မောင်ဂဒိုး
(ရေးသူအာဘော်သာ ဖြစ်ပါသည်)
ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ (၁၃) ရက်နေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပါပြီ။ သူလွတ် မြောက်အလာကို ကြိုဆိုကြတဲ့ ပရိသတ်၊ နောက်နေ့ သူ့ကို တွေ့ဖို့ အန်အယ်လ်ဒီရုံးချုပ်ရှေ့လာတဲ့ ပရိသတ် ဆိုတာ အံ့မခန်း များပြားတာပါ။ လွတ်မြောက်လာမှုကို နေအိမ်ရှေ့မှာ ညအိပ်စောင့်ကြိုသူရှိသလို တကယ် တွေ့ရတဲ့အခါ ဝမ်းသာအယ်လဲ မျက်ရည်လည်ရွဲ ဖြစ်ရတဲ့သူတွေလည်း အပုံကြီး။ ကွဲကွာနေခဲ့တဲ့ ကာလအ တွက် ဆို့နစ်ကြေကွဲမှုမျိုး ခံစားကြရသလို ကိုယ့်ရဲ့အမေ အမ မွေးချင်းတဦးဦးနဲ့ ပြန်ဆုံတွေ့ရလို့ ကြည်နူးပီတိ ဖြစ်ရတာမျိုးလည်း ခံစားကြရတယ်။ တဦးမေတ္တာတဦးမှာ အပြန်အလှန် ချစ်ကြတာမို့ ခုဆို ဒေါ်အောင်ဆန်းစု ကြည်ဟာ ပြည်သူလူထုရဲ့အသက်၊ ပြည်သူလူထုရဲ့သွေးလို့ ပြောရတော့မှာပါ။
ကျန်းကျန်းမာမာ တွေ့ရလို့ အားလုံးက စိတ်ချမ်းသာကြတယ်။ ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့အနာဂတ်ရေးအ တွက် မျှော်လင့်ချက်တွေလည်း လင်းလက်လာကြတယ်။ ပြည်သူတွေ လက်တွေ့ခံစားနေကြရတဲ့ စားဝတ်နေ ရေးအခက်အခဲ၊ တိုင်းပြည်ရဲ့နိုင်ငံရေးအကျပ်အတည်း၊ နအဖနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ရဲ့တိုက်ပွဲ ... စတာတွေကို ပြေလည်အောင် ဦးဆောင်ကြိုးစားဖြေရှင်းပေးနိုင်သူဟာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဖြစ် တယ်လို့ ပြည်သူများသာမက နိုင်ငံတကာကပါ ယူဆထားကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ ရဲ့မျှော်လင့်ချက်၊ ကျနော်တို့ရဲ့အလင်းရောင်ပါ။ ပြည်သူလူထုကလည်း သူက သေဆိုသေ၊ ရှင်ဆိုရှင် လိုက် လုပ်ကြဖို့ အဆင်သင့်ဆိုတဲ့ အနေအထားမျိုး အဲဒီနေ့က တွေ့ရပါတယ်။ ဒါ ကျနော်တို့ရဲ့ မဲခွဲစရာမလိုတဲ့ လူထု ခေါင်းဆောင်ပါ။
ပြည်တွင်းမှ ဝါရင့်နိုင်ငံရေးသမားများက ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားကြသလို နိုင်ငံ တကာခေါင်းဆောင်များကလည်း တကူးတက ဆက်သွယ်ပြောကြားကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ဇွဲရှိရှိ ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးကြသလို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့လည်း ပြောကြားကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံတကာသံရုံးများမှ အကြီးအကဲများကလည်း တဖွဲဖွဲလာ ရောက်တွေ့ဆုံကြပါတယ်။ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်သူခေါင်းဆောင်သာရရှိနိုင်တဲ့ အလေးထားမှုမျိုး၊ အ ပြုအမူအဆက်အဆံမျိုးပါ။ ဒါပေမယ့် နအဖရဲ့အကြီးအကဲ ဗိုလ်ချုပ်သန်းရွှေကိုတော့ ဘယ်နိုင်ငံတကာကမှ အရေးလုပ်ပြီး ဆက်သွယ်ပြောဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအဖွဲ့တို့ ဟာ လက်နက်ကိုင်အဖွဲ့အစည်းမရှိ သေးတဲ့ ပြည်သူ့အစိုးရစစ်စစ်ပါ။
လူထုခေါင်းဆောင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ရက်ပိုင်းအတွင်းမှာ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်မှ မဖြူဖြူသင်း ကြပ်မတ်ဆောင်ရွက်နေတဲ့ HIV/AIDS လူနာတွေကို သွားရောက်အား ပေးပြီး လိုအပ်တဲ့အကူအညီတွေ ပြည်တွင်းပြည်ပမှ ဆက်လက်ရရှိနိုင်အောင် ကြိုးစားဆောင်ရွက်တယ်။ ပြည် သူလူထုအရေးအတွက် ရည်ရွယ်ချက်ချင်းတူညီတဲ့ကိစ္စတွေမှာ အခြားဒီမိုကရေစီအဖွဲ့တွေနဲ့ ပူးပေါင်းလုပ် ဆောင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်။ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အနှစ် (၉၀) မြောက် အ မျိုးသားအောင်ပွဲနေ့၊ ကမ္ဘာ့ HIV/AIDS နေ့ ... စတာတွေကို အဖွဲ့ချုပ်ရုံးမှာ ပီပြင်အောင်မြင်စွာ ကျင်းပခဲ့တယ်။
နိုင်ငံအုပ်ချုပ် မင်းလုပ်နေပါတယ်ဆိုတဲ့ နအဖက အထိမ်းအမှတ်ပွဲတွေ ကျင်းပဖို့ နေနေသာသာ ဒီနေ့တွေရှိ တယ်ဆိုတာ သိချင်မှတောင်သိမှာ။ နအဖ အာရုံစိုက်နေတာက ကိုယ့်ဖာသာကိုယ် နိုင်တယ်လို့ လုပ်ထားတဲ့ ရွေးကောက်ပွဲအပြီး ဘောင်းဘီဝတ်တွေ ဘောင်းဘီချွတ်ပြီး အစိုးရဖွဲ့ဖို့။ ဒီလိုဖွဲ့လည်း တိုင်းပြည်အခြေအနေက မတိုးတက် ဆိုးမြဲဆိုးလျက်နေမှာပဲ။ တိုင်းပြည်တိုးတက်ဖို့အတွက် ရည်ရွယ်ပြီး လုပ်နေတာမဟုတ်ဘဲ သူတို့ အာဏာမြဲဖို့အတွက်သာ ရည်ရွယ်ပြီး လုပ်နေတာမို့ သူတို့ကြွေးကြော်နေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်ကြီးဖြစ်ဖို့မပြောနဲ့ ပြည်သူတွေ ထမင်းနပ်မှန်အောင် စားနိုင်တဲ့ နိုင်ငံတော်ဖြစ်ဖို့တောင် မလွယ်ဘူး။ ခုချိန် ထိ ဘယ်နေရာမှာမှ သက်သာချောင်ချိ လွတ်လပ်ပွင့်လင်း လိုက်လျောလာတယ်ရယ်လို့ မရှိသေးဘူး။
စေတနာမွဲရုံသာမဟုတ်ဘူး၊ လူနဲ့သူနဲ့တူတဲ့ အသိဉာဏ်လည်းနည်းတယ်။ ဒါကြောင့်သာ နာဂစ်မုန်တိုင်းတိုက် ခတ်လို့ လူတွေ သောက်သောက်လဲသေ၊ ဒုက္ခတွေ ပင်လယ်ဝေနေဆဲအချိန်ကြီးမှာ ဒုက္ခသည်တွေအတွက် လှူဒါန်းတဲ့ ငွေတွေနဲ့ တခြားခိုးဖွက်ထားတဲ့ ငွေတွေကို ဘုံးပြီး ဗိုလ်ချုပ်သန်းရွှေက သူ့မြေးအတွက် အင်္ဂလန်က မန်ချက်စတာယူနိုက်တက် ဘောလုံးသင်းတောင် ဝယ်ပေးဖို့ စိတ်ကူးခဲ့သေးတာပေါ့။ သနားစရာပဲ။ စစ်ဗိုလ် ချုပ်တွေ အရည်အချင်းဘယ်လောက်ရှိတယ် ဆိုရာမှာတော့ ရှိတဲ့သယံဇာတကို တရုတ်လက်ထိုးအပ်နေတာ သာ ကြည့်ပေတော့။ တရုတ်ပြည်ဆိုတာ မြန်မာပြည်ကို သူတို့ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်းတခုလိုဖြစ် အောင် ကြိုးစားနေတဲ့ နိုင်ငံဖြစ်တယ်။ ရနိုမယ်ဆိုရင် မြန်မာပြည်က သယံဇာတကိုသာမက မြေကြီးကိုပါ ခြစ် ခြုတ်ယူမယ့် နိုင်ငံပါ။
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာမို့ နိုင်ငံတကာမျက်နှာ စာမှာ နှာခေါင်းရှုံ့စရာဖြစ်နေတဲ့ နိုင်ငံလည်းဖြစ်တယ်။ “ပြည်တွင်းရေး” ဆိုတဲ့ စကားလုံးကို လိုသလိုသုံးပြီး သူ တို့ကို အကျိုးပြုနေတဲ့ နအဖ ပြုတ်ကျမှာစိုးတဲ့အတွက် မြန်မာပြည်အရေး UN မှာ ဆွေးနွေးကြပြီဆိုရင် တခြား နိုင်ငံပြည်တွင်းရေး ဝင်မစွက်ဖို့ အမြဲပြောလေ့ရှိတဲ့ တရုတ်အစိုးရဟာ အကျဉ်းကျနေတဲ့ တရုတ်ပြည်လူ့အခွင့် အရေးခေါင်းဆောင် လျူရှောင်ဘိုကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးအပ်မယ့် အခမ်းအနား မတက်ရောက်ဖို့ သူ တို့စကားကို အခြေအနေအရ လက်ခံရမယ့် သဘောရှိတဲ့ နိုင်ငံအချို့ကို ခြိမ်းခြောက်ပြီး စည်းရုံးတယ်။ ဒါတ ခြားနိုင်ငံရဲ့ရွေးချယ်ပိုင်ခွင့်၊ ပြည်တွင်းရေးကိစ္စကို ဝင်စွက်ဖက်တာပဲဖြစ်တယ်။
မြန်မာပြည်တွင်း တခြားလုပ်ငန်းလုပ်ပိုင်ခွင့်တွေကိုလည်း ယိုးဒယားနဲ့ ကုလားကို ထိုးပေးတယ်။ ယိုးဒယားကို တော့ မပြောလိုသေးပါဘူး။ အဲဒီကိုရောက်နေတဲ့ မြန်မာပြည်ကထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ ဒီ မိုကရေစီအင်အားစုတွေရဲ့မျက်နှာကို ထောက်ထားရမယ့် အရေးကလည်း ရှိနေသေးတယ်။ အိန္ဒိယနိုင်ငံက တော့ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံလည်းဖြစ်တယ်။ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြစဉ်က တည်းက တိုင်းပြည်ခေါင်းဆောင်ချင်း ရင်းနှီးခဲ့ကြပြီးသားလည်းဖြစ်တယ်။ အစဉ်အဆက် မြန်မာ့ဒီမိုကရေစီအ ရေး အားပေးခဲ့တဲ့ နိုင်ငံလည်းဖြစ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲထားတဲ့ အကြမ်းမဖက်ရေးလမ်း စဉ်ဟာလည်း သူတို့နိုင်ငံရဲ့ မဟတ္တမဂန္ဒီလမ်းစဉ်နဲ့ အတူတူပဲ။ ဒါပေမယ့် လတ်တလော ကိုယ့်နိုင်ငံအတွက် အကျိုးရှိနိုင်ရေးကို ကြည့်ပြီး ဒီမိုကရေစီအရေးကို ထိုက်သင့်သလောက် အားမပေးတော့ဘူး။ နအဖကို ပံ့ပိုး ပေးသလိုဖြစ်အောင် လုပ်နေတာမို့ အပြစ်မြင်တယ်။
စစ်အစိုးရဟာ မြန်မာပြည်တွင်းကို ဟိုတုန်းကတည်းက ဝင်လာနေတဲ့ ရိုဟင်ဂျာအရေးကို ကောင်းကောင်းဖြေ ရှင်းနိုင်သေးတာ မဟုတ်ပါဘူး။ ဒါနဲ့တောင် ရခိုင်ပြည်နယ်က လယ်ယာမြေဧကများစွာ သိန်းနဲ့ချီပြီး ဘင်္ဂလား ဒေ့ရှ်အစိုးရကို စိုက်ပျိုးရေးလုပ်ကိုင်ဖို့ ငှားရမ်းဖို့ စီစဉ်ခဲ့တယ်။ လတ်တလော ဖြေရှင်းလို့မရသေးတဲ့ ဘင်္ဂလား ပင်လယ်အော်အတွင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက်အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ လူထုနဲ့ နိုင် ငံတကာရဲ့ထောက်ခံမှုမရတဲ့၊ အရည်အချင်း ညံ့ဖျင်းတဲ့ မြန်မာစစ်အစိုးရအပေါ် အခွင့်ကောင်းယူပြီး ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ ရေပိုင်နက်ကို တောင်းဆိုတယ်။ လောလောဆယ် “ပင်လယ်ရေပြင်ပိုင်နက်ဆိုင်ရာ နိုင် ငံတကာခုံရုံး” (The International Tribunal for the Law of The Sea, ITLOS) က ဆွေးနွေးဆုံးဖြတ်ပေး နိုင်ရန် အမှုတွဲကို ကြားနာစစ်ဆေးနေဆဲဖြစ်ပါတယ်။
အကျင့်ပျက်ချစားပြီး တိုင်းပြည်ဘဏ္ဍာနဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို ကိုယ်ကျိုးအတွက် လိုသလို သုံးနေတဲ့ ဒီစစ်ဗိုလ်ချုပ်တွေ ဆက်အုပ်ချုပ်နေရင် အချုပ်အခြာအာဏာမဲ့ပြီး လူမျိုးပျောက်ရုံမက တိုင်းပြည်ပါ တစစီဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုကို ခံယူပြီး ပြည် သူတရပ်လုံး စည်းစည်းလုံးလုံးနဲ့ နအဖကို အမြန်ဆန့်ကျင်နေမှသာလျှင် ဒီအန္တရာယ်ကို ကျော်လွှားနိုင်မှာဖြစ် တယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့နေ့ကစပြီး မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုဟာ သွက်လက်မြန်ဆန်လာပါတယ်။ လုပ်ငန်းစဉ်တိုင်းဟာ လက်ရှိပစ္စက္ခအခြေအနေနဲ့ ကိုက်ညီပြီး အလွန်ပဲ လက် တွေ့ကျတယ်လို့ သုံးသပ်မိပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတခုဟာ ပြည်သူလူထုတရပ်လုံး ပါဝင်လာမှသာလျှင် အောင်မြင်နိုင်မှာဖြစ်တာမို့ လူမှုရေးလုပ်ငန်းအပါအဝင် ပြည်သူလူထုရဲ့လိုအပ်ချက်ကို ဖြည့်စွမ်းတာ၊ လတ်တ လောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်တာတွေဟာ အခြေခံအကျဆုံး နိုင်ငံရေး လုပ်ဆောင်မှုလို့ ယူဆတဲ့အတွက် ထောက်ခံမိပါတယ်။ ဒီလုပ်ငန်းတွေ တွင်ကျယ်စွာ လုပ်ဆောင်လာနိုင်တာ နဲ့အမျှ နိုင်ငံရေးအရ ရှေ့ဆက်ချီတက်သလို ပြည်သူတရပ်လုံးကိုလည်း စည်းရုံးပြီးသားဖြစ်သွားမှာ အမှန်ပါပဲ။
ခေတ်မီအတတ်ပညာ၊ ဆက်သွယ်ရေးနည်းပညာတွေကို တွင်ကျယ်စွာ သုံးပြီးမစည်းရုံးနိုင်သေးပေမယ့် ပြည် သူလူထုအတွင်း နိုင်ငံရေးပါတီများ ထိရောက်စွာ ဝင်ရောက်လုပ်ကိုင်နိုင်ပြီဆိုရင် ဥပဒေအကျိုးဆောင်အဖွဲ့များ ကိုလည်း ကျယ်ပြန့်စွာ ဖွဲ့ထားနိုင်ပြီဆိုရင် ကွန်ရက်သဖွယ် ဖြန့်ကျက်ပြီးဖြစ်သွားမှာမို့ လူထုနဲ့ ပိုနီးစပ်၊ လူထုနဲ့ တသားတည်း ပိုဖြစ်လာမှာပါ။ အမှန်တရားကို ရဲရဲရင်ဆိုင်လာနိုင်ကြမှာပါ။ အဲဒီအခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ၊ တခြားပါတီများရဲ့သဘောထား၊ အာဘော်၊ လုပ်ဆောင်ချက်များကို လူထုက ပိုမိုသိရှိလာနိုင် ရုံမက နိုင်ငံရေးအသိ ပိုနိုးကြားမှုရှိပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ယူလိုစိတ် ပိုမိုပြင်းထန် တက်ကြွလာ စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုး ရောက်ရှိလာပြီဆိုရင် ဒီမိုကရေစီခရီး တဝက်နီးပြီ။
မူလက နိုင်ငံရေးနည်းဗျူဟာ မတူတာရှိခဲ့ကြပေမယ့် အခုချိန်မှာ နိုင်ငံရေးပါတီအချင်းချင်း ရည်ရွယ်ချက်ချင်း တူညီရာ ကိစ္စကို စုပေါင်းလုပ်ဆောင်နိုင်ဖို့ ကြိုးစားလိုတယ်လို့ ကမ်းလှမ်းတာဟာလည်း သဘောထားကြီးတဲ့ လုပ်ရပ်၊ ဒီမိုကရေစီအင်အားစု အားကောင်းအောင် ကြိုးပမ်းအားထုတ်တဲ့ လုပ်ရပ်မို့ နည်းဗျူဟာမှန်တဲ့၊ ထောက်ခံကြိုဆိုရမယ့် ကိစ္စရပ်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ အခုဆို ပါတီအချင်းချင်း တွေ့ဆုံညှိနှိုင်းမှုများ ပြု လုပ်နေကြပါပြီ။ တာဝန်ရှိတဲ့ နအဖက တာဝန်မသိသလိုလုပ်နေချိန်မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ဂီရိမုန်တိုင်းဒဏ် ခံနေရတဲ့ ပြည်သူတွေကို NLD က အလှူငွေ (၃၉) သိန်း၊ ဒေါ်အောင်ဆန်းစုကြည်က သိန်း (၁၀၀) ပေးအပ်ရုံ မက ကိုယ်တိုင်ကိုယ်ကျ ကူညီမှုပေးနေတာတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လည်း ဒေါ် အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ယုံကြည်ကိုးစားမှု ရရှိစေပါတယ်။
ဒါတွင်မက တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင်၊ ရိုးသားမှန်ကန်မှုရှိမယ်ဆိုရင် နအဖရဲ့ ကြံ့ဖွံ့ပါတီနဲ့ပင် လက်တွဲလုပ်ဆောင်လိုပါတယ်လို့ ကမ်းလှမ်းလိုက်တာဟာ အမြော်အမြင်ရှိရုံမက အလွန်ပွင့်လင်းရဲတင်းလှ တဲ့ ကမ်းလှမ်းချက်ပါ။ ကိုယ့်ရဲ့အသက်အန္တရာယ်ကို လုပ်ကြံဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့သူကို ရန်သူလို့ သ ဘောမထားရုံမက အတူတကွ ပူးပေါင်းလုပ်ဆောင်လိုပါတယ်ဆိုတာ သူတော်စင်မို့ လုပ်နိုင်တာပါ။ တိုင်းပြည် နဲ့ ပြည်သူလူထုအပေါ်ထားတဲ့ မေတ္တာစေတနာ ဘယ်လောက်ကြီးမားတယ်ဆိုတာ ပြသရာရောက်ရုံမက အ ကယ်၍ မလိုက်လျောခဲ့ရင်တောင် ကြံ့ဖွံ့အဖွဲ့ဝင်တွေထဲက အမှန်တရားကို ဖက်တွယ်လိုတဲ့ သူတွေကိုယ့် ဘက်ကို ပါလာနိုင်တာမို့ နိုင်ငံရေးအမြတ်ထွက်တယ်လို့လည်း ယူဆမိပါတယ်။
တခါ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်ဟာ တရားမျှတမှုမရှိပါဘူးလို့ နိုင်ငံတကာနဲ့ ပြည်သူကို ထုတ်ဖော်တင်ပြဖို့ ပြင်ဆင်နေတာဟာလည်း နအဖဟာ တရားဝင် အုပ်ချုပ်ခွင့်မရှိတဲ့ အစိုးရအဖြစ် မျက်နှာဖုံးလှစ်ပြနေတဲ့ ဥပဒေ ဘောင်အတွင်း ဆောင်ရွက်ချက်မို့ မလွဲမသွေလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုကန့်ကွက်ဆန့်ကျင်နေသမျှ ကာလ ပတ်လုံး နအဖကြံ့ဖွံ့အစိုးရဟာ သူတို့ကို ဘယ်သူမှ မထောက်ခံပါလားဆိုတဲ့ ထမင်းလုံးတစ္ဆေ အမြဲအခြောက် ခံနေရမှာဖြစ်သလို သူတို့ဟာ ပိုင်ရှင်အစစ်မဟုတ်ဘူးဆိုတာလည်း ပြည်သူကို အမြဲသတိရနေစေ၊ ဆန့်ကျင် နေစေမှာဖြစ်ပါတယ်။
နေအိမ်အကျယ်ချုပ်မှလွတ်ပြီး မကြာခင် အကြိမ် (၉၀) မြောက်အမျိုးသားအောင်ပွဲနေ့မှာပဲ တိုင်းရင်သားခေါင်း ဆောင်များနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးများက ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယပင်လုံညီလာခံကို ဦးဆောင် ကျင်းပနိုင်ဖို့ တာဝန်ပေးအပ်ကြတယ်။ ဒီညီလာခံနဲ့ပတ်သက်တဲ့ သဘောထား၊ ပြည်သူလူထုအတွင်းရှိသင့်တဲ့ စိတ်ထား ... စတာတွေကို မီဒီယာတွေမှတဆင့်လည်း ရှင်းလင်းပြောကြားနေပါတယ်။ တိုင်းရင်းသားအပစ်ရပ် များ အပါအဝင်၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများ၊ တခြားနိုင်ငံရေးပါတီအများစုနဲ့ ပြည်သူလူထုက ထောက်ခံကြပါတယ်။ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံးအကြား နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုရှိမှု သာလျှင် စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုဆိုတာ တွေ့ဆုံဆွေးနွေးရေးနည်းဖြင့်သာ ရရှိနိုင်ပါတယ်။ နအဖဟာ လူနည်းစု တိုင်းရင်းသားတွေအပေါ် အင်အားပြပြီး လက်နက်အသုံးပြုတဲ့နည်းနဲ့သာ ဖြေရှင်းဖို့ ကြိုးစားနေတာမို့ ငြိမ်းချမ်း ရေးနဲ့ အလှမ်းဝေးနေရတာဖြစ်ပါတယ်။ နအဖဟာ အာဏာလက်မလွှတ်လိုဘဲ ဆက်လက်အုပ်စိုးဖို့သာ ကြိုး စားနေတယ်။ ဒါ့ကြောင့် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးကို သဘောတူမှာမဟုတ်ဘူး၊ ပါဝင်လာမှာလည်း မဟုတ်ပါဘူး။ သူ့လမ်းပြမြေပုံအတိုင်းသာ ဆက်သွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီအင်အားစုများအနေနဲ့လည်း မိမိတို့ယုံကြည်ရာ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ဆက်လက်ကိုင်စွဲပြီး ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေး ကို ကြိုးစားရမှာဖြစ်ပါတယ်။ နအဖ မပါဝင်တာနဲ့ အောင်မြင်မှာမဟုတ်ဘူးလို့ ယူဆလို့မရပါဘူး။
ဒီမိုကရေစီတော်လှန်ရေးပြုလုပ်ရာမှာ အစိုးရပေါ်လစီတရပ် ပြောင်းလဲရုံ၊ ရုပ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္ထုပစ္စည်းတိုး တက်များပြားလာရုံနဲ့ အပြည့်အဝ အောင်မြင်မှုမရနိုင်ဘူး။ စိတ်သဘောထား၊ ခံယူချက်တွေပါ ပြောင်းလဲပစ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Freedom From Fear မှာ ဆိုထားပါတယ်။ စစ်အစိုးရအဆက် ဆက် အုပ်စိုးမှုရဲ့ရလဒ်ဖြစ်တဲ့ ကိုယ်ကျိုးစီးပွားထိခိုက်မှာစိုးလို့ အမှန်တရားကို ရေငုံနှုတ်ပိတ်နေမှု၊ ဘယ်သူ သေသေငတေမာရင်ပြီးရော နေသာသလိုနေမှု၊ စားဝတ်နေရေးအတွက် အကျင့်ပျက် အဂတိလိုက်စားမှု၊ ကျင့် ဝတ်စည်းကမ်းမလိုက်နာမှု၊ မတရားတဲ့ ဥပဒေကို မဖီဆန်ရဲဘဲ အကြောက်တရားရဲ့လွှမ်းမိုးခြင်းခံနေရမှု အစရှိ တာတွေကို ပြင်ဆင်ပြီး စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုဖြစ်တဲ့ အသိဉာဏ်၊ ခံယူချက်၊ သဘောထားအမြင် ပြောင်း လဲမှသာလျှင် ဒီမိုကရေစီအစစ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဒီသဘောအတိုင်းပါပဲ။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့လိုမျိုး တိုင်း ရင်းသားစုံညီ၊ စုပေါင်းပါဝင်လက်မှတ်ရေးထိုးမှ ပင်လုံညီလာခံလို့ ပြောနိုင်တာမဟုတ်ပါဘူး။ အကယ်၍ နအဖ က သဘောတူလို့ဖြစ်စေ၊ ပရိယာယ်သုံးပြီး သူက ဦးစီးကျင်းပလို့ဖြစ်စေ ညီလာခံကျင်းပဖြစ်ရင်တောင် တိုင်း ရင်းသားအားလုံးရဲ့ သဘောထားကို ကိုယ်စားမပြုဘူးဆိုရင် ညီလာခံဖြစ်မြောက်တယ်လို့ မယူဆနိုင်ပါဘူး။ ဒါ့ကြောင့် ၂၁ ရာစုဒုတိယပင်လုံညီလာခံရဲ့ မျှော်မှန်းချက်အစစ်အမှန်က တိုင်းရင်းသားလူမျိုးစုအားလုံး အခွင့် အရေးတန်းတူ၊ အေးအတူပူအမျှ၊ ပြည်နယ်ပြည်မမခွဲခြား၊ ဥမကွဲသိုက်မပျက် အတူတကွ ယှဉ်တွဲနေထိုင်လို စိတ်ဖြစ်ပေါ်ဖို့၊ သဘောတူညီမှုရရှိဖို့ပဲဖြစ်ပါတယ်။
ဒီလိုစိတ်ဓာတ်မျိုး ရှင်သန်ပွားများစေဖို့၊ တိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီ ဆက်သွယ်ရေးနည်းပညာများကို သုံးပြီး ကွန်ရက်သဖွယ် ဖြန့်ကျက်လို့ဖြစ်စေ၊ လူထုအတွင်း တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့၊ တပါတီနဲ့တပါတီ၊ လူမျိုး တမျိုးနဲ့တမျိုး ဆွေးနွေးညှိနှိုင်းလို့ဖြစ်စေ သဘောတူညီမှုရရှိနိုမယ်ဆိုရင် ဒါပင်လုံစိတ်ဓာတ်တည်ဆောက်တာ ပဲ။ ဒါပင်လုံညီလာခံပါပဲ။ ဒီလိုပဲ သဘောပေါက်ပါတယ်။ သဘောတူဖို့၊ ပါဝင်ဖို့ ခဲယဉ်းတဲ့ နအဖကို အတင်း စည်းရုံးနေဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီအင်အားစုအားလုံးရဲ့ အန္တိမသဘောထားကလည်း စစ်တပ်အုပ်စိုးမှုကို ဖယ်ရှားဖို့သာပါ။ နည်းမျိုးစုံသုံးလို့ ပြည်သူအားလုံးစည်းရုံးမိကြပြီဆိုရင် ပင်လုံစိတ်ဓာတ်တည်ဆောက်နိုင်ပြီဆို ရင်၊ နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့ရဲ့ ဖိအားပေးမှုကလည်း ပိုမိုထိရောက်လာပြီဆိုရင် နအဖလည်း စေ့စပ်ဆွေး နွေးပွဲဆီ ရောက်လာပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်တွင်းက သဲသဲလှုပ် ထောက်ခံနေရုံမက ပြည်ပကပါ လေးစားအရေးထား ပြီး အားပေးနေမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ပေးဖို့တောင် နိုင်ငံတကာက တောင်းဆိုနေမှု၊ နယ်စပ်အပစ်ရပ်အဖွဲ့အချို့က ရွေးကောက်ပွဲပြီးလို့ တလကျော်လာတဲ့အထိ ပြင်းပြင်းထန်ထန် လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်နေမှု၊ ရှေ့ဆက်ပြီးလည်း တခြားအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ် လာနိုင်တဲ့ အရိပ်အယောင်တွေ တွေ့နေရမှု၊ ရွေးကောက်ပွဲရလဒ်ကို ပြည်တွင်းပြည်ပက မထောက်ခံမှု၊ နိုင်ငံ တကာအသိုင်းအဝိုင်းက စစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး တင်နိုင်ရေးကြိုးစားနေမှု ... စတာတွေဟာ လည်း နအဖကို လုပ်ချင်တိုင်းလုပ်လို့မရအောင် စေ့စပ်ဆွေးနွေးရေးဆီရောက်အောင် တွန်းပို့ပေးနေတဲ့ အ ချက်တွေဖြစ်ပါတယ်။
သာမန်အားဖြင့်ကြည့်ရင်တော့ နအဖဟာ လက်ရှိအာဏာရှိသူမို့ သူ့အစီအစဉ်အတိုင်း Road map အရပဲ ရှေ့ ဆက်သွားမယ်လို့ ယူဆနိုင်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အချိန်မရွေး နေအိမ်အကျယ်ချုပ် ပြန်ချ နိုင်တယ်လို့ ယူဆနိုင်တာပေါ့။ ဒါပေမယ့် အထက်မှာတင်ပြခဲ့တဲ့ အကြောင်းအချက်များရှိနေတဲ့အပြင် နိုင်ငံရေး ပါတီများဟာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို လူထုအတွင်းမှာ ကွန်ရက်သဖွယ် ဖြန့်ကျက်ပြီး နိုင်ငံရေး အသိပိုရှိအောင် လုပ်ဆောင်ထားနိုင်မယ်ဆိုရင်၊ လူထုအခြေပြုစည်းရုံးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာနိုင် ကြမယ်ဆိုရင် နအဖဟာ ထင်သလိုလုပ်လို့ ရနိုင်မယ်မဟုတ်တော့ဘူးလို့ ယူဆပါတယ်။ ကုလသမဂ္ဂ အပါအ ဝင် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံရေးရေချိန်ဟာလည်း တရှိန်ရှိန်တက်နေပါပြီ။
အခုကိုပဲ နအဖဟာ ဟိုခလုတ် ဒီခလုတ် နှိပ်ပြီး ဟိုလုပ်ဒီလုပ် လုပ်နေရတာပါ။ နေအိမ်အကျယ်ချုပ်ချထားတဲ့ ထောက်လှမ်းရေးမင်းသား ဗိုလ်ချုပ်ခင်ညွန့်ကိုပဲ ထုတ်သုံးတော့မလို၊ ရွေးကောက်ပွဲအနိုင်ရပါတီတချို့နဲ့ နား လည်မှုယူနေရသလို ဖြစ်နေပါပြီ။ နိုင်ငံတကာဝီကီလိ၊ မြန်မာဝီကီလိ ... စတာတွေကြောင့်လည်း သူတို့ရဲ့အ တွင်းရေး အရှုပ်ထုပ်တွေ ပေါ်ပြီးရင်းပေါ်ဖြစ်နေပါပြီ။ ပြည်သူရဲ့ယုံကြည်မှုမရရှိနိုင်တော့သလို ဆက်လက်ရပ် တည်ဖို့လည်း ခက်ခဲလာနေပါပြီ။ ပြည်သူဆိုတာ နိုင်ငံရေးအသိ အများကြီးရှိချင်မှရှိမယ်။ ဒါပေမယ့် ကိုယ့်စား ဝတ်နေမှုဖူလုံရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့်သူ၊ ကိုယ့်ဘဝလုံခြုံအေးချမ်းမှုကို ဆောင် ကြဉ်းပေးနိုင်မယ့်သူကိုသာ ခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့သင့်တယ်ဆိုတဲ့ အခြေခံအသိတော့ရှိတယ်။ တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့ သဘောထားပြီး “မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်” လုပ်နိုင် မယ့်သူကိုသာ ခေါင်းဆောင်အဖြစ်တင်မြှောက်ချင်ကြတယ်။ ဒါဟာလည်း မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာ ကမ္ဘာ ဦးအစ မဟာသမ္မတမင်း တင်မြှောက်စဉ်ကတည်းက ရှိခဲ့တဲ့ စိတ်ထားပါ။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ ခေါင်းဆောင်များရဲ့ ဦးဆောင်မှုကို ခံယူပြီး နိုင်ငံရေးတက် ကြွလှုပ်ရှားသူများ၊ ကျောင်းသား၊ သံဃာနဲ့ ပြည်သူအများ တစိတ်တဝမ်းတည်း စည်းလုံးညီညီ နအဖကို ဆန့် ကျင်ကြမယ်ဆိုရင် ပြည်သူ့အစိုးရ အမှန်ပေါ်ထွက်လာပြီး ဒီမိုကရေစီအရုဏ်ဦးကို မကြာမီ မြင်တွေ့ကြရတော့ မှာ မလွဲပါလို့ ဆိုချင်ပါတယ်ခင်ဗျား။ ။
မောင်ဂဒိုး
၁၄ ဒီဇင်ဘာ၊ ၂၀၁၀
Wednesday, December 15, 2010
ပြည်သူ့အစိုးရနဲ့ ဒီမိုကရေစီအရုဏ်ဦး
Subscribe to:
Post Comments (Atom)
9 comments:
ရူးတာကုလို့ ရပေမဲ့..ပေါတောတောရောဂါ ကိုတော့..ကုလို့ မရနိုင်...။
နိုင်ငံရေးလူပေါကြီးများ ညီလာခံ..ကျင်းပကြပါလား....။
အခါကြီးရက်ကြီး တွေဆို..ကန်တော့လိုက်ကြ...
မွေးနေ့ ဆို...ဘတ်ဒေး ပေါ့...
လျှောဒေးဆိုလဲ..နိုင်ငံရေးဆွေးနွေးကြ
တာပေါ့...
စိတ်ကူးသိပ်မယဉ်ကြပါနဲ့ ...
သိပ်လဲမပေါကြပါနဲ့ ...
“ပြည်သူ့အစိုးရနဲ့ ဒီမိုကရေစီအရုဏ်ဦး“ ..
ဟာ....စက်တင်ဘာ ၁၈ ရက် ၁၉၈၈ ခုနှစ် ကတည်းက..နိဂုံးချုပ်ခဲ့ပါပြီ..။
၁၉၉၀ ရွေးကောက်ပွဲ ကို လက်ခံလိုက်ကြ
ကတည်းက..နိဂုံးချုပ်ခဲ့ပါပြီ..။
၁၉၉၀ ရွေးကောက်ပွဲ ရလာဒ် ကို နှစ်ပေါင်း ၂၀ ကျော်..အောင်မြင်အောင် အကောင်အထည် မဖေါ်နိုင် ..
ကတည်းက..နိဂုံးချုပ်ခဲ့ပါပြီ..။
ခုမှ...ပင်လုံတွေ..ဖင်တုံတွေ..လျှောက်ပြော မနေကြပါနဲ့ ..တော့..။
အမေရိကန် ကလည်း သိပါတယ်..။
တရုတ်..ဥရောပ..အာဆီယံ..ဂျပန်..
အားလုံး..သိကြပါတယ်...။
ဆုကြီးရှင်...ရှက်သွားမှာ..စိုးလို့ ပါ..။
ပြောပြီးပြီနော...သူက...“ပွဲထိန်း...ပြီးတော့...တယ်ကြက်...“
ပြည်တွင်းက..ကလေးတွေ ကို သနားတတ်ပါ...ငဲ့ပါ..။
ပြည်ပကနေ..ကျလောင်မနေ ပါနဲ့ ..။
ပေါ်လစီ..ဆိုတာ..လက်တွေ့ တကယ်လုပ်ဖြစ်မှ..ချမှတ်ရပါတယ်..။။
သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေပဲ စကားလုံးတွေထပ်တလဲလဲဖြစ်နေတယ်။
ဘယ်လောက်ပဲ ချမ်းသာနေတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပါစေ စည်းနဲ့ကမ်းနဲ့ စာရင်းအင်းမရှိပဲ လုပ်ချင်တိုင်းလုပ်နေရင် အဲဒီချမ်းသာကြွယ်နေတဲ့လုပ်ငန်းရှင်တစ်ယောက်ဟာ ဒီနေ့ချမ်းသာနေပေမယ့် မနက်ဖြန် သူတောင်းစားဖြစ်ချင်ဖြစ်သွားနိုင်တယ်။ဘယ်လောက်ပဲ ငွေတွေပေါများနေပါစေ ကြွယ်ဝနေပါစေ အလဟသဖြုန်းတီးပြစ်ရင် ကုန်မှာပဲ။
အဲဒီလိုပါပဲ ယနေ့တပ်မတော်အစိုးရက နိုင်ငံကိုအုပ်ချုပ်နေတဲ့ပုံစံတွေက စည်းမရှိကမ်းမရှိလုပ်ချင်သလိုလုပ်နေတဲ့ပုံစံတွေပြောနေတာဟာ လက်ခံနိုင်စရာမရှိပါဘူး။စည်းကမ်းမရှိ သုံးချင်သလို သုံးဖြုန်းနေရင် ဒီနေ့အထိ နိုင်ငံရဲ့ အုပ်ချုပ်ရေး စက်ယန္တရားကြီးက လည်ပတ်နိုင်ပါအုံးမလား။စည်းနဲ့ကမ်းနဲ့စာရင်းအင်းနဲ့လုပ်ကိုင်နေလို့ ယနေ့အထိ နိုင်ငံရဲ့ကိစ္စအ၀၀တွေကို ကိုင်တွယ်ဖြေရှင်းနေနိုင်တာပေါ့။
မကြာခင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်လာချိန်မှာပဲ အာဏာလွှဲပြောင်းပေးတဲ့အခါမှာလည်း ယနေ့တပ်မတော်အစိုးရလက်ထပ်မှာ သုံးစွဲခဲ့တဲ့ငွေကြေး လုပ်နေတဲ့ ပရောဂျက်တွေ နောင်ဆက်လက်လုပ်ဆောင်ရမယ့် ပရောဂျက်တွေ အစစအရာရာကို စာရင်းအင်းနဲ့သေချာ လွှဲပြောင်းအပ်နှံရမှာပါ။ဒါဟာ မိမိတို့တပ်မတော်လက်ထပ်မှာ စာရင်းအင်းနဲ့သေချာ သုံးစွဲလုပ်လာခဲ့တယ်ဆိုတာကို ပြသရာရောက်ပါတယ်။
ဒီလိုပါပဲ အစိုးရကိုစည်းမရှိကမ်း မရှိလုပ်နေတယ်လို့အပြစ်ပုံချနေတဲ့တစ်ချိန်မှာပဲ တစ်ဖက်က နှစ်ယောက်တစ်ပိုင်းပဲရှိတဲ့ နိုင်ငံရေးလုပ်စားနေတဲ့သူတွေကိုယ်တိုင်ကလည်း စည်းမရှိကမ်းမရှိ စာရင်းအင်းမရှိပဲ တစ်ဖက်က ကူညီထောက်ပံ့ပေးထားတဲ့ ငွေကြေးအလွဲသုံးစားမှုတွေကလည်း မကြာခဏဆိုသလို ကြားနေရတယ်။
ကိုယ်ကိုယ်တိုင်က အခြေခံမကောင်း ခိုင်လုံအောင်မလုပ်နိုင်သေးပဲ တစ်ဖက်လူကိုပဲ မျက်စိမှိတ် အပြစ်ပုံချနေတာဟာလည်း နားလည်ပေးလို့မရသလို လူတစ်ယောက် အစိုးရတစ်ရပ်ကို အပေါ်ယံကြည့်ပြီးဝေဖန်တာဟာလည်း အပေါစား အပေါ်ယံသမားတွေရဲ့အလုပ်ပါ။
ယနေ့ဖြစ်နေတဲ့ပြသနာက အာဏာကိုပဲအတင်းလွှဲခိုင်းနေတဲ့ အရာပါ။
အာဏာဆိုတာ ပြည်သူကတိုက်ရိုက်ရွေးချယ်ခံပြီးမှ အစိုးရတစ်ရပ် အာဏာတစ်ရပ်ကို ရရှိမှာပါ။ပျက်ပြယ်သွားပြီဖြစ်တဲ့ NLDပါတီဟောင်းအနေနဲ့တော့ အာဏာတစ်ရပ်အစိုးရတစ်ရပ် ဖွဲ့မယ်ဆိုတာ စိတ်ကူးယဉ်သက်သက်ဖြစ်သလို ရှူးတူးတူးပေါတောတော အလုပ်လို့လည်း ပြောလို့ရတယ်။
အာဏာလိုချင်ရင် ဖြတ်လမ်းနည်းနဲ့မရဘူး ဥပဒေအတိုင်းရွေးကောက်ပွဲတွေကနေတစ်ဆင့် ပြည်သူရွေးချယ်ခံပြီးမှ လုပ်လို့ရနိုင်မယ်။၉၀တုန်းကအရာဆိုတာ ပျက်ပြယ်သွားပြီဖြစ်လို့ ယနေ့ချိန်ခါမှာ အသုံးမ၀င်တော့ပါဘူး။
ဒီတော့ အာဏာလိုချင်ရင် အစိုးရဖွဲ့ချင်ရင် နောက်ရွေးကောက်ပွဲအဆက်ဆက်တွေမှာ ၀င်ပြိုင်ရွေးချယ်ခံပေါ့။အရွေးမခံပဲ အာဏာကိုဖြတ်လမ်းကယူချင်လို့ ရမလား။နောက်ပေါ်လာမယ့် အစိုးရသစ် သမ္မတက စိတ်ကောင်းရှိ စေတနာရှိရင်တော့ ဒေါ်စုကို ၀န်ကြီးအရာကို တိုက်ရိုက်ခန့်နိုင်ပါရဲ့။ဒေါ်စုအတွက်တော့ မျှော်လင့်ချက်ရှိသေးတာပေါ့။NLDပါတီဟောင်း တစ်ခုလုံး အစိုးရဖွဲ့ဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ဒီဘ၀ ဒီမျှနဲ့ပဲ ရှိပါစေတော့ ကျေနပ်လိုက်ပါတော့လို့ပဲ ပြောရတော့မှာပေါ့။အသက်တွေလည်းကြီးပါပြီ ခါးတွေကိုင်းလို့ နားတွေလည်းထိုင်းနေပါပြီ မျက်စိတွေလည်းမှုံဝါးနေပါပြီ တရားဘာဝနာ အားထုတ်ရမယ့် အချိန်ရောက်နေပါပြီ။
နောင်တတ်လာမယ့်အစိုးရသစ်ကလည်း အားလုံးနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှာပါ။အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးက အားလုံးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စကားပြောတော့ကြတော့လည်း မပူးပေါင်းနဲ့အတိုက်ခံလုပ်ကြ လက်မခံဘူးဆိုတာတွေ ပြောနေလေရဲ့။မပူးပေါင်းဘူး တစ်ယောက်တည်းလုပ်တော့လည်း မပူးပေါင်းလို့ ဆွေးနွေးမှုမရှိလို့ဆိုပြီး အပြစ်အမျိုးမျိုးပြောတယ်။ပူးပေါင်းဖို့ အတူလက်တွဲလုပ်ကြဖို့ လက်ကမ်းကြိုဆိုတော့လည်း ကမ်းလှမ်းလာတဲ့လက်ကို အမျိုးမျိုးသွေးထိုးပြီး ပုတ်ချချင်တယ်။အဲဒီတော့ ဘယ်လိုလုပ်ရမှာလဲ???
ခင်ဗျားတို့တစ်ဦးတစ်ယောက် တစ်ဖွဲ့စည်းထဲ နိုင်ငံကိုဦးပိုင်စီးချင်လို့မရဘူးဗျ ခင်ဗျားတို့ကိုယ်တိုင် အားလုံးနဲ့ပူးပေါင်းလုပ်ဆောင်နိုင်တယ်လို့ပြောနေပြီး ဘာဖြစ်လို့ ကြံ့ခိုင်ရေးပါတီတွေရဲ့ ကမ်းလှမ်းချက်တွေကိုကြတော့ အင်တင်တင် လုပ်နေရသလဲ။ကိုယ့်လက်ထဲမှာ အာဏာမှလည်းမရှိသေးတဲ့လူတစ်ယောက်က အီးများသလေး ချီးများသလေး လုပ်နေလို့မရဘူးဗျ။
ပူးပေါင်းနိုင်တယ်ဆိုရင် ပါးစပ်နဲ့မရဘူးဗျ လက်တွေ့ သူတို့တွေနဲ့ပူးပေါင်းဆောင်ရွက်လက်တွဲလုပ်နိုင်ကြဖို့ အရင်ကြိုးစားသင့်တယ်မဟုတ်လား။ဒီတော့ လက်ရှိ မကျန်တော့တဲ့အချိန်ကာလပိုင်းလေးမှာ ဒီလက်ရှိတပ်မတော်အစိုးရကို ဘာတွက်နဲ့များ ဖြုတ်ချဖို့ကြိုးစားနေမှာလဲ။ဖြုတ်ချဖို့ကြိုးစားလည်း ကိုယ့်ဘက်ကပေးဆပ်မှုကလွဲလို့ ဘာရလဒ်မှရလာမှာမဟုတ်ပါဘူး။
ဒီတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့စကားအတိုင်း နောင်အစိုးရသစ်နဲ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရင်းနဲ့တိုင်းပြည်အကျိုးတွက် အတူလက်တွဲလုပ်ကြရင်ဖြင့် သင့်တော်တဲ့ အနေထားတစ်ခုပါ။နောင်အစိုးရဆိုတာကလည်း ကြံ့ခိုင်ရေးပါတီကပဲ အများစုပါလာကြမှာဆိုတော့ နောင်အစိုးရရဲ့ ပေါ်လစီမူဝါဒတွေ အခြေနေတွေဟာ ဘယ်လိုလည်းဆိုတာ ခန့်မှန်းလို့ရပါတယ်။
ဒီနေ့ ကြံ့ခိုင်ရေးက ဒေါ်စုအပါဝင် အခြားသောတိုင်းရင်းသားပါတီအားလုံးနဲ့ လက်တွဲလုပ်ဆောင်သွားနိုင်တယ် သွားမှာပါလို့ပြောဆိုနေမှတော့ နောင်အစိုးရသစ်လက်ထပ်မှာ အတူလက်တွဲမလုပ်နိုင်စရာမရှိတော့ပါဘူး။ဒါကြောင့် လက်ရှိတပ်မတော်အစိုးရကို ဖြုတ်ချပြီး အာဏာကိုဖြတ်လမ်းကယူဖို့ကြိုးစားနေတာတွေဟာ ဘာမှအသုံးမ၀င်သလို ဘယ်ပြည်သူမှလည်းထောက်ခံအားပေးမှာမဟုတ်ပါဘူး။
နိုင်ငံအပေါ်တကယ့်စိတ်ကောင်းစေတနာလုပ်ပေး
ချင်တဲ့စိတ်ရှိရင် အာဏာရဖို့ကအဓိကမကျသေးဘူး အတူလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ဖို့ပဲ အဓိကကျပါတယ်။ဒါကြောင့် လက်ရှိအစိုးရကိုဖြုတ်ချဖို့ ကြိုးစားနေမယ့်အစား နောင်အစိုးရနဲ့သင့်မြတ်ပြီး အတူလက်တွဲလုပ်နိုင်ဖို့ ယနေ့ကတည်းက ပူးပေါင်းရင်းနှီးအောင်လုပ်ဆောင်တာက ပိုပြီးသင့်တော်မှာပါ။
ဟာ....
ဒေါက်တာလွဏ်းက ကြယ်တွေစုံတဲ့ည တဲ့။
ဟော ခု တယောက်က အရုဏ်ဦး တဲ့။
နောက်ဆို ဒီမိုကရေစီနံနက်၊ ဒီမိုကရေစီနေ့ လည်၊
ဒီမိုကရေစီနေ့ ခင်း၊ ဒီမိုကရေစီ ဆည်းဆာ..
တွေ လာကြအုန်းမလားပဲ။
တို့ အွန်လိုင်းကွန်းမန့် သမားတွေလဲချာလပတ်ရမ်း၊ ဂျွမ်းပစ်နေရပြီဟေ့။
ကြယ်မရှိတဲ့ ညသန်းခေါင်ပြန်ရောက်သွားပြန်တော့လဲ
ကိုမိုးသီးစုံ၊ကိုသံတုးံ တို့ က နှိုး ပြီး(နှိုးဆော်ချက်)
သူတို့ ကို ဖုန်းဆက်ဖို့  ဖုန်းနံပါတ်တွေ ပေးကြပြန်ပြီ။
ဒါတောင် ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲ ပြီးနောက်။ လွှတ်တော် မတိုင်မီ၊ လွှတ်တော် ပြီးနောက်။
မတိုင်မီ၊ပြီးနောက် တွေနဲ့ ဂျွမ်းပစ်နေတဲ့ ဆောင်းပါးရှင် တွေက ပြည်ထောင်စုတပ်မတော်လား၊သပ်မတော် ဆိုလား
တည်ထောင်ကြမဲ့ ဗိုလ်ချုပ်တွေ အတွက် ပင်လုံ ဖက်
လှည့်သွားလို့ တော်တော့တယ်။
ပြောချင်နေတာတွေကိုပြောနေကြတယ်၊ ပြည်ပမှာကျယ်လောင်နေတဲ့ အသံနဲ့ဟောင်နေတာကို နားထောင်ကောင်းပေမဲ့ လက်ရှိမှာ ဝမ်းကမဝလေတော့
အရမ်းကြိုက်နှစ်သက်တဲ့ ရေဒီယိုလေးကိုတောင် နားမထောင်အားဘူးလေ တိုင်းပြည်ကိုဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် ဘယ်သူပဲမင်းလုပ်မင်းလုပ် အရေးမစိုတ်ပါဘူး ဆိုလိုချင်တာက အုပ်ချုပ်တဲ့လူကိုရော တိုင်းသူပြည်သားတွေကိုပါ လွတ်လွတ်လပ်လပ်နဲ့ နေထိုင်အုပ်ချုပ် စေချင်တယ်
လောဘလဲမကြီးပါဘူး လိုချင်တာက ..........................မပြောလဲပဲ နိုင်ငံကိုအုပ်ချုပ်နေတဲ့လူတွေ နားလည်မှာပါ
Mg သို့ ။
၁။ စည်းနဲ့ကမ်းနဲ့စာရင်းအင်းနဲ့လုပ်ကိုင်နေလို့ ယနေ့အထိ နိုင်ငံရဲ့ကိစ္စအ၀၀တွေကို ကိုင်တွယ်ဖြေရှင်းနေနိုင်တာပေါ့။----------
ဒီစာရင်းတွေ၊ဘတ်၈ျက်တွေ ကို ပြည်သူ တွေမသိသင့်ဘူးလား။ ဘာလို့ ချမပြရဲတာလဲ?????
၂။အာဏာဆိုတာ ပြည်သူကတိုက်ရိုက်ရွေးချယ်ခံပြီးမှ အစိုးရတစ်ရပ် အာဏာတစ်ရပ်ကို ရရှိမှာပါ။----
နအဖ အစိုးရတရပ်မဟုတ်ဘူး လို့  ၀န်ခံလိုက်တာလား။
၃။ ဒီနေ့ ကြံ့ခိုင်ရေးက ဒေါ်စုအပါဝင် အခြားသောတိုင်းရင်းသားပါတီအားလုံးနဲ့ လက်တွဲလုပ်ဆောင်သွားနိုင်တယ် သွားမှာပါလို့ပြောဆိုနေမှတော့ -----
ဒါကို ကြံ့ ခိုင်ရေးက ဘယ်တုန်းကပြောတာပါလဲ ????
ဒီ ၃ ချက် ကို အယင်မေးပါတယ်။ သတ္တိရှိရှိ ဖြောင့်မတ်ရိုးသားစွာ ဖြေမယ်လို့ ယုံကြည်စွာ စောင့်နေပါမယ်။
မောင် ဆိုတဲ့ ငတိရေ၊ မင်း ဖားတာက တော့ တကယ့်ကို ဘယ်သူမှလိုက်မမှီနိုင်ပါဘူးကွာ၊ လက်ဖျားကိုခါရကော။
ဒီလိုပြောလို့ငါ့ကို အတိုက်အခံ ဒီမိုအဖွဲ့က ဆိုပြီးမင်းတို့လုပ်နေကြအတိုင်းမစွပ်စွဲလိုက်နဲ့ဦး။
ဒီပြည်ပရောက် အတိုက်အခံတွေထဲမှာ မင်းပြောသလို သူများဆီကတောင်းစား ရသမျှအလွဲသုံးစားလုပ် တဲ့ ခေတ်သစ် ငတက်ပြား အချောင်သမားများကို မြင်ပြင်းကပ်တဲ့ရေချိန်ကတော့ မင်းထက်မလျော့ဘူးလို့ပြောချင်တယ်။
ဒါပေမဲ့ ဒီ အချောင်သမား ငတက်ပြားတွေက တစ်ပိုင်း၊ မင်းဖားနေတဲ့ ဗိုလ်ချုပ်တွေက တစ်ပိုင်း၊ သဘောပေါက်လား။ မင်းက ဗိုလ်ချုပ်တွေ အုပ်ချုပ်လို့ ပြုတ်ပြုတ်ပြုန်းနေတဲ့ဒို့တိုင်းပြည်ကို ဗိုလ်ချုပ်တွေက စနစ်ကျသလိုလို စီမံခန့်ခွဲမှုပဲ သူမတူအောင်ကောင်းနေသလိုလိုပြောနေတာကတော့ကွာ တစ်ဆိတ် မလွန်လွန်းဘူးလား။ မင်းသေသေချာချာလေ့လာပြီး မှ ပြောတာလား၊ ဒါမှမဟုတ်တမင်ဖားပြီးများပြောနေတာလား။ စိတ်ကော အကောင်းပကတိရှိသေးရဲ့လား။
ဒို့တိုင်းပြည်ဟာ မင်းတို့ ဗိုလ်ချုပ်တွေ အရင်တုံးက အရမ်းကြောက်တယ်ဆိုပြီးသတင်းစာထဲမှာ အော်အော်ပြနေတဲ့ ခေတ်သစ်နယ်ချဲ့ဝါဒီ ရဲ့လက်အောက်ခံဖြစ်မှန်းမသိဖြစ်နေပြီဆိုတာ မင်းမသိတာလား မသိချင်ယောင်ဆောင်နေတာလား။ ဘာလေးလုပ်မယ်ကြံတိုင်း အဖ တရုတ်ပြည်ပြေးတင်ပြရ၊ ခွင့်ပြုချက်ယူရ၊ မလုပ်နဲ့လို့ဟိုက ပြောလိုက်ရင် ဟုတ်ကဲ့ဆိုပြီးခေါင်းညိတ်ရနဲ့ မင်းတို့ပြောပြောနေတဲ့ကျွန်ဘဝရောက်နေပြီဆိုတာ မင်း မသိလေရော့သလား။ တရုတ်နယ်စပ်မှာရှိတဲ့ ဝတွေကို တရုတ်သဘောမတူလို့လက်ဖျားနဲ့တောင် မတို့ရဲဘဲ လွှတ်ထားရတဲ့ဘဝ။ တရုတ်စုတ်ကောင်တွေ တောပြုန်းလောက်အောင် ဒို့တိုင်းပြည်ထဲဝင်သစ်တွေခုတ်၊ ပတ်ဝန်းကျင်ထိတာ မထိတာ ဘေးချိတ် ဆည်တွေဆောက်ခွင့်ပေး၊ ဒို့တိုင်းပြည် တရုတ်ကျွန် စပြီး ဖြစ်လာပြီဆိုတာ မင်းတို့ကသာ ဗြောင်ညင်းနေတာ တကမ္ဘာလုံးက သိနေပြီ။
တိုင်းပြည်ကလည်း ဒီလူ ဒီပုံအတိုင်းဆက်သွားလို့ကတော့ နောင် အနှစ် ၂၀လား ၂၅နှစ်လားပဲ collapse ဖြစ်တော့မယ်.. လူတွေလည်း နိုင်ငံခြားထွက်နိုင်တဲ့သူတွေက ဖြစ်တဲ့နည်းနဲ့ထွက်ကြနဲ့။
မင်းကတော့ အခုအထိ အုပ်ချုပ်တဲ့ဗိုလ်ချုပ်တွေ စနစ်ကျတုံး တော်နေတုံး။ ဒီလောက်အထိရပ်တည်နိုင်တယ်ဆိုပြီးဂုဏ်ယူမနေနဲ့။ ဒို့တိုင်းပြည်သာ ဘာသယံဇာတမှ မရှိတဲ့တိုင်းပြည် ရေတောင်သောက်စရာမရှိတဲ့တိုင်းပြည်ဆို မင်း ဗိုလ်ချုပ်တွေလည်း အခု လောက်ဆို ပြည်ပထွက်ပြီး ကုန်ထမ်းနေရလောက်ပြီ သဘောပေါက်။
ဟုတ်တယ်၊ Win နဲ့  Auber တို့ ရေ..
Mg ကတော့ တကယ့်ကို ဘယ်သူမှလိုက်မမှီနိုင်တာပါ။
ဘယ်လိုပဲဆိုဆို....
ကိုယ်ယုံကြည်ရာတွေနဲ့  ဝေဖန် သုးံသပ် တာတွေကို ဘလော့ဂ်အာဘော် နဲ့  ကွဲပြားနေလင့်ကစား လွတ်လွတ်လပ်လပ် တင်ပြပေးနေတဲ့ ဘလော့ဂ်ပိုင်ရှင်ဒေါက်တာလွဏ်းဆွေရဲ့ 
ဒီ့ အတွက် လူ့အခွင့်အရေးဒီမိုစိတ်ဓာတ်ကလဲ လေးစားစရာ။
့
Post a Comment