးရန် တောင်းဆို click
- ကုလညီလာခံ ကျင်းပနေစဉ် မြန်မာ့အရေး ကမ္ဘာက ပိုသိအောင် ကြိုးပမ်း click
- မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ ဆွီဒင်အစိုးရကို ဟောပြောစည်းရုံး click
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တပ်ပေါင်းစု ဖြစ်ပေါ်ရေး မသေချာ click
- ရှမ်းပြည်မြောက်ပိုင်း၌ အစိုးရတပ်များ ထပ်မံတိုးချဲ့ click
- သံတွဲထောင် အကျဉ်းသားနေရာများကို ထောင်အာဏာပိုင်များက ရောင်းစား click
- ဒီဗွီဘီသတင်းဌာန နိုဗယ်ဆု ဆန်ခါတင်စာရင်းထဲမှာ ပါ click
- စိုက်ပျိုးပြီးယာမြေ အဓမ္မသိမ်းယူမှု အိုင်အယ်လ်အိုကို တိုင်ကြား click
- ဟူးကောင်းတောင်ကြား ဒေသခံတို့ လယ်မြေ အသိမ်းခံရ click
- ယုဇနကုမ္ပဏီပိုင်ရှင်ကို တရားစွဲသည့်အပေါ် ပြည်နယ်တရားရုံးက ရုံးချိန်းရွှေ့ဆိုင်း click
- ထိုင်းငါးဖမ်းပိုက်စက်ရုံမှာ မြန်မာအလုပ်သမားများ ထပ်မံဆန္ဒပြ click
- မြန်မာလုပ်သားများကို ပြန်ပို့မည်ဟု စက်ရုံ ခြိမ်းခြောက် click
- မြန်မာယာယီပတ်စပို့ပြုလုပ်သူ ကားတစီးတိမ်းမှောက်ခဲ့ရာတွင် သေဆုံးသူမရှိ click
- တိုင်းပြည်မှာ ပြဿနာမကြီးအောင် အစိုးရက နည်းလမ်းရှာပါ (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း (၆၇) (ဆောင်းပါး) click
- “ကျမတို့ မျိုးဆက် ရောက်လာပြီ” (မဝေနှင်းပွင့်သုန်နှင့် အင်တာဗျူး) click
- RFA က ဧရာဝတီ စကားဝိုင်း (အောက်တိုဘာ ၆၊ ၂၀၁၀) click
- ဧရာဝတီ e-ဂျာနယ် အတွဲ (၂) အမှတ် (၁၉) ကို ဖတ်ရှုနိုင်ပါပြီ click
- အဆုံးသတ်တိုက်ပွဲ နွှဲကြဖို့ click
- ရွေးကောက်ပွဲကို တရားမျှတမှုရှိရန် ဆောင်ရွက်နေဟု ဘန်ကီမွန်း ပြော click
- ဒီမိုကရေစီ မဟာမိတ် (၆) ပါတီ ပထမခြေလှမ်း လှမ်း click
- ချင်းအမျိုးသားပါတီက စာမူတချို့ အပယ်ခံရ click
- ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မမှန်မကန် မဲဆွယ်မှု ဒီမိုကရက်တစ်ပါတီ တိုင်ကြား click
- စစ်သားတွေ ကြံ့ခိုင်ရေး မဲပေးရန် ညွှန်ကြား click
- ရွေးကောက်ပွဲ တလအလို ပါတီတွေ အနေအထား click
- ချင်းပြည်နယ် အပယ်ဖျက်ခံ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင် click
- ၂၀၁၀ ကောက်ရွေးပွဲကို ထောက်ခံသည့် မင်းသားလွင်မိုးသို့ အိတ်ဖွင့်ပေးစာ click
- ရွေးဂေါက်ပွဲအတွက် ငွေလိုနေသူများနဲ့ ငွေပိုနေသူများအကြောင်း (သရော်စာ) click
- အမှောင်ထဲမှာ အားလုံး မည်းမည်းချည်းပဲ (သရော်စာ) click
- ရွေးကောက်ပွဲနဲ့ သတင်းသမားတာဝန် (ဆောင်းပါး) click
- ရွှေသံလွင်မီဒီယာ ရုပ်သံလိုင်းသစ် ထုတ်လွှင့်မည် click
- GSM နှင့် WCDMA ဖုန်းများ အင်တာနက် သုံးနိုင်တော့မည် click
- ဇာတ်ပွဲတချို့ ရွေးကောက်ပွဲမတိုင်ခင် မပြုလုပ်ရန် တားမြစ် click
- မိုးကြီးပြီး ရုတ်တရက် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားနိုင် click
- မိုးရွာ ရေကြီး၊ ဘူးသီးတောင်-မောင်တောကားလမ်း ကျိုးပျက် click
- မိဘမဲ့ကလေး ဂေဟာသစ် စစ်တွေတွင် ဖွင့်လှစ် click
- မုန်တိုင်းမိ၍ ကျောက်ဖြူတွင် လှေနစ်၊ လူသေဆုံး click
- ဟိုတယ်ဆောက်ရန် ထူးကုမ္ပ္ပဏီက မြောက်ဦးတွင် မြေသိမ်း click
- ဘန်ကောက် မဟာချိုင်အနီး ကားတစီးမှောက်၊ (၁၀) ဦးခန့် ဒဏ်ရာပြင်းထန် click
- စစ်သား စီးလာသည့် ဆိုင်ကယ်က အရပ်သားကို တိုက်၊ ဦးနှောက်ထိခိုက် click
- မင်းမော်ကွန်းနဲ့ ရဲလေးတို့ သီဆိုခြင်းမပြုတဲ့အတွက် အငြင်းပွားဖွယ် ၀ါရှင်တန်ဒီစီဖျော်ဖြေပွဲ ဖျက်သိမ်း click
- စစ်အစိုးရ၀ါဒဖြန့်တို့၏ စတိတ်ရှိုး ၀ါရှင်တန်ဒီစီ မက်ထရိုတွင် ပွဲဖျက်သိမ်း click
- နယူးဇီလန်မှ မြန်မာဆင်မလေး အထီးကျန်ဘ၀မှ လွတ်တော့မည် click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ click
- ခေတ်ပေါ်ဝေဒနာ (ဆောင်းပါး) click
- ရွှေချစ်ပေမယ့် နေရစ်ခဲ့မြနန္ဒာ (ဆောင်းပါး) click
- ဘုန်းတော်ကြီး တူးတူး အနားယူပြီ click
- စာပေနိုဘယ်လ်ဆု ပီရူးနိုင်ငံသားရ click
- ငွေကြေးစစ်အန္တရာယ် စိုးရိမ်ရဟု IMF ပြော click
- ဟေတီငလျင် အမျိုးသမီးတွေ ဒုက္ခတွေ့ click
- ကမ္ဘောဒီးယားနဲ့ ထိုင်း နယ်စပ်ကိစ္စ ဆွေးနွေးမည် click
- ဓနသဟာယ အားကစားပြိုင်ပွဲ ကမောက်ကမများ click
- ပြဿနာကြားက ဓနသဟာယ အားကစားပွဲတော် (ဆောင်းပါး) click
- ရခိုင်သို့ မုန်တိုင်းဝင်ဖွယ်ရှိ click
- ကုလသမဂ္ဂမှာ ဦးဉာဏ်ဝင်း မှားယွင်းပြောဆို click
- တပ်တွင်းလစာ တိုးမြှင့်ပေးမည့် သတင်းထွက်ပေါ် click
- နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ တပ်မှ ထွက်ပြေး click
- တလကျော်အတွင်း အပစ်ရပ် ကရင်အဖွဲ့ (၂) ဖွဲ့မှ အင်အား (၅၉) ဦး KNU နှင့် ပူးပေါင်းခဲ့ click
- ဟူးကောင်းချိုင့်ဝှမ်း ယုဇနကုမ္ပဏီ အလုပ်သမားများအား စစ်အစိုးရမှ လက်နက်ထုတ်ပေး click
- လမ်းပြကြယ် ဦးအေးမြင့်က ဗိုလ်ချုပ်သန်းရွှေထံ အိတ်ဖွင့်ပေးစာ ပေးပို့ click
- အလုပ်သမား (၅၀၀) ကျော်၏ လစာကို စက်ရုံတာဝန်ခံက ယူထား click
- အလုပ်ရှင်က အလုပ်သမားများလခကို တောမောင်းရုံးတွင် ထုတ်ခိုင်းပြီး သေနတ်ပစ်ခတ် ခြိမ်းခြောက်မှုများ ပြုလုပ်နေ click
- လပွတ္တာမြို့နယ်အတွင်း စက်လှေမှောက် အသေအပျောက်များ click
- လပွတ္တာစက်လှေ မှောက် (၁၉) ဦး သေ၊ (၃) ဦး ပျောက် click
- ယာယီပတ်စပို့လုပ်ပြီး ပြန်လာသူများ ကားမှောက် ဒဏ်ရာရ click
- တံတားပြင်နေသဖြင့် လားရှိုး - မိုင်းရှူးလမ်းတွင် ညအိပ်ရ click
- ဖမ်းမိကားများကို ငွေယူ ပြန်လွတ် click
- ထွေ/အုပ်ဦးစီးဌာန ၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာမှ ဖယ်ခိုင်း click
- ပုစွန်လုံးနဲ့ ဗျိုင်း (ကမောက်ကမ) click
- လခစား ဘုရင်စနစ် တင်ပြသူ (ဆောင်းပါး) click
- စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေး - ဗမာလူမျိုးစု ဘာတွေလုပ်သင့် (သတင်းသုံးသပ်ချက်) click
- ၈၈ အရေးအခင်းကာလ လူထုဘက်ကူးပြောင်းခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော် (၂) (အင်တာဗျူး) click
- ၈၈ အရေးအခင်းကာလ လူထုဘက်ကူးပြောင်းခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော် (၁) (အင်တာဗျူး) click
- တိုင်းရင်းသားများအရေး မိတ်ဖက် (၆) ပါတီ ပူးတွဲလုပ်ဆောင်မည် click
- ရွေးကောက်ပွဲ - အတိုက်အခံများရဲ့ သဘောထား (ရုပ်သံ) click
- ရွေးကောက်ပွဲ- ရွှေ့ပြောင်းများ မဲပေးခွင့်မရနိုင် (ရုပ်သံ) click
- ၂၀၁၀ ရွေးကောက်ပွဲ နွှဲလိုက်ကြစို့ ဝုန်းဒိုင်းကြဲ click
- စီးပွားရေးသတင်း - မြ၀တီတံတား ပိတ်ထားဆဲ click
- ဦးအောင်သင်း နိုင်ငံကူးလက်မှတ် မရသေး click
- ကျောက်ပန်းတောင်းက ကူးစက်ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ပြီ click
- ဟန်ဂေရီ အဆိပ်သင့်ရွှံ့ရေ ဒနုဘ်မြစ်ထဲ စီးဝင် click
- တာလီဘန်နဲ့ သင့်မြတ်ရေး အာဖဂန် ငြိမ်းချမ်းရေးကောင်စီ ဆွေးနွေးပွဲ စတင် click
- ကစားသမားဘ၀ကို မန်စီးတီးတွင် အဆုံးသတ်ဖွယ်ရှိကြောင်း ဗီအဲရာ ပြောဆို click
- ဟိုဆေးမော်ရင်ဟို (သို့မဟုတ်) စပါယ်ရှယ်ဝမ်းအကြောင်း တစေ့တစောင်း - အပိုင်း (၅) (ဆောင်းပါး) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:36 PM
0
comments
Labels: သတင်း
Wednesday, October 6, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၁၀-၂၀၁၀)
- ကုလ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး EU အတွင်း ဆွေးနွေး click
- မြန်မာကိစ္စ ပင်ညဲရိုးနဲ့ ယိုကိုတာ ထောက်ခံမှု ကင်တားနား ကြိုဆို click
- မြန်မာနိုင်ငံ၌ တွေ့ဆုံဆွေးနွေးရန်အတွက် အရှေ့တီမောသမ္မတ တိုက်တွန်း click
- စက်လှေမှောက်လို့ ကျောင်းသားတွေ သေဆုံး click
- လပွတ္တာ စက်လှေမှောက်၊ လူ ဒါဇင်နဲ့ချီ သေဆုံး click
- လပွတ္တာစက်လှေ တိမ်းမှောက်မှု (၁၅) ဦးထက်မနည်း သေပျောက် click
- လပွတ္တာ၌ လှေနစ်၊ လူ (၃၀) ဦး သေဆုံး click
- စက်လှေနစ်၍ ဆရာနှင့် ကျောင်းသား အနည်းဆုံး (၃၆) ဦး ရေနစ်သေဆုံး click
- လူပေါင်း (၃၀) ကျော် သေသည့် စက်လှေနစ်မြုပ်မှု ရာသီဥတုကြောင့် မဟုတ်ဟုဆို click
- မြ၀တီမြို့မှာ ဗုံးတလုံး ပေါက်ကွဲပြန် click
- ထိခိုက်မှုမရှိသည့် မြ၀တီဗုံးပေါက်ကွဲမှု လုပ်ကြံမှုသာဖြစ်နိုင် click
- ကလေးတွေ အိမ်ပြန်ဖို့ သီတဂူဆရာတော်ကြီး စီစဉ် click
- NLD တရားစွဲမှု တရားရုံးချုပ် လက်ခံ click
- အန်အယ်လ်ဒီပါတီ ရပ်တည်ခွင့်လျှောက်ထားချက် ဗဟိုတရားရုံးချုပ်က လက်ခံ click
- ပါတီရပ်တည်ခွင့် ဒေါ်အောင်ဆန်းစုကြည် လျှောက်ထားမှု တရားရုံးချုပ် လက်ခံ click
- အဖွဲ့ချုပ် ဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ်မှာ NLD ပါတီ ရှင်းပြ click
- ဝေနှင်းပွင့်သုန်၏ မြန်မာပြည်အတွက်စကား ယူကျုမှာ မြန်မာစာတန်းထိုးနဲ့ ကြည့်နိုင်ပြီ click
- ရန်ကုန်တိုင်း၌ စုပေါင်းရုံးများကို နေရာရွှေ့ပြောင်း click
- ရဲဘော်စိတ် (ဆောင်းပါး) click
- ခေတ်ဆိုးကြီးထဲက ရှားရှားပါးပါး ခံစားရတဲ့ ပီတိလေး (ဆောင်းပါး) click
- တရုတ်အ၀င် မြန်မာဘာဖြစ်သလဲ (ဆွေးနွေးဖလှယ်) click
- ရွေးကောက်ပွဲ ကျင်းပဖို့ တလသာ လို click
- စိုးရိမ်မှုကြောင့် ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှုနည်းဟု ပါတီတွေက ပြော click
- ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အဖွဲ့ချုပ်က ရှမ်းပြည်၌ ရှင်းလင်းပြောကြား click
- ရခိုင်လူငယ်များ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှား click
- ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဆန့်ကျင် သပိတ်မှောက်ရေးလှုပ်ရှားမှု အရှိန်မြင့်လာ click
- ကချင်ပြည်နယ် တိုင်းမှူးမှ ခရစ်ယာန်ဆရာများအား ရွေးကောက်ပွဲအတွက် စည်းရုံး click
- ကချင်လက်နက်ကိုင်တပ် (၃) ဖွဲ့မှ ခေါင်းဆောင်များ ရွေးကောက်ပွဲဝင်မည် click
- ချင်းပြည်နယ် အပယ်ဖျက်ခံ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း (၂) ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရ click
- ကြံ့ဖွံ့ပါတီနှင့် အခြားပါတီများ စည်းရုံးခွင့် ညီမျှမှုမရှိ click
- ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်မှု ကော်မရှင်ကို တိုင်ကြား click
- ဘယ်နည်းနဲ့မှ ဒီမိုကရေစီအစိုးရ မဖြစ်နိုင်ပါဘူး (ဆောင်းပါး) click
- ရွေးကောက်ပွဲထဲမှာ သူတို့ကို ထားရစ်ခဲ့ (ဆောင်းပါး) click
- အောက်တိုဘာလဆန်း ရန်ကုန်နိုင်ငံရေးပုံရိပ်များ click
- နယူးဇီလန်နိုင်ငံ အော့က်လန်တက္ကသိုလ်က ဘားမားဘီဂျေ ရုပ်ရှင်ပြပွဲ (ဓာတ်ပုံသတင်း) click
- ဦးနှောက်အမြှေးရောင်နှင့် သွေးလွန်တုပ်ကွေးကြောင့် လေးဦး သေဆုံး click
- မုန်တိုင်းငယ် တိုက်ခိုက်နိုင် click
- ရန်ကုန် စီးပွားရေးဆိုင်ရာ သတင်းများ click
- သံဝေဂတရား ထပ်မံရရှိခြင်း (ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှရဲ့ ဈာပန) - ကျော်သူ (ဓာတ်ပုံ) click
- ကိုယ်တိုင်ပါဝင်ဆင်နွှဲ အဇူဇာ ပဌာန်းပွဲ (ဆောင်းပါး) click
- ဘန်ကောက် တိုက်ခန်း ဗုံးပေါက်ကွဲမှု သေဆုံးသူဦးရေ တိုး click
- တရုတ်နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အမေရိကန်အမတ်တွေ တောင်းဆို click
- ငွေကြေးကိစ္စ ဥရောပနဲ့ တရုတ် သဘောကွဲ click
- အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေး click
- မက်ဆီ ဂျပန်ကို ရောက်ရှိလာမှုအတွက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် အပိုဆုကြေး အသားတင်ရမည် click
- မြန်မာစစ်ရာဇဝတ်မှုများကို စုံစမ်းရန် ပီညဲရိုးနှင့် ယိုကိုတာ တောင်းဆို click- စစ်တပ်ရာထူးအပြောင်းအလဲများ ထပ်မံပြုလုပ် click
- နိုင်ငံတစ်ဝှန်း စစ်တပ်ရာထူး အပြောင်းအလဲတွင် ရမခ ဒု-တိုင်းမှူး ပါဝင် click
- လပွတ္တာအနီး စက်လှေမှောက်၊ လူ (၃၀) ကျော် သေဆုံး click
- လပွတ္တာမြို့နယ်အတွင်းမှာ လှေမှောက်၊ လူ (၃၀) ထက်မနည်း သေဆုံး click
- မောင်တောကူတို့လှေနစ်၍ မွတ်ဆလင် (၁၉) ဦး သေဆုံးမူ နစကမှ သတင်းအမှောင်ချထား click
- သိန်းရာကျော် ဆုံးရှုံးသည့် နယ်စပ်ဖြတ်ကျော် ဓားပြတိုက်မှု ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွား click
- မြ၀တီတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား click
- မြဝတီမြို့၌ မိုင်းဗုံးတလုံး ပေါက် click
- ထိခိုက်မှုမရှိသည့် မြ၀တီဗုံးပေါက်ကွဲမှု လုပ်ကြံမှုသာဖြစ်နိုင် click
- SSA တပ်မဟာ (၁) ကို တိုက်ခိုက်ဖို့ စစ်ရေးပြင်ဆင်နေ click
- တိုယိုတာကုမ္ပဏီ မြန်မာပြည် ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်း click
- ရဲစခန်းမှူး၏ ပစ်ခတ်မှုကြောင့် ရွာသားတဦး အပြင်းအထန် ဒဏ်ရာရ click
- အရင်းနှီးဆုံး မြန်မာ့မိတ်ဆွေတဦး လူထုရှေ့မှ အနားယူ click
- အခြေခံဥပဒေ ပြင်ဆင်ရန် လမ်းပြကြယ်အဖွဲ့ စာတင် click
- ကုလသမဂ္ဂမှာ ဦးဉာဏ်ဝင်း မှားယွင်းပြောဆို click
- NLD တရားစွဲမှု တရားရုံးချုပ် လက်ခံ click
- အန်အယ်လ်ဒီ ရပ်တည်ခွင့် လျှောက်ထားချက် တရားရုံးက မှတ်ပုံတင်ခွင့်ပြု click
- ဒု-ဥက္ကဌ ဦးတင်ဦး ကျန်းမာစွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေ click
- စစ်တပ်က ယုဇနကို လက်နက်ဆင် click
- ယုဇနကုမ္ပဏီ ၀န်ထမ်းများကို စစ်သင်တန်းပေးနေ click
- ငြိမ်းချမ်းရေးနိုဘဲလ်ဆု ဆန်ခါတင်အဆင့်တွင် DVB ပါဝင် click
- ရွေးကောက်ပွဲ ဆန့်ကျင်စာများ တောင်ကုတ်မှာ ကပ် click
- ရွေးကောက်ပွဲကို စီးပွားရေးသမားများလည်း စိုးရိမ် click
- ဦးဝင်းတင် - အားမပေးထိုက်တဲ့ ရွေးကောက်ပွဲ (ဘာသာပြန်ဆောင်းပါး) click
- MAU ၏ ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေဟု နိုင်ငွေသိန်းမှ ပြော click
- သျှမ်းအရှေ့လူထု ကျားဖြူပါတီ မဲဆွယ်စည်းရုံးရေး ထိရောက်ဟုဆို click
- ကျားဖြူ စည်းရုံးရေးကြောင့် ပင်လုံဒေသခံအချို့ စစ်ဆေးခံရ click
- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ လူထုထောက်ခံမူများ ရရှိနေ click
- ပါတီရုံးနေရာ မငှားရန် ကြံ့ဖွံ့က ခြိမ်းခြောက် click
- အခမဲ့ ဆေးပေးခန်း ဖွင့်ပေးမည်ဟု စစ်တွေကြံ့ဖွံ့ စည်းရုံး click
- ကြံ့ဖွံ့ပါတီဝင်အိမ်ဟု ပိုစတာများ ကြံ့ဖွံ့ လိုက်ကပ်နေ click
- ဤအရာသည် ကြံ့ဖွံ့ပိုင်ဖြစ်သောကြောင့် … (ထွေရာလေးပါး) click
- ရွေးကောက်ပွဲ၊ ပါတီနိုင်ငံရေးနှင့် မူဆယ် INGO အဖွဲ့တခုမှ တာဝန်ခံတဦး၏ စကား (ပေးစာ) click
- မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများအတွက် RPLC မှ ကူညီဆောင်ရွက်မည် click
- မြန်မာပတ်စ်ပို့ ကိုင်ဆောင်ရတဲ့ ဒုက္ခ (ရုပ်သံ) click
- ရှားပါးငှက် ထိန်းသိမ်းရေးကျွန်း ပြုလုပ်မည် click
- စီးပွားရေး - ဆားဈေး အဆမတန်ကျ၊ ဆန်ဈေး click
- အကျင့်ပျက် ဝန်ထမ်းများအား အရေးယူပေးနိုင်ပါရန် တိုင်ကြားခြင်း (ပေးစာ) click
- ကျနော်တို့ဘ၀ အမှတ်တရဟာသများ (၂) (သရော်စာ) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:03 PM
0
comments
Labels: သတင်း
Tuesday, October 5, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၁၀-၂၀၁၀)
- ချင်းပြည်နယ်ရှိ မြို့နယ်အချို့ နိုဝင်ဘာမှာ ရိက္ခာလုံးဝပြတ်ဖွယ် click
- သီရိလင်္ကာရောက် မိဘမဲ့ကလေးများ မြန်မာပြည်ပြန်ရေး သီတဂူဆရာတော် ကူညီ click
- ဆရာအခွင့်အရေးချိုးဖောက်မှုအတွက် တွံတေးမှာ တကိုယ်တော် ဆန္ဒပြ click
- ဗြိတိသျှ ကွန်ဆာဗေးတစ်ညီလာခံ၌ ဝေနှင်းပွင့်သုန်က မြန်မာ့အရေး တင်ပြ click
- လက်နက်တပ် ယုဇန၀န်ထမ်းတွေကို ပြည်သူတွေ လန့်နေ click
- ရဲအရာရှိက ရွာသားကို သေနတ်ဖြင့် ပစ်သတ် click
- နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ASEM ထိပ်သီးများ တောင်းဆို click
- အကျဉ်းသားတွေ လွှတ်ဖို့ အာရှ၊ ဥရောပခေါင်းဆောင်တွေ တောင်းဆို click
- အဖွဲ့ချုပ်က နအဖကို ထပ်မံတရားစွဲ click
- ပါတီဖျက်သိမ်းမှုကိစ္စဖြင့် စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲ click
- မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုယိုတာ စီးပွားဘက် ရုပ်သိမ်း click
- အမှတ်တရ မဆလ (သို့မဟုတ်) စက်တင်ဘာမိုးရေ (ဆောင်းပါး) click
- မင်္ဂလာနှင့် နိုင်ငံရေး (၇) (ဆောင်းပါး) click
- ရွှေဝါရောင်အလွန်မှာ - အပိုင်း(၅) (ဆောင်းပါး) click
- ရွေးကောက်ပွဲလွန်ကာလ နေရာချရန် ထွေအုပ်ဝန်ထမ်းများကို အိမ်ရာမှ မောင်းထုတ် click
- ရိုက်နှက်မှုကို ရွေးကောက်ပွဲပြီးမှ တရားရုံး ဆောင်ရွက်မည် click
- ကျားဖြူပါတီ စည်းရုံးရေးဆင်း click
- ပါတီတချို့ ရုံးခန်းဖွင့်ရေး အခက်ကြုံ click
- ပါတီရုံးဖွင့်ရေး၌ ပြည်ခိုင်ဖြိုးပါတီက နှောင့်ယှက်ဟု ဦးအေးလွင် ပြော click
- ဒီမိုကရက်တစ်ပါတီဝင်များနှင့် တော်ဝင်ပလာဇာ လုံခြုံရေးဝန်ထမ်း ရုန်းရင်းဆန်ခတ်ဖြစ် click
- ကြံ့ခိုင်ရေးပါတီကို ရခိုင်ပြည်သူတွေ မကျေနပ် click
- အနုပညာရှင်များကို အသုံးချပြီး ကြံ့ခိုင်ရေးပါတီ စည်းရုံး click
- (၅) သိန်းတန်ဖုန်း ရောင်းချမှု နေပြည်တော် ရပ်ဆိုင်း click
- ဦးနှောက်အမြှေးပါးရောင်ကြောင့် လူ (၂) ဦး သေဆုံး click
- အရေးတကြီး ထိမ်းသိမ်းဖို့လိုတဲ့ မြန်မာ့သဘာ၀၀န်းကျင် click
- စီးပွားရေး - ကုန်တင်ကား တန်ပိုကြေး လျှော့၊ ဓာတ်ဆီဆိုင် တိုးစေလို click
- ဟန်ဂေရီ အဆိပ်ရည် ယိုဖိတ်၊ (၄) ဦးသေ click
- အကြမ်းဖက်မှု နှိမ်နင်းရေး လူ (၁၂) ဦးကို ပြင်သစ် ဖမ်းဆီး click
- အကြမ်းဖက်တိုက်ခိုက်မှု ကြိုတင်ကာကွယ် click
- ရုရှား လက်နက်မှောင်ခို ထိုင်းဘက်က အမေရိကန်ကို လွှဲဖို့ နီးစပ် click
- အင်ဒိုသမ္မတ နယ်သာလန်ခရီးစဉ် ရွှေ့ဆိုင်းရ click
- တရုတ် ငွေကြေးတန်ဖိုး မြှင့်ဖို့ ဥရောပ တောင်းဆို click
- အယ်လ်ဆာဗေဒို ဘောလုံးသမားတဦး သေနတ်ဒဏ်ရာကြောင့် သေဆုံး click
- မြန်မာနိုင်ငံ ဒီမိုကရေစီ မထွန်းကားနိုင်ဟု ချူလာလောင်ကွန်းတွင် ဆွေးနွေး click
- SSA-S တပ်မဟာ (၁) အခြေချ လှုပ်ရှားတပ်ဖွဲ့များအား မိုင်းရယ်-သီပေါ ကားလမ်းမြောက်ဘက်မှ တပ်ရုပ် ပြန်ခိုင်း click
- ပေါ်တာအဖမ်းဆီးခံ ရွာသား (၅) ဦး ယခုအထိ ပြန်မလွတ်သေး click
- ပါတီဖျက်သိမ်းမှု စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲ click
- ဒေါ်အောင်ဆန်းစုကြည်က ပါတီရပ်တည်ခွင့်အတွက် လျှောက်ထား click
- မျှော်လင့်ခြင်းအတွက်အသံ - ဒေါ်အောင်ဆန်းစုကြည် စာအုပ်ကို စကားပြောဖြင့် ထုတ်ဝေနေ click
- ဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု အောင်မြင်၊ မကြာမီ မြန်မာပြည်သို့ ပြန်လာမည် click
- အလုပ်သမားများအဖွဲ့ချုပ်က မြန်မာ့အရေး ထောက်ခံ click
- မြန်မာ့အရေး စိုးရိမ်မှု ASEM ခေါင်းဆောင်များ ဆွေးနွေး click
- တွေ့ဆုံဆွေးနွေးရန် ကမ္ဘာ့ဆရာများနေ့၌ ဆန္ဒဖော်ထုတ် click
- ယုဇနကုမ္ပဏီ အလုပ်သမားများအား လက်နက်ထုတ်ပေး click
- “တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်” (အင်တာဗျူး) click
- ဒီမိုကရေစီကို တိုက်ပွဲမပါဘဲ ရယူနိုင်တယ်ဆိုတဲ့ အယူအဆ (ဆောင်းပါး) click
- ရွေးကောက်ပွဲ ဆန့်ကျင်စာများ ထပ်ဖြန့် click
- မဲမပေးပိုင်ခွင့်ရှိကြောင်း ပုသိမ်၌ အသိပညာပေးစာများ ကပ် click
- ရွေးကောက်ပွဲအတွက် ကျောင်းများပိတ်မယ် အပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ သတင်းများ click
- မဲဆန္ဒရှင်များ စာရင်းတွင် မဲပေးခွင့်ရှိသူ အားလုံးမပါ click
- မဲပေးခွင့်ရှိသူစာရင်းတွင် မွန်လူမျိုးကို ဖျောက်ထား click
- မန္တလေး မဲဆွယ်မှုတွင် အန်ဒီအက်ဖ်ပါတီ ဦးဆောင် click
- ဒီမိုကရေစီမိတ်ဆွေပါတီများ ရွေးကောက်ပွဲအတွက် ပူးပေါင်းမည် click
- ရှမ်းပြည်မြောက်ပိုင်းတွင် ကြံ့ဖွံ့နှင့် ကျားဖြူ ပြိုင်ဆိုင်မှု ပြင်းထန် click
- ပါတီဝင် အရေအတွက်အတိုင်း မဲရရှိစေရန် ကြံ့ဖွံ့က စည်းရုံးလှုပ်ရှားနေ click
- ကြံ့ဖွံ့ကို ယုံမိ၍ စုံလုံးကန်း click
- ကြံ့ဖွံ့ကို လှောင်သောကြောင့် ဂျာနယ် (၂) ပတ် အပိတ်ခံရ click
- ကြံ့ဖွံ့အရေခြုံ စည်ပင် (ပေးစာ) click
- ကြံ့ဖွံ့အနိုင်ရရေး မဲဆွယ်နည်း သိကောင်းစရာ (ဆောင်းပါး) click
- ရွေးကောက်ပွဲနဲ့ ဖုန်းဇာတ်လမ်း (ပေးစာ) click
- အတွင်းအနှစ်သာရ ပြောင်းလဲမသွား (ဆောင်းပါး) click
- မိတ်ဆွေကြီး ကိုဘကွန်း (ဆောင်းပါး) click
- မြန်မာဒုက္ခသည်စခန်း (၂) ခုတွင် တုပ်ကွေးရောဂါ ဖြစ်သူများ click
- ကျောက်ပန်းတောင်းမှာ သွေးလွန်တုပ်ကွေးသဏ္ဍာန် ရောဂါဖြစ်ပွားနေ click
- ကျောက်ပန်းတောင်းတွင် ကူးစက်ရောဂါကြောင့် သေဆုံးမှုများရှိပြီး ကျောင်းများ ပိတ်ထားရ click
- ကျောက်ပန်းတောင်း ကူးစက်ရောဂါကြောင့် လူသေဆုံးပြီး ဘော်ဒါဆောင်ကျောင်းများ ပိတ် click
- မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်း၌ ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက် click
- ရန်ကုန် မြို့နယ်အချို့တွင် စားသောက်ဆိုင်များ ညဥ့်နက်မဖွင့်ရန် တားမြစ် click
- သရုပ်ဆောင် ဒေါ်တင်တင်လှ ကွယ်လွန် click
- မြန်မာပတ်စ်ပို့ ကိုင်ဆောင်ရတဲ့ဒုက္ခ (ရုပ်သံ) click
- စိန်သီး ပြောပြတဲ့ သီးလေးသီးအကြောင်း (အင်တာဗျူး) click
- ပွိုင့်ကမ်းခြေကို ၀ိုင်းဝန်းထိန်းသိမ်းကြပါ (ဆောင်းပါး) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:06 PM
0
comments
Labels: သတင်း
Monday, October 4, 2010
ရောင်နီဦးဆီသို့ ... (ဗွီဒီယိုဇာတ်လမ်းတို)
ဤဗွီဒီယိုဇာတ်လမ်းတိုလေးသည် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် Social Action for Women (အမျိုးသမီး များအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့) သို့ ရောက်ရှိလာသည့် အိပ်ခ်ျအိုင်ဗွီဝေဒနာသည် အမျိုးသမီးများ၊ အ ကြမ်းဖက်ခံရသည့် အမျိုးသမီးများ၊ ရောင်းစားခံရသည့် အမျိုးသမီးများကိုယ်တိုင် WISE ဗွီဒီယိုရိုက်ကူးနည်း သင်တန်းသို့ တက်ရောက်ပြီး သူတို့နှင့် ဘ၀တူ မြန်မာအမျိုးသမီးများ၏ ဘ၀ကို ထင်ဟပ်ပေါ်လွင်စေရန် (သူ တို့ကိုယ်တိုင်) ရိုက်ကူးထုတ်လုပ်ထားသည့် ‘ရောင်နီဦးဆီသို့ …’ အမည်ရ ဗွီဒီယိုဇာတ်လမ်းတိုလေးဖြစ်ပါ သည်။ ကြည့်ရှုအားပေးသည့်အတွက် ကျေးဇူးအထူးတင်ပါသည်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:54 PM
4
comments
Labels: ဗွီဒီယိုမှတ်တမ်း
မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၁၀-၂၀၁၀)
- အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရန် ဗြိတိသျှ ဒု-၀န်ကြီးချုပ် တောင်းဆို click
- မတရားတဲ့ စစ်အစိုးရကို တသံတည်း ဆန့်ကျင် click
- ASEM ထိပ်သီး မြန်မာ့အရေး ဆွေးနွေးမည် click
- မြန်မာ့အရေး ASEM ညီလာခံမှာ ဆွေးနွေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း click
- မြန်မာ့အရေး ASEM အတွက် အရေးကြီးကြောင်း ဗြိတိသျှ ဒု-ဝန်ကြီးချုပ် ပြောကြား click
- အဖွဲ့ချုပ်က အစိုးရကို တရားစွဲမည် click
- NLD ပါတီ ပယ်ဖျက်ခံရတာအပေါ် တရားစွဲမည် click
- အဖွဲ့ချုပ်ခေါင်းဆောင်များ ဧရာဝတီတိုင်းခရီးစဉ် ဆက် click
- ဝေနှင်းပွင့်သုန်က မြန်မာပြည်အတွက် ကျမတို့ ဆက်လုပ်ကြမယ်ဟု ပြောဆိုတိုက်တွန်း click
- ယုဇနကုမ္ပဏီဝန်ထမ်းများကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင် click
- ၀ အဖွဲ့ပိုင် လိုင်စင်မဲ့ကားများကို တာချီလိတ်၌ သိမ်း click
- ပဲခူးလူငယ်နှစ်ဦး ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်သူများကို စစ်ဆေးစီရင်မည် click
- စစ်တပ်က ပစ်သတ်၍ သေဆုံးရသူ လူငယ်များအတွက် ဆွမ်းသွတ်ခွင့်မရ click
- ကလေးစစ်သားပြန်ရရေး ILO ကို မိသားစု တိုင်ကြား click
- သီရိလင်္ကာရောက် စာသင်သား မြန်မာသံဃာတော်များကို စစ်သံရုံးက ငွေတောင်းပြီး စစ်ဆေးမှုများလုပ် (ပေးစာ) click
- နောင်ရိုးတင်ဝင်း (၃) (ဆောင်းပါး) click
- ရိုးမအနောက်ခြမ်းက အာဇာနည် (ကဗျာ) click
- ပြည်သူ့ဆန္ဒမှန် ဖော်ထုတ်ရေးနှင့် ရွေးကောက်ပွဲ တရားမျှတရေး SNLD လုပ်ဆောင် click
- ဧရာဝတီ၊ မကွေး၊ ပဲခူး၊ ရန်ကုန်တိုင်းများတွင် အတင်းအကျပ် မဲပေးခိုင်း click
- မဲပေးစနစ် မြန်မာပြည်သူတွေ နားလည်မှု နည်းပါး click
- မဲဆွယ်စည်းရုံးဟောပြောမည့် ကြံ့ဖွတ်ပါတီခေါင်းဆောင်များ ဘုန်းကြီးကျောင်းမှ မောင်းထုတ်ခံရ click
- ဇေကမ္ဘာ ဦးခင်ရွှေ ရွေးကောက်ပွဲ စည်းရုံးမှု ဝေဖန်ခံရ click
- မဲဆွယ်ဖို့ မျက်စိကုပေးတာ လူ (၅၀) မျက်စိကွယ် click
- ကော်မရှင်အထက်မှာ စစ်တပ်ရှိသလား click
- ရွေးကောက်ပွဲ တရားမျှတရေး မြန်မာစစ်အစိုးရကို တောင်းဆိုမည် click
- ရွေးကောက်ပွဲ မျှတမှု ရှိမရှိ စောင့်ကြည့်သင့်ဆိုသူ ဒေါက်တာ ထွန်းဇံအောင် (အင်တာဗျူး) click
- ၂၀၁၀ ရွေးကောက်ပွဲနှင့် ကုလသမဂ္ဂသဘောထား (ရုပ်သံ) click
- ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်များရဲ့ သဘောထား (ရုပ်သံ) click
- တသီးပုဂ္ဂလများနဲ့ ရွေးကောက်ပွဲ (ရုပ်သံ) click
- ကချင်ပြည်နယ်ဝန်ကြီးအတွက် အိမ်ဆောက်နေပြီ click
- ဒုက္ခသည်များကို ထိုင်းက ပြန်ပို့မည့် ပြောဆိုချက်ကို ကန့်ကွက်တုံ့ပြန်ကြ click
- မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်း၌ တုပ်ကွေးကူးစက်၍ အ၀င်အထွက် ပိတ် click
- သံဝေဂတရား ထပ်မံရရှိခြင်း (ဆောင်းပါး) click
- ဥရောပ အကြမ်းဖက်တိုက်ခိုက်မှု အလားအလာ သတိပေးချက် ထုတ်ပြန် click
- ပါကစ္စတန် တိုက်ခိုက်မှုများအတွက် တာလီဘန် တာဝန်ယူ လုပ်ဆောင်ကြောင်း ထုတ်ပြန် click
- နိုင်ဂျီးရီးယားက ဖမ်းဆီးမှု click
- ဖန်ပြွန်သန္ဓေသား တည်ထွင်သူ နိုဘယ်လ်ဆုရ click
- အာဖရိက ဖွံ့ဖြိုးလာပေမယ့် လူ့အခွင့်အရေးကျ click
- အင်ဒိုနီးရှား စီးပွားရေး အလားအလာနဲ့ စိမ်ခေါ်မှုများ click
- အင်ဒိုနီးရှားနဲ့ ဗီယက်နမ် မိုးသည်း ရေကြီး click
- ဓနသဟာရ အားကစားပွဲ နယူးဒေလီတွင် ဖွင့်လှစ် (ရုပ်သံ) click
- အမှတ်ပေးဇယားကို ချယ်ဆီး ဆက်လက်ဦးဆောင်၊ လီဗာပူး တန်းဆင်းဇုန်သို့ ရောက်ရှိ click
- မြန်မာဒုက္ခသည်များကို ပြန်ပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော click
- ဌာနေပြန်ပို့မည်ဟု ပြောဆိုမှုကြောင့် ဒုက္ခသည်များ စိုးရိမ်ထိတ်လန့် click
- တောင်တရုတ်ပင်လယ် မုန်တိုင်းငယ် မြန်မာပြည်ကို သက်ရောက်နိုင် click
- NLD ပါတီ ရပ်တည်ရေးအတွက် နအဖကို တရားဆက်စွဲမည် click
- အဖွဲ့ချုပ် လူငယ်များက နိုင်ငံရေးခေါင်းဆောင်များအား သွားရောက်ဂါရ၀ပြုခြင်း (ဓာတ်ပုံသတင်း) click
- သံဃာတော်များအား အကျဉ်းချခြင်းနဲ့ ပတ်သက်တဲ့ သာသနာ့ဥသျှောင်အဖွဲ့ခွဲများရဲ့ တုန့်ပြန်ချက် click
- တရားရုံးမှ ချမှတ်သော ပြစ်ဒဏ် ဒေသခံများ မကျေနပ် click
- အရပ်သားကို ရိုက်နှက်ညှင်းပန်းသည့် ရဲများကို စစ်ဆေးနေပြီ click
- ပဲခူးလူသတ်မှု တရားခံများ ရုံးတင်စစ်ဆေးမှု မရှိသေး click
- ဗျူဟာမှူး ရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကို ပေါ်တာဆွဲ click
- ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တလ ငါးသောင်း ပေးငှားရ click
- အာဏာပိုင်အသိုင်းအ၀ိုင်းပိုင် လိုင်စင်မဲ့ကားများ အဖမ်းမခံရ click
- ရွေးကောက်ပွဲကို မသိသူနှင့် ကြောက်ရွံ့သူ အများအပြားရှိ click
- ရွေးကောက်ပွဲကြောင့် ကချင်အဖွဲ့ အကွဲအပြဲဖြစ် click
- နိုင်ငံရေးပါတီ (၆) ခု ပူးပေါင်း click
- နိုင်ငံတော်ဘဏ္ဍာသုံး၍ ကြံ့ဖွံ့ မဲဆွယ် click
- နိုင်ငံကျော် အနုပညာရှင်များကို ဗန်းပြ၍ ကြံ့ဖွံ့မဲဆွယ် click
- လာဘ်ထိုးခြိမ်းခြောက်တဲ့ မဲဆွယ်အစဉ်အလာ မလုပ်ကောင်းဘူးဆိုတဲ့ ဒေါက်တာသန်းငြိမ်းနှင့် ဗျူး click
- ခေတ်မီသော နိုင်ငံတော်၏ အဓိပ္ပာယ် (အယ်ဒီတာ့အာဘော်) click
- မလေးရှားရှိ မြန်မာအကူအညီပေးရေးအဖွဲ့များ ဒုက္ခသည်မှတ်ပုံတင်ခွင့် ရောင်းစား click
- တားမြစ် မြန်မာစားသုံးကုန်များ တံဆိပ်ခွာပို့ click
- မြန်မာကလေးငယ်များ ပါဝင်သည့် ညစ်ညမ်းခွေ ဘန်ကောက်တွင် ရောင်း click
- သာကေတ သဇင်ဆေးခန်း၌ အေအိုင်ဒီအက်စ် လူနာသစ်များ လက်ခံမည် click
- နယူးယောက်က မြန်မာပန်းချီဆရာတွေရဲ့ ပန်းချီပြပွဲ (၃-၁၀-၂၀၁၀) (ဓာတ်ပုံသတင်း) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:02 PM
0
comments
Labels: သတင်း
Sunday, October 3, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၁၀-၂၀၁၀)
- ထိုင်းရောက် မြန်မာဒုက္ခသည်တွေ ဒေသပြန်ပို့မည် click
- ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများ တွေ့ခွင့်မရ click
- ပါတီရပ်တည်ခွင့်အတွက် စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲမည် click
- အဖွဲ့ချုပ် တည်ထောင်ခြင်း (၂၂) နှစ်မြောက် အခမ်းအနားများသို့ ဦးဝင်းတင်ရဲ့မိန့်ခွန်း (ရုပ်သံ) click
- မြန်မာ့နိုင်ငံရေးနဲ့ မျိုးဆက်သစ် (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ (ဆောင်းပါး) click
- မြန်မာ့အရေး ASEM အစည်းအဝေးပွဲမှာ ဆွေးနွေးဖွယ်ရှိ click
- နအဖ ဗိုလ်ချုပ်မှူးကြီး လာအိုနိုင်ငံ သုံးရက်ကြာခရီးစဉ် ပြီးဆုံး click
- မြန်မာ-လာအို နယ်ခြားလုံခြုံရေး ဆွေးနွေး click
- ကချင် ဟူးကောင်းချိုင့်ဝှမ်းမှာ စစ်အစိုးရတပ်က ပြည်သူ့စစ်သင်တန်း ပေးနေ click
- လူထု စိတ်မဝင်စားတဲ့ စစ်အစိုးရ ရွေးကောက်ပွဲ (ဒီမိုကရေစီရေးရာ) click
- ဆန်ဖရန်ဘေးဧရိယာ (၁၁) ကြိမ်မြောက် စာပေဟောပြောပွဲ အောင်မြင်စွာ ကျင်းပ click
- ကာတွန်းဦးဘဂျမ်း သို့မဟုတ် ပြည်သူဘက်က ရပ်တည်သူ (အသံလွှင့်ဆောင်းပါး) click
- ဘရာဇီး သမ္မတ ရွေးကောက်ပွဲ click
- ပြည်ပရောက် တိဘက်ရွေးကောက်ပွဲ မဲဆန္ဒရှင်တွေ မဲပေးကြပြီ click
- အကြမ်းဖက် တိုက်ခိုက်မယ့် သတိပေးအဆင့် ဗြိတိန် တိုးမြှင့် click
- ဥရောပရောက် အမေရိကန်တွေ နိုးနိုးကြားကြား ရှိကြဖို့ သတိပေး click
- ဂျာမဏီနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ အနှစ် (၂၀) ပြည့် အထိမ်းအမှတ် ဆင်နွှဲ click
- ဓနသဟာယ အားကစားပွဲ အိန္ဒိယမှာ စတင်ကျင်းပ click
- ကုလစုံစမ်းရေးကော်မရှင် ဖွဲ့ရန် အိုင်ယာလန် ထောက်ခံ၊ ဘီအေအိုင်အဖွဲ့ ကြိုဆို click- အဖွဲ့ချုပ်လူငယ်များက ချင်းခေါင်းဆောင်တွေကို သွားရောက်ဂါရ၀ပြု click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာအိုသို့ ရောက်ရှိ click
- ပဲခူးက စစ်သား (၇) ဦးနှင့် ရဲ (၄) ဦးကို စစ်ဆေး click
- မြင်းခြံမှာ ငွေကြေးမတတ်နိုင်သူများ ထောင်ချခံနေရ click
- ကမ္ဘာ့အကြမ်းမဖက်နေ့မှာ ရန်ကုန်က အကြမ်းမဖက်အဖွဲ့က ဗိုလ်ချုပ်မှူးကြီးထံ စာပို့ click
- ရှမ်းပြည်နယ်မှာ ဆိုင်ကယ်မှောက်မှုကို ရဲက မတရား အမှုစွဲတင် click
- မစ်ရှီဂန်မှ ပေးသောစာ - အမှတ် (၂၄) (အသံလွှင့်ဆောင်းပါး) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:43 PM
0
comments
Labels: သတင်း
ကမ္ဘာမြေ ရွေ့နေပါသည်
မျိုးမြင့်ချို
“ကျနော် ညတုန်းက ဖျားလို့ဗျာ၊ အဲဒါ ဆေးမှူးက ထမင်းမစားနဲ့ဦး၊ ကော်ဖီလေး နို့လေးသောက်ဆိုလို့ အကိုတို့ ဝိုင်းမှာများ နို့မှုန့်လေး သကြားလေး ရှိဦးမလားလို့ ...”
ကျနော် စာခိုးဖတ်နေရင်း အသံကြားလို့ မော့ကြည့်လိုက်တော့ ကိုညီညီ။
“အင်း ... ရှိတယ် ကိုညီ ... ခဏလေး”
“ဆောရီးနော်၊ ကျနော်က အကို ဒီတိုင်း ထိုင်နေတာမှတ်လို့”
“ရပါတယ် ကိစ္စမရှိပါဘူး” ဟု ပြန်ဖြေရင်း အစားအသောက်ထည့်သည့် အိတ်များကို လှန်လှောပြီး ဟိုနှိုက် သည်နှိုက် လုပ်ရတော့သည်။ ကြွပ်ကြွပ်အိတ်တွေဆိုတော့ အသံက တကြွပ်ကြွပ်။ အနားတွင်ထိုင်ပြီး ပုတီးစိပ် နေသည့် ကိုအောင်ခိုင်က ကိုညီညီ လာပြောသည်ကိုရော ကျနော် လှုပ်လှုပ်လှုပ်လှုပ် လုပ်သည်ကိုရော အစ အဆုံး ကြားပုံရသည်။ စိတ်လက်စ ပုတီးကုံးကို လက်မလက်ညှိုးနှင့် ညှပ်လိုက်ပြီး ထလာ၏။
“ကိုညီရေ ... ရော့ နှို့မှုန့်တဝက်လောက်ရှိသေးတယ်၊ ဒါက သကြား၊ မုန့်ကြွပ်တွေလည်း ရှိသေးတယ်၊ ယူသာ သွားတော့”
“ဟာ ... အများကြီးပဲ၊ ကျနော် အဲလောက်မလိုပါဘူး၊ နည်းနည်းပဲ ခွဲယူသွားမယ်”
“ရတယ် ကိစ္စမရှိဘူး၊ ယူသာသွား၊ ဒီလ ထောင်ဝင်စာနီးပြီ၊ လိုရမယ်ရ ဆောင်ထားတာပဲဟာ”
ကျနော် ထုတ်ပေးလိုက်သည့် နို့မှုန့်၊ သကြားနှင့် မုန့်ထုတ်ကိုကြည့်ရင်း ကိုအောင်ခိုင်က “မှန်းစမ်း၊ ခင်ဗျားနို့မှုန့် …” ဟုဆိုကာ အထုတ်အောက်ခြေပိုင်းကို ကပ်ပြီး သေသေချာချာ ကြည့်လိုက်သည်။ ပြီးတော့မှ “အင်း သက် တမ်းတော့ မကုန်သေးဘူး၊ ဒါပေမယ့် ခင်ဗျားအထုပ်က ဖောက်ထားပြီးသားကြီး၊ ကောင်းတော့ကောင်းဦးမယ် ထင်တာပဲ၊ မသေချာဘူး၊ ကျနော့်မှာ အသစ်ရှိတယ် ကိုညီ၊ လတ်လည်းလတ်တယ် အမျိုးအစားလည်း ပို ကောင်းတယ်။ ကာနေရှင်းနှို့မှုန့်ပဲ၊ ရော့ ... ဒါသာ ယူသွား၊ အဲဒါ ပြန်ပေးလိုက်”
ကျနော် ကိုအောင်ခိုင့်အပြောကြောင့် စိတ်ထဲနည်းနည်းခုတုတုဖြစ်သွားသည်ကို ကိုညီရော သူပါ ရိပ်မိပုံရ သည်။ ကိုညီက အားတုံ့အားနာဖြင့် ...
“ရပါတယ် ကိုအောင်ခိုင် နေပါ့စေ၊ ကျေးဇူးပဲ ကျနော် ဒါပဲ ယူသွားမယ်”
“မဟုတ်တာ ကိုညီရယ် ကျနော်က စေတနာနဲ့ ပြောတာပါ၊ အဲဒီနို့မှုန့်က တရုတ်လုပ်ကြီးဗျာ၊ ဒါ့အပြင် ဖောက် လည်း ဖောက်ထားပြီးသားကြီး၊ သာမန်အချိန်မှာ သောက်ရင်တောင် အာဟာရမပြည့်ပါဘူး၊ အခုဟာက ဖျား လည်းဖျားနေတာ၊ အားရှိဖို့လိုတယ်လေ၊ မတော် ဝမ်းတွေဘာတွေ ပျက်ရင် ဖျားနေရတဲ့ကြားထဲ ပိုဆိုးမယ်၊ ရော့ပါ ယူသာသွားပါ၊ အားမနာနဲ့” ပြောလည်းပြော ပေးလည်းပေးလိုက်သည်။
ကိုညီလည်း ယူသာသွားရသည် ကျနော့်ကို အားနာနေသယောင်။ ကာနေးရှင်း ဘယ်လောက်ကောင်းမှန်း ကျ နော် အသေအချာ မပြောနိုင်သော်လည်း တရုပ်ထုတ် လိပ်ပြာနို့မှုန့်ကား ကျနော်တို့ငယ်ငယ်က သောက်ခဲ့ သည့် လူရည်ချွန်နို့မှုန့်လောက် မကောင်းကြောင်း သိပါသည်။ ယခု လူရည်ချွန်လည်းမရှိတော့။ ဈေးသက်သာ ပြီး အများသုံး လိပ်ပြာများ မြန်မာပြည် နေရာအတော်များများတွင် ပျံဝဲနေကြလေပြီ။
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဘုရားဖူးမှ ပြန်လာသည့် အမေ့နားတွင် အဆွေအမျိုးများ၊ မိတ်ဆွေများ၊ ရပ်ဆွေ ရပ်မျိုးများ ဝိုင်းဝိုင်းလည်။ တချို့က အမေ့ကို နိုင်ငံခြားဆိုတာ ဘာနဲ့တူသလဲဟု မေးကြသည်။ တချို့က ရာသီ ဥတုအကြောင်း၊ တချို့က အစားအသောက်အကြောင်း၊ တချို့က လေယာဉ်စီးတဲ့အကြောင်း၊ တချို့က မက္ကာ မဒီနာအကြောင်း စုံနေသည်။ ဘေးကနားထောင်နေသည့် ကျနော်ကသာ မောနေသော်လည်း အမေကတော့ မမောတမ်း ပြန်ဖြေ၏။ နည်းနည်းလေး အချိန်လင့်လာတော့မှ အမေက ဆော်ဒီမှ သူဝယ်လာသည့် လက် ဆောင်ပစ္စည်းထုပ်ကို ထုတ်ခိုင်းပြီး ဖြည်၏။ တော်တော်လေး စုံသည်။ ဒါတွေအားလုံးကို သူ ဆော်ဒီအာရေဗျ က ဝယ်လာမှန်း ကျနော် သိသည်။
ကိုရ်အန်ကျမ်းစာအပါအဝင် အခြားအစ္စလာမ်ကျမ်းစာများ ထွင်းထုရေးသားထားသည့် ဖန်တုံးဖန်ပြားလေးများ၊ မက္ကာမဒီနာနှင့် ဆော်ဒီမှ ဘာသာရေးအရ သမိုင်းဝင်နေရာများကို ရုပ်ကြွပုံ သွင်းထားသည့် ဖန်ထည်များ၊ ပ ရောဖက်မိုဟာမက် ဝတ်ပြုခဲ့ရာ ကျောင်းတော်ပုံစံငယ်၊ အစ္စလာမ်ဘုရားဖူး အမျိုးသမီးဝတ်စုံ၊ ခြုံထည်များ၊ ပုဝါ များ၊ အစ္စလာမ်ဘာသာဝင်တိုင်း အထွဋ်အမြတ် တန်ဖိုးထားကြသည့် အမှတ်တရအောက်မေ့ဖွယ်အရာများ စုံ နေသည်။ ဒါက ဘယ်သူ့အတွက် ဒါက ဘယ်ဝါ့အတွက် ပြောပြီး ခွဲတမ်းချနေသည့် အမေ့ဘေးတွင် ထိုင်ကာ ကျနော်က ထိုပစ္စည်းများကို တခုချင်း တခုချင်း သေသေချာချာ ကြည့်မိ၏။ လက်ရာလေးတွေက ဖန်စီဆန်ပြီး လှနေသည်။ သိပ်အခန့်ကြီးတွေ မဟုတ်ကြ။ ဈေးကလည်း အလွန်သက်သာသည်။ လိုချင်သိမ်းချင်စရာလေး တွေ။
“ဟယ် ... အားလုံး တရုပ်လုပ်တွေချည်းပဲ”
တအံ့တသြ အသံကြားတော့မှ ကျနော်လည်း ကြည့်မိတော့၏။ ဟုတ်နေသည်။ ဘုရားဖူးပြန် အထွဋ်မြတ်အ မှတ်တရ ပစ္စည်းတိုင်းတွင် နဂါးကြီးခံတွင်းမှ မှုတ်ထုတ်လိုက်သည့် မီးလျှံများ ဟပ်နေပြီကော။ ကျနော် ထိုင်း ရောက်တော့ ကွန်ပြူတာနှင့် စတွေ့ရသည်။ ဒီ့အရင်က ကွန်ပြူတာဆိုတာ လက်နှိပ်စက်နှင့် တယ်လီဗေးရှင်း စပ်ထားသည့်အရာလို့သာ ထင်ခဲ့ဖူးသူ။ နောက်တော့ အခန့်သင့်ပြီး ကွန်ပြူတာတလုံး ဝယ်ဖြစ်ရန် ဖန်လာ၏။ နားလည်သည့် သူငယ်ချင်းတဦးက အကြံပေးသည်။
“ဒီမှာတော့ အိပ်ခ်ျပီနဲ့ ဒဲလ် လူသုံးများတယ်။ ခင်ဗျား သုံးမယ့် အနေအထားနဲ့ဆို အိပ်ခ်ျပီဝယ်တာ ပိုကောင်း တယ်..” ဆိုသောကြောင့် ကျနော် သူပြောတာပဲ ဝယ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ကွန်ပြူတာအရောင်းဆိုင် ထဲရောက်တော့ တွေ့သမျှ အကုန်လုံးသာ ဝယ်လိုက်ချင်တော့သည်။ ကိုယ်နှင့် အသုံးတည့်သလား မတည့်သ လားသာမသိ။ နောက်တော့ သူငယ်ချင်းကပဲ ရွေးချယ်ဆုံးဖြတ်ပြီး ဝယ်လိုက်သည်။ အိပ်ခ်ျပီကွန်ပြူတာ။ အိမ် ပြန်ရောက်တော့ သူကပဲ ဆင်ပေးသည်။ ကျနော် ဘေးထိုင်ကြည့်ငေးသူသက်သက်။
“ခင်ဗျား ဆော့ဖ်ဝဲအသစ်တချို့ ဝယ်ရမယ်။ ကျနော့်ရှိတာတော့ တခါတည်း အင်စတောလ် လုပ်ပေးသွားမယ်။ ကျန်တာတော့ ဟိုဆိုင်ကြီးမှာ ဝယ်တာလည်း ဝယ်မယ်။ အပြင်မှာ ဝယ်တာလည်း ဝယ်မယ်”
“အင်းလေ ... ခင်ဗျားပဲ ကြည့်ကျက်လုပ်ပေးပါ။ ကျနော် သိပ်နားလည်တာမဟုတ်တော့”
“ရပါတယ် မနက်ဖြန် လောက်ပေါ့ဗျာ”
“ဒါပေမယ့် တခုတော့ရှိတယ်နော် ကျနော် တရုတ်ပစ္စည်းတွေတော့ မလိုချင်ဘူး”
“ဘာဖြစ်လို့လဲဗျ”
“သူများတွေပြောတာပဲ တရုတ်လုပ် ကွန်ပြူတာပစ္စည်းတွေက ညံ့တယ်တဲ့”
“အင်းလေ ... အမေရိကန်လုပ်၊ ဂျပန်လုပ် အစစ်တွေလောက်တော့ မကောင်းဘူး အမှန်ပဲ၊ ဒါပေမယ့် အခုခင် ဗျားရှိတဲ့ ပိုက်ဆံနဲ့လည်း အဲဒါမျိုးတွေ မဝယ်နိုင်ဘူးဗျ။ အခု ခင်ဗျားကွန်ပြူတာကိုယ်တိုင်က တရုတ်လုပ်လေ ဗျာ။ အလုပ်ဖြစ်ပါတယ်။ ဆော့ဖ်ဝဲတွေဆိုလည်း အပြင်မှာ တရုတ်လုပ်တွေ ဝယ်တာ ဈေးပိုသက်သာတယ်။ သုံးတော့လည်း မထူးဘူး၊ အတူတူပါပဲ”
“အေးဗျာ၊ ကျနော်က မသိပါဘူး သူများတွေပြောလို့”
“ကျနော်လည်း ဖြစ်နိုင်ရင် တခြားဟာတွေ သုံးချင်တာပေါ့ဗျ၊ ဒါပေမယ့် ဒါနဲ့လည်း အလုပ်ဖြစ်နေတာပဲဟာ။ ငွေ ပိုကုန်လည်း ကိုယ်က သုံးမှာ ဒီလောက်ပဲဆိုတော့ ဒါနဲ့ပဲကိုက်တယ်ဗျ”
“အေးလေ ... ဒါဆိုလည်းပြီးတာပဲ၊ ကောင်းသလိုသာ ကြည့်လုပ်ပေးတော့ဗျာ”
သည်လိုနှင့် အနုထည် အကြမ်းထည် နည်းပညာနယ်ပယ်၏ အစိတ်အပိုင်းတချို့ကို ဂရိတ်ဝေါတံတိုင်းကြီး နောက်ခံတွင် မြင်လာနေရသည်။ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးကို တောင်အာဖရိကတွင် လုပ်သွားသည်။ ကျနော်က ဘောလုံးပွဲကို ဒီလောက်ဝါသနာမပါလှ။ နာမည်ကြီးအသင်းတွေ ကန်လျှင်တောင် တခါတလေ ပွဲစ ပွဲဆုံး ကြည့်ဖြစ်ချင်မှကြည့်ဖြစ်သည်။ ဒီနှစ် ကမ္ဘာ့ဖလားကတော့ နည်းနည်းထူးခြားသည် ထင်သည်။ မထင် မှတ်သော အသင်းများက မထင်မှတ်သော အသင်းများကို နိုင်သွားခြင်း၊ ရှုံးသွားခြင်း။ ဘောလုံးလောင်းကစား သူများလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရခြင်း စတာမျိုးတွေကို မဆိုလိုပါ။ ဘောလုံးကန်ကြခြင်းအကြောင်း၊ ဘောလုံးသမားများအကြောင်း၊ ဒိုင်များအကြောင်း၊ ဂိုးအရေအတွက်များအကြောင်း ဆိုသည်မှာ ဘောလုံးပွဲအ ကြောင်းပင်ဖြစ်ပါမည်။
သို့သော် ထိုဘောလုံးပွဲအကြောင်းများအပြင် ဘောလုံးပွဲနှင့် တိုက်ရိုက်ဆိုင်ပြီး လူပြောများသော အခြားအ ကြောင်းအရာ (၃) ခုလည်း ရှိပါသည်။ တခုက ဂျာမနီပြည်က ရေဘဝဲ၊ နောက်တခုက စင်္ကာပူနိုင်ငံက ကြက် တူရွေး၊ နောက်တခုက ဗူဗူဇီလာ။ ထိုရေဘဝဲက ပွဲမစမီ ဘယ်အသင်းနှင့် ဘယ်အသင်းကန်ရင် ဘယ်အသင်း ကနိုင်မည် ရှုံးမည်ကို ကြိုဟော၏။ သူဟောသလို အမှန်များသည်ဟုလည်း ပြောကြသည်။ တချို့နိုင်ငံတွေက ထိုရေဘဝဲကို “မှန်လိုက်တဲ့ ရေဘဝဲလေး” ဆိုပြီး ချစ်ကြသလို တချို့ကတော့ “ဒီရေဘဝဲစုတ်တော့ ပင်လယ် စာသုတ်ဖြစ်တော့မယ်” ဆိုပြီး ကြိမ်း၏။
စင်္ကာပူကြက်တူရွေးကတော့ ရေဘဝဲလောက် လူချစ်လူမုန်းမများသလို လူသိလည်း အတန်ငယ် နည်းသည်။ ပြောတော့ပြောကြ၏။ နောက်တခုက ဗူဗူဇီလာ။ အာဖရိကန်ရိုးရာ လေမှုတ်တူရိယာ။ ပရိသတ်တွေက အား ပေးသည့်အနေဖြင့် ပွဲကြည့်စင်တွေကနေ ဗူဗူဇီလာမှုတ်ကြတာ နားကွဲမတတ်။ ဒိုင်တွေလည်း စိတ်ညစ်၏။ ကွင်းထဲမှာ ဘောလုံးသမားအချင်းချင်းလည်း တယောက်ကိုတယောက် မကြားရတော့။ ဒိုင်ပြောတာလည်း မကြားရ။ နောက်ပိုင်းပွဲတွေမှာ ဗူဗူဇီလာ မှုတ်တာတွေကို တားပေးဖို့ ဘောလုံးအဖွဲ့ချုပ်ကို ဒိုင်တွေ၊ ဘောလုံး သမားတွေ၊ အသင်းနည်းပြတွေက တိုင်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သူတို့ရိုးရာ တူရိယာဖြစ်သည်။ တား ခွင့်မရှိ။ မတားစကောင်းဟု အကြောင်းပြန်သည်။ မကျေမနပ်နှင့် နောက်ဆုံး ပွဲသာပြီးသွားသည်၊ ဗူဗူဇီလာသံ တွေ ကွင်းထဲမှာ ညံတုန်း ...။
ဒီနှစ် ကမ္ဘာ့ဖလားမှာ ဗူဗူဇီလာတွေ သန်းချီရောင်းလိုက်ရ၏။ ထုတ်လုပ်သူ၊ တင်ပို့ရောင်းချသူတွေ တော်တော် လေးပွသွားကြသည်ဆို၏။ ဗူဗူဇီလာကား ရှေးတုန်းက စစ်ချီစစ်တက်ရာမှာ၊ ဘာသာရေးနဲ့ လူမှုရေးဓလေ့ထုံးစံ အခမ်းအနားတွေမှာ အာဖရိကတိုက်သားတွေ သုံးသည့် ရိုးရာတူရိယာ။ သူက အာဖရိကမှာ မွေးပြီး လူလား မြောက်သည့် အာဖရိကားသားစစ်စစ်။ အခု ထိုအာဖရိကသွေးအစစ် ဗူဗူဇီလာသည် ယန်စီမြစ်ထဲကနေ ရေကူး ပြီး သူ့ဇာတိမြေက ဘောလုံးပွဲအထိ ဘယ်လိုရောက်လာသည်မသိ။
ကျနော့်နားလည်ထားချက်အရ တိုင်းပြည်တခု၏ အလံနှင့် နိုင်ငံတော်အမှတ်တံဆိပ်ဆိုသည်မှာ ထိုတိုင်းပြည် ၏ သင်္ကေတ၊ အထွဋ်အမြတ်ပြုရာ။ အလံပေါ် တင်ထားသည့် သင်္ကေတရုပ်တို့ အမျိုးမျိုးဖြစ်နိုင်မည်။ အသေမ ဟုတ်။ ပြင်လို့ရသည်။ ပြင်လည်းပြင်ကြသည်။ လက်ရှိသင်္ကေတကို လက်ရှိလူတွေက ကြိုက်လို့ သုံးနေတာ ဖြစ်ဖြစ်၊ ကြောက်လို့ လက်ခံနေရတာဖြစ်ဖြစ် ကိစ္စမရှိ။ အကြိုက်နှင့် အကြောက်ပြောင်းလျှင် သင်္ကေတရုပ် လည်း ပြောင်းသည်။
တိုင်းပြည်တပြည်က အခြားတိုင်းပြည်တပြည်လုံးကို သိမ်းပိုက်ပြီးပြီးချင်း အရင်ဆုံး လုပ်သည်မှာ အလံကို လဲ လိုက်ခြင်းဖြစ်သည်။ အလံဟောင်းနှင့်အတူ အလံဟောင်း၏ အတိတ်ကို၊ မျိုးချစ်စိတ်ကို ချိုးပြခြင်းဖြစ်၏။ တ ချို့နိုင်ငံများ၏ အလံအပေါ်အလေးအမြတ်ပြုမှုက တချို့နိုင်ငံတွေထက်ပို၏။ ဘယ်လောက်ပိုပို ဘယ်လောက် လျော့လျော့ သူတို့အလံကို မီးရှို့လျှင် ဇောက်ထိုးလွှင့်လျှင် တိုင်းပြည်ကိုထိပါးခြင်းဟု ခံယူကြသည်။ အမေရိ ကန်အလံကို အတွင်းခံဘောင်းဘီ လုပ်ဝတ်လို့ရသော်လည်း မည်သူမျှမီးရှို့ခွင့်မရှိ။
တလောကပဲ အာဆီယံခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ တွေ့ဆုံပြီး စီးပွားရေးကိစ္စများ ဆွေးနွေးသည့် ပွဲတွင် ဖိလစ်ပိုင်အလံကို အမေရိကန်က ဇောက်ထိုးလွှင့်မိသဖြင့် ဖိလစ်ပိုင်ရှိ အမေရိကန်သံအမတ်ကြီးက ဖိ လစ်ပိုင်နိုင်ငံသားတွေကို တောင်းပန်လိုက်ရသည်။ ၉/၁၁ အမြွှာမျှော်စင်ကြီးများနှင့် ပင်တဂွန်ကို အစ္စလာမ်အ စွန်းရောက်အချို့ တိုက်ခိုက်ပြီးနောက်ပိုင်း အမေရိကန်မှာ အလံလွှင့်ထူတာတွေ ပိုများလာသည်ဟု ပြောသံ ကြားဖူးသည်။ တော်တော်လှမ်းလှမ်းမှပင် မြင်နိုင်လောက်အောင် လွှင့်တင်ထားသည့် ဧရာမအလံကြီးများ ကျနော်နေသည့် မြို့ကလေးတွင် အမြောက်အမြားရှိသည်။ တခြားမြို့များတွင်လည်း ထိုအတိုင်း ...။
“အရင်က အဲဒီအလံကြီးတွေမရှိ” ဟု မြို့ခံတွေက ပြောပြသည်။ ၉/၁၁ အပြီးမှာ အမေရိကန်တွေ သူတို့အလံ ကို ပိုပြီး ချစ်လာကြတာများလားဟု ကျနော် တွေးမိသည်။ အလံသည် တိုင်းပြည်၏ သင်္ကေတ။ အလံကို ချစ် ခြင်းသည် တိုင်းပြည်ကို ချစ်ခြင်း။ အလံကို ရေကူးဝတ်စုံ ချုပ်ဝတ်ထားသည့် အမေရိကန်မတဦးကို “ဘာလို့ အဲ သလို ဝတ်လာလဲ” ဟု မေးကြည့်တော့ “ငါတို့အလံကို မြတ်နိုးလို့ပေါ့” ဟု အဖြေပြန်ပေးသည်။ ချစ်ပုံချစ်နည်း များ ကွာသလောဟု တွေးစရာကောင်းသည်။
ကျနော် ပြီးခဲ့သည့်အပတ်က ကိစ္စတခုဖြင့် မြို့ပြင်ဘက်နားရောက်သည်။ အပြန်ကျတော့ လိုက်ပို့ပေးသူက အ လာတုန်းကနဲ့ မြင်ကွင်းမတူအောင် အခြားလမ်းက မောင်းပြီး ပြန်မည်ဆိုသည်။ အလာတုန်းက လမ်းမှာ စက်ရုံ အလုပ်ရုံတွေ မတွေ့ရသလောက် အပြန်လမ်းကြတော့ ပေါလိုက်သည့် စက်ရုံများ။ ကားအသွားအလာက လည်း ထူသည်။ ဟိုနားမီးပွိုင့်မိလိုက် ဒီနားမိလိုက်နှင့်ဆိုတော့ ခရီးသိပ်မတွင်လှ။ ကျနော်ကတော့ ကြိုက် သည်။ ဘေးဘီကို ကြာကြာလေး ကြည့်လို့ရသည်။ ဖတ်လို့မီသမျှ ကြော်ငြာဆိုင်းဘုတ်တွေကို ဖတ်ရင်း မရှင်း တာတွေ သူ့ကို မေးရသည်။
စက်ရုံကြီးတခုနားရောက်တော့ မီးပွိုင့်အကြာကြီးမိသည်။ စက်ရုံကြီးဘေးမှာ စက်ရုံငယ်လေးတွေလည်း မြင်ရ သည်။ သည်မှာ ကျနော် ဆိုင်းဘုတ်တခုဆီ မျက်စိရောက်သွားသည်။ Here !!! American Flags, Made in America, Buy one, Get one Free. သဘောကတော့ “ဟောဒီမှာ အမေရိကန်လုပ် အမေရိကန်အလံတွေ နော်၊ တခုဝယ်ရင် တခုအလကားပေးမယ်” ကျနော် ဖတ်ပြီး သူ့ကို လှည့်မေးမယ် အလုပ်မှာပဲ သူက ရယ်ပြီး “ဘာလဲ မျိုး၊ မင်း အံ့သြသွားလား” တဲ့။ ကျနော်က “အင်း” ဆိုတော့ “ဒို့ဆီမှာ အခုသုံးနေတဲ့ အမေရိကန်အလံ တွေအများစုက တရုတ်ပြည်ကနေ တင်တာလေ။ ဒီမှာလုပ်တာနဲ့ ဟိုကလာတာနဲ့ ဈေးက တော်တော်ကွာ တယ်ကွ။ အရည်အသွေးကတော့ သိပ်မထူးပါဘူး။ ငါတို့လည်း တရုတ်လုပ် အမေရိကန်အလံတွေပဲ အသုံးများ တယ်။ ကုန်တိုက်ကြီးတွေမှာ တင်ထားတဲ့ အရွယ်စုံဆိုက်စုံ အလံတိုင်းလိုလို တရုတ်လုပ်တွေပဲလေ” တဲ့။ ပြော ပြနေသည့် သူ့အမူအရာနှင့် လေသံတွင် ထူးထူးခြားခြားမရှိ။ ပြောရိုးပြောစဉ်ကိစ္စတခုလို။ ကျနော်ကသာ တွေး နေမိသည်။
“မင်းကလည်းကွာ၊ တခြားပစ္စည်းတွေကတော့ ထားပါတော့၊ ကိုယ့်နိုင်ငံအလံပဲဟာ ကိုယ့်တိုင်းပြည်က လုပ် တဲ့ဟာကို ဝယ်သုံးတာ ပိုမကောင်းဘူးလား”
“ဘာဖြစ်လို့လဲကွ၊ အလံပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်လေ၊ ကုန်ပစ္စည်းပဲမဟုတ်လား၊ အရည်အသွေးတူပြီး ဈေးသက် သာရင် သက်သာတာကိုပဲ ဝယ်မှာပေါ့။ နောက်တခုကလည်း ငါတို့မှာ အရင်တုန်းကလောက် ဝင်ငွေအာမခံ ချက်လည်း သိပ်မသေချာဘူးလေကွာ။ တိုင်းပြည်အလုပ်လက်မဲ့ပြဿနာနဲ့ စီးပွားရေးအခြေအနေကလည်း မင်းသိတဲ့အတိုင်းပဲလေ၊ မင်းဆိုရင်ကော” တဲ့။ ကျနော် ဘာမှပြန်မပြောဖြစ်ခဲ့။
စက်မှုလုပ်ငန်းများ တဟုန်ထိုးတက်လာပြီး စက်မှုအရင်းရှင်ကြီးများ ကမ္ဘာပတ် အမြတ်ရှာနေချိန်။ အိမ်တွင်းမှု နှင့် အမျိုးသားပိုင် တနိုင်လုပ်ငန်းလေးများ နေညိုစကာလများ။ စက်ယက္ကန်းများက လက်ယက္ကန်းများကို တွန်း တိုက်ဖယ်ချစ။ လက်လှည့်ဗိုင်းငင်စက်ကလေးတလုံးနှင့် မဟတ္တမဂန္ဓီကြီး။ ပြည်တွင်းဖြစ်ကို အားပေးပါ ကြွေး ကြော်သံနှင့် ပွဲဝင်ခဲ့သည့် ဗမာပြည်ဝံသာနုခေတ် အမျိုးသားရေးလှုပ်ရှားမှု။ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ဘုံဝါဒတည်ဆောက်ခြင်း၊ တံခါးဖွင့်ဝါဒ၊ ဈေးကွက်စီးပွားရေး၊ ဂလိုဘယ်လ်လိုက်ဇေးရှင်း၊ စီးပွားရေးအကျပ်အ တည်းများ၊ ငွေကြေးဈေးကွက်ပြိုလဲခြင်း၊ ငွေတန်ဖိုးအနိမ့်အမြင့်၊ ပါဝါအပျော့အမာ ... စသည့် ကျနော် နားမ လည်သည့် ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် ရှေ့သို့ တရွေ့ရွေ့ ရွေ့နေသည့် ကမ္ဘာမြေကား ကျနော် တို့ကားလေးနှင့်အတူ၊ ကျနော့်အတွေးများနှင့်အတူ လိုက်ရွေ့နေပါပကော ...။ ။
မျိုးမြင့်ချို
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:10 PM
0
comments
Labels: အက်ဆေး/၀တ္ထုတို












