Sunday, December 12, 2010

တိုက်ပွဲဖြစ်ပွားရာ ဖလူးဒေသမှ DKBA တပ်ဖွဲ့ဝင်များထံသို့ လူထုတိုက်ပွဲကော်မ တီမှ ဦးဆောင်ကော်မတီဝင်နှစ်ဦး သွားရောက်အားပေးကူညီ (ဓာတ်ပုံသတင်း)

15 comments:

mg said...

တိုင်းပြည်ကို တည်ငြိမ်မှုမရှိအောင် စစ်မီးပွားအောင် လုပ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကို လူမိုက်အားပေး မလုပ်မိဖို့လိုတယ်...အဲဒီအကြမ်းဖက်အဖွဲ့တွေကို ကူညီမယ့်အစား နိုင်ငံတွင်းမှာရှိတဲ့ ဆင်းရဲချို့တဲ့သော ပြည်သူတွေကို ကူညီတာကမှ ပိုပြီးအကျိုးရှိသလို ဘာသာရေးအရကြည့်ရင် ကုသိုလ်ကောင်းမှုလည်းရပါတယ်...

ထမင်းတစ်လုပ်စားဖို့ ခက်ခဲနေတဲ့ပြည်သူတစ်ယောက်ကို မိမိက ထမင်းတစ်လုပ်ကူညီလိုက်မယ်ဆိုရင် အင်မတန်ဝမ်းမြောက်ဂုဏ်ယူစရာကောင်းတဲ့ လုပ်ရပ်တစ်ခုပါ....

အဲဒီလိုမဟုတ်ပဲ တိုင်းပြည်နဲ့ မျိုးချစ်တပ်မတော်သားတွေကို အကြမ်းဖက်တိုက်ခိုက်မယ့် သူတွေကို မိမိကအားပေးအားမြှောက်နဲ့ ကူညီလိုက်မယ်ဆိုရင် ကုသိုလ်မရတဲ့အပြင် လူသတ်အကြမ်းဖက်တဲ့အလုပ်ကို အားပေးလိုက်တဲ့အတွက် မိမိရဲ့ကူညီမှုဟာ
အကျိုးမရှိ ကုသိုလ်ကောင်းမှုမရပဲ အကုသိုလ်တွေသာ ရရှိလာမှာဖြစ်တဲ့တွက် လူမိုက်အားပေးမလုပ်မိဖို့လိုတယ်...

ဒီအကြမ်းဖက်အဖွဲ့တွေကို ကူညီနေတဲ့သူတွေဟာလည်း ဒီပုတ်ထဲက ဒီပဲတွေဆိုတဲ့အတိုင်း သူတို့နဲ့ပတ်သတ်တဲ့သူတွေပဲဖြစ်တာကြောင့် မိမိတို့နဲ့မဆိုင်သောသူများအနေနဲ့က အကိုသိုလ်အလုပ်ကို အားမပေးမိဖို့ ဝေးဝေးကနေ ရှောင်ဖို့လိုကြောင်း သိရှိထားကြဖို့လိုပါတယ်။

sv said...

အလည်လာရောက်ခဲ့ပါသည်....
အကြမ်းဖက်ခြင်း လက်နက်ကိုင်တိုက်ခိုက်ခြင်းကို အားမပေးပါ...တိုင်းရင်းသားတွေ စုံစုံလင်လင်နဲ. မြန်မာပြည်ကြီးကိုပဲ မြင်ချင်ပါတယ်...ခုကိစ္စအတွက် ကိုယ်လဲ မြင်ရတာ မဟုတ်လို.ဘာမှ မပြောတတ်ပေမယ့် ငြိမ်းချမ်းရေးယူတုန်းကတော့ စစ်အစိုးရ အလိုကျ အပေးအယူမျှခဲ့ပြီး ဒီမိုကရေစီဆိုတာ ကို မျက်ကွယ်ပြုခဲ့တာပဲလေ...ခုမှတော့........?

ko mg သို.
ထမင်းတလုပ်စားဖို.ခက်ခဲနေတဲ့ ပြည်သူတယောက်ကို ကိုယ်လွှင့်ပစ်မဲ့ထမင်းကျွေးရင်တောင် ကျေးဇူးတင်ရမှာပါ..ခုတော့ အဲ့ဒီလူဆီက ပြန်လုစားကြတဲ့ လူတစုကြောင့် ဒို.တိုင်းပြည်ဒီလိုဖြစ်နေတာဆိုရင် ............တွေးတိုင်းရင်နာတယ်...

လက်နက်ကိုင်ပြီး ပြည်သူကို အကာအကွယ်မပေးပဲ သတ်ဖြတ်သူတိုင်း အကြမ်းဖက်သမားသာ ဖြစ်သည်...

လေးစားစွာဖြင့်
simple views

seinnmyanaddy said...

ဟဲလို လူထုတိုက်ပွဲကော်မတီ
ဘာကြောင့်ဒီဓါတ်ပုံတွေကိုတင်ရတာလဲ။ ဒါဟာလျှို့ဝှက်ရမဲ့ကိစ္စတွေကို။ ဒီနေရာ၊ ဒီလူအင်အားတွေ
ပါတဲ့ဓါတ်ပုံတွေကို နအဖ ဘက်ကကြည့်ခဲ့ရင်ကိုယ့်အတွက်အန္တရယ်များတယ်လေ။
လူထုတိုက်ပွဲကော်မတီ စစ်တိုက်နေတာဟာ အလှူလုပ်နေတာမဟုတ်ဘူး။ နာမည်ကြီးအောင်ကြော်ငြာ
နေစရာမလိုဘူးလေ။ အောင်ပွဲရပြီးမှ လုပ်ငန်းပြီးဆုံးမှ
ကြိုက်သလိုကြော်ငြာပေါ့။ စဉ်းစားပါ။ စဉ်းစားပါ။

Unknown said...

အောင်ပွဲကဘယ်တော့ရမှာမိုလို့လဲ

hjk said...

တော အလှူတခုက ဓါတ်ပုံတင်ထားတာ
ရမ်းရွှီးမနေကြနဲ့အုန်း

hjk said...

Mg မင်းကို... နဲ့ထိုးချင်တယ်

yoo said...

အစားသန်သန်၊ တအားမြန်မြန်
အလှူလာရန်၊ လူတကာထံ ။
ငထွေးသာဥာဏ်၊ ကလေးပါမကျန်
မီးခိုးတိတ်၊ ဖိတ်ကြအမှန် ။
ကြက်ဆီပြန်၊ ၀က်သားနီပန်းကန်
မအီအောင်၊ ချဉ်ပေါင်ခံ၊ နိပ်ဟ ။
သွားဖုးံမြုပ်မှ တန် ကုန်းတုပ်ကြရန်
ဝက်သားတုန်းကြီး လက်သီးဆုပ်သဏ္ဍာန်၊ နိတ်ဟ ။
ထမင်းရည်ပေါင်းစီး ပေါင်းပြီးသွန်ရန်
ပြည်ဝင်ကြေးအိုး မီးထိုးပါ မြန်မြန် ။

ဟယ်သာလှရယ် အစာဝရင် လာ တိုက် ရန်
နင်မခိုနဲ့ ဟာ အိုဘယ်ငါ ခေါ်ရပြန် ။

တဦးစ နှစ်ဦးစ ဘောက်ဆူးချမှ တိုက် မဲ့ဟန်
ပေးကြတော့ အမြန် ဟေ့....

ဟေးလားကွယ်မောင်ရို့  ဟေးလားကွယ်မောင်ရို့ 
ဝမ်းစမိုးသံ သောသောညံ ( ရော့ ရော့ )
ဟေးလားကွယ်မောင်ရို့  ဟေးလားကွယ်မောင်ရို့ 
ဝမ်းစမိုးသံ သောသောညံ ( ရော့ ရော့ )

http://www.youtube.com/watch?v=YzdfW2j8b9E&feature=player_embedded

Unknown said...

ဟုတ်ပါ့ အိုဘားမား ရတာတောင် ကပ္ပလီစပ်လို့ လို့ ပြောချင်ပုံရတယ်။ ဒီလင့်မှာ သေချာသွားကြည့်ပါဦးကွာ
http://en.wikipedia.org/wiki/List_of_Nobel_Peace_Prize_laureates
အခြေအမြစ်မရှိ လျှောက်ပြောတာ ငပေါပဲ။
လူသတ်ဓားပြတိုက် လုပ်နေတဲ့ မြန်မာ့တပ်မတော်ကို ထောက်ခံ အားပေးနေတာ
ငြိမ်းချမ်းရေးကို လိုလားတာပါတဲ့။ ခု တပ်မတော်အာဏာရှင်ကြီးတွေ လုပ်နေတာ တစ်နေ့မြန်မာပြီး ဒုက္ခ အကြီးအကျယ် ရောက်ရဦးမှာ။

Unknown said...

To လူထုတိုက်ပွဲကော်မတီ, thanks so much for your support.
But I totally agree with seinnmyanaddy. Please do not disclose the pictures.
Its dangerous for them and their families at home. with all respect,
myatnoe

Unknown said...

လုပ်တာကောင်းတယ် ၊ အဲလို တိုက်ပွဲဝင်နေသူတွေကို
ပံ့ပိုးတဲ့လုပ်ငန်းတွေ တိုးချဲ့ နိုင်သမျှတိုးချဲ့ လုပ်ဆောင်ကြရမယ် ၊ ဒါပေမဲ့ နာမည်ကြီးအောင်
ခုလို ဘလော့တင်ကြေငြာပြနေတာမျိုးတော့ မလုပ်သင့်
ပါဘူး ၊ တကယ်လုပ်ရင် လူသိသိမသိသိ အလုပ် လုပ်နိုင်ရေး အာရုံစိုက်ဘို့ပဲလိုတာပါ ၊ နောက် သတင်းပါရုံ တပွဲတိုးပဲလဲ မဖြစ်သင့်ဘူးနော်

Unknown said...

ဓာတ်ပုံတင်ပြီး သနားအောင် လာလုပ်နေတာလား? အဲဒီသေသွားတဲ့ အကြမ်းဖက်တွေဆိုတာ မပြောပလောက်ပါဘူး...အဲဒီအကြမ်းဖက်အဖွဲ့တွေ သတ်လို့ သေသွားတဲ့ အပြစ်မဲ့ တပ်မတော်သားတွေ အများကြီးပါ...

ဘယ်လောက်မိုက်ရိုင်းစော်ကားသလဲဆိုရင် ရှမ်းပြည်နယ်တစ်ခုမှ ကလေးသူငယ်တွေ ပညာတတ်မြောက်အောင် သင်ကြားပေးတဲ့ အခြေခံပညာမူလတန်းကျောင်းတစ်ခုကို ၀င်ပစ်သတ်ပြစ်လို့ အပြစ်မဲ့ကျောင်းဆရာမတွေသေဆုံးခဲ့ရသလို ပညာရေးဆိုင်းဘုတ်တွေကိုလည်း ဖြိုချချေနင်းဖျက်ဆီးတယ် အဆောက်ဦးတွေဖျက်ဆီးတယ်...ဒါကိုကြည့်ရင် တိုင်းရင်းသားနယ်မြေတွေမှာ ပညာမတတ်အောင်လုပ်ထားတယ်ဆိုတာ ဘယ်သူတွေကိုယ်တိုင်လည်းဆိုတာ ရှင်းလင်းနေပါတယ်...

ဒါဟာ ခင်ဗျားတို့ ထိုင်ကန်တော့ အားပေးအားမြှောက်လုပ်နေတဲ့ ရွက်ဆစ် ဆိုတဲ့ ခွေးကောင်ကိုယ်တိုင် သတ်ပစ်ဖျက်ဆီးတဲ့လုပ်ရပ်တစ်ခုပဲ...
ဒီလိုအကြမ်းဖက်အဖွဲ့တွေကို အားပေးအားမြှောက်လုပ်နေတာဟာ တိုင်းပြည်အတွက် ကောင်းကျိုးထက် ဆိုးကျိုးပဲပိုပြီးဖြစ်ပေါ်စေပါတယ်...

တပ်မတော်ကိုမုန်းလို့ မိမိတို့အနေနဲ့ဘာမှမဖြစ်ဘူး ကိုယ့်ထမင်းကိုယ်စားပြီး ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တယ်...အကြမ်းဖက်အဖွဲ့တွေကို အားပေးအားမြှောက်လုပ်ရင်တော့ တစ်နေ့ ခင်ဗျားတို့ ကျီးလန့်တစ်စာစာနဲ့ လုပ်ရမယ့်အခြေနေရောက်သွားနိုင်တယ်...

Unknown said...

အပြစ်မဲ့ တပ်မတော်သားတွေ အပြစ်မဲ့ ကျောင်းဆရာ ဆရာမတွေ သေကြသွားရတဲ့ ဓာတ်ပုံတွေကိုလည်း တင်ပါအုံး...ဒီထက်ပုံတွေတင်ပြီး အစိုးရက မကောင်းဘူး တပ်မတော်က ညှင်းဆဲထားတယ် တပ်မတော်က ယုတ်မာတဲ့အဖွဲ့စည်းဆိုတဲ့ ပုံစံဖြစ်အောင် ရည်ရွယ်ချက်နဲ့တင်တယ်ဆိုတာ လူတိုင်းသိပါတယ်...

ခင်ဗျားတို့ကိုယ်တိုင် ရိုက်ကူးတင်ထားတဲ့ အပြစ်မဲ့ တပ်မတော်သားတွေ ၀န်ထမ်း ဆရာ ဆရာမတွေ သေဆုံးခဲ့ရတဲ့ ပုံတွေကလည်း ယူကျု့မှာ အတိုင်းသားပဲဗျာ...အဲဒါလေးတွေကိုရော မတင်ချင်ဘူးလား?အကြမ်းဖက်တွေ ဘယ်လောက် ယုတ်မာရိုင်းစိုင်းထားသလဲ ဘယ်သူက ပိုရက်စက်ထားသလဲဆိုတာ သိနိုင်မှာပါ...

Unknown said...

ဦးသန့် အရေးနဲ့ ၁၉၈၈ အရေး၊ ဒီပဲယင်း အရေးတင်ပဲ ကြည့်ပါ အပြစ်မဲ့တဲ့ ကျောင်းသား၊ ကျောင်းဆရာ၊ ဆရာဝန်၊ ဝန်ထမ်း၊ သံဃာတော်၊ သီလရှင် အကုန် အသေသတ်တာ ဘယ်သူလည်း ဆိုတာ တကမ္ဘာလုံး သိတယ်။ ဆင်သေကို ဆိတ်သားရေ နဲ့ လာမဖုံးချင်ပါနဲ့။
တိုင်းရင်းသားရွာတွေ မီးရှို့တာ၊ ရွာသူတွေကို မုဒိမ်းကျင့်တာ၊ ပေါ်တာထမ်းခိုင်တာ မင်းတို့ ပြောပြောနေတဲ့ ပြည်သူကို ကာကွယ်ပါတယ် ဆိုတဲ့ မြန်မာ့ သတ်မတော်ကြီးပါပဲ။

Unknown said...

မိစ္ဆာစစ်တပ်ကို တန်ပြန်တိုက်စစ်ဆင်တာဟာ အားပေးရမယ့် ကိစ္စပဲ၊ ရွာထဲ ဘီလူးဝင်ရင် ဘီလူးကို ပြန်ချတဲ့ လူကို အားပေးရသလိုပါပဲ။

Unknown said...

အကြမ်းဖက်သမားတွေအတွက် မြန်မာပြည်မှာ နေစရာမရှိစေရဘူး...မြန်မာနိုင်ငံမှာ တပ်မတော်ကလွဲလို့ မည်သည့်လက်နက်ကိုင်ကိုမျှ ခွင့်ပြုလိမ့်မည်မဟုတ်ဘူး...